ထူးဆန်းတဲ့ ပိုးကောင်
Vol. 91 Ch. 4.872
"လူတိုင်း သူသွေးဆောင်တာကို မခံကြဖို့ ငါအကြံပေးချင်တယ်... ဒီအရာက ယူလို့ကောင်းတဲ့ အရာ မဟုတ်ဘူး...ရှိရင်လည်း သိမ်းထားနိုင်မှာ မဟုတ်ဘူး!"
"လုရွှမ် မင်း အဲဒါကို မလိုချင်ဘူးလို့ ဆိုလိုတာလား"
လုရွှမ်က "မလိုချင်ဘူး!"
"မင်းငါ့ကိုလိမ်နေတာလား"
"မျှော်စင်နယ်ပယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား? ငါလိုချင်ရင် ငါလိုက်ရှာနိုင်တယ်!"
လူခြောက်ယောက်သည် ဤစကားကို ကြားပြီးနောက် သူတို့၏လျှာကို တိတ်တဆိတ် ကိုက်ထားလိုက်မိသည်။ ဤစကားများက ဘယ်လောက်တောင် လွှမ်းမိုးနေလိုက်လဲ။
လုရွှမ်နဲ့ မျှော်စင်နယ်ပယ်သခင်ကြားက တိုက်ပွဲကို သူတို့ မြင်ဖူးသည်။ သူရှုံးသွားသော်လည်း နယ်ပယ်က အလွန်နိမ့်ပါး နေသောကြောင့်သာ ဖြစ်သည်။ ဒါတောင် သူသည် ကောင်းကင်ဘုံသခင် စတုတ္ထအဆင့်သာ ဖြစ်ကြောင်း လူတိုင်းသိကြသည်။
အကယ်၍ သူသည် အဆင့်အနည်းငယ် တက်ကာ နတ်မီးနယ်ပယ်ထဲသို့ ဝင်ရောက်ထားပါက အဆင့်ကျော်လွန်၍ မျှော်စင်နယ်ပယ်က သခင်များကို သတ်နိုင်မလား မပြောတတ်ပေ။
သူတို့ စိတ်ထဲမှာ မယုံနိုင်စရာပဲလို့ ခံစားမိပေမယ့် လုရွှမ်တကယ် အောင်မြင်နိုင်မယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရလေသည်။ ထောင်ကျန့်မှာ လူခြောက်ယောက်ရဲ့ မျက်နှာကို ထိတ်လန့်တကြားကြည့်ရင်း ဒါက ဘယ်လို အမူအရာမျိုးလဲဟု တွေးလိုက်မိ၏။
ကောင်းကင်ဘုံသခင်က မျှော်စင်နယ်ပယ်ကို ခေါင်းဖြတ်သတ်လိုက်သည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
"ဒါဆို မင်းမလိုချင်ရင် ဘယ်လိုလုပ်မလဲ"
သူ့နောက်က တျယ်ရှုံသည် စကားတွေကို အကျယ်ကြီး မပြောပေမယ့် သူတို့ ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းသိကြသည်။
လုရွှမ် သူ့ခေါင်းကို ခါလိုက်ပြီး "ဒါက တကယ် အန္တရာယ်များတဲ့အတွက် မစုဆောင်းဖို့ အကြံပေးချင်ပါတယ်... ဒါပေမဲ့ မင်းတို့ဘာသာ စုဆောင်းချင်တယ် ဆိုရင်တော့ ငါ့မှာကန့်ကွက်စရာ မရှိဘူး"
လူတွေရဲ့ နှလုံးသားတွေ ကွဲကြေသွားကြသည်။ ဒီလို အကျိုးစီးပွားနဲ့ ယှဉ်ရင် လူတိုင်းက တည်ငြိမ်တဲ့ နှလုံးသားကို မထိန်းသိမ်းနိုင်ပါဘူး။
"ဒါဆို.... ဒါဆိုရင် ငါထွက်လိုက်မယ်...သခင်လေးက အရမ်းအန္တရာယ်များတယ်လို့ ပြောမှတော့ ကျွန်မ မယူတော့ဘူး"
လော့ရှန်းက ရုတ်တရက် အော်ပြောပြီး လုရွှမ်အနားမှာ ရပ်လိုက်သည်။ ကျန်လူငါးယောက်မှာ လော့ရှန်းကို မျက်လုံးပြူး ကျယ်ကျယ်ဖြင့် စိုက်ကြည့်နေကြသည်။ ဒီကောင်မလေးက သူစွန့်လွှတ်လိုက်တဲ့ အရာဟာ ရှားပါးရတနာ တစ်ခုဆိုတာ မသိဘူးလား။
မျှော်စင်နယ်ပယ်ရဲ့ မျှော်စင်သည် ဝိညာဉ်ရေးလောကတွင် ထိပ်တန်းရတနာ တစ်ပါးဖြစ်ခဲ့သော်လည်း ဘယ်သူမှ လူသိရှင်ကြားမပြဝံ့ပေ။ မျှော်စင်ကိုရယူလိုပါက မျှော်စင်နယ်ပယ်ကို လိုက်လံရှာဖွေ သတ်ဖြတ်နိုင်တာကမှ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ယင်းသည် ဝိညာဉ်ရေး လောကတစ်ခုလုံး၏ ရန်သူဖြစ်သည်။
ဒါပေမဲ့ အခု သူမသည် မျှော်စင်နယ်ပယ်ရဲ့ အပိုင်းအစကို လွတ်လွတ်လပ်လပ် ရယူခွင့်ရပေမယ့် တကယ် လက်လျှော့လိုက်သည်။
ဝုန်း!
