← Chapters

အခန်း (၁၀၀၇)

Vol. 72 Ch. 1007

အခန်း (၁၀၀၇)

Vol. 72 Ch. 1007

သူက ကျင့်ကြံဆင့်ကို ဖိနှိပ်ထားပြီး ရွှေအင်မော်တယ်အဆင့်သို့ မတက်လှမ်းချင်သေးပေ။ အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်မှ ရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းမည်။

မည်သို့ပင်ဖြစ်စေ သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ကျင့်ကြံခြင်းနှင့် မသက်ဆိုင်ပေ။

ဟန်မူယဲ့က ဓားကိုင်ထားပြီး ရှေ့တွင်ရှိသော အလင်းပိုးအိမ်ကို ကြည့်သည်။

သူက ဓားရှည်ကို လှုပ်ရှားပြီး အစိမ်းရောင်ဓားအလင်းသည် အလင်းပိုးအိမ်ကို ဖြတ်တောက်လိုက်သည်။

အေးစက်သော ဓားအလင်းသည် နဂါးရုပ်တုသားရဲ၏ ဦးခေါင်းကို ချိန်ထားသည်။

နဂါးရုပ်တုသားရဲက တစ်ကိုယ်လုံး တုန်ခါနေပြီး တောင်ပံဖြန့်သည်။ သူက ပြေးထွက်လာတော့မည့်အချိန်တွင် ဟန်မူယဲ့၏ ဓားက လျှပ်စီးကြောင်းကို ထုတ်လွှတ်လိုက်သည်။

နဂါးရုပ်တုသားရဲက အော်ဟစ်လိုက်ရပြီး လျှပ်စီးကြောင်းများ၏အောက်သို့ ပြန်ရောက်သွားသည်။

လျှပ်စီးကြောင်း ပျောက်ကွယ်သွားသောအခါတွင် နဂါးရုပ်တုသားရဲ၏ မျက်လုံးများက ကြမ်းတမ်းလာသည်။

ဟန်မူယဲ့က နဂါးရုပ်တုသားရဲကို လှုပ်ရှားရန် အခွင့်အရေးမပေးပဲ ဓားဖြင့် ခုတ်ချလိုက်သည်။

လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသောအခါ နဂါးရုပ်တုသားရဲက စတုတ္ထမြောက် တောင်ပံတစ်စုံကို ပိုင်ဆိုင်လာခဲ့သည်။

တောင်ပံအပိုတစ်စုံ ရလာသောကြောင့် နဂါးရုပ်တုသားရဲက ခွန်အားကောင်းလာသည်။ ခေါင်းခုနစ်လုံးက ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး တောင်ပံလေးစုံကို ဖြန့်သည်။

သို့သော် ဓားအလင်းက သူ့ကို စောင့်ကြိုနေသည်။

လောကတွင် အနာကျင်ရဆုံးအရာသည် ခွန်အားမလုံလောက်ခြင်း ဖြစ်သည်။

ပိုမိုနာကျင်ရသောအရာသည် ခွန်အားတိုးလာသော်လည်း မလုံလောက်ကြောင်း နားလည်သွားသောအချိန် ဖြစ်သည်။

သားရဲက ခေါင်းတစ်လုံး ထပ်တိုးလာသော်လည်း ခွန်အားမလုံလောက်ခဲ့ပေ။

တောင်ပံတစ်စုံ ထပ်ပေါက်လာသော်လည်း မလုံလောက်သေးပေ။

သွေးမျိုးဆက်စွမ်းအား နိုးထလာသော်လည်း မလုံလောက်ခဲ့ပေ။

လူသားအဖြစ် အသွင်ပြောင်းထားသော်လည်း မလုံလောက်ပေ။

“ဘုန်း”

ဟန်မူယဲ့၏ဓားချက်က အနက်ရောင်ဝတ်စုံနှင့် အေးစက်သောလူငယ်ကို လွင့်ထွက်သွားစေခဲ့သည်။

ဓားအလင်းနှင့် လျှပ်စီးကြောင်းသည် သွယ်ယှက်နေပြီး လူငယ်ကို တွန့်လိမ်နေစေသည်။ သူက လူသားပုံစံနှင့် ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲ၏ ပုံစံကြားတွင် ဆက်တိုက်ပြောင်းလဲနေသည်။

