← Chapters

ဝိညာဉ်မှ မွေးထုတ်ထားခြင်း

Vol. 91 Ch. 4.880

ဝိညာဉ်မှ မွေးထုတ်ထားခြင်း

Vol. 91 Ch. 4.880

မျှော်စင်ကို ဖယ်လိုက်ပြီးနောက် ကောင်းကင်ဘုရင်စံအိမ် တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တံဆိပ်ပြားကို ကြည့်လိုက်သည်။

လှန်လှောကြည့်နေချိန် သူ့နောက်ကွယ်မှာ ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ဒါက အရင်က ခံစားခဲ့ရတာတွေနဲ့ လုံးဝမတူဘူး။ ၎င်းသည် လျှို့ဝှက်ထားဆဲ ဖြစ်သော်လည်း အတွင်း၌ နက်နဲသော သတ်ဖြတ်ရန် ရည်ရွယ်ချက် ဝှက်ထားသည်။

မတွေးဘဲ လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို ဇောက်ထိုးလှည့်ကာ ရှောင်ထွက်လိုက်သည်။ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် အနက်ရောင် ၀တ်စုံဖြင့် လှံတစ်ချောင်း ကိုင်ထားသူကို တွေ့လိုက်ရသည်။ ထိုလူက ဝူထန်းပင်။

လုရွှမ် ရုတ်တရတ်မို့ လန့်သွားသည်။

"ဒါဆို မင်းက ကောင်းကင်ဘုရင်လား"

ဝူထန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပေ၏။

"ဟုတ်တယ်... ငါက ကောင်းကင်ဘုရင်ဖြစ်ပြီး ကောင်းကင်ဘုရင်က ငါပဲလေ ဟမ့် အဘိုးကြီး....သေပြီးတာတောင်မှ မင်းကို မျှော်စင်နဲ့ တံဆိပ်ပြားကို လွှဲပေးသွားတယ်ပေါ့လေ.... အဲဒါတွေကို ထုတ်ပေးလိုက် မဟုတ်ရင် ဒီဘုရင်က မင်းကို သေလမ်းပို့ပေးလိုက်မယ်!"

ဝူထန်းသည် ယခင်မျှော်စင်ထဲ အမှတ်တရများကို ကြည့်သောအခါတွင် သူမြင်ခဲ့ရသည့် အတွင်းထဲက လူနှင့် တစ်ထပ်တည်း ဖြစ်သည်။ ခြားနားချက်မှာ အတွင်းထဲက ဘုရင်သည် နူးညံ့သိမ်မွေ့သော်လည်း ယခုဝူထန်း၏ မျက်နှာမှာ ဒေါသများ​ဖြင့် ပြည့်နှက်နေသည်။

"မင်းက ကောင်းကင်ဘုရင် မဟုတ်ဘူး မင်းက သူ့အတွေးဆိုးတွေထဲက တစ်ခုပဲ"

လုရွှမ်က တည်ငြိမ်စွာပဲ ဆိုလိုက်သည်။

"ဘာအတွေးဆိုးလဲ? ငါက သူ့နှလုံးသားနဲ့ ဝိညာဉ်ရဲ့ မွေးထုတ်သူတစ်ယောက်ပါ.... အဲဒီတုန်းက သူက ဒီမြေကမ္ဘာ ဖောက်ထွက်ချင်လို့ စောင့်ရှောက်ဖို့ ဒီနေရာမှာ ငါ့ကို ထားခဲ့တာ... ငါ့ကြောင့်သာ မဟုတ်ရင် သူအစောကြီးကတည်းက သေသွားလောက်ပြီ.... ငါမမျှော်လင့်ထားခဲ့ဘူး ငါက အနှစ်တစ်ထောင် စောင့်ခဲ့ရတဲ့ အဆုံးသတ်က ဒါပဲတဲ့လား?"

"အခု ပိုကောင်းလာပါပြီ... နောက်ဆုံးတော့ သေသွားပါပြီလေ... ငါက ထူးခြားတဲ့ ကောင်းကင်ဘုရင် ဝူထန်း ဖြစ်လာမှာပဲ ကောင်လေး မင်းရဲ့ အရည်အချင်းက တော်တော်ကောင်းပါတယ် မင်းကို ငါ့လက်အောက်ခံအဖြစ် လက်ခံနိုင်တယ်...ငါမင်းကို မသေနိုင်အောင် လုပ်ပေးမယ်!"

