← Chapters

လူတစ်ယောက်ရဲ့ ပြဿနာလား?

Vol. 91 Ch. 4.877

လူတစ်ယောက်ရဲ့ ပြဿနာလား?

Vol. 91 Ch. 4.877

"သခင်လေးလုရွှမ် ကျေးဇူးတင်ပါတယ်!"

နံပါတ်၅မှာ ထိန်းမနိုင်သိမ်းမရ မျက်ရည်တွေ စီးကျလာခဲ့လေသည်။ လုရွှမ် သူမကို ကူညီပြီး ဆေးတစ်လုံး ပေးလိုက်သည်။

"ငါတို့နှစ်ယောက်က သေရေးရှင်ရေး အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ခဲ့တဲ့ လူတွေလို့ မှတ်ယူနိုင်တယ်... ဒါကြောင့် ငါတို့ကြားမှာ ဘာခြားနားချက်မှ မရှိဘူး မင်းကငါ့သူငယ်ချင်း ဖြစ်တဲ့အတွက် သဘာဝအတိုင်း မင်းကိုထားခဲ့မှာ မဟုတ်ဘူး.... တောက်ပတဲ့ မျှော်စင်တစ်ခုကိုတော့ ဖောက်ခွဲလိုက်ရတာပေါ့"

နံပါတ်၅၏ မျက်နှာတွင် "တောင်းပန်ပါတယ်" ဆိုတဲ့ အရိပ်အမြွက် ပြချက်များလည်း ပြေးလွှားနေခဲ့သည်။

"မင်းဘာတွေ ပြောနေတာလဲ? သခင်လေးလုရွှမ်ရဲ့ မြင့်မြတ်တဲ့ ဖြောင့်မတ်မှုကို မျှော်စင် တစ်ခုတည်းနဲ့ တိုင်းတာလို့ မရဘူး.... လူတိုင်း အသက်ရှင်နေသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပါ"

နံပါတ်၆က ဆိုလိုက်သည်။ သူက လုရွှမ်ကို အပြည့်အဝ ယုံကြည်နေပြီ ဖြစ်သည်။ မျှော်စင်က စင်စစ် အဖိုးတန်သော်လည်း လုရွှမ်၏ ကြင်နာမှုနှင့် ယှဉ်လျှင် အဝေးကြီးမှာ ကျန်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လုရွှမ်သည် မျှော်စင်ကို မလိုချင်သောကြောင့် အဆိုပါ တောက်ပသော မျှော်စင်ကို မူလကတည်းက သူတို့အား ပေးအပ်ခဲ့သည်။ အခုတော့ မရှိတော့ပေ။

"ဟုတ်တယ် လူ့အသက်ထက် ပိုတန်ဖိုးကြီးတာ ဘာတစ်ခုမှမရှိဘူး"

ကျန်လူနှစ်ယောက်က မြန်မြန်ပဲ သဘောတူလိုက်သည်။ လုရွှမ်လည်း သူတို့ သုံးယောက်ကို ခေါင်းညိတ်ပြပြီး ပြောလေ၏။

"ကောင်းပြီ ဒီအကြောင်း မပြောကြနဲ့တော့... ဘယ်သူမှ ဒဏ်ရာ ပြင်းထန်ပုံ မပေါ်ဘူး ဒဏ်ရာတွေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ငါ့မှာ ဆေးပြားတွေ ရှိတယ်... အရှေ့မှာ စိန်ခေါ်မှုတွေက ငါတို့ကို စောင့်ကြိုနေဦးမှာလား မပြောတတ်ဘူး”

လူများစွာသည် လုရွှမ်ရဲ့ အဂ္ဂိရတ်ဆေး အငွေ့အသက်ကို တွေ့မြင်ဖူးကြတာကြောင့် ဆေးလုံးကို မဆိုင်းမတွယူ၍ ခွန်အား ပြန်လည် ဖြည့်​ကြသည်။ လုရွှမ်လည်း အခင်းအကျင်း တစ်ခုကို ထူထောင်လိုက်ပြီး ဆေးအမြောက်အမြားကို အမြန်သောက်လိုက်သည်။ သူအခု စိမ်းပြာနဂါးသွေးနဲ့ ဖီးနစ်သွေးများပါရှိသော သူ၏သွေး သုံးပုံတစ်ပုံကို ဆုံးရှုံးခဲ့ရသည်ဟု ဆိုနိုင်သည်။

