← Chapters

တံခါးပေါ်လာပြီ

Vol. 91 Ch. 4.875

တံခါးပေါ်လာပြီ

Vol. 91 Ch. 4.875

ပိုးကောင်ကြီးသည် သွေးနီရောင် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။ အထူးသဖြင့် သွေးရောင် အလင်းတန်းများဖြင့် တောက်ပနေသော မျက်လုံးကြီးကြီး တစ်စုံပင်။

ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ကြည့်လျှင် ခြေထောက်မပါသော သန်ကောင်ကြီး တစ်ကောင်နှင့်တူသော်လည်း လေထဲတွင် အလွန်လျင်မြန်စွာ ရွေ့လျားနိုင်​နေသည်။ ၎င်းရဲ့အရေပြားသည် အတော်လေး ချောမွေ့နေသော်လည်း လေထဲတွင် ဆံချည်မျှင်များကို တိုက်မိသလိုမျိုး အသံထွက်လာသည်။

“အဲဒါ ဘာ​ကြီးလဲ” နံပါတ် ၄ က ထအော်၏။

စိတ်ဝိညာဉ် စွမ်းအင်နှင့် လေထဲတွင် ပုန်းကွယ်​နေသော ပိုးမွှားများကို ခံစားနိုင်စွမ်း ရှိသော လုရွှမ်မှလွဲ၍ တခြားလူတွေသည် ဤပိုးကောင်များ၏ အသွင်အပြင်ကို လုံးဝ မမြင်ဖူးခဲ့ပေ။

လုရွှမ်က တိုက်ခိုက်နေပြီး အခင်းအကျင်း မျက်နှာပြင်က တုန်လှုပ်နေတာကို မြင်ရုံနဲ့ ပိုးကောင်က ဘယ်မှာရှိမှန်း သူတို့ မသိကြပါဘူး။

သူတို့ဖွဲ့စည်းလိုက်သော အခင်းအကျင်းသည် ၎င်းတို့ကိုယ်တိုင်ကိုသာ ကာကွယ်ထားခဲ့ပြီး လုရွှမ်အတွက်တော့ မရရှိခဲ့ပေ။ အခင်းအကျင်းကလည်း ကာကွယ်နိုင်ရုံသာ တတ်နိုင်ကာ တိုက်ခိုက်နိုင်စွမ်းလည်း မရှိနေချေ။

ထို့နောက် ဘာမျှမမြင်နိုင်သည့် ကွက်လပ်ထဲတွင် ပေဒါဇင်နှင့်ချီ အရှည်၊ သုံးပေအထူရှိသော ပိုးကောင်တစ်ကောင် ရုတ်တရက် ပေါ်ထွက်လာတာက ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလိုက်လဲ ဆိုတာ စကားနဲ့တင် မဖော်ပြနိုင်တော့ပါ။

အုန်း!

ကျယ်လောင်သော အော်သံကြီး ထွက်လာသည်။

ပိုးကောင်ကြီးက ရူးသွပ်နေသကဲ့သို့ ခေါင်းနှင့်အမြီးကို ခါယမ်းနေသည်။ ၎င်း၏မျက်လုံးများမှာ သွေး​ရောင့များဖြင့် ပြည့်နှက်နေကာ ဘယ်လောက်တောင် ရူးသွပ်နေသလဲ မသိ။ ၎င်းနှင့် နှိုင်းယှဉ်ပါက အထဲရှိ ပိုးကောင်များက ပို၍ သေးငယ်ပေ၏။

၎င်းတို့သည် ဆယ်ပေခန့် အရှည်ပြီး တစ်မီတာလောက်သာ အထူရှိကာ စွမ်းအင်ကလည်း အလွန်နည်းပါသည်။ အကောင်ငယ်လေးတွေက အကူအညီ တောင်းသလိုမျိုး အပြင်မှ ပိုးကောင်ကြီးဆီ ညည်းတွားပြနေ​ပြီ။

ဧရာမ ပိုးကောင်ကြီးသည်လည်း ကျယ်လောင်စွာဟောက်ပြီး ၎င်း၏ကြီးမားသော အမြီးကို အခင်းအကျင်း မျက်နှာပြင်ဆီသို့ ဦးတည် ရိုက်ချလိုက်သည်။

ဝုန်း!

"မလန့်​နေနဲ့!"

