ကောင်းကင်ဘုရင်စံအိမ်ကို ပြန်ရောက်ပြီ
Vol. 91 Ch. 4.878
နောက်ဆုံးစကားကို ပြောသူမှာ နံပါတ် ၅ ဖြစ်ပြီး လုရွှမ် ကယ်တင်ခဲ့သော အမျိုးသမီး ဖြစ်သည်။
ကြယ်ငယ်တစ်ခုမှ လာရောက်သူ ဖြစ်ကာ သူမ၏အမည်မှာ ကျန်းရင် ဖြစ်လေသည်။ သူမသည် အခြားကျင့်ကြံသူများထက် အနည်းငယ် အသက်ကြီးပြီး လော့ရှန်းနဲ့တော့ အတော်လေး ဆက်ဆံရေး ကောင်းမွန်သည်။
လုရွှမ် ပြုံးပြီး ပြောလိုက်သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး... ဒါက ရှုထောင့်တစ်ခုပဲ ငါတို့က ခုနစ်ယောက်ဆိုတော့ အကိုက်ပဲ!"
"အားလုံး ငါ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး အောက်ကို ပျံသန်းကြ... တျယ်ရှုံက ပထမဆုံးလုပ် အရမ်းမမြန်နဲ့... အောက်ဖက်က အရောင်ပြောင်းသွားတာကို မြင်ရင် ရပ်လိုက်တော့.... အဲဒါက အရမ်းသေးငယ်တဲ့ နေရာတစ်ခု ဖြစ်မယ် သတိ မလွတ်ပါစေနဲ့"
သူ နားမလည်သော်လည်း တျယ်ရှုံသည် စကားတစ်ခွန်းမှ မပြောဘဲ ပြေးဆင်းသွားသည်။ သိပ်မကြာခင်မှာပဲ တျယ်ရှုံ အံ့အားသင့်စွာ ဟောက်လိုက်သည်။
"တကယ်အောက်က အရောင်ပြောင်းသွားတာကို တွေ့လိုက်တယ်ဟေ့!"
"ကောင်းပြီ နောက်တစ်ယောက် မင်းတို့အားလုံး အောက်ကို ပျံသွားကြ...အောက်က အရောင်ပြောင်းသွားတာကို တွေ့ရင် တစ်ယောက်က အဲဒီနေရာမှာ နေခဲ့လိုက်.... ဒါပေမဲ့ နောက်ဆုံးလူကတော့ လော့ရှန်း ဒါမှမဟုတ်ရင် ကျန်းရင်ပဲ ဖြစ်ရမယ်... ဒါက သိပ်တော့အရေးမကြီးဘူး နောက်ဆုံးလူက အမှတ်တစ်ခုကို ရှာတွေ့ပြီဆိုတာနဲ့ လူတိုင်းက ငါ့အမိန့်ကို နားထောင်ပြီး အတူတူ လုပ်ကြမယ်”
လူငါးဦး ကပျာကယာ ပြေးဆင်းကြပြီး မကြာခင်မှာပင် အံ့သြတကြီး အော်သံများကို တစ်ယောက်ပြီး တစ်ယောက် ကြားလိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်သော နေရာကို သူတို့ ရှာဖွေတွေ့ရှိခဲ့ကြသည့် အတိုင်းပင်။
လုရွှမ်တစ်ကိုယ်လုံးမှာ ယွမ်စွမ်းအင်များဖြင့် ပြည့်နေပြီး စွမ်းအားများက သူ့ပတ်ဝန်းကျင်တွင် ဝေ့ဝဲနေသည်။ ၎င်းတို့က ပတ်ဝန်းကျင်ကို ပျံ့နှံ့မသွားဘဲ တစ်စုံတစ်ခုက ထိန်းထားသလိုမျိုး အောက်ဘက်တည့်တည့်ကိုပဲ ပျံ့နှံ့သွားလေသည်။
"ကံကောင်းလိုက်တာ!"
