← Chapters

​ကောင်းကင်ဘုရင်ရဲ့နောက်ခံ

Vol. 91 Ch. 4.882

​ကောင်းကင်ဘုရင်ရဲ့နောက်ခံ

Vol. 91 Ch. 4.882

အနီရောင် နေရောင်က တက်လာသောအခါ ရွှေရောင်ဖျော့ဖျော့ အလင်းရောင်က ထန်းယွမ်မြို့တစ်ခုလုံးကို ထွန်းလင်းတောက်ပနေခဲ့ရာ မြို့တစ်ခုလုံးက ရွှေရောင်ဖျော့ဖျော့ အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသလို လှပသွားသည်။

ကောင်းကင်ဘုရင် စံအိမ် အပြင်ဘက်တွင် မျှော်စင်နယ်ပယ်မှ ကောင်းကင်ဘုံသခင် အထိ အတွင်းသုံးထပ်နှင့် အပြင်ဘက်သုံးထပ်ဖြင့် ခြံရံလျက် ကောင်းကင်ဘုရင် စံအိမ်ကို စိုက်ကြည့်နေကြသည်။

မနေ့ညက ဤနေရာတွင် လူအများအပြား စောင့်ဆိုင်းနေကြပြီး နောက်ထပ်လူများလည်း စုရုံးနေကြဆဲ ဖြစ်သည်။ အ​ကြောင်းမှာ ယနေ့သည် သခင်လေးရွှမ်ကျီး ပါရမီရှင်တွေ့ဆုံပွဲကို ကျင်းပမည့်နေ့ ဖြစ်သည်။

မူလက မျိုးဆက်သစ်လူငယ်တွေ လိုလားတောင့်တခဲ့တဲ့ ပွဲကြီးတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ လူတိုင်းရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပါပြီ။

"အဓိကအင်အားကြီး ကိုးခုက လူတွေကိုလည်း ဒီကို ပို့မယ်လို့ ကြားတယ် ဒါပေမဲ့ ဟုတ်လား မဟုတ်လားတော့ မသိဘူး"

"သတင်းက မှန်တယ်... အင်အားကြီး ကိုးခုက အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်တွေတောင် လာနိုင်တယ်လို့ ကြားတယ်"

"ဟမ့် ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကို မသိတဲ့ အငယ်တန်း အုပ်စုလေးတွေ... အဓိက အင်အားစု ကိုးခုမှာ ဘယ်လို အဆင့်အတန်းမျိုး ရှိလဲ... ဘယ်လိုလုပ် ဒီကိုလာကြမှာလဲ"

နတ်မီးနယ်ပယ် အထွတ်အထိပ်ရှိ ကျင့်ကြံသူ တစ်​ယောက်က အေးစက်စွာ ဟစ်အော်ပြီး သိသိသာသာ ခြိမ်းခြောက်နေသည့် ၎င်း၏ အားကောင်းသော ယွမ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

လူပေါင်းများစွာ၏ အမူအရာများ ပြောင်းလဲသွားကာ လျင်မြန်စွာ ပါးစပ်ပိတ်လျက် မယုံကြည်နိုင်စွာ ထွက်ခွာသွားကြသည်။

နတ်မီးနယ်ပယ် အထွတ်အထိပ်ရှိ ကျင့်ကြံသူသည် ခေါင်းယမ်းကာ ကောင်းကင်ဘုရင် စံအိမ်တော်ကို ငုံ့ကြည့်ကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားသည်။

လူတော်တော်များများက ဒီလှုပ်ရှားမှုကို သတိပြုမိကြပေမယ့် အားလုံးက သူ့ကို ဥပေက္ခာပြုပြီး မျက်စိမှိတ်လျက် တရားထိုင်နေကြလေသည်။ အနီရောင် နေရောင်က ပိုမြင့်လာတဲ့အခိုက် ကောင်းကင်ဘုရင် စံအိမ်ရှေ့တွင် လူများ ပိုများလာသည်။

"အားလုံးပဲ... ကျွန်တော့်ကို စောင့်နေတာ ကြာသွားပြီ!"

