ငရဲသို့ခရီးတစ်ခေါက်
Vol. 49 Ch. 675
မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်တာ ကုန်ဆုံးသွား၏။ ကျန်းရီက ဤရက်များအားလုံးကို မိုးကြိုးတောင်ကြားအတွင်းရှိ ဂူထဲ၌သာ နေနေလေသည်။ သူက ညအချိန်တွင် မိုးကြိုးမီး ထွက်ပေါ်လာသည့် အချိန်၌သာ ပုန်းနေ၏။ ကျန်သည့်အချိန်၌ ဂူထဲတွင် နေပြီး မိုးကြိုးကျောက်တုံးများ သန့်စင်နေသည်။
သူက ဆယ်ရက်ကျော်ကြာ၌ မိုးကြိုးကျောက်တုံး ၂၀၀၀ ကျောက် သန့်စင်ခဲ့ပြီး ယခုအချိန်တွင် ရပ်တန့်လိုက်တော့၏။ သူက အမြန်ဆုံး အရှိန်ဖြင့် မိုးကြိုးကျောက်တုံးများကို သန့်စင်ခဲ့လျှင်တောင် အစွမ်းအထက်ဆုံး လျှပ်စီးကို လျစ်လျူရှုနိုင်လောက်မည်။
သူ၏ခန္ဓာကိုယ်က မိုးကြိုးဒဏ် ခံနိုင်မှု တိုးလာလေသည်။ သူက မိုးကြိုးကျောက်တုံးများမှ ထွက်ပေါ်လာသော လျှပ်စီးကို အပြည့်အဝ ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူက မိုးကြိုးကျောက်တုံး သန့်စင်တာ ရပ်တန့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ မိုးကြိုးသွားများက တလက်လက် တောက်ပနေ၏။ ယင်းက အလွန်ထူးဆန်းသည်။
“ဒီနားမှာ ရှိလောက်တယ် မဟုတ်လား”
သူ၏ စူးရှသော မျက်ဝန်းများက အပြင်သို့ တစ်ချက် ကြည့်လိုက်၏။ ဆယ်ရက်ကျော်ကြာပြီး သူက သွေးအနည်းဆုံး အကြိမ်တစ်သောင်းခန့် မိုးကြိုးကျောက်တုံး ၂၀၀၀ ကျော်၏ ညှဉ်းပန်းမှုကို ခံခဲ့ရသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက အကြိမ်တစ်သောင်းခန့် မိုးကြိုးရှော့ခ်ရိုက်ခံလိုက်ရ၏။ သူက အနည်းဆုံးတော့ မိုးကြိုးမီးထဲရှိ လျှပ်စီးကြောင့် သေမှာမဟုတ်။ မိုးကြိုးအစစ် မဟုတ်သရွေ့ ဖြစ်သည်။
ကျန်းရီက ခဏတာအနားယူပြီးနောက် သူ၏ မျက်လုံးက လက်သွားတော့သည်။ မြေပြင်ပေါ် ဆောင့်နင်းကာ နွားရိုင်းတစ်ကောင်ကဲ့သို့ပင် ခုန်တက်လိုက်သည်။ သူ့မျက်ဝန်းများက ဓားသမားဖြစ်လေသည်။ မကြာမီ၌ သူက မိုးကြိုးမီးလုံးတစ်ခုစီသို့ အကြည့်ရောက်သွားသည်။
“ငါ စွန့်စားရမယ် ငါ သေမလား ရှင်မလားဆိုတာ ဒါအပေါ် မူတည်နေတယ်”
သူက တည်ကြည်ပုံပေါ်ပြီး အေးစက်စက်ဖြင့် မိုးကြိုးမီးနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ သူ့ခန္ဓာကိုယ်က မိုးကြိုးဒဏ်ကို အလွန်ခံနိုင်ရည် ရှိနေပြီဖြစ်ကာ မီးဝိညာဉ်ပုလဲက အပူဒဏ်မခံရအောင် ကာကွယ်ပေးထားသော်ငြား ထိုမိုးကြိုးမီးက အစွမ်းထက်လွန်း၏။ သူ အနားကပ်လျှင် မည်သို့ ဖြစ်လာမည်ဆိုတာ မည်သူကမျှ မမှန်းဆနိုင်ချေ။
ငါးမိုင်.. သုံးမိုင်.. တစ်မိုင်..
