← Chapters

အခန်း (၁၀၀၆)

Vol. 72 Ch. 1006

အခန်း (၁၀၀၆)

Vol. 72 Ch. 1006

နဂါးရုပ်တုသားရဲက ဟိန်းဟောက်ပြီး တောင်ပံခြောက်ဖက်ဖြင့် ဟန်မူယဲ့၏ခေါင်းကို ရိုက်ချသည်။

တောင်ပံရိုက်ချက်က လက်သီးချက်နှင့် ထိတွေ့သွားသည်။ နဂါးရုပ်တုသားရဲက မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။

မိုးကြိုးစွမ်းအားသည် သူ့တစ်ကိုယ်လုံးကို ဖြတ်ပြေးသွားသည်။

မြေအောက်မြစ်တွင် ကျင့်ကြံခြင်းစွမ်းအားကို တားမြစ်ထားသည်။ သို့သော် လူတစ်ယောက်က မိုးကြိုးလျှပ်စီးစွမ်းအားကို အသုံးပြုနိုင်သည်။

“ဘုန်း ....”

လျှပ်စီးကြောင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲကို ရိုက်နှက်သည်။

ထိုလျှပ်စီးကြောင်းသည် နဂါးရုပ်တုသားရဲ၏ ခေါင်းခြောက်လုံးကို ယိမ်းယိုင်သွားစေသည်။

သူက မြေအောက်မြစ်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့ပြီး ထိုသို့ ကြမ်းတမ်းသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို တစ်ခါမှ မခံစားဖူးပေ။

ထိုစွမ်းအားသည် သူ၏ သွေးမျိုးဆက်ကို ချုပ်နှောင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးခွဲပစ်ချင်ပုံရသည်။

လှုပ်ရှားနေသော တောင်ပံများက တောင့်တင်းနေပြီး မြေအောက်မြစ်ထဲသို့ ပြုတ်ကျသွားသည်။

“ဘန်း”

ကြီးမားသောခန္ဓာကိုယ်သည် ပေသောင်းချီမြင့်မားသည့် မ‌ရေမတွက်နိုင်သော ရေလှိုင်းများကို ဖြစ်ပေါ်စေသည်။

အဝေးတစ်နေရာတွင်ရှိနေသော သင်္ဘော ၁၈စင်းက ရေလှိုင်းများကြောင့် မိုင်ရာချီအကွာအထိ လွင့်စင်သွားကြသည်။

သင်္ဘောပေါ်တွင်ရှိသော လူတိုင်းက တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး ကောင်းကင်ကို ကြောင်အစွာ ကြည့်နေကြသည်။

ထိုနေရာတွင် ဧရာမခွေသားရဲပုံရိပ်သာ ရှိနေသည်။

ထိုကျင့်ကြံသူက ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲကို အနိုင်ယူပြီး မြစ်ထဲသို့ ပြုတ်ကျသွားစေခဲ့သည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

“ဒီလိုကျွမ်းကျင်သူမျိုး ရှိနေတာလား’

လှေသမားများက ခွေသားရဲပုံရိပ်အား သိမ်းဆည်းလိုက်သော ဟန်မူယဲ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ခေါင်းခြောက်လုံးနဂါးရုပ်တုသားရဲကို ဝိညာဉ်ဖိနှိပ်ခြင်းအလံ ကိုင်ဆောင်ထားသော ပထမအကြီးအကဲကပင် အနိုင်မရခဲ့ပေ။ သို့သော် ယခုအချိန်တွင် ထိုသားရဲက လွယ်ကူစွာ ရှုံးနိမ့်သွားခဲ့သည်။

‘မြေအောက်မြစ်ထဲကို ပြုတ်ကျသွားတဲ့အရာတိုင်းက ပြန်တက်မလာနိုင်တော့ဘူးမဟုတ်လား’

“မင်းက နိုင်သွားပြီလား”

ဟွမ်ခြောက်က ညင်သာစွာ ရေရွတ်သည်။

သူ့စကားအဆုံးတွင် သူ့မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

ခွေသားရဲပုံရိပ် အပြည့်အဝမပျောက်ကွယ်ခင် မြစ်ထဲမှ လက်သည်းတစ်ဖက် ထွက်ပေါ်လာပြီး ခွေသားရဲပုံရိပ်ကို ထိုးခွဲလိုက်သည်။

ထို့နောက် ရှည်လျားသောလည်ပင်းနှင့်အတူ ခေါင်းခုနစ်လုံး ပေါ်ထွက်လာပြီး ဟိန်းဟောက်လိုက်သည်။

ခေါင်းခုနစ်လုံး ဖြစ်သွားသည်။

ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲက ရှုံးနိမ့်မသွားပဲ ခွန်အားတိုးလာပြီး ‌ခေါင်းခုနစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲ ....