လုရွှမ်က "မင်းလိုမျိုးပဲမလား... မင်းကို မသေနိုင်တဲ့လူလို့ အခေါ်ခံရဖို့ ထိုက်တန်ပါတယ်...ဟမ့် ဒါပေမဲ့ မင်းရဲ့ကိုယ်ပွားတွေထဲက တစ်ခုကို ငါဖျက်ဆီးပြီးပြီ နောက်တစ်ယောက်ကိုလည်း ဖျက်စီးဖို့လည်း ဝန်မ​လေးဘူး"

"မာနကြီးနေတဲ့... အငယ်တန်းကောင် မင်း သေမင်းကို ရန်စနေတာကွ!"

သူအရင်က အာရုံပျံ့လွင့်မှုလေးကို လုရွှမ်က ရှင်းပစ်လိုက်တာ ဖြစ်ပြီး တကယ်လို ရှက်စရာ ကောင်းလေသည်။

"သွား!"

အနက်ရောင် အငွေ့အသက်များ ပေါ်လာသည်နှင့် တပြိုင်နက် အနံ့အသက်ဆိုးများပါ ထွက်ပေါ်လာသည်။ နည်းနည်းလေး အနံ့ခံလိုက်ရုံနဲ့ လဲကျသွားလောက်သည်။

"ဟမ့် ကောင်လေး မင်းဘာလို့ ဘာမှမ​ဖြစ်ရတာလဲ"

လုရွှမ်က "စိတ်မကောင်းပါဘူး အဆိပ်က ငါ့အတွက် အသုံးမဝင်ဘူး"

သူ့လက်ကို လှန်လိုက်သည်နှင့် ဝိညာဉ်ဖြတ်ဓား ရုတ်တရက် ပေါ်လာပြီး ယွမ်ယန်ဓားကိုးချောင်းက ဝူထန်းဘက်သို့ ထွက်လာသည်။ ဓားပေါ်က ခရမ်းရောင် ဖီးနစ်နတ်မီးဟာ တစ်ဆက်တည်း လွင့်ပျံသွားပြီး ဝူထန်းဆီ မြှားတစ်စင်းလို ပစ်ဝင်သွားသည်။

ဝူထန်း အော်ဟစ်လိုက်ပေမယ့် သူ့ခန္ဓာကိုယ်က ရုတ်တရက် မီးခိုးမည်းတွေ ဖြစ်သွားပြီး ခန်းမထဲမှ ပျောက်ကွယ်သွား၏။

"လေ့လာလိုက်​တိုင်း ဉာဏ်​ပညာ​တွေ ရ​နေတတ်တယ်... ငါ​နောက်​ထပ်​ အလိမ်​ခံမယ်​လို့များ ထင်​လား"

"မင်းလုပ်မှာကို ငါ မသိဘူးလို့ ထင်လား"

လုရွှမ် သူ့လက်ကို ရွှေ့လိုက်သော် ဝူထန်းသည် အနက်ရောင် စွမ်းအင်အားလုံး ဖုံးအုပ်ထားတဲ့ ပတ်ဝန်းကျင်က ထွက်​ပေါ်လာလေသည်။

"လောင်ကျွမ်းစေ!" လုရွှမ် အော်လိုက်သည်။

လုရွှမ်သည် ဝူထန်းမှ ပြောင်းလဲသွားသော အနက်ရောင်စွမ်းအင်အတွက် နှလုံးသားအောက်ခြေမှ ကြောက်လန့်နေလေသည်။

ကောင်းကင်ဘုရင်၏ မှတ်ဉာဏ်ထဲမှ နောက်ဆုံး ဝူထန်းသည် ကောင်းကင်ဘုရင် ကိုယ်တိုင်၏ အခြားဝိညာဉ်တစ်ခု ဖြစ်လာခဲ့ကြောင်းကို နားလည်ခဲ့သည်။ သူ့တွင် ကိုယ်ပိုင်အသိစိတ် ရှိပြီး ကောင်းကင်ဘုရင် စံအိမ်ရှိ ဆိုးရွားသောလေထုကြောင့် ပျက်စီးသွားခဲ့တာ ထင်ရှား​လေသည်။

နောက်ဆုံးတွင် ကောင်းကင်ဘုရင် စံအိမ်သည် မြေကမ္ဘာရဲ့ နယ်နိမိတ်ကို ဖွင့်ရန် ဥမင်လိုဏ်ခေါင်းကို တည်ဆောက်ထားခဲ့သော်လည်း ၎င်းအစား နားမလည်နိုင်သော အသွင်အပြင်များစွာကို ဆွဲဆောင်မိကာ ကောင်းကင်ဘုရင် စံအိမ်တစ်ခုလုံးကို ညစ်ညမ်းစေခဲ့သည်။