“ငါ၊ ငါ .... အရှုံးပေးတယ်”

သူက လူသားစကားကို တစ်ခါမှ မပြောဖူးပေ။ သို့သော် သူပထမဆုံး ပြောလိုက်ရသောအရာသည် အရှုံးပေးသောအကြောင်းဖြစ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဓားကို ပြန်သိမ်းသည်။

နဂါးရုပ်တုသားရဲသည် ခေါင်းကိုးလုံးဖီးနစ်ငှက်၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားသည်။

ခေါင်းကိုးလုံးဖီးနစ်ငှက်ကို ရှေးခေတ်တွင် ခေါင်းကိုးလုံးငှက်ဟု ခေါ်ကြသည်။

ထိုသားရဲက ဖီးနစ်ငှက်နှင့် ယှဉ်ပြိုင်နိုင်ပြီး မီးတောက်များကို မကြောက်ပေ။

ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲက သွေးမျိုးဆက်စွမ်းအားကို အနည်းငယ်သာ နိုးထစေခဲ့သည်။ အမွေဆက်ခံထားသော မှတ်ဉာဏ်များလည်း သိပ်မရှိပေ။ နာမည်လည်း မရှိပေ။

ဟန်မူယဲ့က သူ့ကို ဟန်ချီ၊ ဟန်ခုနစ်ဟု အမည်ပေးလိုက်သည်။

သူ့တွင် ခေါင်းခုနစ်လုံးရှိသည်။

ဟန်မူယဲ့က မြစ်ထဲမှ ထွက်လာပြီး ကျောက်ဆောင်ပေါ်တွင် ရပ်နေသည်။ ဟန်ချီက မြေအောက်မြစ်၏ အတွေ့အကြုံများကို ပြန်ပြောပြနေသည်။

ကျောက်ဆောင်များကြားတွင် နေထိုင်သော သားရဲများကြားတွင် ဟန်ချီက အသန်မာဆုံးမဟုတ်ပေ။

သူတို့က မြေအောက်မြစ်၏စွမ်းအားကို အသုံးချပြီး ဤနေရာတွင် ကြီးပြင်းလာကြသည်။

မြေအောက်မြစ်သည် လှံချက်ကြောင့် ဖိနှိပ်ခံထားရသော အင်မော်တယ်ဘုရင်တစ်ပါးမှ ဖြစ်ပေါ်လာသည်။ ထိုအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်က မြစ်ထဲတွင် ပျောက်ကွယ်သွားသည်။

“အင်မော်တယ်ဘုရင်က ဒီမှာရှိနေတယ်။ တော်ဝင်မြို့တော်ရဲ့ အောက်ခြေမှာပဲ”

“ငါတို့က သူ့ကို မထိခိုက်စေချင်ပါဘူး”

“သူ့ကို ထိခိုက်စေချင်တာက တော်ဝင်မြို့ရဲ့ လူတွေပဲ”

“ပထမအကြီးအကဲက ဝိညာဉ်ဖိနှိပ်ခြင်းအလံကို အသုံးပြုပြီး သန့်စင်ချင်နေတယ် ....”

ဟန်ချီက ပြောပြသည်။

တော်ဝင်မြို့၏ ပထမအကြီးအကဲသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းတွင် ပျောက်ကွယ်သွားခဲ့သည်။ သူက ဝိညာဉ်ဖိနှိပ်ခြင်းအလံကို အသုံးပြုပြီး အင်မော်တယ်ဘုရင်၏ ဝိညာဉ်ကို သန့်စင်ရန် ကြိုးစားနေသည်။

ဖရိုဖရဲရေလက်ကြား၏ သားရဲများက ထိုအကြောင်းကို အာရုံခံမိပြီး ပထမအကြီးအကဲအောင်မြင်သွားလျှင် သူတို့ ဒုက္ခရောက်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် အတူပူးပေါင်းပြီး တော်ဝင်မြို့ကို တိုက်ခိုက်ခဲ့သည်။

လွန်ခဲ့သော နှစ်တစ်သန်းတွင် တော်ဝင်မြို့က ဖိနှိပ်ခံထားရသည်။

ပထမအကြီးအကဲက တော်ဝင်မြို့၏စွမ်းအားကို အသုံးမပြုနိုင်သောကြောင့် ဝိညာဉ်ဖိနှိပ်ခြင်းအလံကို အသုံးပြုပြီး ကျင့်ကြံသူများ၏ဝိညာဉ်ကို စုပ်ယူခဲ့သည်။