ထိုသားရဲ၏ သွေးချီစွမ်းအားသည် မိုင်တစ်ရာပတ်ဝန်းကျင်တွင်ရှိသော မြေအောက်မြစ်သားရဲများအားလုံးနှင့် သင်္ဘော ၁၈စင်းတွင်ရှိသော လူများအားလုံးကို တောင့်တင်းသွားစေသည်။

ဟွမ်ခြောက်၏နောက်တွင်ရှိသော မိစ္ဆာပုံရိပ်က မကျေမနပ် ညည်းညူလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူ့မျက်နှာက ဖြူဖျော့နေပြီး မြေအောက်မြစ်ထဲသို့ ဖြည်းဖြည်းချင်း ထိုးဆင်းသွား‌သော ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲကို ကြည့်သည်။

ခွေသားရဲပုံရိပ် ထိုးခွဲခံလိုက်ရပြီး နဂါးရုပ်တုသားရဲနှင့်အတူ မြေအောက်မြစ်ထဲသို့ ရောက်သွားသော ဟန်မူယဲ့က မည်သို့ဖြစ်သွားမည်နည်း။

သူမသိပေ။

ဟွမ်ခြောက်က နောက်လှည့်မကြည့်ပဲ အရိုးစားသားရဲကို ထိန်းချုပ်၍ သင်္ဘောကို ဆွဲခေါ်သွားသည်။

သူက အားနည်းနေသေးသည်။ ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

မြေအောက်မြစ်၏ တော်ဝင်မြို့တော်တွင် သူလိုအပ်သောစွမ်းအား ရှိနေလိမ့်မည်။

သူက အံကြိတ်ထားပြီး အရိုးစားသားရဲနှင့်အတူ တော်ဝင်မြို့တော်သို့ ဦးတည်လိုက်သည်။

သူက မည်သည့်နည်းလမ်းကို အသုံးပြုရသည်ဖြစ်စေ ခွန်အားလိုအပ်သည်။

....

မြေအောက်မြစ်ထဲသို့ ရောက်သွားသော ဟန်မူယဲ့က ပြန်ထွက်လာတော့မည့်အချိန်တွင် ရပ်တန့်လိုက်သည်။

သူက မြစ်ထဲသို့ ရောက်သွားသောအခါတွင် သွေးနီရောင်ရေများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။

သူ့ခန္ဓာကိုယ်က ခြောက်သွေ့နေသောကန္တာရနှင့်တူပြီး အဆုံးမရှိသောရေထုကို စုပ်ယူနိုင်ပုံရသည်။

သူက လန်းဆန်းသွားသည်ဟု ခံစားရသည်။

နှစ်သောင်းချီကြာအောင် ခြောက်သွေ့နေသော ကမ္ဘာတစ်ခုက နောက်ဆုံးတွင် သည်းထန်းစွာ မိုးရွာလာသကဲ့သို့ ဖြစ်သည်။

မြေအောက်မြစ်သည် သွေးချီစွမ်းအား ဖြစ်သည်။

မြေအောက်မြစ်ထဲတွင် အဆုံးမရှိသော သွေးစွမ်းအားများ ပါဝင်သည်။

ဤစွမ်းအားသည် ယခင်ကပ်ဘေးတွင် ဒဏ်ရာရသွားသော အင်မော်တယ်ဘုရင်တစ်ပါးမှတစ်ဆင့် ဖြစ်ပေါ်လာသည်။

မြေအောက်မြစ်၏စွမ်းအားကို သုံးသပ်ခြင်းသည် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားကို သုံးသပ်ခြင်း ဖြစ်သည်။

ဟန်မူယဲ့က သွေးရောင်ရေထုကို ကြည့်လိုက်ပြီး ပြုံးသည်။

ဤနေရာတွင်ရှိသော မြေအောက်မြစ်သည် အင်မော်တယ်ဘုရင်မင်ဟယ်၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။

ဤနေရာတွင် ရောယှက်နေသော စွမ်းအားအမျိုးမျိုးသည် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိသည်။