လုရွှမ် အော်နေပေမယ့် အပြင်ဘက်က အကောင်ကြီးကို ဂရုမစိုက်ဘဲ မနေရဲပါဘူး။ ယခုအချိန်တွင် ကြီးမားသော ပိုးကောင်ကြီးဟာ မျှော်စင်နယ်ပယ် ရောက်နေတဲ့ အစွမ်းထက်ဆုံးဖြစ်ပြီး ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း လုံးဝ မရှိနိုင်​တော့ပေ။

ယခု အသက်ရှင် ကျန်ရစ်ရန် တစ်ခုတည်းသော အခွင့်အလမ်းမှာ ဖွဲ့စည်းတည်ဆောက်မှု အတွင်း ပိုးကောင်များကို သတ်ပြီးနောက် ကျောက်​ပြားကို ဖွင့်ရန် ၎င်းတို့၏သွေးကို အသုံးပြုဖို့သာ ဖြစ်သည်။

လုရွှမ် ခန္ဓာကိုယ်သည် တဖျပ်ဖျပ် တောက်ကာ အခင်းအကျင်းအတွင်း၌ ပေါ်လာခဲ့သည်။ သူက 'ထွက်၊ ထွက်၊ ထွက်!' သုံးကြိမ်ဆက်တိုက် အော်လိုက်၏။

လူခြောက်ယောက်ကလည်း လုရွှမ်ရဲ့ အမိန့်ကို ကြားပြီးနောက် ခွန်အား အားလုံးကို အလျင်အမြန် အသုံးပြုလိုက်ကြသည်။ ဒါဟာ အသက်ရှင်​ခြင်းနဲ့ သေခြင်းတရားရဲ့ အရှိန်အဟုန်ကြားထဲ ရောက်နေတာ ဖြစ်ပြီး ခဏအတွင်း လူသားများကို တစ္ဆေများ ဖြစ်သွား​စေနိုင်သည်။

စကြာဝဠာကိုးလှည့် အခင်းအကျင်းက ရွေ့လျားနေပြီး လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ ဖီးနစ်နတ်မီးသည် တောက်ပစွာ ထွန်းလင်းနေပြီး ခရမ်းရောင်မီးပွားများဟာ အခင်းအကျင်းထဲ ပျံ့နှံ့ ပေါင်းစည်းသွားသည်။

အလင်းတန်း ခုနစ်ခု ပြေးထွက်လာပြီး ပြိုကျနေသော မီးပွားများကို စုစည်းကာ ပျံသန်းနေသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲစေလိုက်သည်။ ကြွယ်ဝပြီး သန့်စင်သော ခရမ်းရောင်အလင်းများက သေးငယ်သော ပိုးကောင်များကို ချက်ချင်း ထိုးဖောက်သွားသည်။

ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များ ထလာပြီး အနီရောင်လွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံနှင့်အတူ အပြင်ဘက်က အခင်းအကျင်းလည်း ပြိုကျသွားသည်။

ဖီးနစ်နတ်မီး၏ အထောက်အပံ့ မပါဘဲ အခင်းအကျင်းဟာ အားကောင်းသော်လည်း မျှော်စင်နယ်ပယ် သခင်၏ ထိုးနှက်ချက်ကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲ။ ထို့အပြင် ဤပိုး​ကောင်ကြီး၏ အစွမ်းသတ္တိနဲ့ အရှိန်အဟုန်ကို ကြည့်လိုက်လျှင် မျှော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်သို့ ရောက်နေကြောင်း ခံစားရ​စေသည်။

ပြင်းထန်သော လေက ကျယ်လောင်စွာ ရိုက်ခတ်သွားတာကြောင့် လူတိုင်း ယိမ်းယိုင်သွားသည်။ ၎င်းရဲ့ စွမ်းအားက အစွမ်းထက်လွန်းတာကြောင့် သူတို့ရဲ့ ခွန်အားတွေ အားလုံးကို တားဆီးနိုင်ပေမဲ့ ပိုးကောင်ကတော့ အစွမ်းထက်နေဆဲပါပဲ။ လေပြင်းကြောင့် လူခြောက်ယောက်လုံး လွင့်ထွက်သွားသည်။

လုရွှမ်က အမြန်ဆုံး တုံ့ပြန်ခဲ့သည်။ အရာအားလုံးက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သော်လည်း စွမ်းအားက ဒီလောက် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့ခန္ဓာကိုယ် ခွန်အားတွေ ကြီးထွားလာသောကြောင့် သူ့တုံ့ပြန်မှုမှာ အလွန် လျင်မြန်သွားသည်။ သူ့လက်ဖဝါးများကို ဆန့်ထုတ်လျက် အနီးဆုံး လော့ရှန်းနဲ့ တျယ်ရှုံတို့ကို ဝိညာဥ်စွမ်းအင် ကြိုးနှစ်ချောင်းဖြင့် ချည်နှောင်ထားလိုက်သည်။

ကျောက်ပြားသည် နောက်ဆုံးတွင် သွေးများကို စုပ်ယူလိုက်ရာ စူးရှတောက်ပသော အလင်းရောင်နှင့်အတူ လေထုအလယ်၌ တံခါးတစ်ချပ် ထွက်ပေါ်လာသည်။

"မြန်မြန်ဝင်!"