တျယ်ရှုံက သူ့လက်သီးနဲ့ မြေပြင်ကို ထိုးချလိုက်သည်။
"ငါ အဲဒါကို မလိုချင်တော့ဘူး... မျှော်စင်က ကောင်းပေမယ့် ငါ့ဘဝက ပိုအရေးကြီးတယ်... အနာဂတ်မှာ ဒီအခိုက်အတန့်ကို တွေးတိုင်း ငါ နောင်တရလိမ့်မယ် ဒါပေမဲ့ အနည်းဆုံးတော့ နောင်တရစရာ မရှိတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ!"
လူလေးယောက်က တျယ်ရှုံကို မိုက်မဲစွာ ကြည့်နေကြသည်။ တျယ်ရှုံကလည်း လုရွှမ်ရဲ့ စကားကို နားထောင်ပြီး ဒီအရာကို စွန့်လွှတ်လိုက်ပြန်ပြီ။ လေးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။
"ဒါက မျှော်စင်နော်.... ငါဘယ်လို စွန့်စားရမလဲ ပြော!"
"ဟုတ်တယ် ဒီလိုမျှော်စင်နဲ့ဆို အနာဂတ်မှာ မျှော်စင်နယ်ပယ်ကို ချီတက်ဖို့ 30% အခွင့်အလမ်း ရှိလိမ့်မယ်!"
နံပါတ် ၅ နဲ့ အမှတ် ၆ တို့ကလည်း ခေါင်းညိတ်လိုက်၏။ လုရွှမ် ပြုံးပြီးပြောသည်။
"ကောင်းပြီ ဒါဆိုရင် မင်းတို့လေးယောက်က မျှော်စင်ရဲ့ ပိုင်ဆိုင်မှုကို ဆွေးနွေးလို့ရတယ်... လော့ရှန်း တျယ်ရှုံ...ငါတို့က ဒီကျောက်ပြားမှာ ဘာထူးဆန်းတာလဲဆိုတာ ကြည့်ရအောင်"
သူတို့နှစ်ယောက်က ရှောင်လွှဲ၍မရသော မျက်လုံးများဖြင့် တုံ့ဆိုင်းစွာ တုံ့ပြန်ကြပြီး ကျောက်တုံးကြီးဆီသို့ မဆိုင်းမတွ လှမ်းကြည့်ကြသည်။ သူတို့လေးယောက်သည် ထိုနေရာတွင် ရပ်နေရင်း အနည်းငယ် ရှက်သွားသော်လည်း မျှော်စင်ကိုကြည်ကာ မျက်လုံးများ ပြူးသွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြန်သည်။
ဆွေးနွေးပြီးနောက် လေးဦးသည် သဘောတူညီချက်တစ်ခုရရှိပြီး အချင်းချင်း ကတိသစ္စာပြုကြသည်။ ကောင်းကင်ဘုရင် စံအိမ်မှ ထွက်သွားနိုင်လျှင် သူတို့လေးယောက်သည် လေ့ကျင့်ရန်နေရာကို ရှာပြီးနောက် ဤမျှော်စင်ကို မျှဝေလိုက်ကြလိမ့်မည်။
"ဒါနဲ့!" နံပါတ်သုံးက ချောင်းဟမ့်လိုက်ပြီး
"လုရွှမ်.. သူတို့..."