မြေအောက်မြစ်သားရဲများနှင့် ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲသည် စွမ်းအားများ၏ ရောယှက်ခြင်းမှ ပေါက်ဖွားလာကြသည်။

ဤနေရာသည် အင်မော်တယ်ဘုရင်မင်ဟယ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် စွမ်းအားကို စုပ်ယူသင့်သည်။

သူ့ကို ကယ်တင်ခဲ့သော အကြီးအကဲကို စိတ်ပျက်အောင် မလုပ်သင့်ပေ။ သူက ပိုမိုသန်မာလာအောင် ကြိုးစားပေးရမည်။

ဟန်မူယဲ့က ဖိနှိပ်ထားသော သွေးစွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်ပြီး ဝဲကတော့တစ်ခုကို ဖန်တီးသည်။

ထိုဝဲကတော့က ပိုမိုကြီးမားလာပြီး ပေတစ်ထောင်ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။

အသက်ရှူကြိမ်ဆယ်ခါအတွင်း၌ ဝဲကတော့က ပေတစ်သောင်းအထိ ကြီးမားလာသည်။

ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲက ဟန်မူယဲ့ကို ကြောက်ရွံ့စွာကြည့်သည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဝါးမြိုခြင်းစွမ်းအားကို သူက နားမလည်နိုင်ပေ။

ဟန်မူယဲ့က နဂါးရုပ်တုသားရဲကို ကြည့်လိုက်ပြီး လက်မြှောက်သည်။

လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာသည်။

နဂါးရုပ်တုသားရဲက တစ်ကိုယ်လုံး တုန်ခါနေပြီး ခေါင်းခြောက်လုံးက အလိုဆန္ဒနှင့် ထိတ်လန့်မှုကို ဖော်ပြနေသည်။

ထိုသားရဲက နှစ်ပေါင်းများစွာကြာအောင် မကျော်ဖြတ်နိုင်ခဲ့သော အတားအဆီးအား ချိုးဖျက်ပေးခဲ့သည့် လျှပ်စီးကြောင်းကို လိုချင်နေသည်။ ထိုလျှပ်စီးကြောင့် သူက ခေါင်းခုနစ်လုံး ဖြစ်သွားခဲ့သည်။

သို့သော် လျှပ်စီးကြောင်း၏ စွမ်းအားက အလွန်မသက်မသာဖြစ်စေသောကြောင့် ထိတ်လန့်နေသည်။

မည်သို့ပင်ဖြစ်စေ လျှပ်စီးကြောင်းက လှုပ်ရှားလိုက်သည်။

ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲက နာကျင်စွာဟိန်းဟောက်လိုက်ပြီး မြစ်ထဲတွင် လူးလှိမ့်နေသည်။ သူက ထွက်ပြေးချင်သော်လည်း မပြေးနိုင်ခဲ့ပေ။

ဟန်မူယဲ့က ခေါင်းခါသည်။

မြေအောက်မြစ်တွင်နေထိုင်သော သားရဲများ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာက အားကောင်းသော်လည်း ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ကြပေ။

သူအသုံးပြုလိုက်သော လျှပ်စီးကြောင်းက အားကောင်းသော်လည်း ကောင်းကင်အင်မော်တယ်များကိုသာ သတ်ဖြတ်နိုင်သည်။ ရွှေအင်မော်တယ်များက လွတ်မြောက်သွားကြလိမ့်မည်။

နဂါးရုပ်တုသားရဲက ထိုလျှပ်စီးကြောင်းကို ခုခံနိုင်သင့်သည်။

သို့သော် ထိုသားရဲက အလိုလိုသိစိတ်ကိုသာ အသုံးပြုပြီး အစစ်အမှန်ခွန်အားကို မသုံးခဲ့ပေ။

ထိုသားရဲက သွေးမျိုးဆက်စွမ်းအားကို မနိုးဆွနိုင်‌သေးပေ။

“ဘုန်း”

လျှပ်စီးကြောင်းက နဂါးရုပ်တုသားရဲကို ရစ်ပတ်လိုက်ပြီး အလင်းပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသည်။

ဟန်မူယဲ့က မြစ်ထဲသို့ နစ်မြုပ်သွားပြီး သွေးစွမ်းအားကို ဆက်တိုက်စုပ်ယူနေသည်။

သူ့ပတ်ဝန်းကျင်တွင် သွေးရောင်ပိုးအိမ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုပိုးအိမ်ထဲတွင် အဆုံးမရှိသော သွေးချီကို မြင်ရသည်။