ကျန်းရီက အသက်အောင့်ထားပြီးနောက် ခန္ဓာကိုယ်ကို တင်းကျပ်လိုက်၏။ သူက ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး သာမန်လူတစ်ဦး၏ လမ်းလျှောက်နေသည့် အရှိန်ပမာ နှေးကွေးလိုက်သည်။ သူ့မျက်လုံးက ရှေ့ရှိ တောင်နား၌ ရစ်ဝဲနေသော မိုးကြိုးမီးဆီ ရောက်သွားသည်။ အသက်ရှုနှုန်းက မြန်လာလေ၏။
မီတာငါးရာ.. သူ အဆင်ပြေတယ်။
မီတာလေးရာ.. သူ အဆင်ပြေသေးတယ်။
မီတာသုံးရာ.. တစ်ခုခုတော့ မှားနေပြီ။
ချီ ချီ…
မိုးကြိုးသွားက လက်မောင်းလုံးခန့် ထူပြီး မျော်လွင့်နဂါးပမာ ထွက်လာလေသည်။ မြန်ဆန်လွန်းလှရာ ကျန်းရီအဖို့ ထိုမျှ နီးကပ်သည့်အဝေး၌ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ထို့အပြင် မိုးကြိုးက ၎င်း၏ ပစ်မှတ်ကို အလိုအလျောက်တောင် ခြေရာခံနိုင်ပေ၏။ ထို့ကြောင့် ထင်သည့်အတိုင်း ကျန်းရီ မိုးကြိုးပစ်ခံလိုက်ရ၏။ ၏
ထိုမိုးကြိုးသွားသည် မိုးကြိုးကျောက်တုံးထဲရှိ အသန်မာဆုံးစွမ်းအင်ထက် ဆယ်ဆပိုအစွမ်းထက်သည်။ ထို့ကြောင့် ထင်သည့်အတိုင်း ကျန်းရီက အဆက်မပြတ် တုန်ယင်နေကာ သူသည် ()ပမာ ဖြစ်သွားတော့၏။ သူ့ခန္ဓာကိုယ်က ညှော်နံ့များတောင် ထွက်လာတော့သည်။ ဝတ်ရုံကလည်း ပြာဖြစ်သွားပြီး မျက်ခုံး မုတ်ဆိတ်နှင့် ဆံပင်တို့အားလုံး မီးကျွမ်းကုန်၏။ မီးတိမ်သံချပ်ကာက သူ့ကို ကာကွယ်ရန် အချိန်မီပေါ်လာသော်ငြား အရေပြားများလောင်ကျွမ်းမှုကို ခံစားရသည်။ သူ့ပေါက်ကာစ ဆံပင်များကလည်း မရှိတော့ချေ။ မျက်ခုံးနှင့် မုတ်ဆိတ်တို့လည်း မရှိတော့ပေ။
“အား အား အား အား”
သူက နာနာကျင်ကျင် အော်လိုက်ပြီးနောက် တောင်ထွတ်များပေါ် လဲကျသွားပြီး နောက်ထပ် တောင်ထွတ်နှင့် တိုက်မိသွား၏။ သူက အဆက်မပြတ် တုန်ယင်နေပြီး အော်ဟစ်နေရလေသည်။ သူက ငရဲသို့ ပစ်ချခံလိုက်ရသည့်ပမာ ခံစားလိုက်ရပြီး နာကျင်မှုက သူ့ကို သေစေနိုင်၏။ သို့သော် သူ့မျက်လုံး၌ ပျော်ရွှင်မှုများ ပြည့်နေလေ၏။ သူ အသက်ရှင်နေသေးသောကြောင့် ဖြစ်သည်။
မိုးကြိုးမီးအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးက သူ့ကို မသတ်နိုင်ပေ။ ဆိုလိုသည်မှာ သူ မျှော်လင့်ချက် ရှိသေး၏။ မိုးကြိုးမီး၏ မိုးကြိုးက သူ့ကို မသတ်နိုင်သရွေ့ သူ၌ မျှော်လင့်ချက်တစ်မျှင် ရှိသေးသည်။
