← Chapters

ခြေချင်းလိမ်

Vol. 91 Ch. 4.883

ခြေချင်းလိမ်

Vol. 91 Ch. 4.883

"ဘာ? တကယ်တော့ ကောင်းကင်ဘုရင်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းက သခင်လေးရွှမ်ကျီးလား?"

အသံသည် လှိုင်းလုံးတစ်ခုလို လူတိုင်းရဲ့နားဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်မှာပင် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ရောက်လုနီးပါး ဖြစ်နေသူ လက်ရှိရွှမ်ကျီးသည် ကောင်းကင်ဘုရင်စံအိမ်မှ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရ​လေသည်။ ရွှမ်ကျီးသည် ဂိုဏ်း၏ ရှေးဟောင်းစာအုပ်များထဲက လျှို့ဝှက်ချက် တချို့ကို တွေ့လိုက်ရပြီး သူ့​ဆရာသခင် မသေဆုံးမီ ကောလာဟလများနှင့် ပေါင်းစပ်လိုက်ရာ ရုတ်တရက် ဟုတ်နေသလို ခံစားလာရသည်။

တကယ်တော့ ဒီ​ကောင်းကင်ဘုရင်ဟာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဖြစ်နေတာပဲ။ သူသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် အခင်းအကျင်း ဖွဲ့စည်းပုံများကို အများအပြား တွေ့မြင်ခဲ့ပြီး သူနားမလည်သော ပုံစံများ များစွာရှိသော်လည်း ၎င်းတို့သည် မူလဇစ်မြစ် ရှိနိုင်ကြောင်းတော့ ခန့်မှန်းမိပါသည်။

ဒါဟာ လုံးဝ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး။ ဆရာ့ရဲ့ အခင်းအကျင်း ဖွဲ့စည်းခြင်း စွမ်းရည်နှင့် ကျင့်ကြံမှုအဆင့်က သဘာဝအားဖြင့် အလွန် မြင့်မားသော်လည်း နုတ်ယူခြင်း စွမ်းရည်အရ ဂိုဏ်းစတင် တည်ထောင်ချိန်မှစ၍ သူ၏စွမ်းရည်သည် ဒုတိယအမြင့်ဆုံး ဖြစ်သည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။

ပထမအဆင့်ရှိသူနှင့် ပတ်သက်၍ ဆရာသခင်က သူ့ကို အမည်မဖော်ဖူးသော်လည်း နောင်တွင် သူ၏ အမွေအနှစ်များကို မြင်တွေ့ခွင့်ရနိုင်မည်ဟုသာ ထုတ်ဖော်ခဲ့သည်။ အရာအားလုံးက ရွှမ်ကျီးကို နောက်ဆုံးမှာ သူ့သဘောပေါက်သွားစေခဲ့သည်။

ထိုကောင်းကင်ဘုရင်သည် တစ်ချိန်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို သစ္စာဖောက်ခဲ့သူ ဖြစ်သည်။ ဂိုဏ်းသည် ရတနာတစ်ခုကို ဆုံးရှုံးခဲ့ရပြီး ခိုးယူခံရသည်ဟု ကောလဟာလများ အမြဲရှိနေခဲ့သည်။

အဲဒါကိူ ကောင်းကင်ဘုရင်ရဲ့ စံအိမ်မှာ ဝှက်ထားခဲ့တာ ဖြစ်နိုင်မလား။ ဆရာသခင်ရဲ့ နောက်ဆုံးစကားရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘုရင် စံအိမ်မှာ ပါရမီရှင်တွေ့ဆုံပွဲကို ကျင်းပဖို့မဟုတ်ဘဲ ကောင်းကင်ဘုရင်ရဲ့ ဘဏ္ဍာကို ပြန်လည် ရယူခွင့်ရဖို့များလား။

ရွှမ်ကျီးမှာ ချက်ချင်းဆိုသလို အရာအားလုံးကို နားလည်သွားတဲ့အတွက် အရမ်း စိတ်လှုပ်ရှားနေပေမယ့် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာက ဘာလဲ ဆိုတာကိုတော့ မသိချေ။ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တဲ့ အသံက သူ့အာရုံကို အနှောင့်အယှက် ဖြစ်သွားစေ၏။

"ရွှမ်ကျီး... မင်းပြောတဲ့အတိုင်း အကြီးအကဲ ကောင်းကင်ဘုရင်က မင်းတို့ဂိုဏ်းကဆိုရင် အောက်ကအခင်းအကျင်း ပုံစံကို မင်းနားလည်သွားပြီပေါ့.... ဒါဆို အခင်းအကျင်းကို မင်းအသက်သွင်းပြီး ငါတို့အားလုံးကို လည်ပတ်ခွင့်ပေးမလား"