အချိန်တစ်ခုအကြာတွင် ဟန်မူယဲ့က မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ သွေးမျိုးဆက်စွမ်းအားက လှုပ်ရှားနေပြီး ခွေသားရဲပုံရိပ်ကို တိုက်ရိုက်ဖြစ်ပေါ်လာစေသည်။

ခွေသားရဲ၏ ရွှေရောင်ခန္ဓာကိုယ်နှင့် ဦးချိုနှစ်ချောင်းက ခမ်းနားစွာ တည်ရှိနေသည်။ သားရဲ၏ မျက်လုံးထဲတွင် လျှပ်စီးကြောင်းများကို မြင်နိုင်ပြီး ရှေးခေတ်၏ ခွေသားရဲနှင့် ဆင်တူသည်။

ဟန်မူယဲ့က တိတ်ဆိတ်နေပြီး နောက်ဆုံးကျန်ရှိနေသော နတ်ဘုရားမိုးကြိုးနှစ်ခုကို ထုတ်ယူသည်။

ကမ္ဘာဦးခေတ်ကတည်းက အိပ်စက်နေသော ခွေသားရဲ၏စွမ်းအား ဖြစ်သည်။

ထိုမိုးကြိုးများသည် အင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းအဆင့် သတ်ဖြတ်ခြင်းရတနာ ဖြစ်သည်။

သူက လက်မြှောက်ပြီး တုံ့ဆိုင်းမနေပဲ နတ်ဘုရားမိုးကြိုးကို ခွေသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။

“ဘန်း”

နတ်ဘုရားမိုးကြိုးက အလွန်အားကောင်းသောကြောင့် ခွေသားရဲပုံရိပ်က ချက်ချင်းပျက်စီးသွားသည်။

ခွေသားရဲက ယခင်တစ်ခေါက် အသုံးပြုထားသော နတ်ဘုရားမိုးကြိုးကိုပင် အပြည့်အဝ မသန့်စင်ရသေးပေ။ ယခုအချိန်တွင် ဒုတိယမြောက် နတ်ဘုရားမိုးကြိုးကို အသုံးပြုလိုက်သောကြောင့် စွမ်းအားကို မထိန်းချုပ်နိုင်‌တော့ပေ။

မြစ်ထဲတွင်ရှိနေသော လျှပ်စီးကြောင်းများက တုန်ခါသွားကြသည်။ အလင်းပိုးအိမ်ထဲတွင် ရှိနေသော နဂါးရုပ်တုသားရဲက နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။

ခွေသားရဲ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ထပ်မံမစုစည်းနိုင်တော့ပေ။

ဟန်မူယဲ့၏ သွေးစွမ်းအားသည် မိုးကြိုးစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ခွေသားရဲ၏ စွမ်းအားက စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။

စိတ်နယ်ပယ်ထဲတွင် ပုန်းအောင်းနေသော မူလဝိညာဉ်ဓားက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ပြန်ပေါ်လာသည်။

သူ့စိတ်နယ်ပယ်ထဲတွင် ဓာတ်စင်ငါးပါးမီးပြင်းဖိုမှ ဖြစ်ပေါ်လာသော မီးပြင်းဖိုလေးခုလည်း ရှိနေသေးသည်။ ထိုမီးပြင်းဖိုများက အသည်းအသန် ရှောင်တိမ်းနေကြသည်။

ချီစွမ်းအား၊ သွေးစွမ်းအားနှင့် မိုးကြိုးစွမ်းအားသည် စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။ ခွေသားရဲ၏ စွမ်းအားက ပြန့်ကျဲနေ‌သော ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်သွားသည်။

လျှပ်စီးကြောင်းကို ထုတ်လွှတ်နေသော ဓားရှည်တစ်လက် ပေါ်လာသည်။

ဓားရှည်၏ ကိုယ်ထည်က သွေးနီရောင်သန်းနေပြီး လူများကို ထိတ်လန့်သွားစေနိုင်သော သွေးစွမ်းအားကို သယ်ဆောင်ထားသည်။

သွေး၊ ချီနှင့် ဝိညာဉ်စွမ်းအား၏ ပေါင်းစပ်မှု ဖြစ်သည်။

သွေးစွမ်းအင်ကို ဓားအဖြစ် အသုံးချပြီး ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်နိုင်သည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေသည်။ သူက လက်မြှောက်ပြီး တတိယမြောက် မူလဝိညာဉ်ဓားကို ဆုပ်ကိုင်သည်။