သူက ကောလဟာလများလွှင့်ပြီး အပြင်လူများကို တော်ဝင်မြို့သို့ ဆွဲဆောင်ခဲ့သည်။ ထို့နောက် သူတို့၏ဝိညာဉ်ကို အသုံးပြုပြီး ဝိညာဉ်ဖိနှိပ်ခြင်းအလံကို အားဖြည့်ပေးသည်။

“သူက အရမ်းသန်မာတယ်”

ဟန်ချီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် တီးတိုးပြောသည်။

“ခင်ဗျားထက် အများကြီးသန်မာလောက်တယ်”

ဟန်ချီက အာရုံခံမိသောအကြောင်းကို ပြောပြနေသည်။

သူ၏ အာရုံခံနိုင်စွမ်းက ကွဲပြားမှုရှိနိုင်သည်။ သို့သော် တော်ဝင်မြို့၏ ပထမအကြီးအကဲက အလွန်သန်မာလိမ့်မည်။

ထိုသို့မဟုတ်လျှင် သူက နတ်ဘုရားဘုရင်မင်ဟယ်၏ ဝိညာဉ်ကို သန့်စင်ရန် ကြိုးစားရဲမည်မဟုတ်ပေ။

ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။

သူရှိနေသော နေရာသည် မြေအောက်မြစ်၏ စွမ်းအားပိုင်နက်ထဲတွင် မဟုတ်ပေ။ ထို့ကြောင့် နတ်ဘုရားဘုရင်မင်ဟယ်နှင့် ပထမအကြီးအကဲက သူ့ကို အာရုံမခံနိုင်လောက်ပေ။

အကယ်၍ မြေအောက်မြစ်၏ ပိုင်နက်ထဲသို့ ပြန်ရောက်သွားလျှင် သူ့ကို အာရုံခံမိကြလိမ့်မည်။

သူက တစ်ဖက်သို့လှည့်ပြီး ပတ်ဝန်းကျင်ကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။

သူက လောက၏ အငွေ့အသက်များကို မြင်နိုင်သောကြောင့် နတ်ဘုရားဘုရင်မင်ဟယ်နှင့် ပထမအကြီးအကဲတို့ အာရုံမခံနိုင်သော နေရာများသို့ သွားနိုင်သည်။

“မင်းပြောတဲ့ကျွမ်းကျင်သူတွေက ဘယ်မှာလဲ”

“သူတို့ကို သွားတွေ့ရအောင်”

ဟန်မူယဲ့က ဟန်ချီကို ကြည့်သည်။

ဟန်ချီက ခေါင်းညိတ်လိုက်ပြီး ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲအဖြစ် အသွင်ပြောင်းသည်။ ထို့နောက် သူက ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ကိုသယ်၍ ပျံသန်းသွားသည်။

ဟန်မူယဲ့က နဂါးရုပ်တုသားရဲ၏ ကျောပေါ်မှတစ်ဆင့် မတူညီသောမြင်ကွင်းကို မြင်လိုက်ရသည်။

ပတ်ဝန်းကျင်တွင်ရှိသော ကျောက်ဆောင်များသည် ထူးဆန်းသော ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

ထိုဝင်္ကပါသည် ပြန့်ကျဲနေသောစွမ်းအားများကို ချုပ်နှောင်ထားသော ဖိနှိပ်ခြင်းဝင်္ကပါတစ်ခု ဖြစ်သည်။

ထိုဝင်္ကပါကို အင်မော်တယ်ဘုရင်မင်ဟယ် သို့မဟုတ် သူ၏ရန်သူများက တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဟန်ချီက ပတ်ဝန်းကျင်တွင်ရှိသော စွမ်းအားများကို အာရုံမခံနိုင်သော်လည်း ထူးခြားသောစွမ်းအားများ ရှိနေသောနေရာတွင် ပျံသန်းခဲ့သည်။

သူက မြေအောက်မြစ်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ပြီး အလိုအလိုသိစိတ်တစ်ခု ဖြစ်တည်လာပုံရသည်။

