ကောင်းကင်ဘုရင်
Vol. 91 Ch. 4.879
"ဘာ? ကောင်းကင်ဘုရင်?"
"ကောင်းကင်ဘုရင် အသက်ရှင်နေသေးတာလား"
လော့ရှန်းနဲ့ တျယ်ရှုံ မယုံကြည်နိုင်စွာ အော်လိုက်သည်။
"ဟားဟား!"
အစောတုန်းက အသံရှင်က ရယ်မောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်... ကလေးတွေကို သင်ပေးနိုင်သားပဲ...ငါက ကောင်းကင်ဘုရင်ပဲ လာ ငါ့ကိုလာရှာကြပါ...!"
အသံက တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။ အရာအားလုံး ပြန်လည် ငြိမ်သက်သွားကာ ယခင်က ထွက်ပေါ်လာသည့် အသံသည် တစ်ခါမှ မပေါ်လာခဲ့သလို ထပ်မံ မထွက်လာတော့ပေ။
"လုရွှမ် မင်းဘယ်လိုထင်လဲ"
"သွားကြည့်ကြတာပေါ့!"
လူခြောက်ယောက်ရဲ့ မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်တွေ ပေါ်ထွက်လာကြသည်။ ဒဏ္ဍာရီဆန်ဆန် ဘုရင်ကြီးကို သွားတွေ့လိုက်တာနဲ့ သေမင်းကို ရှာနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
"လုရွှမ်.... အစောကလူက ဒီနေရာကို ဆောက်ခဲ့တဲ့ ဘုရင်လား? အဲဒီလူက ထူးဆန်းတဲ့ စိတ်ထားရှိတယ် ဒါကြောင့် တားမြစ်ထားတဲ့ နေရာကို ဆောက်ခဲ့တာလို့ ဒဏ္ဍာရီမှာ ဆိုထားတယ်ကွ!"
"ဟုတ်တယ် ဒီလိုလူက အသက်ရှင်နေသေးပြီး မသေသေးဘူး ဆိုရင် သူ့မှာ မကောင်းဆိုးဝါးလို အရည်အချင်းတွေ ရှိနေရမယ်... ကောင်းကင်ဘုရင် စံအိမ်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့သူတွေကို သူက အရှင်လတ်လတ် စားသောက်ခဲ့တာ ဖြစ်နိုင်တယ်!"
"ဟုတ်တယ် ငါတို့အရင်က တွေ့ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ အရာတွေကို တွေးကြည့်လိုက် ငါတို့ဟာ ကောင်းကင်ဘုရင် စံအိမ်မှာ မရှိတော့ဘူး... ဒီလိုထူးဆန်းတဲ့ အရာတွေက ကောင်းကင်ဘုရင်ကြောင့်ပဲ ဖြစ်ရတာ...ငါတို့ ဆိုးရွားတဲ့ အခြေအနေတွေကနေ လွတ်မြောက်ခဲ့တာကို သူသိလိမ့်မယ် ငါ သူ့အကြောင်းကို သိတယ် ငါတို့ကို ဘယ်လိုနည်းနဲ့မှ ချုပ်နှောင်လို့မရဘူး ဒါကြောင့် ငါတို့ကို မြှူဆွယ်ဖို့ လူကိုယ်တိုင် ရောက်လာတာ ဖြစ်မယ်"
လုရွှမ်၏ တစ်ကိုယ်ကောင်း မဆန်မှုနှင့် တရားမျှတမှုတို့ကြောင့် တစ်ယောက်ပြီး တစ်ယောက် သူ့ကို ဖျောင်းဖျရန် ကြိုးစားခဲ့ကြသည်။
ကောင်းကင်ဘုရင်ရဲ့ အသံကို ကြားလိုက်ရသောအခါ လုရွှမ် လုံးဝ မအံ့သြသွားပေ။ သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော သံသယများ ရှိနေခဲ့သည်။ ကောင်းကင်ဘုရင်ရဲ့ အသံကို ကြားပြီးနောက် သံသယအားလုံး ပြေလည်သွားခဲ့သည်။
ကောင်းကင်ဘုရင်စံအိမ်သည် အာကာသ လမ်းကြောင်းဖြစ်ကြောင်း တျယ်ရှုံတို့ လူခြောက်ယောက်က မသိသောကြောင့် ၎င်းတို့သည် ကောင်းကင်ဘုရင်စံအိမ်ရှိ အရာအားလုံးနှင့် ပတ်သက်၍ သံသယနှင့် သတိအပြည့်တို့ သဘာဝအတိုင်း ရှိနေကြသည်။