ရွှမ်ကျီးသည်လည်း လျင်မြန်စွာ တွေးကာ ပြုံးလိုက်သည်။

"ဒါပေါ့... မဟုတ်ရင် ကောင်းကင်ဘုရင်စံအိမ်ရဲ့ တည်နေရာကို ကျွန်တော်က ပွဲကျင်းပတဲ့ နေရာအဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်ကတော့ သတိပေးစကားတချို့ ပြောရဦးမယ်.... ကောင်းကင်ဘုရင် စံအိမ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်... ဝင်သွားပြီး အသက်ရှင်ချင်ရင် ကိုယ့်ခွန်အားကို အားကိုးရမယ် ဒါက ပါရမီရှင်တွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲပဲ.... ခင်ဗျားတို့ကို မ၀င်ပါနဲ့ဆိုပြီး တားလို့မရဘူး ဒါပေမဲ့ ကောင်းကင်ဘုရင် စံအိမ်ထဲမှာ တစ်ခုခုဖြစ်သွားရင်တော့ ကျွန်တော်တို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက တာဝန်ယူမှာ မဟုတ်ဘူးနော်”

ရတနာဝှက်ထားရာ နေရာသည် လျှို့ဝှက်ဆန်းကြယ် လွန်းလှသဖြင့် ဤလူတိုင်း အတွက်လည်း လိုအပ်သောအရာကို ရှာမတွေ့နိုင်ပေ။ သူတစ်ယောက်တည်းနဲ့လည်း ရတနာ ထွက်ပေါ်လာဖို့ မလုပ်နိုင်ချေ။ ဒါကြောင့် လူများလေ ပိုကောင်းလေပင်။

သူ သခင်လေးရွှမ်ကျီး ဘွဲ့ကို လက်ခံလိုက်သောအခါက ဆရာသည် အလွန်လျှို့ဝှက် ဆန်းကြယ်သော တံဆိပ်ပြား သင်္ကေတတစ်ခု ပေးခဲ့သည်။ အခုအချိန်အထိ နောက်ကွယ်က လျှို့ဝှက်ချက်ကို သူအပြည့်အဝ နားမလည်သေးပါဘူး။ တံဆိပ်ပြားပေါ်မှာ 'ရွှမ်ကျီး' ဆိုတဲ့ စကားလုံးနှစ်လုံးသာ ရေးထားသည်။

မူလက ၎င်းသည် အထောက်အထား အမှတ်အသား တစ်ခုဟု အမြဲထင်ခဲ့သော်လည်း ယခုအခါတွင် ၎င်းသည် အလွန်အသုံးဝင်ကြောင်း သိလာသည်။

လုရွှမ်သာ ဤအခိုက်အတန့်ကို မြင်လိုက်လျှင် အလွန်အံ့သြသွားလိမ့်မည်။ ရွှမ်ကျီးရဲ့ တံဆိပ်ပြားသည် သူ ကောင်းကင်ဘုရင်ထံမှ ရရှိသော တံဆိပ်ပြားနှင့် အတိအကျနီးပါး တူညီလေ၏။ တစ်ခုတည်းသော ခြားနားချက်မှာ သူ့တံဆိပ်ပြားပေါ်က စာသည် "ကောင်းကင်ဘုရင်" ဟူသော စကားလုံးသို့ ပြောင်းလဲသွားခြင်းပဲ ဖြစ်သည်။

တံဆိပ်ပြားကို ထုတ်လိုက်သည်နှင့် ဝိညာဥ်စွမ်းအင် အငွေ့အသက်များက တံဆိပ်ပြားဆီသို့ တိုးဝှေ့ ရောက်ရှိလာသည်။ ဒီထူးဆန်းတဲ့ မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေ၏။ ဒီတံဆိပ်ပြားကို လူတိုင်းလိုလို မြင်ဖူးကြပြီး ၎င်းက သခင်လေးရွှမ်ကျီးရဲ့ အမှတ်သင်္ကေတပင်။ ကောင်းကင်ဘုရင် စံအိမ်ရှေ့မှာ တကယ်အသုံးဝင်လိမ့်မယ်လို့ မထင်ထားခဲ့။

သခင်လေးရွှမ်ကျီးရဲ့ စကားများနှင့် ပတ်သက်၍ လူတိုင်းက သူ့ကို သိပ်မယုံနိုင်ကြသေးပါဘူး။

