လော့ရှန်းက ဆရာတင်ပြီ
Vol. 91 Ch. 4.884
"ကောင်းကင်ဘုရင်စံအိမ် ဖွင့်ပြီ!"
"ဘယ်လို?"
အားလုံးက သူ့အနားကို ဝိုင်းလာပြီး အံ့သြသွားကြသည်။
အထူးသဖြင့် လော့ရှန်းတို့ ခြောက်ယောက်ပင်။ လုရွှမ်မှရရှိသော တံဆိပ်ပြား တစ်ခုကြောင့် မနေ့ညက ထွက်လာနိုင်ခဲ့တာ ဖြစ်လေသည်။ သုံးရက်လို့ ခေါ်တဲ့အချိန်ဟာ သခင်လေးရွှမ်ကျီးရဲ့ တခြားသူတွေကို လှည့်စားဖို့ သုံးထားတဲ့ လှည့်ကွက်သက်သက်ပဲ ဖြစ်သည်။
ဒါပေမဲ့ သခင်လေးရွှမ်ကျီးဟာ သူဟောကိန်း ထုတ်ထားတဲ့အတိုင်း ကောင်းကင်ဘုရင်စံအိမ်ရဲ့ အခင်းအကျင်းကို အမှန်တကယ် ဖွင့်လှစ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
"သခင်လေးလုရွှမ် ကျွန်တော်တို့ သွားကြည့်သင့်လား"
နံပါတ်သုံးက ဆိုလေ၏။ တခြားလူများစွာ၏ မျက်လုံးများသည်လည်း မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ ၎င်းတို့သည် မူလက မနေ့ညကတည်းက ကောင်းကင်ဘုရင် စံအိမ်ကြီးကို စူးစမ်းလေ့လာချင်ကြကာ တံဆိပ်ပြား ရထားတာက အားသာချက် တစ်ခုသာ ဖြစ်နေ၏။
ထို့နောက် ယခုဆို ကောင်းကင်ဘုရင်၏ စံအိမ်တော်ကို ရှာဖွေဖို့ အခွင့်အရေးယူရန် အချိန်တန်ပြီ ဖြစ်သည်။
ဒါပေမဲ့ ကံမကောင်းစွာပဲ သူတို့ ဘာမှမတွေ့ဘဲ အရာအားလုံးဟာ စွန့်ပစ်ပစ္စည်းတွေသာ ဖြစ်နေသည်။ ကောင်းကင်ဘုရင်၏ စံအိမ်တော်တွင် ရတနာများ မရှိခြင်းက မဖြစ်နိုင်သော အကြောင်းရင်းတစ်ခု ဖြစ်သည်။
ယခုမူ ကောင်းကင်ဘုရင် စံအိမ်သည် အတွင်းမှရတနာများကို ဖော်ထုတ်နိုင်စေမည့် ဤတံဆိပ်ပြားကို မထုတ်ပြတာက အကောင်းဆုံးပင်။
လုရွှမ် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။
"အားလုံးပဲ... ငါတို့အားလုံးက လိုအပ်တဲ့အချိန်တွေမှာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်... ဒါကြောင့် ငါမင်းတို့ကို သတိပေးသင့်တယ်လို့ ထင်တယ်"
"သခင်လေးလုရွှမ် မင်းပြောတဲ့အတိုင်းပဲ လုပ်မှာပါ... မင်းဘယ်သူလဲဆိုတာ ငါတို့နားလည်ပြီးသား မင်းပြောသမျှက ငါတို့အကျိုးအတွက် ဆိုတာ သေချာတယ်!"