လုရွှမ် အော်လိုက်သည်။ စွမ်းအားလှိုင်းများ စတင် လည်ပတ်ကာ အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာပြီး နောက်တဖန် သူ့ဆီသို့ ပြန်ဝင်လာခဲ့သည်။
လူခုနစ်ယောက်တို့သည် အလင်းရောင်ဖြင့် တောက်ပနေကာ ထွန်းလင်းသော မျဉ်းကြောင်းကို ဖွဲ့စည်းဖားကြသည်။ တဖြည်းဖြည်းနဲ့ လူခုနစ်ယောက်ကြားက အကွာအဝေးဟာ တိုလာပြီး လုရွှမ်သည် လူခုနစ်ယောက်လုံးကို ပို့ဆောင်ခြင်းအစီအရင်ထဲ ဆွဲသွင်းလိုက်သလို လျင်မြန်စွာ ချိတ်ဆက်လိုက်ပြီးနောက် အလင်းတန်းတစ်ခုဖြင့် ပျောက်ကွယ်သွားခဲ့သည်။
မှောင်မိုက်သော ညတစ်ည၌ စူးရှသော အလင်းရောင်များ ဖြာထွက်သွားသည်။ ထိုအခိုက် လေထုအလယ်မှ လူခုနစ်ယောက် ပြုတ်ကျလာပြီး မြေပြင်နှင့် အကြီးအကျယ် ရိုက်ခတ်သွားသည်။ ဝိညာဉ်စွမ်းအားကို အသုံးပြုဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ပတ်ဝန်းကျင်ရဲ့ စွမ်းအားက သူတို့ ခန္ဓာကိုယ်ကို ဖိနှိပ်ထားလုနီးပါး ဖြစ်နေပြီ။
ရင်းနှီးသော ခံစားချက်ကို ခံစားလိုက်ရချိန် လုရွှမ် လူခြောက်ယောက်ကို ချက်ချင်း လှုပ်နှိုးလိုက်သည်။
"အမ် ငါတို့...."
"ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် ငါတို့ ကောင်းကင်ဘုရင် စံအိမ်ထဲကို ပြန်ရောက်လာပြီ"
လူခြောက်ယောက်လည်း စိတ်လှုပ်ရှားစွာ ခုန်ဆင်းလိုက်ကြသည်။ တကယ်ကို မလွယ်ကူလှပေ။ ဤကဲ့သို့ စက်ဝိုင်းထဲတွင် လှည့်ပတ်သွားလာ နေကြသော်လည်း ကောင်းကင်ဘုရင် စံအိမ်ထဲတွင် ရှိနေကြတာက လူတိုင်းရဲ့ စိတ်နေစိတ်ထားမှာ လုံးဝ ကွဲပြားသွားစေသည်။
ခန်းမသည် ကြီးကျယ်ပြီး ခမ်းနားထည်ဝါသော ခန်းမကြီးဖြစ်သည်။ သို့သော် ၎င်းပတ်လည်တွင် ပရိဘောဂများ မရှိပေ။ မြေပြင်ပေါ်တွင် နိယာမစွမ်းအင် ပြေးလမ်းများသည် တဖျပ်ဖျပ် ခတ်နေပြီး ၎င်းတို့ကို ခဏအတွင်း သတိပြုမိစေတာက ဒါက ပို့ဆောင်ခြင်းအစီအရင် တစ်ခုဖြစ်နေတာပဲ ဟုပင်။
အခင်းအကျင်း ကောင်းကင်စာအုပ်ထဲတွင် သူတွေ့မြင်ခဲ့ရသည့် အရာနှင့် နှိုင်းယှဉ်ပါက ကွဲပြားမှုများ များစွာရှိပါသည်။ လုရွှမ် မပြောနဲ့ ရားရားပင် အခင်းအကျင်း ကောင်းကင်စာအုပ် အကြောင်း သိပ်နားမလည်ပေ။
ဒါ့ထက် သူရလာတဲ့ ကောင်းကင်စာအုပ်လို့ ခေါ်တဲ့ စာအုပ်က ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အကြီးတန်းတွေ နားလည်သွားတဲ့ အခင်းအကျင်းမျိုးပဲ ဖြစ်သည်။ ကောင်းကင်စာအုပ်ကြီးရဲ့ တကယ့်အခင်းအကျင်း ကျောက်ပြားကို မြင်လိုက်ရပြီးနောက် ဒါဟာ တကယ့် အခင်းအကျင်း ကောင်းကင်စာအုပ် မဟုတ်မှန်း သိလိုက်ရ၏။ ခြားနားချက် များစွာရှိနေတာ အံ့သြစရာတော့ မဟုတ်ပေ။
"မင်းတို့ ဘယ်လိုခံစားရလဲ" လုရွှမ် မေးလိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် ဒါဇင်ပေါင်းများစွာသော တောင်များ၏ အလေးချိန်ကို ထမ်းထားရသကဲ့သို့ ခံစားရသော်လည်း သူ၏လက်ရှိခွန်အားဖြင့် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ခံနိုင်ရည်ရှိနေသည်။ ဒါပေမယ့် စိတ်ဝိညာဉ်စွမ်းအားကို လုံးဝ ခံစားလို့မရပေ။
ခြောက်ယောက်လုံး လန့်ဖျတ်စွာ ထရပ်လိုက်ကြသည်။
"ငါ့ခန္ဓာကိုယ်က အရမ်းလေးနေတယ်!"