နောက်ဆုံးတွင် အာမေဋိတ်သံများ ထွက်ပေါ်လာပြီး လူအများ အချင်းချင်း ကြည့်လိုက်ကြသည်။ ဤအသံသည် အလွန်အစွမ်းထက်တာမျိုး မဟုတ်သလို အားကြီးသော စွမ်းအင်ဖြင့် ကျောထောက်နောက်ခံ မပေးထားသော်လည်း လူတိုင်း၏နားထဲတွင် ထူးထူးခြားခြား ဆွဲဆောင်မှုရှိ​လေသည်။

ရောက်ရှိလာသူမှာ သခင်လေးရွှမ်ကျီးမှလွဲ၍ တခြားမဟုတ်ပေ။ လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ သူ ပုန်းနေတာ ကြာပါပြီ။

"သခင်လေးရွှမ်ကျီး နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပေါ့.. အခု ကောင်းကင်ဘုရင်ရဲ့ စံအိမ်တော်ထဲဝင်ဖို့ အချိန်တန်ပြီလား"

နတ်မီးနယ်ပယ်ထဲက ကျင့်ကြံသူတစ်ယောက်က ဦးစွာ အော်လိုက်သည်။

"ဟုတ်ပါတယ် သခင်လေးရွှမ်ကျီး ဒီနေရာကို ပါရမီရှင်တွေ့ဆုံပွဲ အတွက် စုဝေးရာနေရာအဖြစ် သတ်မှတ်ပေးထားတယ် ဆိုမှတော့ သခင်လေးမှာ အကြံအစည် ရှိနေတာ သိသာထင်ရှားပါတယ်.... ဒါကြောင့် ကျေးဇူးပြုပြီး ကောင်းကင်ဘုရင် နန်းတော်ထဲကို ဝင်ကြည့်ဖို့ ဖွင့်လှစ်လိုက်ပါတော့"

အသံတစ်ခုစီသည် လျှို့ဝှက်ချက် တစ်ခုကို ပြောပြနေသယောင်ပင်။

သခင်လေးရွှမ်ကျီးရဲ့ နောက်ကွယ်က ဂိုဏ်းဟာ ကြောက်ရတဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကြောင့်သာ မဟုတ်ရင် လူတော်တော်များများက ရွှမ်ကျီးကို ပွဲချင်းပြီး သတ်ပစ်ကြလိမ့်မည်။ သူ့ကြောင့် ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများစွာတို့သည် ကြေကွဲဖွယ် သေဆုံးသွားကြသည်လေ။

အခု စစ်တမ်းတစ်ခုလုပ်လို့ လက်ရှိ အခြေအနေမှာ လူအမုန်းဆုံး စာရင်းဝင် လူနှစ်ယောက်က ဘယ်သူတွေလဲ ဆိုရင် လုရွှမ်နဲ့ ရွှမ်ကျီးက အဲဒီစာရင်းထဲတွင် သေချာပေါက် ပါဝင်မှာ သေချာသည်။

ဤလျှို့ဝှက် ဆန်းကြယ်မှုများသည် ယနေ့ စံအိမ်ထဲ၌ ဖြစ်ပျက်ခဲ့သော အရာများကြောင့် ဆိုတာ ရှင်းသော်လည်း လုရွှမ်သည် လူတိုင်း၏ မနာလို၊ မုန်းတီးမှု၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

ကောင်းကင်ဘုရင်၏ စံအိမ်တော်ထဲသို့ ဝင်ရောက်သွားသူထဲက ပထမဆုံး အခက်အခဲမျိုးစုံကြားက လွတ်မြောက်ပြီး ထွက်လာသူ ဖြစ်သည်။ တခြားသူတွေ အနေနဲ့ကတော့ လူတိုင်းဟာ သူတို့ရဲ့ ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။