ယနေ့တွင် ကောင်းကင်ဘုရင်စံအိမ်၏ ဒြပ်စင်ငါးပါးသည် မတည်မငြိမ် ဖြစ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် ပို၍ပို၍ ထူးဆန်းလာသည်။ စံအိမ်အကြောင်း ပိုသိလေလေ သဘာဝအတိုင်း ကြောက်စရာကောင်းလေ ဖြစ်လာ၏။

သခင်လေးရွှမ်ကျီး ခန့်မှန်းသည့်နေ့တွင် ကောင်းကင်ဘုရင်စံအိမ်ဟာ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ပြီး အားလုံးကို ဝင်ခွင့်ပြုနိုင်မှာလား။ ပြီးတော့ အဲဒီနေ့မှာပဲ သူတို့ရော ထွက်သွားနိုင်ပါ့မလား။

လုရွှမ်သည် ကောင်းကင်ဘုရင်၏ စံအိမ်တော်ကို ပိုသိလာလေ သူ့တွင် ယုံကြည်မှုများ နည်းသွားပုံရတာကို တွေ့ရတဲ့အတွက် စိတ်ပျက်အားငယ်လာတာကို တွေ့ရှိလာရသည်။ သို့သော် သူ့ရှေ့မှ ဝူထန်းကတော့ လွတ်မြောက်လို့ မဖြစ်ကြောင်း ကောင်းစွာသိပါသည်။ မဟုတ်ပါက အကျိုးဆက်များသည် အဆုံးမဲ့ဒုက္ခများ ဖြစ်သွားလိမ့်မည်။

တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များ လျှံတက်လာပြီး အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုလုံး ပြည့်လျှံသွားသည်။ မည်းနက်သော လေထဲတွင် တောက်လောင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဝူထန်းရဲ့ ရယ်မောသံက အလွန်ရူးသွပ်သွားပုံ ပေါက်နေသည်။

"မင်းငါ့ကို အရင်က ငါနဲ့တူတဲ့ ကောင်လေးလိုပဲလို့များ ထင်နေလား? မင်းရဲ့ ဖီးနစ်နတ်မီးက တကယ့်ကို အစွမ်းထက်ပါတယ်... ဒါပေမဲ့ ငါ့ကို သတ်ချင်ရင်တော့ ဟားဟားဟား မင်း အိမ်မက်မက်နေတာလို့ပဲ ငါပြောလိုက်မယ်!"

"မျှော်စင် မသေနိုင်သရွေ့ ငါလည်း မသေနိုင်ဘူး....!"

ဝူထန်းသည် ဖီးနစ်နတ်မီးကြောင့် သူ့တစ်ပိုင်းတစ်စမျှ လောင်ကျွမ်းသော်လည်း သူရဲ့ ဝိညာဉ်ခြေရာကတော့ မသေနိုင်ပေ။

"သိမ်း!"

လုရွှမ် အော်လိုက်ပြီး သူ့လက်ဖဝါးထဲက ဝိညာဉ်စွမ်းအင်ဟာ ရွှမ်ဝူသားရဲ၏ ရောင်ဝါဖြင့် ရောယှက်သွားကာ ဝူထန်းကို ထုပ်ပိုးလိုက်လေသည်။

"ငါပြန်လာခဲ့မယ်....အဲ့အချိန်ကျရင် မင်းသေ သေချာပေါက် သေကိုသေရမယ်!!"

အသံတိတ်သွားသည်နှင့် ဝူထန်းလည်း ပျောက်သွား​လေသည်။ လုရွှမ် ခန်းမထဲမှ ထွက်လာသောအခါ လူခြောက်ယောက် ရှိရာသို့ အမြန်ပြေးထွက်သွားခဲ့သည်။

သူ့စိတ်တွေ လှုပ်ရှားနေကာ ကျန်နေသော ဝိညာဉ်က အလွန် ကြောက်လန့်သွားခဲ့သည်။ လူခြောက်ဦးကမူ ၎င်းတို့ဘေးနားရှိ ပြောင်းလဲသွားမှုများကို လုံးဝ သတိမထားမိပေ။

"သခင်လေးလုရွှမ် ခင်ဗျား အဆင်ပြေရဲ့လား"

"အဲဒီဘုရင် တကယ် အသက်ရှင်သေးတာလား"