သို့သော် ဤအရာသည် အာကာသလမ်းကြောင်း ဖြစ်ကြောင်း သိထားသော လုရွှမ်သည် ကောင်းကင်ဘုရင်သည် ဒဏ္ဍာရီတွင် ဖော်ပြထားသော အရူး မဟုတ်ကြောင်းကို နားလည်လာခဲ့သည်။ ကောင်းကင်ဘုရင်ဟာ မြေကမ္ဘာထဲကို ၀င်ချင်ပေမယ့် ကံမကောင်းစွာဖြင့် သူ မအောင်မြင်ခဲ့ပေ။
ရွှမ်ဝူ ပြောသလိုပဲ သူ မအောင်မြင်ခဲ့ပါဘူး။
သူ မသေတာ မထူးဆန်းပါဘူး။ မြေကမ္ဘာရဲ့ နယ်နိမိတ်ကို ထိုးဖောက် ဝင်ရောက်မယ့် အာကာသ ဥမင်လိုဏ်ခေါင်းကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ထိုအကျပ်အတည်းမှာ ဘဝတစ်ခုကို ပေးဆပ်လိုက်ရသည်။ အနည်းဆုံး သူ လွတ်မြောက်ခဲ့တာကြောင့် လျှို့ဝှက်ချက်တွေလည်း ချန်ထားခဲ့လောက်သည်။
"ကောင်လေး... သူတို့ကို ဖျောင်းဖျဖို့ မကြိုးစားနဲ့ သူတို့မှာ ဒီအခွင့်အရေး မရှိဘူး ကံကြမ္မာဆိုးကြီးပဲ ပြောနေတာ!"
လူခြောက်ယောက်ရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်တကြား ဖြစ်သွားကာ လုရွှမ်ကို လှည့်ကြည့်လိုက်ကြလေသည်။
“ကောင်းပြီ ငါသွားကြည့်မယ်... မင်းတို့ဒီမှာ ကောင်းကောင်းနေခဲ့ ငါ မြန်မြန်ပြန်လာခဲ့မယ်... ကောင်းကင်ဘုရင်က အသက်ရှင်နေသေးတယ်!"
"လုရွှမ် တောင်းပန်ပါတယ် ငါတို့ သွားရင် မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်တယ်! ဒါပေမယ့် မင်းမှန်တယ်လို့ ထင်ရင် မင်းသွားကြည့်သင့်တယ်လို့ ငါထင်တယ်....ဒီမှာ ငါတို့အတွက် စိတ်ပူနေစရာ မလိုဘူး...ငါတို့မင်းကို အကြွေးတွေ အများကြီး တင်နေပြီ"
တျယ်ရှုံသည် သူ့မျက်နှာကို ရှက်ရွှံ့သွားတဲ့ အကြည့်နဲ့ ပြောလိုက်သည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ အမှောင်ထဲသို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။ တစ်လမ်းလုံး တဖြည်းဖြည်း လျှောက်လာရင်း ခန်းမကျယ်ကြီးတစ်ခုဆီသို့ ရောက်လာခဲ့သည်။
ပင်မခန်းမသည် နက်နက်နဲနဲရှိပြီး တခြားနေရာများနှင့် ယှဉ်လျှင် မတူသလို ခံစားရစေသည်။ အခြားနေရာများ ကဲ့သို့ပင် အလားသဏ္ဍာန်တူသော်လည်း ထူးထူးခြားခြား ဘုန်းအာနုဘော်တွေ ရှိသည်။ ဒါပေမဲ့ ဒီခန်းမက ကျဉ်းကျဉ်းကျဉ်းကျပ် ဖြစ်နေသလို ခံစားရ၏။ တံခါးကို တွန်းဖွင့်လိုက်တော့ ထိုခံစားချက်က ပိုလေးနက်လာသည်။
"ကောင်လေး... မင်းအခုဝင်လာတာ ငါမင်းကို လုပ်ကြံမှာ မကြောက်ဘူးလား?"
လုရွှမ်သည် သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော အရိုးစုနှင့်တူသော ဘုရင်ကို ကြည့်ကာ ဖြေလိုက်သည်။
"မကြောက်ဘူး!"