အတော်ကြာသွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ပြင်းစွာသော နာကျင်မှုက ဖြည်းဖြည်းချင်း လျော့သွားသည်။ မြေပြင်ပေါ်တွင် လဲနေကာ ခွေးတစ်ကောင်ပမာ အမောတကော အသက်ရှုနေရ၏။ မကြာမီ၌ သူက ရယ်မောလိုက်၏။ သူ ရယ်နေရင်းဖြင့် မျက်ရည်များပင် ထွက်လာ၏။ သူ့ဒဏ်ရာများကလည်း မခံမရပ်နိုင်အောင် နာနေလေပြီး ရယ်မောမှုမှ နာနာကျင်ကျင် အော်ညည်းသံအဖြစ် ပြောင်းလဲသွား၏။
နှစ်မိနစ် ကြာသွားပြီးနောက် သူ့ တည်ငြိမ်မှု ပြန်ရသွားကာ တင်ပျဉ်ခွေ ပြန်ထိုင်လိုက်ပြီးနောက် ပြန်လည်ကုစားရန် ဆေးတချို့ ထုတ်လိုက်သည်။ သူက ညအချိန်ကျမှ ထပြန်တော့၏။
ကုသခြင်းဆေးပင်က အလုပ်ဖြစ်၏။ သူ၏ပြီးပြည့်စုံသော ခန္ဓာကိုယ်က အံ့ဩဖွယ်ကောင်းသည့် ပြန်လည်ကုစားနိုင်စွမ်းရှိသည်။ တစ်ရက်တာ ကုသပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ရာများက အမာရွတ်များ ဖြစ်သွားပြီး နောက်ထပ်တစ်ကြိမ် ပြန်လည်ကုစားပြီးနောက် အပြည့်အဝ ကောင်းသွားမှာပဲ ဖြစ်သည်။
သူ၏ ဆံပင်မရှိသောခေါင်းနှင့် မျက်ခုံးများကို ထိကြည့်ပြီးနောက် မလှမ်းမကမ်းရှိ မိုးကြိုးမီးကို ကြည့်လိုက်ရာ ယင်းက အလွန်ချစ်စဖွယ်ကောင်းသည်ဟု သိလိုက်ရသည်။ မိုးကြိုးမီး၏ လျှပ်စီးက သူ့ကို မသတ်နိုင်ပေ။ ထို့ကြောင့် မိုးကြိုးထပ်အပစ်ခံရလျှင်တောင် လျှပ်စီးအပေါ် သူ့ခံနိုင်ရည်က တိုးလာလိမ့်မည်။
သူ့ခန္ဓာကိုယ်က မိုးကြိုးမီးမှ မိုးကြိုးတိုက်ခိုက်မှုကို အပြည့်အဝ လျစ်လျူရှုသွားသည့် အချိန်၌ မိုးကြိုးမီးကို စုဆောင်းရန် အချိန်ရောက်လာမှာပဲ ဖြစ်သည်။ မိုးကြိုးမီးကို သန့်စင်ပြီးသည်နှင့် အပြစ်သားကျွန်းမှ ထွက်သွားရန် အချိန်ရောက်ပေမည်။
မိုးကြိုးမီးက ညအချိန်တွင် လှည့်လှည်သွားနေ၏။ သူက အနားသို့ မသွားရဲဘဲ မိုးကြိုးအပစ်ခံရပြီး ပတ်ဝန်းကျင်၌ နောက်ထပ် မိုးကြိုးမီးလုံး ထပ်ပေါ်လာခဲ့လျှင် နတ်ဘုရားတောင် သူ့ကို မိုးကြိုးဆက်တိုက် ပစ်ခံမှုကနေ ရှင်သန်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူသည် မိုးကြိုးကျောက်တုံးအချို့ကို ထုတ်ပြီး ဆက်လက်သန့်စင်လိုက်၏။