သူတို့ခြောက်ယောက်မှာ စိုးရိမ်ပူပန်နေကြဆဲဖြစ်ပြီး ၎င်းတို့၏ အမူအရာနှင့် လှုပ်ရှားမှုများတွင် ကွဲပြားမှုမရှိပေ။

"အရင်က လှုပ်ရှားမှုတစ်ခုခုကို သတိထားမိလိုက်လား"

လုရွှမ်၏ သူ့မျက်လုံးထဲတွင် အလင်းရောင် အနည်းငယ်က မှိတ်တုတ်မှိတ်တုတ်ဖြင့် လှုပ်ရှားလျင် လူခြောက်ယောက်၏ မျက်နှာကို အနီးကပ် စိုက်ကြည့်နေသည်။

"ဘာသတိထားမိတာလဲ"

တျယ်ရှုံက အော်လိုက်သည်။ လော့ရှန်းလည်း စိတ်လှုပ်ရှားနေပုံရသည်။ လုရွှမ်မှာ လူခြောက်ယောက်၏ မျက်နှာပေါ်က ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ ဝူထန်းသည် လူခြောက်ယောက်ထဲက တစ်စုံတစ်ဦးကို ပူးကပ်ထားရပေမည်။

ဒီခံစားချက် အန္တရာယ်ကို အလိုလို သိစိတ်ပဲ ဖြစ်သည်။

"ထောင်ကျန့် ထွက်လာခဲ့!"

လူခြောက်ဦး၏ ကျင့်ကြံမှု အဆင့်သည် ပျမ်းမျှသာဖြစ်ပြီး ဘယ်သူ့ခန္ဓာကိုယ်ကို လုယူသွားကြောင်း မသိရှိရပေ။ ဒါပေမဲ့ ထောင်ကျန့်ကတော့ မျှော်စင်နယ်ပယ်ရဲ့ သခင်တစ်ယောက်ဖြစ်ပြီး သူ့ခံယူချက်က သဘာဝအတိုင်း ကွဲပြားပါသည်။

နံပါတ်၅ ကျန်းရင်က "သခင်လေးလုရွှမ် ဒါ ကောင်းကင်ဘုရင် စံအိမ်ပဲ... ကျွန်မတို့ရဲ့ ဝိညာဉ်တွေက အရမ်းအားနည်းပြီး ကျွန်မတို့ရဲ့ ဝိညာဥ်စွမ်းအင်တွေလည်း ခန္ဓာကိုယ်ထဲမှာ ဖိနှိပ်ခံနေရတယ်"

လုရွှမ်လည်း ခေါင်းညိတ် သဘောတူပြီး ဝမ်းနည်းစွာဖြင့် ခေါင်းခါလိုက်သည်။

"မင်းတို့အရင်က အနက်ရောင် စွမ်းအင်တွေ ပြည့်နေတဲ့ ဝူထန်းကို မှတ်မိသေးလား?"

လုရွှမ်သည် အတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။ အမှန်တော့ မြေကမ္ဘာနှင့် ပတ်သက်သည့် အရာများ ပေါ်လာသည်နှင့် ထန်းယွမ်မြို့တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မည်။

ဝူထန်းသည် အမှန်တကယ်ပင် ကောင်းကင်ဘုရင်၏ ဝိညာဉ်မှ မွေးထုတ်ထားသူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

"သခင်လေးလုရွှမ်.. ခင်ဗျား ကောင်းကင်ဘုရင် စံအိမ်ကြီးကို ထိန်းချုပ်ထားတဲ့ တံ​ဆိပ်ပြားကို ရခဲ့ပြီလို့ ပြောနေတာလား? ဒါဆို ကျွန်တော်တို့ အသက်ရှင်ပြီပေါ့"

လုရွှမ် တံဆိပ်ပြားကို ထုတ်ယူလိုက်တော့ လူခြောက်ယောက်လုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်​​ကြသည်။ သူတို့မျက်နှာမှာ မျက်ရည်တွေ စီးကျလာကာ မြေပြင်ပေါ် လဲကျသူက လဲကျသွားသည်။ သူတို့ဘဝအတွက် တိုက်ပွဲဝင်ခဲ့တာ ဒီအခိုက်အတန့် အတွက်ပဲ မဟုတ်ဘူးလား။

အခုတော့ နောက်ဆုံးတော့ ရှင်သန်ဖို့ နည်းလမ်းတစ်ခု ရှိလာခဲ့ပြီ။

All Chapters