ကောင်းကင်ဘုရင်က အော်ရယ်လိုက်သည်။
"မင်းကတော့ ဒီအဘိုးကြီးရဲ့ ခံစားချက်ကို လုံးဝ ဂရုမစိုက်ဘူးပဲ"
“ကျူးကျော် ဝင်ရောက်လာတဲ့ လမ်းကြောင်းကို ခင်ဗျား ဖွင့်ထားခဲ့သလိုမျိုး လွတ်မြောက်ရာလမ်းကိုလည်း ဖွင့်ပေးသင့်တယ်...ခင်ဗျားရဲ့ စိတ်အခြေအနေကို ကျွန်တော် ပိုင်းခြားသိမြင်နိုင်တယ် အစပိုင်းမှာ ခင်ဗျားရဲ့ နှလုံးသားက ညည်းညူမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်... ခင်ဗျား မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားပေမယ့် ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး"
"ခင်ဗျားရဲ့ အမုန်းတရားတွေကို ဖြည်းဖြည်းချင်း စွန့်လွှတ်လိုက်တော့ နောက်ဆုံးမှာ ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တယ်... အဲဒီလူတွေကို ခင်ဗျား သတ်ဖို့ မရည်ရွယ်ထားဘူး အလားအလာရှိတဲ့ လူတွေကို ရှာတွေ့ဖို့ မျှော်လင့်နေတာ အဲဒီလူတွေကို စမ်းသပ်နေတယ်... တပည့်တွေ ဒါမှမဟုတ် ခင်ဗျားအရင်က လျှောက်ခဲ့တဲ့လမ်းကို လျှောက်လှမ်းနိုင်မယ်လို့ လူတွေ ပေါ်လာဖို့ မျှော်လင့်ထားတာ... ခင်ဗျားထက် သာလွန်တဲ့လူကို ရှာနေတာ!"
"ခင်ဗျားက မြေကမ္ဘာက ဘယ်လိုပုံစံလဲ ဆိုတာကို တစ်ချက်လောက် ကြည့်ချင်တယ်... တစ်ချက်ပဲ ကြည့်ရရင်တောင် စိတ်ထဲမှာ စိတ်ပူစရာမလိုဘဲ ခင်ဗျား ထွက်သွားနိုင်ပြီ ကံဆိုးစွာနဲ့ပဲ ခင်ဗျားမှာ အချိန်အများကြီး မရှိခဲ့ဘူး!"
ကောင်းကင်ဘုရင်က သူ့အငွေ့အသက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်ရင်း ဆိုလေ၏။
“မင်းပြောတာ မှန်တယ်.... အဲ့ဒါကြောင့် မင်းငါ့ရှေ့မှာ ရဲရဲရင့်ရင့် မတ်တပ်ရပ်ရဲတာမလား?"
ကောင်းကင်ဘုရင်ရဲ့ အသံက ဒေါသတွေနဲ့ ပြည့်နှက်နေတော့၏။ သူ့လို အငယ်တန်းတွေ ပေါ်လာရင် ဘယ်အကြီးအကဲမဆို ယ မလွဲမသွေ ဒေါသထွက်ကြလိမ့်မယ်။
"သခင်လေးရွှမ်ကျီးက ကောင်းကင်ဘုရင် စံအိမ်ကြီးကို ဒီနေ့မှာ အလိုအလျောက် ဖွင့်လှစ်လာမယ်လို့ ခင်ဗျား တွက်ချက်ထားပြီးသားမလား? တစ်နည်းအားဖြင့် ပြောရရင် ခင်ဗျားရဲ့နေ့ရက်တွေကို ရေတွက်ပြီး ခင်ဗျားဘဝရဲ့ အဆုံးထိ ရောက်နေပြီလို့ ပြောရမယ်"
“ဟုတ်တယ်... အကြီးအကဲကို ဒီအငယ်တန်းက လုံးဝ မလေးစားတာ မဟုတ်ပါဘူး..... တကယ်တော့ ဒီအငယ်တန်းရဲ့ စိတ်ထဲမှာ အရမ်း လေးစားတာပါ... မြေကမ္ဘာရဲ့ လမ်းကြောင်းကို သိခဲ့တာ ကောင်းကင်ဘုရင် တစ်ယောက်ပဲ ရှိတယ်...ရွှမ်ဝူနဲ့ ကျွန်တော်ပြောဖူးတယ် အကြီးတန်းမှာ အရည်အချင်းကောင်းတွေ ရှိပေမယ့် ကံမကောင်းချင်တော့ အဲဒီထဲအထိ ထိုးဖောက် မဝင်ရောက်ခဲ့ဘူး"
ကောင်းကင်ဘုရင်က သက်ပြင်းချလိုက်ပြီး။
“ဟုတ်တယ် ကံဆိုးတယ် ဒါပေမဲ့ တချို့လူက သဘာဝကို အနိုင်ယူနိုင်တယ်လို့ ငါယုံကြည်တယ်... တစ္ဆေရှုံးသွားပေမယ့် နောက်ဆုံးမှာတော့ သူ့ကိုယ်ပိုင် ပြင်ဆင်မှု ကင်းမဲ့သွားခဲ့တယ် ဒါပေမဲ့ မင်းကငါ့ထက် ပိုသန်မာပြီး ထက်မြက်တယ်... မင်းကတော့ တစ်နေ့နေ့မှာ မြေကမ္ဘာထဲကို ဝင်နိုင်လိမ့်မယ်"
"ငါ့မှာ တခြားတောင်းဆိုစရာ မရှိဘူး တစ်ခုပဲရှိတာ ဆိုလိုတာက တစ်ယောက်ယောက်ကို ရှာတွေ့အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.... သူက မြေကမ္ဘာမှာ ရှိနေတယ် ပြီးတော့ ဆုလာဘ်အနေနဲ့ ကောင်းကင်ဘုရင်စံအိမ်က ရတနာတွေ အားလုံးကို ငါပေးနိုင်တယ်၊ အထူးသဖြင့် ငါ့ရဲ့ အရှားပါးဆုံး ရတနာတွေ!"