"ကောင်းပြီ... အားလုံးက မင်းတို့ရဲ့လက်ရှိ အခြေအနေကို သတိထားသင့်တယ်။ နောက်ဆုံးတော့ ငါတို့က ကောင်းကင်ဘုရင် စံအိမ်ထဲကနေ အသက်ရှင်လျက် ထွက်လာတဲ့လူတွေ.... ငါတို့ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေက အပြင်မှာ မရေမတွက်နိုင်အောင် ရှိနေတယ်... ငါတို့ ကောင်းကင်ဘုရင်စံအိမ်ထဲက ဘယ်လိုထွက်လာနိုင်လဲ ဆိုတာကို ရှာဖွေဖို့ ကြိုးစားနေကြတာ"
"ဒါ့အပြင် ငါတို့ကိုယ်ပေါ်မှာ ကောင်းကင်ဘုရင် စံအိမ်ကနေ ရလာတဲ့ ကောင်းကင်ပစ္စည်းတွေနဲ့ မြေကြီးရတနာတွေ ရှိမရှိ ရှာဖွေချင်နေကြတယ်... အဲဒါတွေ ငါတို့မှာမရှိဘူးလို့ ပြောရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး.... ဒါကြောင့် အကောင်းဆုံး နည်းလမ်းကို ငါတွေးထားတယ်... ဒီနေရာကနေ ထွက်ခွာရမယ် သူတို့အားလုံး ကောင်းကင်ဘုရင် စံအိမ်ထဲ စုဝေးနေကြတဲ့အချိန် ဒီကနေ ထွက်သွားတာ ပိုလုံခြုံလိမ့်မယ်"
"ဒါပေါ့ ဒါကငါ့ရဲ့ ကိုယ်ပိုင်အမြင်ပါ...သွားမသွားကတော့ မင်းတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်"
လူခြောက်ယောက်က လုရွှမ် ပြောတာ မှန်ကြောင်း သိကြပါသည်။
အခု သူတို့ရဲ့ အနေအထားက ရှက်စရာကောင်းလို့ အခုက ထွက်ခွာဖို့ အကောင်းဆုံး အချိန်ပဲ။ ယခုမူ ကောင်းကင်ဘုရင် စံအိမ်ကြီး ဖွင့်ထားပြီး အတွင်း၌ မရေမတွက်နိုင်သော သဘာဝပစ္စည်းများနှင့် ရတနာများရှိနေသဖြင့် စွန့်လွှတ်ရန် မဖြစ်နိုင်တော့ပေ။
လူတိုင်းသည် ကောင်းကင်ဘုရင်စံအိမ်မှ ထွက်ခွာပြီးနောက် ကိုယ်ပိုင်အစီအစဉ်များ ရှိလာကြသည်။
လုရွှမ်သည် လူတိုင်း၏ ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိနားလည် ထားသော်လည်း ဤအရာသည် လူသားတို့၏ သဘောသဘာဝ ဖြစ်လေသည်။ သို့သော် သူတို့သည် မိမိနဲ့ အတူတကွ ဒုက္ခရောက်ခဲ့ကြပြီး ခက်ခဲမှုများဖြင့် အတူကျော်လွှားခဲ့သူတွေပင်။
အမှန်တော့ သတိပေးချက်တစ်ခုက သူတို့ဘဝတွေကို သူတို့ကိုယ်တိုင် ချုပ်ကိုင်ထားဖို့ လိုတယ်၊ သူဝင်စွက်ဖက်ဖို့ စိတ်မဝင်စားဘူးလို့ ပြောလိုက်တာပါပဲ။
လူခြောက်ယောက်က အကြာကြီး ဆွေးနွေးပြီးနောက် နံပါတ် ၃၊ နံပါတ် ၄၊ နံပါတ် ၅ နှင့် နံပါတ် ၆ တို့သည် လုရွှမ်အား လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
