← Chapters

သေခြင်းတရားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့ပြီ

Vol. 91 Ch. 4.876

သေခြင်းတရားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့ပြီ

Vol. 91 Ch. 4.876

၎င်းသည် မျှော်စင်၏ သေးငယ်သော အပိုင်းဖြစ်သော်လည်း နဖူးရိုးသည် ကျောက်စိမ်းကဲ့သို့ ကြီးမားပြီး ညီညာချောမွေ့သည်။ ဤအခိုက်အတန့်တွင် အလင်းရောင်သည် အလွန်အနင်း တောက်ပလာပြီး မျှော်စင်နယ်ပယ်ရဲ့ နက်ရှိုင်းသော အငွေ့အသက်တွေ ထွက်​ပေါ်လာသည်။

အနီဖျော့ဖျော့က အရောင်တွေ အားလုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ပိုးကောင်ကြီးရဲ့ ပါးစပ်ထဲကို နက်နက်နဲနဲ ဝင်ရောက်သွားလေသည်။ ဝုန်းခနဲ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်သွားသည်။

ပြင်းထန်သော လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်နှင့် နံပါတ်၅တို့ နောက်သို့ ပြန်လွင့်​​သွားခဲ့သည်။

နံပါတ်၅၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ပိုးကောင်ကြီးသည် သိသိသာသာ နာကျင်နေကာ လှိမ့်ကာဟောက်ကာဖြင့် အပိုင်းပိုင်းများစွာ ပေါက်ကွဲသွား၏။ သွေးများစွာ ထွက်မလာသော်လည်း ၎င်း၏ ရှင်သန်နိုင်စွမ်းမှာ များစွာ နှေးကွေးသွားခဲ့သည်။

၎င်းက လက်ချောင်းအရွယ် ပိုး​ကောင်ငယ်​လေး အဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ်တို့ဆီကို ပြေးဝင်လာလေ၏။ ၎င်းက ကြိုးတစ်ချောင်းပေါ်မှ မြှားကဲ့သို့ အလွန်ပြင်းထန်သော အဟုန်ဖြင့် လေထဲသို့ ထိုးဖောက် ဝင်ရောက်သည်။

မျှော်စင် ပေါက်ကွဲ သွားသောအခါ ဧရာမပိုးကောင်ကြီးရဲ့ စွမ်းအားအများစုကို စုပ်ယူသွားပြီး လုရွှမ်တို့ အတွက်တော့ ကြီးမားသော သက်ရောက်မှုကို မ​ဖြစ်​စေခဲ့ပေ။ သို့သော် ပိုးကောင်ကြီးရဲ့ ထိခိုက်မှုမှာ ကြီးကြီးမားမား မဟုတ်ဘဲ လူနှစ်ဦး၏ ကျင့်ကြံမှုမှာ နိမ့်တာကြောင့် ပျက်စီးသွားမယ့် အရာက မနည်းလှပေ။

လုရွှမ်သည် မျှော်စင်ကို ပစ်ချလိုက်တာနဲ့ နတ်ဝိညာဥ်ဒိုင်းလွှာကို သူ့ရှေ့မှာ ကာထားပြီးသား ဖြစ်သည်။ အပေါ်က တောက်ပတဲ့ အဝါရောင် အလင်းတန်းတွေက ခိုင်မာတဲ့ ခံစားချက်တွေ အပြည့်ပါပဲ။ သို့သော် လေလှိုင်းရိုက်ခတ်သည့် အခိုက်တွင် နတ်ဝိညာဉ်ဒိုင်းက ပေါက်ကွဲသွားကာ ၎င်းတို့နှစ်ဦးလည်း လွှင့်ပစ်ခံလိုက်ရသည်။

ကျောက်​ပြားကြီးနဲ့ မနီးမဝေးကို ပစ်ချခံရတဲ့အတွက် သူတို့နှစ်ယောက်လုံး ကံကောင်းသွားခဲ့သည်။ နံပါတ်၅က အံ့အားသင့်စွာ ထအော်လိုက်လို့ လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်တော့ ကျောက်ပြားပေါ်က တံခါးပေါက်က ပျောက်သွားပြီ။