လက်ရှိ အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ် အတွင်းက အားနည်းခြင်း လှိုင်းလုံးများကို ခံစား​နေရသည်။ သူ့စိတ်ဝိညာဥ်ကို လည်ပတ်၍ ဆေးလုံးများကို ဆေးစွမ်းအားအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ထဲသို့ ရောနှောလိုက်သည်။ ထို့နောက် စွမ်းအင်သလင်ကျောက်များ၏ အကူအညီဖြင့် ကျင့်​ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြန်မြန်ပြန်လည် ကောင်းမွန်လာအောင် လုပ်ဆောင်နေသည်။

ခဏကြာလို့ လုရွှမ် နိုးလာတဲ့ အချိန်မှာတော့ တခြားလူတွေက အစောကတည်းက နိုးနေတာကို တွေ့လိုက်ရသည်။

"သခင်လေးလုရွှမ် အဆင်​​ပြေရဲ့လား"

နံပါတ်​ ၃က ​မေးလိုက်​ပြီး တခြားလူ​တွေလည်း စိုးရိမ်​​နေတဲ့ မျက်​နှာ​တွေနဲ့ ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ?"

"မင်း မေ့မြောနေတာ သုံးလရှိပြီ ဒီမှာ အချိန်က ပြင်ပကမ္ဘာနဲ့ မတူဘူး ဒါပေမဲ့ စုစုပေါင်း ဒီမှာ သုံးလရှိပြီ.... မင်းကို ငါတို့ ဘယ်လိုခေါ်ခေါ် မင်း မနိုးလာဘူး"

လုရွှမ် မတ်တပ် ထရပ်လိုက်စဥ် သူ့ခန္ဓာကိုယ် လုံးဝ ပြန်ကောင်းလာတာကို ခံစားလိုက်ရသည်။ ပြီးတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်းအားဟာ သိသိသာသာ တိုးတက်လာပြီး ပိုသန်မာလာတယ်လို့ သိသိသာသာ ခံစားရသည်။

"သခင်လေး အဆင်ပြေရဲ့လား"

လော့ရှန်း မေးလိုက်၏။ လုရွှမ် သူ ဘာမှမ​ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောလိုက်မှ တခြားသူများလည်း စိတ်သက်သာရာ ရသွားကြသည်။

"သခင်လေး... ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုလည်း စစ်ဆေးထားပါတယ်... အရင်နေရာတွေနဲ့ နှိုင်း​ပြီး ပြောရမယ်ဆိုရင် အတော်လေး အန္တရာယ်ကင်းတယ်... တံခါးပိတ်ပြီးတာနဲ့ ခင်ဗျား ဘာလုပ်ခဲ့လဲ နံပါတ် ၅ က ကျွန်​တော်တို့ကို ပြောပြတယ်... ခင်ဗျား နည်းနည်းပဲ ပြန်ကောင်းလာမယ် ဆိုရင်တောင် ကျွန်တော်တို့က အဲ့အချိန်ကို ထိန်းထားပေးမှာပါ”

လူအတော်များများက အကြိမ်ကြိမ် ခေါင်းညိတ်ပြကြသည်။

လုရွှမ် သူ့စွမ်းအင်ကို ပြန်လည် စုဆောင်းနေချိန် သူတို့ခြောက်ယောက်သည်လည်း တဖြည်းဖြည်း နိုးလာသည်။ လုရွှမ်ရဲ့ ဆေးလုံးတွေက အလွန်အံ့ဖွယ်ကောင်းသည်။ သူတို့၏ ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာစေရန် အလွန်အထောက်အကူ ဖြစ်ခဲ့သော်လည်း လုရွှမ်က ၁လ၂လ ကြာပြီးတဲ့အထိ မနိုးသေးတာကို မြင်လိုက်ရသဖြင့် သူတို့ စိုးရိမ်လာကြသည်။

နံပါတ် ၅ က မကူညီနိုင်တော့ဘဲ အရင်က ဖြစ်ခဲ့တာတွေကို ပြောပြလိုက်သည်။ ကျောက်ပြားပေါ်ရှိ အနီရောင်လက်ဝါးရာကို သူတို့ကိုယ်တိုင် မျက်စိဖြင့် မြင်ဖူးသည်။ အဲ့ဒါက မျှော်စင်နယ်ပယ်က သခင်အားလုံးကို ကျဆုံး​စေတဲ့ အန္တရာယ်ဖြစ်ပြီး လုရွှမ်က သူ့လက်ဖဝါးကို ဖိချခဲ့သည်။