နံပါတ်၅က ခေါင်းခါလိုက်ပြီး "လုရွှမ်က အရမ်းရက်ရောတယ်.... အခု လက်လွှတ်လိုက်ပြီ ဆိုကတည်းက နောက်ဘယ်တော့မှ ထပ်အရေးယူတော့မှာ မဟုတ်ဘူး... အဲဒါက သူ့စရိုက်ပဲ ငါသာနံပါတ်၉လို လုရွှမ်ရဲ့ မျက်နှာသာကိုသာ ရနိုင်ရင် ငါက ဘာလို့ ဒီမျှော်စင်လို လိုအပ်နေမှာလဲ?"
နံပါတ်၄ နှင့် နံပါတ်၆တို့သည် နံပါတ်၅၏ လုရွှမ်အပေါ် အကဲဖြတ်ချက်က အလွန်သက်ဆိုင်သည်ဟု ခံစားလိုက်ရသည်။ လုရွှမ်သည် အလွန်မာနကြီးသူဖြစ်ပြီး သူပြောသမျှကို ဘယ်တော့မှ နောင်တမရတတ်ချေ။
"ဒါဆို ငါတို့ ဒီမျှော်စင်ကို ရပြီးမှ သူလှုပ်ရှားမှာများလား"
နံပါတ်၅က ခေါင်းခါနေတုန်းပဲ။
"မဟုတ်ဘူး သူက ဒီလိုလူမဟုတ်ဘူး!"
ဒီတစ်ခါတော့ တခြားလူနှစ်ယောက်က နံပါတ်၅ရဲ့ စကားကို ဝင်မငြင်းတော့ဘဲ တုံ့ဆိုင်းသွားသည်။ နံပါတ်၅ရဲ့ မျက်လုံးထဲမှာတော့ လွမ်းဆွေးမှု အရိပ်အယောင်တွေ ပေါ်လာပြီး နံပါတ်၉ကို ကြည့်လိုက်ချိန် ရုတ်တရက် မနာလိုဖြစ်သွားတော့သည်။
သူတို့လေးယောက်က မျှော်စင်ကို စုဆောင်းပြီး နံပါတ်၅ကပဲ သိမ်းထားလိုက်သည်။ ထောင်ကျန့်သည် အစောကတည်းက လုရွှမ်ကို ထိတ်လန့်သွားသောကြောင့် ဓားသေးသေးလေး တစ်ချောင်းကို သူ့ခန္ဓာကိုယ်တွင် ဂရုတစိုက်ထည့်ကာ သိုလှောင်အိတ်ထဲသို့ ဝင်နေလိုက်လေသည်။
"မင်းတို့ ဒီကျောက်ပြားကို လာကြည့်လိုက်!"
လုရွှမ် အော်ပြောလိုက်တော့ လူလေးယောက်ကလည်း အမြန် ပြေးလာကြလေသည်။ လုရွှမ်သည် ကျောက်ပြားပေါ်က လက်ဝါးရာကို သူ့လက်ဖဝါးနဲ့ အမူအရာပြပြီး ဆိုလာသည်။
"ဒီလက်ဝါးရာက ငါ့လက်ဖဝါးနဲ့ အရမ်းလိုက်ဖက်တယ်လို့ ခံစားရတယ်... မင်းတို့ရော ဒီလိုခံစားရလား?"
တျယ်ရှုံနဲ့ လော့ရှန်းတို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြီး "ငါတို့လည်း ဒီလိုပဲ ခံစားရတယ်"
လူလေးယောက်က အလျင်အမြန် ကြိုးစားကြည့်လိုက်ရာ အသီးသီး ထိတ်လန့်တကြား ထအော်လိုက်ကြလေသည်။
"ဟုတ်တယ်.... ကျောက်တုံးကြီးနဲ့ ပိုနီးလေလေ စုပ်ယူအားရှိလေလေပဲ...သူကငါ့ကို အဲ့လက်ဝါးရာပေါ် လက်တင်ခိုင်းဖို့ ကြိုးစားနေသလိုပဲ"
"ကောင်းပြီ ထောင်ကျန့် မင်းရဲ့ အခြေအနေကို ပြောပြပါဦး..."
ထောင်ကျန့်က သူ့မျက်နှာပေါ်တွင် ထိတ်လန့်သော အကြည့်ဖြင့် လွင့်ပျံလာခဲ့သည်။
"ပထမတော့ ငါလည်းအဲ့လို ခံစားရတယ်... ပြီးတော့ လက်ဖဝါးပေါ် တင်လိုက်တာနဲ့ အခုလို ဖြစ်သွားတာပဲ"
"ငါတို့...?"
လုရွှမ်က "ငါတို့ ဒီမှာဆက်နေလို့ မဖြစ်ဘူး တခြားနေရာကို အရင်သွားကြည့်ရအောင်!"