သက်ရောက်မှု အများစုကို လုရွှမ်က ပေးဆောင်ခဲ့သော်လည်း နံပါတ်၅သည် လုံလောက်မှု မစွမ်းဆောင်နိုင်ပေ။ နောက်ဆက်တွဲ ရလဒ်မှာ ဒုက္ခကိုပဲ ဆက်လက် ဖြစ်ပေါ်စေခဲ့သည်။ ဤအခိုက်တွင် ကျောက်ပြားရဲ့ အပေါက်ကြီး ပျောက်ကွယ်သွားတာကို မြင်လိုက်ရသောအခါတွင် ပို၍ပင် တုန်လှုပ်သွားကာ ပါးစပ်ထဲက သွေးများဖြင့် မူးလဲလုနီးပါး ဖြစ်သွားသည်။

ထပ်ခါထပ်ခါ ချောင်းဆိုးရင်း လုရွှမ်ရဲ့ လက်မောင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ ခွန်အားများ လျော့ပါးသွားပြီဖြစ်လို့ ခန္ဓာကိုယ်က တိုက်ရိုက်ပဲ လဲကျသွားခဲ့သည်။

"ကျွန်မကို မထားခဲ့ပါနဲ့!"

သူမသည် အလွန်အားနည်းပြီး ပြင်းထန်သော သွေးနံ့နှင့် ပြည့်နေသည်။ သူမအသံထဲတွင် လုရွှမ်အား အားနည်းခြင်းနှင့် အကူအညီ မဲ့ခြင်းများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်​စေပြီး ပိုဆိုးတာဟာ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းတို့ပင် ဖြစ်သည်။

လုရွှမ် သူမခန္ဓာကိုယ်ကို သူ့နောက်ကျောဘက်သို့ ပစ်တင်လိုက်သည်။

"စိတ်မပူပါနဲ့ ငါမင်းကို ငါ့သူငယ်ချင်းလို ဆက်ဆံတာမလို့ မင်းကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး"

ထိုစကားနဲ့အတူ လုရွှမ်သည် ဖဲကြိုးတစ်ချောင်းကို ထုတ်ကာ နံပါတ်၅ကို သူ့နောက်ကျောတွင် တွဲ၍ ချည်နှောင်လိုက်သည်။

"ဒါပေမဲ့...."

"နည်းလမ်းမရှိဘူး... နည်းလမ်း ရှာရတော့မှာပဲ!"

လုရွှမ် အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က ရှေ့ကို ပြေးထွက်သွားပြီး ဖီးနစ်မီးတောက်တွေကို သူ့နောက်ကျောတစ်လျှောက် ဖုံးလွှမ်းပစ်လိုက်လေသည်။ နံပါတ်ငါးရဲ့ နောက်ကျောကိုလည်း နတ်ဝိညာဥ်ဒိုင်းဖြင့် တားဆီးလိုက်ရင်း ကျောက်ပြားပေါ်က အနီရောင် လက်ဝါးရာများကို ရိုက်နှိပ်လိုက်သည်။

လုရွှမ် မထိန်းနိုင်ဘဲ ညည်းတွားလိုက်သည်။ သူ့​မျက်နှာမှာ တုန်လှုပ်သွားပြီး အူထဲ အသည်းထဲအထိ နာကျင်သွားသည်။ ကျောက်ပြားက အလွန်ပူပြင်းသော သံအပိုင်းအစ တစ်ခုကဲ့သို့ အနီရောင် အလင်းတန်းများ​ဖြင့် လင်းလက်လာပြီး သူ့လက်ဖဝါးများကို လောင်ကျွမ်းစေခဲ့သည်။

စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး မီးခိုးဖြူများပါ တက်လာသည်။

အနီရောင်အလင်းသည် သွေးဖြစ်ကာ လုရွှမ်ရဲ့ သွေးပဲ ဖြစ်သည်။ နင်ယဲ့ပိုးကောင် ကဲ့သို့သော ထူးဆန်းသော အင်းဆက်ပိုးကောင်သည် ကျောက်ပြားပေါ်ရှိ အနီရောင်လက်ဝါးများကို တောက်ပစေနိုင်ကြောင်း တွေ့ပြီးနောက် လုရွှမ်သည် လက်ဝါးရာများသည် အမှန်တကယ် ယန္တရား သို့မဟုတ် အကဲဖြတ်မှု တစ်ခုဖြစ်ကြောင်း သူ့စိတ်ထဲတွင် ခန့်မှန်းထားပြီး ဖြစ်သည်။

သွေးစွမ်းအင် မြင့်မားသူများသာ ကျောက်ပြား၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက် တံခါးထဲကို ဖြတ်ကျော်နိုင်လိမ့်မည်။

သူ့တွင် ဖီးနစ်သွေးလိုင်း၊ စိမ်းပြာနဂါးသွေးနှင့် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာရနေသော ရွှမ်ဝူသွေးလိုင်းပင် အနည်းငယ် ရှိသည်။ ကျောက်ပြားကို ဖွင့်လိုလျှင် သွေး၏ အရည်အသွေးသည် ပမာဏပေါ်တွင်သာ မူတည်​လေသည်။