ထိုဓားပေါ်လာသောအခါတွင် မြစ်ရေက လှိုင်းထန်သွားသည်။

မြေအောက်မြစ်သည် ထိုဓားကို အညံ့ခံချင်သည်။

“လောကကို ဖြတ်တောက်နိုင်တယ်။ ဒီဓားကို အင်မော်တယ်သတ်ဖြတ်ခြင်းဓားလို့ ခေါ်မယ်”

ဟန်မူယဲ့၏ ဝိညာဉ်က ဓားသုံးလက်ကို စုစည်းခဲ့သည်။

သတ်ဖြတ်ခြင်းဓားကို ချီစွမ်းအင်ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအားမှတစ်ဆင့် ဖန်တီးပြီး သတ်ဖြတ်ခြင်းဆန္ဒကို စုစည်းသည်။ ထိုဓားက ကောင်းကင်ကိုဆန့်ကျင့်ပြီး တိုက်ခိုက်နိုင်သည်။ ယခုအချိန်တွင် ထိုဓားက နတ်ဘုရားကမ္ဘာတွင်ရှိသော ကမ္ဘာငယ်ကို စောင့်ကြပ်နေသည်။

ထောင်ချောက်ဓားသည် သန်းဆယ်ချီသော ဓားများအဖြစ် ပြောင်းလဲနိုင်ပြီး အင်မော်တယ်ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအင်မှ ဖြစ်ပေါ်လာသည်။ ထိုဓားသည် ကောင်းကင်စက်ဝန်းဝင်္ကပါ၏ စွမ်းရည်ကို သယ်ဆောင်ထားပြီး သန်မာသူများကို ထွက်မသွားနိုင်အောင် ချုပ်နှောင်သည်။ ယခုအချိန်တွင် ထိုဓားက ဟန်မူယဲ့၏ စိတ်ထဲတွင် ပုန်းအောင်းနေသည်။

ယခုအချိန်တွင် တတိယမြောက် မူလဝိညာဉ်ဓား ပေါ်ထွက်လာသည်။ ထိုဓားသည် အဆုံးမရှိသော သွေးချီနှင့် မိုးကြိုးစွမ်းအင်ကို ပေါင်းစပ်ထားပြီး ဝိညာဉ်စွမ်းအားကို အသုံးပြုသည်။

ထိုဓား၏စွမ်းရည်က မြေအောက်မြစ်နှင့် ဆက်သွယ်နေပြီး စွမ်းအားများအားလုံးကို တားမြစ်နိုင်သည်။ ထို့အပြင် အရာအားလုံးကို ဖျက်ဆီးနိုင်သော မိုးကြိုးစွမ်းအားကိုလည်း ပိုင်ဆိုင်သည်။

ထိုဓားသုံးလက်သည် ခွန်အားမတူသော်လည်း ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။

အကယ်၍ တစ်ခုတည်း ပေါင်းစပ်နိုင်ခဲ့လျှင် စိတ်ကူးမယဉ်နိုင်သော ခွန်အားကို ပိုင်ဆိုင်လိမ့်မည်။

ဟန်မူယဲ့၏ တတိယမြောက် မူလဝိညာဉ်ဓားသည် ပြီးပြည့်စုံသော ဓားတာအိုကျင့်ကြံခြင်းကို ကိုယ်စားပြုသည်။

သူ့ဝိညာဉ်က ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်။ သူ၏ ဉာဏ်အလင်းက အင်မော်တယ်သခင်အဆင့်တွင် ရှိသည်။ ထို့အပြင် သူက အင်မော်တယ်ဘုရင်များ လိုက်လံရှာဖွေနေသော စည်းမျဉ်းစွမ်းအားနှစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

ယခုအချိန်တွင် တတိယမြောက် မူလဝိညာဉ်ဓားကို ဖန်တီးနိုင်သောကြောင့် သူ၏ ကျင့်ကြံဆင့်က ရွှေအင်မော်တယ်အဆင့်သို့ ရောက်တော့မည်ဖြစ်သည်။

သို့သော် မြေအောက်မြစ်တွင် ကျင့်ကြံဆင့်တိုးလာလျှင်ပင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို မသုံးနိုင်ပေ။ ယာယီဖိနှိပ်ထားလျှင် ပိုကောင်းသည်။

All Chapters