လူခုနစ်ဦးသည် အုပ်စုတစ်စုတည်းအဖြစ် တောင်ကြောတစ်လျှောက် လှည့်ပတ်ပျံသန်းလာကြသည်။ လေတွေက တဝွီးဝွီး တိုက်ခတ်နေတာကြောင့် လေထဲမှာ အလွန်အေးနေသည်။ ထိုစဥ် အညံ့ဆုံး နံပါတ် ၆ က ချက်ချင်းဆိုသလို ပြုတ်ကျသွားလေ၏။
လုရွှမ် ဝိညာဥ်စွမ်းအား ကြိုးမျှင်ကို လျင်မြန်စွာ ဆွဲဆန့်ကာ ကာကွယ်ပေးခဲ့သော်လည်း တစ်ဖက်လူရဲ့ ခန္ဓာကိုယ်မှာ ရေခဲများဖြင့် ဖုံးအုပ်သွားတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားရသည်။ ၎င်းရဲ့ အသက်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများပင် အေးခဲသွားခဲ့သည်။
ရေခဲရဲ့အထူကို ကြည့်ရတာတော့ ဤနေရာတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပုံရလေ၏။ တခြားလူတွေလည်း ထိတ်လန့်သွားပြီး ဘယ်သူမှ အနားမကပ်ရဲတော့ပေ။
လုရွှမ် ဖီးနစ်နတ်မီးကို ပစ်လွှတ်လိုက်သည်။ ရေခဲလွှာသည် ခေတ္တ တုံ့ဆိုင်းသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ နောက်ဆုံး ရေခဲတွေ ပေါက်ကွဲပြီး နံပါတ်၆လည်း ခုန်ထွက်လာခဲ့သည်။
"သောက်ကျိုးနည်း... အေးလိုက်တာ!"
လုရွှမ် ရေခဲတုံးတစ်တုံးကို ဖမ်းကိုင်လိုက်ပြီး သေချာ ခံစားကြည့်လိုက်ရာ ဖီးနစ်နတ်မီးကို အရူးအမူး စုပ်ယူသွားသည်။ ရေခဲများ တဖြည်းဖြည်း အရည်ပျော်သွားပြီး လုရွှမ်လည်း မျက်လုံးများ တောက်ပလာကာ ၎င်းကို မြင်လိုက်ရသည်။
အဲဒါက ပိုးကောင်ငယ်လေးပဲ။ ၎င်းက အရောင်မဲ့နီးပါးပင် ဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးမှ အပူကို အဆက်မပြတ် စုပ်ယူနေသည်။ ရေအဖြစ်သို့ ပြောင်းသွားသော အင်းဆက် ပိုးမွှားငယ်များသည်လည်း နေရာအနှံ့ကို လှည့်လည်သွားလာနေကြ၏။
လုရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် မီးလောင်ပေါက်ကွဲသွားပြီး နံပါတ်၆ကို ဖမ်းကိုင်လိုက်ကာ တစ်ဖက်လူအား မီးလျှံထဲတွင် ထုပ်ပိုးထားလိုက်သည်။
"စိတ်ရှည်ရှည်ထား!" လုရွှမ် အော်လိုက်သည်။
နံပါတ်၆ ဝမ်းနည်းစွာ အော်ဟစ်လိုက်၏။ နံပါတ်၆၏ ကိုယ်ထည်ထဲသို့ မီးတောက်များ လောင်ကျွမ်းသွားတာကို တခြားသူများလည်း ရှင်းရှင်းလင်းလင်း မြင်နေရရာ အားလုံး ထိတ်လန့်သွားကြသည်။
"လုရွှမ်...ရှင် ဘာလုပ်မလို့လဲ!" နံပါတ်၅က ဟစ်အော်လိုက်သည်။
"မလောနဲ့ သူ့ခြေထောက်ကို ကြည့်!"
လော့ရှန်း ဝင်တားတော့မှ အားလုံး နံပါတ်၆ရဲ့ ခြေဖဝါးကို မြန်မြန်ကြည့်လိုက်ရာ အရည်စက်လေးတွေ ရွေ့လျားနေတာ တွေ့လိုက်ရလေသည်။ ၎င်းတို့က မြေပြင်ပေါ်သို့ လဲကျပြီးနောက် ပြင်းထန်စွာ လူးလိမ့်နေကြသည်။
စူးရှသော အသံနှင့်အတူ မီးတောက်ထဲတွင် ရေနှင့်တူသော အရည်စက်များသည် ပိုးကောင်ကြီးတစ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကာ အနီးဆုံး၌ ရပ်နေသော နံပါတ်၅ဆီသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သလို ပြေးဝင်သွားတော့သည်။