သူတို့က နေ့တစ်ဝက်ကြာအောင် ပျံသန်းခဲ့ပြီး ရွှမ်မင်ကျွန်းထက် ပိုကြီးသော ကျွန်းတစ်ကျွန်းဆီသို့ ရောက်လာသည်။

ထိုကျွန်းက အစိမ်းရောင်သန်းနေပြီး သွေးနီရောင်မြစ်ထဲတွင် အလွန်ရှားပါးသည်။

“အကြီးအကဲကျူးနဲ့ အကြီးအကဲဖုန်းတို့က ကျွန်းပေါ်မှာ နေကြတယ်”

လူသားအဖြစ် အသွင်ပြောင်းထားသော ဟန်ချီက ရှေ့သို့ ညွှန်ပြလိုက်ပြီး ပြောသည်။

“အကြီးအကဲကျူးရဲ့ အစစ်အမှန်ပုံစံက ဝါးတောအုပ်ပဲ။ ဒါပေမဲ့ အကြီးအကဲဖုန်းရဲ့ အစစ်အမှန်ပုံစံကိုတော့ ကျွန်တော်မသိဘူး”

ဟန်ချီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နောက်ကျောတွင်ရှိ‌သော ဓားကို ဆက်ကြည့်သည်။

“အကြီးအကဲဖုန်းက ဓားသုံးတယ်”

‘ဓားသုံးတဲ့ သားရဲတစ်ကောင်လား’

ဟန်မူယဲ့က ပြုံးသည်။

သူက ဟန်ချီနှင့်အတူ ဖြည်းဖြည်းချင်းလျှောက်လာပြီး ပတ်ဝန်းကျင်ရှုခင်းများကို ခံစားကြည့်နေသည်။

ပြန့်ကျဲနေသော ကျောက်တုံးများကို ညီညာစွာ စီထားပြီး သစ်ပင်များက စိမ်းလန်းစွာ ရှိနေကြသည်။

လမ်းကို အပြာရောင်ကျောက်တုံးများဖြင့် ခင်းထားပြီး အနက်ရောင်ကျောက်ဆောင်များနှင့် ကွဲထွက်နေသည်။

သူတို့က ရှေ့သို့ ဆက်လျှောက်သွားလိုက်ပြီး ဝါးတောအုပ်တစ်ခုကို မြင်ရသည်။

အစိမ်းရောင်ဝါးရွက်များသည် လေထုထဲတွင် ယိမ်းနွဲ့နေပြီး ညင်သာသောအသံကို ထုတ်ပေးသည်။

အမှန်တကယ်ပင် လှပသည်။

‘ဒါပေမဲ့ သူတို့က ဘယ်မှာလဲ’

သူတို့က မြေအောက်မြစ်၏ အတွင်းပိုင်းတွင် ရှိနေသည်။

သွေးရောင်ရေသည် ပတ်ဝန်းကျင်ကို အနီရောင်သန်းနေစေပြီး ကျွန်းသည် ပုံရိပ်ယောင်တစ်ခုဟု ထင်ရသည်။

သူတို့က ရှေ့ဆက်သွားလိုက်ပြီး တဲအိမ်တစ်လုံးကို မြင်ရသည်။

တဲအိမ်၏ရှေ့တွင် ကျောက်စားပွဲနှင့် ကျောက်သားထိုင်ခုံများ ရှိနေကြသည်။ သစ်သားစင်ပေါ်တွင်လည်း ငါးများကို အခြောက်လှန်းထားသည်။

‘မြေအောက်မြစ်ရဲ့ ငါးတွေလား’

‌ကျောက်စားပွဲ၏ရှေ့တွင် ဆံပင်ဖြူအကြီးအကဲနှစ်ယောက်က ဖြောင့်မတ်စွာထိုင်ပြီး ကျားကစားနေပုံပေါ်သည်။

ဟန်မူယဲ့နှင့်ဟန်ချီ ရောက်လာသောအခါ လူအိုကြီးနှစ်ယောက်က လှည့်ကြည့်လိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက ရိုးရှင်းပြီး ကြင်နာသောမျက်နှာကို ပိုင်ဆိုင်သည်။ သူ့မှာ အဖြူရောင်မုတ်ဆိတ်ရှည်များ ရှိသည်။