မိုးကြိုးကျောက်တုံးထဲရှိ လျှပ်စီးက အလွန်အားနည်းသည့်တိုင် သူ့ခန္ဓာကိုယ်ကို မာကျောစေသည်။ မိုးကြိုးခုခံမှုကို မြင့်တင်ပေးနိုင်၏။ ယင်းက ဘာမှမရှိတာထက်ကို ပိုကောင်းသေးသည်။ နောက်နေ့နံနက်စောစော၌ သူက ဂူထဲကနေ ပြန်ထွက်ပြီးနောက် မိုးကြိုးမီးလုံးဆီ တန်းတန်းမတ်မတ် ဝင်သွားတော့၏။ သူ၏ဖြတ်လတ်သော စိတ်ဝိညာဉ်က သူ့ကို ဘဝအတွက် စတေးတော့မည့် အာဇာနည်သူရဲကောင်းတစ်ဦးပမာ ထင်မှတ်ရစေသည်။
ချီး ချီး..
သို့သော် ထိုပုံရိပ်ကို ခဏတာ ထိန်းထားနိုင်ပြီးနောက် သူ့လက်မောင်းလုံးထက် ထူသည့် မိုးကြိုးက ကျလာပြီး သူ့ကို ချက်ချင်း ပစ်လိုက်တော့သည်။ သူက ပြိုလဲသွားပြီး ငရဲသို့ ခရီးတစ်ခေါက် ထွက်ရပြန်၏။
သိသာနေ၏။ သူ့ဒဏ်ရာက ယခုအခေါက်တွင် ပြင်းထန်မှု အနည်းငယ် လျော့နည်းသွားသည်။ သို့သော် ကုသရန် အချိန်အတော်ကြာ ယူရသေးဆဲ ဖြစ်သည်။ နှစ်နာရီအတွင်း ညတာ ကျရောက်လာ၏။ ထို့ကြောင့် သူက မစွန့်စားရဲတော့ဘဲ ဂူဆီသို့ ပြန်ကာ မိုးကြိုးကျောက်တုံးများ ဆက်လက်သန့်စင်နေ၏။
နောက်တစ်နေ့တွင်လည်း တူညီသည့်ဖြစ်ရပ် ထပ်မံဖြစ်ပွားသည်။
မိုးကြိုးသွား အပစ်ခံရပြီးနောက် သူ့ဒဏ်ရာများက ပြင်းထန်မှု ပိုလျော့သွားသည်။ ပြန်ကောင်းရန် နေ့ဝက်သာ အချိန်ယူရ၏။ သူ့ဒဏ်ရာပိုကောင်းလာသည်နှင့် သူက မိုးကြိုးမီးဆီသို့ တစ်ဟုန်ထိုးသွားပြီး ထပ်မံ အနိုင်ကျင့်ခံပြန်၏။
သုံးရက်၊ ငါးရက်၊ ရှစ်ရက်..
မိုးကြိုးမီးအတွင်းရှိ မိုးကြိုးက သူ့ကို နာကျင်အောင် မလုပ်တော့ဘဲ အဆက်မပြတ်သာ တုန်ယင်စေ၏။ ကျန်းရီက ပို၍ ဆုံးဖြတ်ချက် ပြတ်သားစွာ ပေါ်လာကာ အကြည့်များက ကြယ်ပွင့်များပမာ တောက်ပနေလေ၏။ ထိုသို့တိုင် သူက မစွန့်စားခဲ့ချေ။ သူက မိုးကြိုးသွားတစ်ခုကို ခံနိုင်မည်။ သို့သော် နှစ်ခု သုံးခု ဆယ်ခု ဆိုလျှင် မည်သို့ ဖြစ်မည်နည်း။ မိုးကြိုးမီးထဲ၌ မိုးကြိုးသွားမည်မျှ ရှိကြောင်း မည်သူက သိမည်နည်း။ သို့သော် အလျင်လိုနေစရာ မရှိပေ။ သူက နာကျင်မှုကို တင်းခံလျက် သူ့ခန္ဓာကိုယ်အတွက် မိုးကြိုးအသားကျမှုကို ပျော်မွေ့နေသည်။
လဝက်ခန့် ကြာသွား၏။
ကျန်းရီက ဂူထဲမှ ထွက်ပြီး တောင်တန်းများတစ်လျှောက် သက်တန့်တစ်စင်းနှယ် သွားလိုက်သည်။ သူ့နားသို့ မိုးကြိုးမီးလုံး ပြေးလာသော်ငြား သူက စိတ်ထဲမထားဘဲ တန်းတန်းမတ်မတ် တိုးဝင်သွားလိုက်၏။
ချီး ချီး..