သူသည် ပါရမီရှင်တစ်ဦးဟု ယူဆသော်လည်း သူ့တွင် ကျင့်ကြံမှု၊ ပါရမီ၊ ဩဇာအတက်အကျ သို့မဟုတ် စိတ်နေစိတ်ထားတို့နှင့် ပတ်သက်၍ မှော်ဆန်သည့်အရာ မရှိပါ။ အထူးသဖြင့် လုရွှမ်သည် ကံကောင်းသောကြောင့် ၎င်းတို့ အသက်ရှင် လွတ်မြောက်နိုင်ခဲ့ကြောင်း ထင်ရှားလေသည်။

လုရွှမ်၏ အရည်အချင်းကို လူတိုင်းက အသိအမှတ် ပြုပြီးသား ဖြစ်သော်လည်း သူ၏ စွမ်းဆောင်ရည်သည် ၎င်းတို့၏ နားလည်မှုကို အထပ်ထပ်အခါခါ ပြန်လည် ဆန်းသစ်စေခဲ့သည်။

ဘယ်သူကမှ လက်မခံချင်ဘဲ သူတို့ရဲ့ နှလုံးသားထဲမှာ သံမဏိခြံတွေ ရှိနေ၏။ လုရွှမ်က မျှော်စင်နယ်ပယ်မှ အကြီးအကဲကို တိုက်ခိုက်ခဲ့သည်။ သူက ထန်းယွမ်မြို့၏ ထိပ်တန်း ပါရမီရှင် မဟုတ်သော်လည်း သူသည် ထိပ်တန်း ပါရမီရှင်များထဲက တစ်ယောက် ဆိုတာတော့ သေချာပါသည်။

လုရွှမ်နဲ့ ပခုံးချင်းယှဉ် ရပ်တည်နိုင်တဲ့ တစ်ခုတည်းသော သူတွေကတော့ အဓိက အင်အားစု ကိုးခုရဲ့ အဓိက မျိုးဆက်လူငယ်တွေပါပဲ။ ယခုမူ လုရွှမ်သည် မြေကြီးပြိုကျစေမည့် အရာတစ်ခုကို ပြုလုပ်ခဲ့ပြန်ပြီ။

လူသားများနှင့် နတ်မီးများကို ကြောက်ရွံ့သော ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ဘေးကင်းစွာ ထွက်ခွာလာခဲ့သည်။ ဒဏ်ရာမရှိသည့်အပြင် ရောင်ဝါကလည်း အားကောင်းလာတာ သိသာထင်ရှားပေသည်။

ဒီလိုလူတွေက သာမာန်လူတွေထက် သာလွန်တာ များလွန်းသွားပြီ။

အကယ်၍ သူသည် နတ်မီးနယ်ပယ်သို့ ရောက်နေပြီဆိုလျှင် မျှော်စင်နယ်ပယ်က သခင်များပင်လျှင် သူ့ကို သင်ခန်းစာ မပေးဝံ့ဘဲ သူ့ကို မြှောက်ပင့်ရန်သာ လုပ်နေရပေလိမ့်မည်။

သို့ရာတွင် သူသည် ကြီးပြင်းလာခြင်း မရှိပါက ပါရမီရှင်တစ်ဦး သို့မဟုတ် စစ်မှန်သော သခင်အဖြစ် မမှတ်ယူနိုင်တော့ပေ။ ဒီလိုလူတွေကို ချုပ်နှောင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ မဟုတ်ဘဲ သူတို့ ကြီးလာရင် ဘာဆက်ဖြစ်မလဲ​ မပြောတတ်ချေ။

သခင်လေးရွှမ်ကျီးရဲ့ လုရွှမ်အပေါ် မနာလိုမှုက မသေးလှချေ။ သခင်လေး ရွှမ်ကျီးကြောင့်မလို့သာ လုရွှမ်ဆိုတဲ့ ကောင်လေးက ယခုလို အောင်မြင်မှုတွေကို ရလာတာ ဖြစ်ပေသည်။ အရည်အချင်းတွေ ရှိပေမယ့် ဒီလောက်မြန်မြန်ကြီး တိုးတက်လာတာ မဖြစ်နိုင်ပေ။