ဆုံးရှုံးမှုက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ တွေးကြည့်နိုင်ပါသည်။

"စိတ်မပူပါနဲ့ ငါတကယ် အဆင်ပြေပါတယ် ငါတို့အခု ဘယ်မှာလဲ"

တျယ်ရှုံက "မသိဘူး အေးချမ်းပြီး တိတ်ဆိတ်တဲ့ နေရာလေးတစ်ခုလို့ ထင်ရပေမယ့် ငါတို့ ဒီနေရကို စူးစမ်းနေတာကြာပြီ ဘာသဲလွန်စမှ မရှိသေးဘူး"

ဤခရီးသည် အန္တရာယ်များ လှသော်လည်း ၎င်းတို့သည် အမြဲတမ်း ရှင်သန်နိုင်ပြီး အကျပ်အတည်းမှ လွတ်မြောက်နိုင်ခဲ့သည်။ တစ်ကြိမ်၊ နှစ်ကြိမ်ပြီးနောက် တဖြည်းဖြည်း အန္တရာယ် ပတ်ဝန်းကျင်နဲ့ ကျင့်သားရလာကြသည်။ ပြဿနာတိုင်းအတွက် အဖြေတစ်ခု အမြဲရှိတယ် မဟုတ်လား။

လုရွှမ် မေ့မြောသွားပြီးနောက် လအတော်ကြာ အလုပ်ကြိုးစား ခဲ့ကြသော်လည်း အနည်းငယ်မျှသော သဲလွန်စလေးပင် မရရှိခဲ့ကြပေ။

လုရွှမ်ကြောင့် ဒီလမ်းတစ်လျှောက်လုံး ဒီကိုရောက်နိုင်တာကို သူတို့မသိခဲ့ကြဘူး။ သို့သော် ဤအခိုက်အတန့်၌ လုရွှမ်က အလွန်အရေးကြီးကြောင်း လုရွှမ် မရှိလျှင် သူတို့သည် အသုံးမဝင်တော့ကြောင်း နားလည်လာသည်။

"ငါကြည့်ပါရစေ"

လုရွှမ် ပြေးတက်လာပြီး သူ့မျက်လုံးတွေထဲ ကောင်းကင်မီးတောက်၏ အလင်းမှုန်များ တောက်ပသွားသည်။

"အမ်!"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ လော့ရှန်း ချက်ချင်းပင် အံ့အားသင့်စွာ အော်လိုက်၏။

"သခင်လေးလုရွှမ် တစ်ခုခု ရှာတွေ့ပြီလား"

လုရွှမ် ခေါင်းညိတ်ပြလိုက်သည်။

"ဒီမှာ ဒြပ်စင်ငါးပါး ပြည့်စုံတယ်.... ယင်ယန်လည်း ပေါင်းစပ်နေတယ် ငါတို့ ကောင်းကင်ဘုရင်ရဲ့ စံအိမ်ထဲမှာ ရှိနေပုံမပေါ်ဘူး"

"ဘာ? လုရွှမ် ငါတို့ အဲဒီတံခါးဝပေါက်ကို ဖြတ်ပြီး အခုပဲ ကောင်းကင်ဘုရင်စံအိမ်က ထွက်သွားပြီလို့ ပြောနေတာလား?"

လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်သည်။

"အဲ့လောက်လည်း မရိုးရှင်းဘူး... ဒီမှာ ခြိမ်းခြောက်မှု မရှိဘူး ဒါပေမဲ့ မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေသလို ခံစားရတယ်"

"အခု မင်းတို့စူးစမ်းကြည့်သလောက်ဆို ဒီနေရာက ဘယ်လောက်ကျယ်လဲ?"

လူခုနစ်ဦး စုရုံးလိုက်ပြီး လူ၆​ယောက်က ၎င်းတို့၏ ယခင်စူးစမ်း ရှာဖွေမှုများကို အသေးစိတ် ပြန်ပြောပြသည်။

"မင်းတို့ ကောင်းကင်ကို ပျံသန်းဖို့ ကြိုးစားခဲ့လား မြေပေါ်ကနေရော ထွက်ပြေးဖို့ ကြိုးစားဖူးလား"

လူခြောက်ယောက်က တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။

“ဒါဆိုရင် ဒီနေရာမှာရှိတဲ့ ဒြပ်ငါးပါးရဲ့ ချိန်ခွင်လျှာကို ချိုးဖျက်ဖို့ ကြိုးစားကြည့်ရအောင်”