တျယ်ရှုံက ပထမဦးစွာ အော်လိုက်သည်။ လူငါးဦးသည် အထပ်ထပ် အခါခါ ခေါင်းညိတ်ပြကြပြီး ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ဖြောင့်ဖြောင့်ထားသော်လည်း မျက်နှာများက ဖြူဖျော့နေပြီ။ အကြာကြီး နေမကောင်း ဖြစ်နေသည့် လူနာများကဲ့သို့ နဖူးပေါ်မှ ချွေးစီးများ ထွက်ကျလာကြသည်။
"ကောင်းပြီ မင်းတို့ဒီမှာအရင် အနားယူလိုက်... ငါထွက်သွားပြီး ကြည့်လိုက်မယ်"
လုရွှမ် ဆိုလိုက်သည်။ စိတ်ဝိညာဥ် စွမ်းအားမရှိလျှင် ဤနေရာ၌ မည်သည့်အန္တရာယ်ကိုမျှ မခံစားနိုင်ပေ။ စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဒြပ်စင်ငါးပါးလုံး ရောထွေးနေပြီး ပေါက်ကွဲသံများ မကြာခဏ ထွက်ပေါ်လာသည်။
ပြင်းထန်သော လေစီးကြောင်းများ ရုတ်တရက် မြင့်တက်လာပြီး ပျောက်ကွယ်သွားသည်။ နောက်ပြီး လေထုထဲမှာ အာကာသ အက်ကြောင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။ လုရွှမ် ထိတ်လန့်တကြား ဖြစ်သွား၏။ ဒါဟာ ကြယ်တစ်သောင်းကမ္ဘာပဲ ဆိုတာ သိထားရမယ်။
နေရာအလုံအလောက် မတည်ငြိမ်သောကြောင့် အဆင့်နိမ့် ကမ္ဘာငယ်များတွင် ယခုလိုအရာတွေက အလွန်အဖြစ်များသည်။ သို့သော် ကြယ်တစ်သောင်းကမ္ဘာသည် လုရွှမ် မြင်ဖူးသမျှထဲမှာ အတည်ငြိမ်ဆုံး နေရာဖြစ်ရာ ကောင်းကင်ဘုရင် စံအိမ်တွင် အာကာသအက်ကြောင်းများကို မြင်ရမယ်လို့ မမျှော်လင့်ထားပေ။
အက်ကြောင်းများကို ဂရုတစိုက်ရှောင်ရင်း နောက်ဆုံးတွင် လုရွှမ်သည် ပင်မခန်းမကြီးအပြင် ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာသည်။ ကောင်းကင်မှာ တောက်ပနေတဲ့ လမင်းဟာ တောက်ပနေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို လန်းဆန်းနေစေသည်။
ပတ်ဝန်းကျင်သည် အသက်မရှိသလို တိတ်ဆိတ်နေသည်။ အလွန်မှောင်မိုက်ပြီး လျှို့ဝှက်ဆန်းကြယ်နေသည်။ အထူးသဖြင့် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာသောအခါတွင် တစ်စုံတစ်ယောက်က နောက်ကွယ်တွင် ပုန်းအောင်းနေပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသလို ခံစားရသည်။
ပါရမီရှင်တွေ့ဆုံပွဲ အတွက် အခုဘယ်အချိန် ရောက်နေပြီလဲ။ လုရွှမ် လှည့်ပတ်ကြည့်ရှုပြီး သူ့ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို လုံးဝ သတိကပမလျက် နားထောင်နေခဲ့သည်။ လုရွှမ် ယခင်ခန်းမဆီသို့ ပြန်လာခဲ့သည်။