ယခုအခိုက်အတန့် ဤအကျပ်အတည်း အခြေအနေတွင် အချိန်အနည်းငယ် နှောင့်နှေးသွားပါက သေမင်းနဲ့ လက်ဝါးချင်း ရိုက်ရလိမ့်မည်။ ထို့ကြောင့် လုရွှမ် မတွေး​တော့ဘဲ သူ့လက်ဖဝါးကို ဖိလိုက်သည်။

ကျောက်ပြားပေါ်က လက်ဝါးရာတွေက တောက်ပနေပြီး အရင်က ပိတ်ထားတဲ့ တံခါးက ပြန်ပွင့်လာပြန်၏။ နံပါတ်၅သည် လုရွှမ်ထံမှ အံ့ဖွယ်အမှုများ များစွာကို မြင်ခဲ့ရသော်လည်း လုရွှမ်သည် သူ့ကိုယ်ပိုင်အစွမ်းဖြင့် ကျောက်ပြားတံခါးကို ဖွင့်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

"သွားရအောင်!"

လုရွှမ် သူ့ခြေထောက်ကို လှုပ်ရှားကာ အင်အားအပြည့်နဲ့ တံခါးဆီကို ပြေးသွားခဲ့၏။ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း လုရွှမ်ခမျာ ညည်းညူနေရပြီ။ ထိုအနီရောင် လက်ဝါးရာသည် သူ့ခန္ဓာကိုယ်တွင်းရှိ သွေး၏ သုံးပုံတစ်ပုံနီးပါးကို တခဏချင်း စုပ်ယူသွားတာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။

သွေးသည် လူ့ခန္ဓာကိုယ်၏ အနှစ်သာရကို ပေါင်းစည်းထားတာမို့ သွေး အလွန်ပျက်စီးသွားပါက အသက်စွမ်းအင်ကလည်း ပြင်းထန်စွာ ပျက်စီးသွားနိုင်သည်။ နောက်ဆုံး သွေးမထိန်းနိုင်လျှင် နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာလိမ့်မည်။

ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် သွေးထုထည်၏ သုံးပုံတစ်ပုံကို စုပ်ယူခံရပြီးနောက် တံခါးထဲ ချက်ချင်း ပြေးဝင်လာခဲ့သည်။ ဧရာမပိုးကောင်ကြီးဟာ အနောက်ကနေ ကျယ်လောင်စွာ ဟောက်လိုက်သည်။

လုရွှမ် နောက်ပြန် လှည့်ကြည့်တော့ ကြီးမားသော ဦးခေါင်းကြီးကို တွေ့လိုက်သည်။ တစ်ကိုယ်လုံး ဒဏ်ရာရကာ ဤတံခါးပေါက်သည် ဧရာမပိုး​ကောင်အတွက် ကြီးမားသောခြိမ်းခြောက်မှု ဖြစ်ကြောင်း သိသာထင်ရှားသော်လည်း သွေးထွက်သံယို ပါးစပ်​ကြီးသည် ၎င်းတို့နှစ်ဦးကို ပြင်းပြင်းထန်ထန် လှမ်းကိုက်နေဆဲပင်။

ဧရာမပိုးကောင်ကြီးက ဒီလူနှစ်ယောက်ကို လွန်စွာမုန်းတီးနေတာ ထင်ရှားပါ၏။

"​ဖောက်ခွဲတော့!"

ပတ်ဝန်းကျင်မှ အသံပေါင်းများစွာ တညီတညွတ်တည်း ထွက်ပေါ်လာပြီး ပိုးကောင်ကြီးတစ်ဝိုက်တွင် အလင်းတန်းများ ထွက်ပေါ်လာသည်။

လုရွှမ်သည် တျယ်ရှုံ၊ လော့ရှန်းနှင့် တခြားသူများက ပိုးကောင်များကို အင်အားအကြွင်းမဲ့ ဗုံးကြဲနေတာ တွေ့လိုက်ရသဖြင့် ဝမ်းသာစွာ အံ့သြသွားမိသည်။ သူလည်း အခွင့်​အ​ရေးယူပြီး အမြန်​ထွက်​သွားသည်​။