သူက မီတာ၃၀၀ အကွာသို့ ရောက်သည့် အချိန်၌ မိုးကြိုးမီးအတွင်းရှိ မိုးကြိုးတစ်မျှင်က မိုးကြိုးနဂါးအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားတော့၏။ သူက အနည်းငယ် တုန်ယင်သွားပြီးနောက် ရှေ့ဆက်သွားလိုက်သည်။
ချီး ချီး…
နောက်ထပ် မိုးကြိုးနဂါးက သူ့ဆီ ရောက်လာပြီး သူက ပိုကြမ်းတမ်းစွာ လှုပ်ခါလာ၏။ သို့သော် ရုတ်တရက် အရှိန်တင်လိုက်ပြီးနောက် မိုးကြိုးမီးဆီ ရူးသွပ်စွာ သွားလိုက်တော့သည်။
ချီး ချီး..
တတိယမြောက် မိုးကြိုးနဂါးပေါ်ထွက်လာသည့် အချိန်၌ သူက မိုးကြိုးမီးနား ရောက်နေပြီဖြစ်သည်။ မီးဝိညာဉ်ပုလဲက မျက်စိကျိန်းလောက်သည့် အနီရောင်အလင်းဖြာထွက်လာပြီး မိုးကြိုးမီးကို ချက်ချင်း ယူလိုက်သည်။
“ငါ လုပ်လိုက်ပြီ ဟား ဟား ဟား”
ကျန်းရီက တုန်လှုပ်နေသေးဆဲ ဖြစ်သည်။ သို့သော် သူက ၎င်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပေ။ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။
မိုးကြိုးမီးလုံးတစ်ခုကို ယူနိုင်ခြင်းက ဒုတိယ တတိယ ဆက်ယူနိုင်မည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ သူက မိုးကြိုးမီးကို သန့်စင်ပြီး အင်မတန် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှု နည်းလမ်းကို တတ်ကျွမ်းလာ၏။
အချိန်နှစ်လတာ ကုန်ဆုံးသွား၏။ မိုးကြိုးတောင်ကြားအတွင်း နှစ်လလုံးလုံး ဝေဒနာမျိုးစုံကို တင်းခံခဲ့သည်။ မရေမတွက်နိုင်အောင် မိုးကြိုးအပစ်ခံခဲ့ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် များပြားသည့် နာကျင်မှုကြောင့် သေခြင်းရှင်ခြင်းကြား လူးလွန့်နေရသည်။ သို့သော် အရာအားလုံးက ထိုက်တန်ပေ၏။ သူ့အားစိုက်ထုတ်မှု တန်ကြေးက ရလာသည်။ ကျန်းရီက နက်ရှိုင်းသည့်အသံဖြင့် အရှေ့ပိုင်းကောင်းကင်ဆီသို့ တစ်ချက် ကြည့်လိုက်သည်။ သူက တောက်ပသည့် အပြုံးပြုံးလိုက်ကာ သူသာ ကြားနိုင်သော လေသံဖြင့် တီးတိုးပြောလိုက်တော့သည်။
“လော့ရွယ် ငါ့ကို စောင့်နေပါ”
...