အလင်းရောင်များက ဆက်လက် တောက်ပနေသည်။ ထို့နောက်တွင် အမြှေးပါး အလွှာတစ်ခု ရုတ်တရက် ထိုးဖောက်သွားသလိုပင် အောက်တွင် ကောင်းကင်ဘုရင်စံအိမ်၏ မြင်ကွင်းသည် စီးဆင်းနေသော ရေလှိုင်းများသဖွယ် ထွက်ပေါ်လာပြီး လူတိုင်း၏ နလုံးသားကို ခြိမ်းခြောက်နေသည့် တည်ရှိမှုများက ပျောက်သွား၏။

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အံ့သြသွားသလို ရွှမ်ကျီးလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။ ကောင်းကင်ဘုရင်စံအိမ်ရဲ့ အခင်းအကျင်းက ချိုးဖျက်ခံခဲ့ရပြီလို့ ထင်ခဲ့သော်လည်း ယခုအခါ အခင်းအကျင်းက သုံးရက်တိုင်တိုင် တည်ရှိခဲ့ကြောင်း ပြသ​နေသည်။

"အားလုံးပဲ.... အခု ပါရမီရှင်တွေ့ဆုံပွဲက တရားဝင် စတင်နေပါပြီ.... ဒါက စွန့်စားမှုတစ်ခုနဲ့ ရှင်သန်ခြင်းပဲ ကောင်းကင်ဘုရင်စံအိမ်မှာ မှော်အတတ်တွေ များလွန်းတယ်လို့ ကောလာဟလတွေ ထွက်နေသလို ယန္တရားတွေလည်း အများကြီး ရှိတယ်... အဆင့်တွေက ပြောရခက်ပေမယ့် ကောင်းကင်ဘုရင်ရဲ့ စံအိမ်မှာ သုံးရက်လောက် အသက်ရှင်နိုင်ရင် အရည်အချင်း၊ ခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာမှာ အကောင်းဆုံးလူလို ပြောလို့ရတယ်... ”

ရွှမ်ကျီးက အော်ဟစ်ပြီးနောက် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ဦးစွာခုန်ဆင်းသွား​လေသည်။ လူတိုင်း၏ မျက်လုံးများသည် ရွှမ်ကျီး၏ ရုပ်သွင်ကို လိုက်ကြည့်ကြပြီး ကောင်းကင်ဘုရင် စံအိမ်​၏ မြေပြင်ပေါ် သူအမှန်တကယ် ဆင်းသက်ခဲ့ကြောင်း အတည်ပြုသည်။

ယခင်သွေးထွက်သံယို သင်ခန်းစာများက သူတို့စိတ်ထဲ စွဲနေတုန်းပင်။ ကောင်းကင်ဘုရင် စံအိမ်သို့ ခြေချပြီးသည်နှင့် ၎င်းတို့သည် လုရွှမ်လိုလူ မဟုတ်ပါက ကောင်းကင်ဘုရင် စံအိမ်ထဲ၌သာ မြှုပ်နှံထားရမှာ ဖြစ်ကြောင်း အသိပေးထားပြီးသား ဖြစ်နေပြီ။

ရွှမ်ကျီးလည်း လူတိုင်း တွေးနေကြတာကို သိသောကြောင့် သူသည် ကောင်းကင်ဘုရင် စံအိမ်ထဲ အကြိမ်အနည်းငယ် လျှောက်သွားကာ နောက်တဖန် ပျံသန်းလာပြီး လူတိုင်းရှေ့သို့ ဆင်းသက်လာခဲ့သည်။

ဒီတစ်ခါတော့ လူတိုင်းရဲ့ နှလုံးသားတွေလည်း ပွက်ပွက်ဆူလာခဲ့သည်။

ထိုသတင်းသည် လျင်မြန်စွာပဲ ပြန့်နှံ့သွားပြီး ကျင့်ကြံသူ များစွာတို့သည် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ တိုက်ရိုက် ပျံသန်းကာ မြေကြီးပေါ် ခြေချပြီးနောက် တစ်ဖန် ထွက်ခွာသွားကြသည်။ သခင်လေးရွှမ်ကျီး ပြောတဲ့စကားက အမှန်ဟုတ်မဟုတ် စစ်ဆေးနေကြခြင်းပင်။

"လူတိုင်းမှာ အချိန် သုံးရက်ပဲရှိတယ်... သုံးရက်မြောက်နေ့ မနက်စောစောမှာ အားလုံး ကောင်းကင်ဘုရင် စံအိမ်မှာ ထာဝရပိတ်မိမနေချင်ရင် အပြင်ကို ထွက်ပြေးရမယ်!"