လူခြောက်ယောက်သည် အထဲမှာ နိုးနိုးကြားကြား ရှိနေကြပြီး လုရွှမ် ပြန်လာသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။
"သခင်လေးလုရွှမ်... တစ်ခုခုများ ရှာတွေ့ခဲ့လား"
လော့ရှန်း မေးလိုက်သည်။ လုရွှမ်လည်း ခေါင်းခါပြီး အပြင်က အခြေအနေကို ပြန်ပြောပြလိုက်သည်။ အရင်က ဒီနေရာကို ဘယ်သူမှ မရောက်ဖူးဘူး ဆိုတော့ ဒီမှာ ဘာဖြစ်နေတာလဲ ဘယ်သူမှ မသိနိုင်တော့လောက်ပေ။
"အပြင်မှာ ဘာအန္တရာယ်မှ မတွေ့ဘူး... သဲလွန်စတွေ ရှိမရှိ သေချာကြည့်ရအောင် ခန်းမထဲကို သေသေချာချာ စူးစမ်းကြည့်ရအောင်"
သူ့မူလအတွေးတွေကို လိုက်နာခဲ့မယ်ဆိုရင် သူတို့ခြောက်ယောက်ဟာ အခုချိန်မှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ထုံးစံအတိုင်း အရင်အခန်းမှာနေတာက အကောင်းဆုံးပဲ။ အပြင်ကို ပိုထွက်သွားလေ အန္တရာယ်က ဘယ်အချိန် ရောက်လာမလဲဆိုတာ မသိနိုင်လေပင်။
သို့သော် ဒါက ကောင်းကင်ဘုရင်၏ စံအိမ်ဖြစ်လေသည်။ လုရွှမ်နဲ့ အတူရှိနေခြင်းက အနည်းဆုံး သူတို့ကို အကာအကွယ် ပေးနိုင်၏။ သူတို့ခြောက်ယောက်သာ ဘာမှမသိဘဲ အသတ်ခံရရင် ရှက်စရာ ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီလိုဖြစ်နိုင်ခြေက တော်တော်များတယ်လေ။
လူခြောက်ယောက်၏ မျက်နှာများသည် အုံ့မှိုင်းနေကြသည်။ ကြောက်မက်ဖွယ် ကောင်းသော နေရာတစ်ခုထဲ ရောက်နေစဥ် လုရွှမ်နောက်သို့ လိုက်ခြင်းက သဘာဝအားဖြင့် ပို၍လုံခြုံသည်ဟု ခံစားရစေလေသည်။
လူခုနစ်ယောက်၏ ခြေသံများသည် အလွန်ပေါ့ပါးသော်လည်း ယခု နက်နဲသော ခန်းမကြီးထဲတွင် အလွန်ရှင်းလင်းစွာ ကြားနေရပါသေးသည်။
"ဟားဟား နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့ ငါမင်းကိုစောင့်နေတာ ကြာပြီ"
အသံတစ်သံသည် ဟောင်းနွမ်းဆွေးမြေ့နေပြီး ခန်းမတွင်းနက်ကြီးမှ ထွက်လာလေရာ ရုတ်တရက် ငရဲမှလာသော အသံနှင့်ပင် တူသွားသည်။ အသံသည် ခန်းမထဲက လေထုထဲသို့ အလွန်နှေးကွေးစွာဖြင့် ရောနှောသွားကာ အကြားအာရုံကို ယောင်ယောင်ချောက်ချား ဖြစ်သွားစေသည်။
လူတိုင်း လန့်ဖြတ်သွားသည်။
"ဒီခန်းမမှာ တစ်ယောက်ယောက် ရှိနေတယ်!"
"ဟုတ်တယ် တစ်စုံတစ်ယောက်ရှိတယ် ငါ့အထင်မှန်ရင် သူက ဒီနေရာရဲ့ မူလဘုရင် ဖြစ်လိမ့်မယ်"