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ထက်မြိသောမျက်လုံးတစ်စုံနှင့် အေးစက်ပြီးတင်းမာသော မျက်နှာထားကို ပိုင်ဆိုင်သည်။

“ဟေး၊ မင်းက အသွင်ပြောင်းသွားပြီလား”

မီခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက ဟန်ချီကို အံ့အားသင့်စွာ ကြည့်သည်။

“မင်းရဲ့ ကျင့်ကြံဆင့်ကလည်း တိုးတက်လာတဲ့ပုံပဲ”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူက ဟန်မူယဲ့၏ နောက်ကျောတွင်ရှိသော ဓားကို မြင်ရသောအခါတွင် မျက်ခုံးပင့်သည်။

“ဓားကျင့်ကြံသူလား”

သူက ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်။

ဟန်ချီက ဟန်မူယဲ့ကို လှည့်ကြည့်ပြီး ပြောသည်။

“ဒါက ကျွန်‌တော့်ရဲ့ အစ်ကိုကြီးပါ။ ကျွန်တော်က သူ့နောက်ကို လိုက်သွားတော့မယ်”

ဟန်ချီ၏စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။

“မင်းက နှစ်တစ်သန်းအတွင်း မြေအောက်မြစ်မှာ နဂါးရုပ်တုသားရဲကို ထိန်းချုပ်နိုင်တဲ့ ပထမဆုံးလူပဲ”

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီး၏ ကြင်နာ‌သောမျက်နှာထားက လေးနက်လာသည်။

“မင်းက ဘယ်သူလဲ”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက စကားမပြောသော်လည်း အစိမ်းရောင်ဓားအလင်းကို ထုတ်ဖော်လိုက်သည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။

သူက စားပွဲပေါ်တွင်ရှိသော ကျားစေ့များကို ကြည့်လိုက်သည်။

“အကြီးအကဲနှစ်ယောက်က ကျားကစားနေတာလား။ ကျွန်တော်ကလည်း ကျားထိုးတတ်တယ်”

လူအိုကြီးနှစ်ယောက်၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ရွှေအလင်းစီးကြောင်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့လေးယောက်ကို လွှမ်းခြုံသည်။

“ဒါက လေဟာနယ်လောကလား”

“မဟုတ်ဘူး။ ဒါက ဗလာနယ်မြေပဲ”

လူအိုကြီးနှစ်ယောက်က ရေရွတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ငါတို့ကို စိန်‌ခေါ်ချင်တာလား”

“နှစ်ယောက်နဲ့တစ်ယောက်လား”

မတူညီသော စွမ်းအားနှစ်ခုသည် သူတို့၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည်။

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက အစိမ်းရောင်ဝါးရွက်များကို ထုတ်လွှတ်လိုက်သည်။ ပျော့ပြောင်းသော ဝါးကြိမ်နှစ်ခုက သူ့လက်ထဲတွင် လှုပ်ရှားနေသည်။

တစ်ဖက်တွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ကျောက်စိမ်းဓားနှစ်လက်ကို ထုတ်ယူသည်။ သူက လက်မြှောက်ပြီး ဓားနှစ်လက်ကို ဆုပ်ကိုင်ထားသည်။

“ဓားနှစ်လက်လား”

ဟန်မူယဲ့၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်ကို မြင်နိုင်သည်။

“စိတ်ဝင်စားစရာပဲ”

“ခလွမ် ....”

သူက နောက်ကျောတွင်ရှိသောဓားကို ထုတ်ယူပြီး ရှေ့သို့ တစ်လှမ်းတိုး၍ ကြမ်းတမ်းစွာ ခုတ်ချသည်။

ထိုဓားက လျင်မြန်ပြီး ဓားအလင်းသည် လေဟာနယ်ကို ထိုးခွဲသွားမည်ဟု ထင်ရသည်။

ကံကောင်းစွာဖြင့် ဤနေရာသည် ဗလာနယ်မြေဖြစ်ပြီး မပျက်စီးနိုင်ပေ။

ထိုဓားချက်သည် ရိုးရှင်းသည်။

သို့သော် ထိုဓားချက်ကြောင့် လူအိုကြီးနှစ်ယောက်၏ မျက်နှာထားက လေးနက်လာသည်။

All Chapters