လူခြောက်ယောက်စလုံးသည် ​ဒြပ်စင်ငါးပါးကို ဖျက်စီးခြင်းက အာကာသ တစ်ခုလုံးကို အန္တရာယ်ဖြစ်စေ​ကြောင်း နားလည်ထားသည်။ ကောင်းကင်ဘုရင် စံအိမ် ကဲ့သို့ပင်။ ၎င်းသည် လက်ရှိမှာ ကြောက်မက်ဖွယ်ကောင်းပြီး စိတ်ပျက်အားငယ်နေသော အခြေအနေများကို ဖန်တီးပေးနိုင်တာဟာ ဒြပ်စင်ငါးပါးရဲ့ အပြောင်းအလဲများကြောင့် ဖြစ်သည်။

"ငါ့ကိုယုံပါ.... ငါ့မှာသတိရှိတယ် အခု အထက်ကို ပျံသန်းကြရအောင်!"

ဤအချိန်တွင် လူခြောက်ယောက်သည် လုရွှမ်က စကားကို နားမထောင်ဘဲ မနေသလို သံသယစိတ်လည်း မရှိကြတော့ပေ။ မြင့်မားသော တိမ်တိုက်များကို ဖြတ်ကျော်ကာ အမြင့်သို့ အဆက်မပြတ် ပျံသန်းရင်း နောက်ဆုံးတွင် လုရွှမ် ရပ်တန့်သွားသည်။

"ကြည့်လိုက်!"

လက်ရှိ ပတ်ဝန်းကျင်ရဲ့ အရာရာဟာ အရေးမပါသလို ထင်ရပေမယ့် ကျင့်ကြံသူတွေရဲ့ အမြင်မှာတော့ ပြတ်ပြတ်သားသား မြင်နေကြတုန်းပါပဲ။ ဒီလောက်မြင့်တဲ့ အမြင့်ကနေမှသာ ပြဿနာကို တွေ့နိုင်လေသည်။

အောက်ဖက်က ကမ္ဘာမြေကြီးသည် အမှန်တကယ်တွင် အရောင်များရှိပြီး မတူညီသောအရောင်များသည် ဒေသတစ်ခုနှင့် သဘာဝအတိုင်း သက်ဆိုင်ပါသည်။ ၎င်းကို ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့နှင့် သက်ဆိုင်သော အရောင်ငါးမျိုးဖြင့် ပိုင်းခြားထားသည်။

"ထူးဆန်းတယ်... အရင်က အမြင့်ကို ပျံသန်းဖို့ ကြိုးစားခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ရပါဘူး ဒါက ဒဏ္ဍာရီဆန်ဆန် လူတစ်​ယောက်ရဲ့ ပြဿနာများ ဖြစ်နိုင်လား"

နံပါတ်သုံးကို လုထောင်း ဟုခေါ်သည်။ သူသည် ​ကြယ်ငယ်လေးမှ ဆင်းသက်လာပြီး ထူးထူးခြားခြား အရည်အချင်း ရှိကာ သူ၏ လက်ရှိလေ့ကျင့်မှု အဆင့်အထိ အောင်မြင်ရန် သူ့ဘာသာသူ အားကိုးနေခဲ့သူပင်။

သူသည် လူများကို ခါးသီးပြီး နာကြည်းစေသော စိတ်သဘောထားကို အမြဲပေးလေ့ရှိပြီး သူ့ပါးကို အမြဲတင်းမာထားတတ်သည်။ သို့သော် စကားပြောရင်း ရယ်မောနေချိန်တွင်တော့ အားလုံးကို ဝမ်းသာသွား​စေသည်။

အတိအကျပြောရရင် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ရှိတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် သတိမမူမိဘဲ မိမိတို့ရဲ့ စရိုက်အမှန်တရားကို တဖြည်းဖြည်းချင်း ထုတ်ဖော်တတ်လာခဲ့သည်။

"အတိအကျကို ဒါက စရိုက်လက္ခဏာတစ်ခု ဖြစ်နိုင်တယ် ငါတို့ ကောင်းကင်ပေါ်ကနေ မြေကြီးပေါ်ကနေ အရာအားလုံးကို ကြိုးစားခဲ့ပြီးပြီ... ဘာမှမတွေ့ဘူး... နောက်ဆုံး သခင်လေးလုရွှမ် ငါတို့ကို ပျံသန်းဖို့ ခေါ်သွားတော့မှ အဖြေက သူ့အလိုလို ပေါ်လာတာ"

All Chapters