"ကျေးဇူးတင်ပါတယ် သခင်လေးရွှမ်ကျီး... သွားကြရအောင်!"

ကျင့်ကြံသူ များစွာက ကြွေးကြော်ပြီး ကောင်းကင်ဘုရင်စံအိမ်တော်သို့ ပြေးဝင်သွားကာ ခန်းမဆောင်၊ လသာဆောင်၊ ကျောက်ဆောင် ဥယျာဉ်များဆီသို့ အမြန် ပျံသန်း ပြေးဝင်သွားကြသည်။

ကောင်းကင်ဘုရင်စံအိမ်သည် ထန်ယွမ်မြို့ တစ်ခုလုံး၏ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်ပြီး ၎င်းသည် ရတနာများ ဝှက်ထားရာ နေရာလည်း ဖြစ်သည်။ ကောင်းကင်ဘုရင် စံအိမ်ကို တည်ဆောက်ရန်အတွက် ကောင်းကင်ဘုရင်သည် ထန်းယွမ်မြို့ တစ်ခုလုံးက မရေမတွက်နိုင်သော ကောင်းကင် ပစ္စည်းများနှင့် မြေကြီးရတနာကို စုဆောင်းခဲ့သည်။

ကောင်းကင်ဘုရင် စံအိမ်သည် ကြီးကျယ်ခမ်းနားပြီး လျှို့ဝှက် ဆန်းကြယ်သော်လည်း စံအိမ်တစ်ခု တည်ဆောက်ရန် အတွက် ရတနာတွေ ဘယ်လောက်တောင် လိုအပ်လိုက်မလဲ။ ဒါကြောင့် မရေမတွက်နိုင်သော ရတနာများ ကျန်ရှိနေမှာကို စိတ်ကူး​​ကြည့်နိုင်သည်။

လုရွှမ်နှင့် တခြားသူများသည် ကောင်းကင်ဘုရင် စံအိမ်သို့ စောစီးစွာ ဝင်ရောက်ထားတာကြောင့် ရတနာတွေကို သိမ်းသွားပြီလားဟု သံသယရှိသူ အများအပြားလည်း ရှိပေသေးသည်။

အစပိုင်းတွင် နတ်မီးနယ်ပယ်သာ ပျံသန်းကြသော်လည်း တဖြည်းဖြည်းနှင့် ကောင်းကင်ဘုံသခင်တွေပါ အထဲ၌ ပျံသန်းရန် ရုန်းကန်ခဲ့ရသည်။ လူတို့သည် စည်းစိမ်ဥစ္စာကြောင့် သေဆုံးကြပြီး ငှက်များ အစာအတွက် သေဆုံးရသည် ဆိုသောစကားက အမှန်ပင်။

ဤကြီးမားသော အခွင့်အလမ်းသည် နောင်အနှစ်တစ်ရာတွင် တစ်ကြိမ်သာ ရရှိနိုင်ကာ နောက်နှစ်ပေါင်းများစွာမှာ ကောင်းကင်ဘုရင် စံအိမ်က တည်ရှိဦးမှာလား၊ အတွင်းက ရတနာတွေ ဆက်ရှိနေဦးမှာလား ဆိုတာ မေးခွန်းထုတ်စရာပါပဲ။

အခုမဝင်ရင် နောက်ကျသွားလိမ့်မည်။ အန္တရာယ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျင့်ကြံမှုက ကောင်းကင်ဘုံသခင်ကို ကျော်လွန်ထားပါက အန္တရာယ်ကို ကြောက်စရာ မလိုတော့ပေ။

တဖြည်းဖြည်းနဲ့ မျှော်စင်နယ်ပယ်က ကျင့်ကြံသူတွေလည်း ပျံတက်သွားကြသည်။ ပါရမီရှင်တွေ့ဆုံပွဲ ဆိုတာကိုလည်း သူတို့ ဂရုမစိုက်တော့ပေ။ ဒီလူငယ်လေးတွေက ကောင်းကင်ဘုရင် ထားခဲ့တဲ့ ရတနာတွေကို ရသွားမယ့် ကိစ္စအပေါ် ဘယ်လိုလုပ် လက်ပိုက်ကြည့်​နေနိုင်မလဲ။

လုရွှမ်သည် ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံထဲတွင် ထိုင်နေလျက် တောက်ပစွာ ထွန်းတောက်နေသော တံဆိပ်ပြားကို ထုတ်ယူကြည့်လိုက်လေသည်။

All Chapters