ဆိုရိုးစကားအတိုင်း သူ့ကိုမသတ်နိုင်ရင် သူ့ကို ပိုသန်မာစေမှာ ​ဖြစ်ပြီး အနာဂတ်မှာ လုရွှမ်ဟာ အရင်ကထက် အများကြီး ပိုသန်မာလာမှာ ထင်ရှားပေ၏။

ဒီလျှို့ဝှက် ဆန်းကြယ်မှုဟာ အလွန်ရှင်းရှင်းလင်းလင်း ရှိပြီး ဒီလူတွေရဲ့ဒေါသကြောင့် ရွှမ်ကျီးမှာလည်း အနည်းငယ် အပြစ်ရှိတယ်လို့ ခံစားလာရသည်။ သူသည် သူ့​ဆရာသခင်၏ နောက်ဆုံးစကားများကို လိုက်နာခဲ့ရုံသာ ဖြစ်သော်လည်း ထိုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံလာရမည်ဟု မထင်ထားခဲ့ပေ။

သို့သော် ထိုသို့သော စိတ်ဆင်းရဲမှုသည် သူ့အတွက် သဘာဝကျကျ ပြဿနာမဟုတ်ပေ။ မဟုတ်ပါက သူသည် သခင်လေးရွှမ်ကျီး ဆိုတဲ့ ဘွဲဂုဏ်ကို ခံစားခွင့်ရှိမည် မဟုတ်ပေ။

ထိုစဥ် ရွှမ်ကျီးက ပတ်ဝန်းကျင်ကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

"အကြီးအကဲ၊ ညီအကိုတွေ၊ နတ်သမီးတွေ၊ မင်းတို့ရဲ့ ကြင်နာမှုအတွက် ရွှမ်ကျီးက ကျေးဇူးတင်ချင်ပါတယ်"

"ဟမ့်!"

ကမ္ဘာအပြင်က ထွက်လာသလို ပျော့ပျောင်းတဲ့ ညည်းသံက မေးခွန်းထုတ်တဲ့ လေသံတွေနဲ့ ပြည့်နေတဲ့ မြင်ကွင်းရဲ့ မှုန်မှိုင်းမှုကို အနှောင့်အယှက် ဝင်ပေးလိုက်သည်။

"ရွှမ်ကျီး..... ကောင်းကင်ဘုရင်စံအိမ်မှာ ပါရမီရှင်တွေ့ဆုံပွဲကို ကျင်းပတဲ့အတွက် သခင်အနေနဲ့ မင်း ကောင်းကင်ဘုရင်ရဲ့ စံအိမ်ထဲကို မ၀င်ရသေးဘူးနော်.... အဲဒါက နည်းနည်းတော့ ယုတ္တိမရှိဘူး မဟုတ်လား"

ပတ်ပတ်လည်တွင် တိတ်ဆိတ်နေပြီး လူအများက စကားပြောနေသော သူကို လှည့်ကြည့်နေကြသည်။

နတ်မီးနယ်ပယ် တတိယအဆင့်သာ ဖြစ်သော်လည်း ခွန်အားက အလွန်အားကောင်းနေတာ သိသာလှသည်။ ရွှမ်ကျီးကို စေ့စေ့ကြည့်နေပုံက သူတို့နှစ်ဦးကြားတွင် ခင်မင်ရင်းနှီးမှုများစွာ ရှိနေကြောင်း ထင်ရှား​စေသည်။

"လတ်စသတ်တော့ အစ်ကိုရောင်ဖန်းကိုး...မတွေ့တာကြာပြီနော် နေကောင်းရဲ့လား!"