လုရွှမ် လှမ်းအော်လိုက်ပြီး သူတို့နှစ်ယောက်ကို တံခါးပေါက်ထဲသို့ ပစ်ထည့်​လိုက်သည်။ အဲဒီတံခါးပေါက်ထဲမှာ ဘယ်လိုအန္တရာယ်တွေ ရှိတယ် ဆိုတာ ကောင်းကင်ကပဲ သိလိမ့်မည်။ ဒါပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိကာ ဒီမှာနေရင်တော့ သေမှာသေချာနေပြီ။

"ငါ့ကို ကူညီပါဦး!"

ကျန်လေးယောက်ကလည်း အော်လိုက်၏။

တျယ်ရှုံနဲ့ လော့ရှန်းတို့ တံခါးပေါက်ထဲသို့ တိုက်ရိုက် ပစ်ချခံလိုက်ရတာကို တွေ့လိုက်ရသောအခါ သူတို့၏ ခန္ဓာကိုယ်များကတော့ ထိန်းမနိုင်သိမ်းမရ လွင့်မျောသွားကြသည်။ သူတို့အနားမှာ ဧရာမပိုးကောင်ကြီး ရှိနေတာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ပေ။

ထို့အပြင် တံခါးပေါက်က ဘယ်လောက်ကြာကြာ ဖွင့်နေဦးမလဲ ဘယ်သူမှ မသိ။ လုရွှမ်၏ ကျောနောက်တွင် ခရမ်းရောင် အတောင်ပံတစ်စုံ ပေါ်လာပြီး နံပါတ် ၃၊ နံပါတ် ၄၊ နံပါတ် ၆ ဘက်သို့ အပြေးအလွှား သွားကာ သူတို့သုံးဦးသည်လည်း လုရွှမ်ဘက်သို့ ပျံသန်းသွားကြသည်။

ဝိညာဥ်စွမ်းအင် သံကြိုးများက သူတို့ သုံးယောက်ကို ချည်နှောင်လိုက်ပြီး လုရွှမ် သူ့လက်ကို ပြန်ဆွဲကာ နှစ်ယောက်ကို တံခါးပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။

ဝူး!

ဧရာမပိုးကောင်ကြီးက ဟောက်လိုက်သည်။ နောက်ဆုံးတွင်တော့ ၎င်းသည် အခင်းအကျင်း ပေါက်ကွဲသွားပြီးနောက် တုံ့ပြန်လာခဲ့သည်။ သူသည် ခေါင်းနှင့်အမြီးကို ခါယမ်းကာ ခန္ဓာကိုယ်ကြီးကို လိမ်၍ လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။

၎င်းက ပါးစပ်ကို ဖွင့်ဟပြီး စုပ်လိုက်သောအခါတွင် တွင်းနက်တစ်ခု ဖြစ်ပေါ်လာ​လေသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပိုးကောင်ကြီး၏ ပါးစပ်ဆီသို့ စုပ်ယူခံလိုက်ရသည်။

လုရွှမ် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းထားသော်လည်း နံပါတ်၅သည် ပိုးကောင်ကြီးဆီသို့ အထိန်းအကွပ်မရှိ ပျံသန်းသွားတာကို တွေ့လိုက်ရသည်။ နံပါတ်၅မှယ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ညီ​​​​အောင် မထိန်းနိုင်​တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်နေခဲ့သော်လည်း အခြေအနေကို လုံးဝ မပြောင်းလဲနိုင်ပေ။

"ငါ့ကိုကယ်ပါ လုရွှမ်... ငါ့ကိုကယ်ပါဦး!"