လုရွှမ် သူ့စကားတွေကို ဖြတ်ပြောလိုက်၏။
"ကောင်းကင်စာအုပ် ရှစ်အုပ်ထဲက... စကားလုံးဖွဲ့စည်းထားတဲ့ ကျောက်ပြား မဟုတ်လား?"
ကောင်းကင်ဘုရင်ကြီး၏ ခန္ဓာကိုယ်သည် ကြီးမားသော အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုလို ဖြစ်လာပြီး အရိုးစုက တုန်လှုပ်သွားကာ။
"မင်းသိတယ်ပေါ့.... ဟုတ်ပါတယ် မင်းမသိရင် အဲ့နေရာကနေ လုံးဝ ထွက်နိုင်လာမှာ မဟုတ်ဘူးလေ... မင်းသဘောတူခဲ့တယ်မလား"
"ကျွန်တော် သဘောတူခဲ့တယ်... ကျွန်တော် မြေကမ္ဘာကို သေချာပေါက်သွားပြီး နောက်ဆုံး ကောင်းကင်ကမ္ဘာကိုလည်း သွားမှာ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း အကြီးအကဲလိုပဲ ကျွန်တော်ချစ်တဲ့လူက ကောင်းကင်ကမ္ဘာထဲကို မတော်တဆ ဝင်သွားခဲ့တာ!"
"မင်းနားလည်တယ် မင်းတကယ် နားလည်သားပဲ...!"
ကောင်းကင်ဘုရင်ရှိရာ ရုပ်သေးရုပ်သည် ချက်ချင်း ပြိုကျသွားပြီး လုရွှမ်လက်ထဲတွင် တံဆိပ်ပြား သင်္ကေတတစ်ခုနှင့် မျှော်စင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အခန်းထဲတွင် ကောင်းကင်ဘုရင်ကြီး၏ အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ခြိမ်းခြောက်မှု သို့မဟုတ် လွမ်းဆွတ်မှု အရိပ်အယောင်လည်း မရှိခဲ့ပေ။
လုရွှမ်သည် မျှော်စင်ကို လက်ဖဝါးတွင် ဆုပ်ကိုင်ထားပြီး မျက်ခုံးမွှေးများကြားတွင် အမှတ်ရစရာများ အစီအရီ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ဘုရင်နှင့် နတ်သမီးတို့၏ မှတ်ဉာဏ် အပိုင်းအစများ ဖြစ်သည်။ လုရွှမ်မှာ မသိစိတ်က မျက်ရည်များကျလာပြီး ခံစားချက်တွေက သူ့ရင်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့သည်။
ကောင်းကင်ဘုရင်၏ အရည်အချင်းသည် အလွန် မြင့်မားပြီး ခေတ်ပြိုင်များထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန်သောကြောင့်သာ မဟုတ်ပါက မြေကမ္ဘာဆီသို့ ဦးတည်သွားမည့် နေရာကို ရှာမတွေ့နိုင်လောက်ပေ။
သူက ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းကာ အသက်ရှင်လျက် ပြန်ထွက်လာခဲ့သည်။ ၎င်းက သူ့ရဲ့ ကျင့်ကြံမှုတွေကို တိုးတက်လာချင်လို့ မဟုတ်ဘဲ သူချစ်ခဲ့တဲ့ သူမကို ပြန်လည်ရရှိရန်သာ ဖြစ်သည်။