ဧရာမပိုးကောင်ကြီး ဒဏ်ရာရသွားပြီး ခဏလောက် လှုပ်ခါသွားပေမယ့် သူတို့က နောက်ဆုံးတော့ တံခါးထဲကို ရောက်သွားပြီ။ လုရွှမ် အသက်မရှူနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး နံပါတ်၅က ပို၍ပင် ထိတ်လန့်သွားကာ သူမမျက်လုံးများတွင် အံ့သြမှုနှင့် ကျေးဇူးတင်စကားများ အပြည့်ရှိသည်။

မျက်ရည်တွေ မတားနိုင်လောက်အောင် ကျဆင်းလာလျက် နာကျင်လွန်းပြီး စကားမပြောနိုင်ပေမယ့် လူတိုင်းကို ခေါင်းညိတ်​ပြလိုက်သည်။ တခြားလူများက ၎င်းတို့နှစ်ဦးကို ကူညီရန် ကမန်းကတန်း ရှေ့ကို တိုးလာသည်။

လုရွှမ်ကို ကြည့်နေတဲ့ မျက်လုံးတွေက ကျေးဇူးတင်မှုတွေ ပြည့်နှက်နေသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့လည်း အားလုံးက လေးနက်တဲ့ ကြည်နူးမှုကို အပြန်အလှန် ခံစားရလေ၏။

သူတို့သာဆိုရင် မလုပ်နိုင်ဘူး ဆိုတာကို ကောင်းကောင်း သိပါသည်။ ဒါက ခွန်အားသက်သက် မဟုတ်ဘဲ ရွေးချယ်မှုလည်း ပါဝင်သေးသည်။

လွတ်မြောက်နိုင်မယ့် တံခါးကို ဖွင့်နိုင်သလို အချိန်မရွေးလည်း ပိတ်သွားနိုင်သည်။ ရှင်သန်နိုင်သည့် တံခါးကို ဖြတ်ကျော်ရန် လိုအပ်သမျှ လုပ်ဆောင်ရန် ရွေးချယ်စေမှာ ဖြစ်သည်။

သို့သော် ပထမဆုံး လုရွှမ်၏ တုံ့ပြန်မှုမှာ သူ့ပတ်ဝန်းကျင်မှ လူနှစ်ယောက်ကို တံခါးထဲသို့ တွန်းလွှတ်လိုက်ခြင်းပဲ ဖြစ်သည်။

လူတစ်ယောက်ကို ကယ်တင်ရင် အပြစ်ကင်းတယ်လို့ ပြောလို့ရပါ၏။ ဒါကို သူ၏ စွမ်းအားဖြင့် ယူဆနိုင်သော်လည်း လုရွှမ်သည် သူ့ဘာသာသူ ထွက်ပြေးနိုင်တဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ကာ ကျောက်တုံးကြီးနှင့် ဝေးရာသို့ ပြေးလာ၍ ၎င်းတို့ကို ကယ်တင်ခဲ့သည်။

အကျိုးဆက်မှာ ၎င်းတို့သည် တံခါးပေါက်ထဲသို့ ဝင်သွားသော်လည်း တံခါးက ပိတ်သွားကာ လုရွှမ် အပြင်ဘက်တွင် ပိတ်မိနေခဲ့သည်။

ဒီလိုအခြေအနေမျိုးမှာ အံ့ဩစရာတစ်ခု ဖြစ်လာခဲ့သည်။ လုရွှမ် နံပါတ်၅ကို စွန့်လွှတ်နိုင်ခဲ့ရင်တောင် သူ့ကို ဘယ်သူကမှ အပြစ်မတင်တော့ပါဘူး။

သို့သော် လုရွှမ်သည် နံပါတ်ငါးကို အသည်းအသန် ကယ်တင်ခဲ့သည်။ နံပါတ်၅သည် သူ့ကိုယ်သူ ကာကွယ်ရန် အစွမ်းမရှိတာ ထင်ရှားသည်။ အဲဒီလိုလူကို ကယ်တင်လိုပါက ယခင် အားထုတ်မှုထက် ခွန်အားနှစ်ဆ ပိုကုန်ကျရုံသာမက ကိုယ်တိုင်လည်း ပျက်စီးသွားမည့် အလားအလာများစွာ ရှိသည်။

လုရွှမ် လက်မလျှော့ခဲ့ဘဲ နံပါတ်၅ကို သူ့ခန္ဓာကိုယ်မှာ တွဲချည်ပြီး ကယ်တင်ခဲ့သည်။ ဒီလိုလူမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူတို့ လုရွှမ်ကို စိတ်နှလုံး နှစ်ပါးလုံးနဲ့ ကျေးဇူးတင် လေးစားမိပါသည်။

All Chapters