ရောင်ဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ကောင်းတယ်... မင်းရွှမ်ကျီးဆိုတဲ့ နာမည်ကို အမွေဆက်ခံပြီး ပါရမီရှင်တွေ့ဆုံပွဲ အခမ်းအနားတစ်ခု ကျင်းပတော့မယ်လို့ ငါကြားတယ်.... ဒါကြောင့် မင်းကို ကူညီပေးဖို့ ငါ ဒီကို လာခဲ့တာ... နောက်ကျနေပြီလို့ ထင်တယ်နော် မျှော်စင်နယ်ပယ်က သက်ကြီးရွယ်အိုတွေလည်း အများကြီး ရောက်နေပြီ ငါလည်းစောင့်နေတယ် ​​ပွဲကြီးကျင်းပဖို့ ကောင်းကင်ဘုရင် စံအိမ်ထဲကို ဝင်လိုက်ကြရအောင်”

"ဟုတ်ပါတယ် ဒါပေမဲ့...."

"မင်း ဝင်သွားတော့!"

ရွှမ်ကျီး စကားပြောလို့ မပြီးသေးခင်မှာပဲ သူ့အနောက်ကနေ နတ်ဆိုးလေတွေ တိုက်ခတ်သွားသည်။ ရွှမ်ကျီးရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကင်ဘုရင်စံအိမ်ဆီ ထိန်းမနိုင်သိမ်းမရ ပြုတ်ကျသွားလေ၏။

ရွှမ်ကျီးက လုံးဝ မထိတ်လန့်သွားချေ။ ထိုအစား သူက လက်ဖဝါးကို လှန်ကာ လက်လေးချောင်းကို ဆန့်တန်းကာ ရှစ်ကြိမ်ဆက်တိုက် ဝေ့ယမ်းလိုက်သည်။ အလင်းတန်း ရှစ်ခုက သူ့နောက်မှ ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ဖမ်းထားလိုက်​လေသည်။

ရွှမ်ကျီး၏ နောက်ကွယ်တွင် မျှော်စင်နယ်ပယ်က မုတ်ဆိတ်မွေးနဲ့ လူတစ်ယောက် ပေါ်လာသည်။ ရွှမ်ကျီးက သူ့လက်ဝါးသိုင်းကွက်ကို အမှန်တကယ် ပိတ်ဆို့ထားတာကို မြင်လိုက်ရတော့ သူက ပြုံးကာ ပြောလေသည်။

"မဆိုးဘူး မဆိုးဘူး.... ရွှမ်ကျီးဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါတယ်.... ဒီဘွဲ့ကိုရနိုင်ဖို့ဆိုတာ နည်းနည်းတော့ ခွန်အားရှိဖို့ လိုတယ်လေ"

ရွှမ်ကျီးသည် သူ့စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း သူ့မျက်နှာမှာ ငြိမ်သက်နေပြီး ထိုလူဆီသို့ ဂါဝရပြုလိုက်သည်။

"အကြီးအကဲက ချီးကျူးနေပါပြီဗျာ"

"လူတိုင်း မစောင့်နိုင်တော့ဘူး ဆိုမှတော့ ကောင်းကင်ဘုရင်ရဲ့ စံအိမ်ထဲကို ဝင်လိုက်ကြရအောင်.... တွေးကြည့်လိုက်တော့ ကောင်းကင်ဘုရင်က ဘယ်သူလဲ ဆိုတာကို အားလုံးလည်း သိချင်နေကြမယ်လို့ ထင်ပါတယ်... ကောင်းကင်ဘုရင်ရဲ့ မူလနာမည်က ဝူထန်း... တစ်ချိန်က ကျွန်တော်တို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သခင်လေးရွှမ်ကျီးပါပဲ"

ဘာသာပြန် - ရွှမ်ကျီးရဲ့ အဓိပ္ပာယ်က 'လျှို့ဝှက်ဆန်းကြယ်သော အခွင့်အရေး' ပါ။ ရွှမ်ကျီးဆိုတာ ဘွဲ့ဂုဏ်တစ်ခု ဖြစ်ပုံရပါတယ်။

All Chapters