နံပါတ်၅၏ သနားစရာကောင်းသော ညည်းတွားသံနှင့်အတူ အကူအညီတောင်းရင်း ငိုရှိုက်လုမတတ် ဖြစ်သွားသည်။

လုရွှမ် နောက်ပြန် လှည့်ကြည့်သောအခါ တံခါးပေါက်သည် တဖြည်းဖြည်း ကျုံ့လာပြီး ကျောက်ပြားပေါ်ရှိ အလင်းရောင်ဟာလည်း တဖြည်းဖြည်း အားနည်းလာတာကို တွေ့လိုက်ရသည်။ သူ့အတွက် အချိန်သိပ် မကျန်တော့ပေ။

လုရွှမ်၏ ခြေဖဝါးများ တုန်ခါကာ မီးတောက် နှစ်မျိုး ထိုးတက်လာပြီး သူ့ကိုယ်ပေါ်မှ လေများ တဖျပ်ဖျပ် ခတ်လာသည်။ သူ့နောက်ကျောက အတောင်တွေဟာ အားပြင်းစွာ တဖျပ်ဖျပ် ခတ်၍ ပိုးကောင်ကြီးရဲ့ ပါးစပ်ဆီကို အရှိန်နဲ့ ပြေးဝင်သွားခဲ့သည်။

၎င်းတွင် ကြီးမားသော စုပ်ယူမှု စွမ်းအားရှိပြီး ဘယ်လောက်တောင် မြန်နေလဲမသိ။ တခဏချင်းမှာပဲ လုရွှမ်သည် နံပါတ်၅ ရဲ့ နံဘေးကို ပြေးသွားပြီး ၎င်းရဲ့ ခြေကျင်းဝတ်ကို ဆွဲကိုင်လိုက်ပြီး အနောက်သို့ ပြန်လည် ဝေ့ယမ်းလိုက်၏။

"မိပြီ!"

လုရွှမ် ဆန့်ကျင်ဘက်ဘက်ကို လှည့်မကြည့်ဝံ့ပေ။ မဟုတ်ရင် အစွမ်းကုန် ကြိုးစားရင်တောင် အချည်းနှီး ဖြစ်သွားလိမ့်မယ်။ အားပြင်းပြင်းဖြင့် စုပ်ယူခံလိုက်ရတာကြောင့် သူ့ခန္ဓာကိုယ်က ရှေ့သို့ အရှိန်အဟုန်ဖြင့် ရွေ့လျားသွားသည်။

အဲဒီနောက် ဧရာမပိုးကောင်ကြီးဆီက အကိုက်ခံရ​လေသည်။ တစ်ကိုက်တည်း အကိုက်ခံရလျှင်ပင် ကြီးမားသော သွားများကြောင့် ချက်ချင်း အပိုင်းပိုင်း ပြတ်သွားမှာ သေချာသည်။ ခန္ဓာကိုယ် ကွဲအက်ပြီး ဝိညာဉ်ကိုလည်း မထိန်းသိမ်းနိုင်လောက်တော့ပေ။

"မျှော်စင် ဘယ်မှာလဲ.... အဲဒါကို လွှင့်ပစ်ပြီး ပေါက်ကွဲပစ်လိုက်!"

လုရွှမ်မှာ အကိုက်ခံရတာကို ရပ်တန့်ဖို့ တခြားရွေးချယ်စရာ မရှိဘူးဆိုတာ သိလိုက်ပါပြီ။ လက်ရှိ တွက်ချက်မှုများအရ ၎င်းတို့သည် ဧရာမပိုးကောင်ကြီး၏ ပါးစပ် နယ်ပယ်ထဲကနေ ဘယ်လိုနည်းနဲ့မှ လွတ်နိုင်မည် မဟုတ်ပေ။

နံပါတ်၅အတွက် မျှော်စင်က တကယ်ကို တန်ဖိုးရှိလေသည်။ ဒါပေမဲ့ အသက်နဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ပေ။

"ထောင်ကျန့် ပေါက်ကွဲဖို့ ထိန်းချုပ်လိုက်!"

လုရွှမ် အော်လိုက်သည်။ ထောင်ကျန့် ကဲ့သို့ မျှော်စင်နယ်ပယ်သည် အပြင်းအထန် ဒဏ်ရာရသော်လည်း မျှော်စင်ကို ထိန်းသိမ်းနိုင်သရွေ့ အဆင်ပြေသေးသည်။ မျှော်စင်က သူတို့အတွက် အရမ်း အရေးကြီး​ပေသည်။

မျှော်စင် ဖျက်ဆီးခံရရင် အရာအားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မည်။

"မင်းမှာ တခြားရွေးချယ်စရာ မရှိဘူး...မလုပ်ရင် ငါအခု မင်းကိုပါ ဖျက်ဆီးပစ်မှာ!"

ထောင်ကျန့်မှာလည်း ဒါကို သိထားပြီးသား ဖြစ်တာကြောင့် ဒီအချိန်မှာ မဆိုင်းမတွပင် အလင်းအနည်းငယ် ထွက်လာပြီး မျှော်စင်ကို ထွန်းညှိလိုက်လေတော့သည်။

All Chapters