နံပါတ်သုံးက "သခင်လေးလုရွှမ်.... မင်းရဲ့အသက်ကယ်ပေးခဲ့တဲ့ ကြင်နာမှုကို ငါတို့ မမေ့ဝံ့ပေမယ့် ကောင်းကင်ဘုရင်စံအိမ်ရဲ့ ဒီခရီးစဉ်အပြီးမှာ ငါတို့ရဲ့ စိတ်ပိုင်းဖြတ်မှုတွေက ခိုင်မာလာပါပြီ.... တကယ့် ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့က နောက်ကျလွန်းတယ် ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ချင်တယ် ဒါမှမဟုတ် မျှော်စင်နယ်ပယ်ထဲကို ဝင်ချင်လို့ အန္တရာယ်ထဲ စွန့်စားရမယ်ဆိုရင် ငါတို့ အသက်ဆုံးရှုံးနိုင်ပေမယ့် နောက်ဆုတ်မိသွားရင်တော့ အမြဲတမ်း ဒီအဆင့်မှာပဲ ငြိမ်နေလိမ့်မယ်”
"အားလုံးစဉ်းစားပြီးပြီလား"
"အင်း ငါတို့က ကောင်းကင်ဘုရင်ရဲ့ နန်းတော်ထဲမှာ သေသွားရင်တောင် ဒါ ငါတို့ရဲ့ ကံကြမ္မာပဲ"
"ကောင်းပြီ မင်းတို့အောင်မြင်ပါစေ"
လုရွှမ် ခဏလောက်စဉ်းစားပြီး ဧကရာဇ်လက်နက် လေးခုကို ထုတ်ယူကာ လူလေးယောက်အား ပေးလိုက်သည်။
"ဒီဧကရာဇ်လက်နက်လေးမျိုးကို ငါ သန့်စင်ထားတာ.... သိပ်တော့မကောင်းဘူး ဒါပေမဲ့ ယူသွားပါ.... အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းတို့အသက်ကို ကယ်တင်နိုင်လိမ့်မယ်”
လူလေးယောက်က ထိတ်လန့်တုန်လှုပ် သွားကြသည်။
ဒါက ဧကရာဇ်လက်နက်လေ။ လုရွှမ် သန့်စင်ထားသော ဧကရာဇ်လက်နက်များသည် ထန်းယွမ်မြို့၌ နာမည်ကြီးသည်။ လုရွှမ်၏ ရိုးရှင်းသော ဧကရာဇ်လက်နက်များတွင်ပင် လူသတ်ငွေ့ များစွာရှိပြီး ၎င်းတို့ဟာ အနည်းဆုံး စွမ်းအင်သလင်းကျောက်များ သန်းဆယ်နှင့်ချီ၍ တန်လေသည်။
"သခင်လေးလုရွှမ် သခင်လေးရဲ့ မဟာကရုဏာကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး.... ဒီခရီးမှာ ငါလိုချင်တာက ကောင်းကင်ဘုရင် စံအိမ်တော်ဆီ သွားပြီး ငါ့ဘဝ တိုးတက်လာအောင် လုပ်ဖို့ပဲ... လွတ်မြောက်နိုင်ခဲ့ရင် မင်းရဲ့ မဟာကရုဏာအတွက် ထပ်ပြီး ကျေးဇူးတင်ပါ့မယ်!"
"နှုတ်ဆက်ပါတယ်!"
စကားတွေပြောပြီးနောက် လေးယောက်သား ထွက်သွားကြလေသည်။ အားလုံး သွားပြီးသောအခါ တျယ်ရှုံက တခစ်ခစ်ရယ်ရင်း။
"ငါ့ရဲ့ အရည်အချင်းက သာမာန်မို့ ဘာမှ ထပ်မမျှော်လင့်တော့ဘူး... လုရွှမ် မင်းငါ့ကို သဘောကျရင် ငါဒီမှာနေပြီးတော့ ပန်းပဲသမားလုပ်မယ်"
လုရွှမ် ရယ်မောလိုက်သည်။
"ကြိုဆိုပါတယ်"
ထိုအခိုက် လော့ရှန်းက ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်လေ၏။
"သခင်လေး....လော့ရှန်း သခင်လေးကို ဆရာအနေနဲ့ နှုတ်ခွန်းဆက်စကား ပြောခွင့်ရတဲ့အထိ ကံကောင်းမလားတော့ မသိဘူး?"
လုရွှမ်သည် လော့ရှန်းက သူ့တပည့် ဖြစ်လာချင်လိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ခဏတာ ငြိမ်သွားခဲ့သည်။ ဟုန်ရှန်ယင်းတို့ အုပ်စုမှာ အံ့သြသွားပုံရသော်လည်း အငယ်တန်း ညီမတစ်ယောက် ထပ်တိုးလာသည့် အတွက် အလွန်ကျေနပ်နေပုံရသည်။
တျယ်ရှုံ အနည်းငယ်ရှက်သွားပြီး "ငါကော.."
လုရွှမ် လော့ရှန်းကို မတ်တတ် ပြန်ရပ်ခိုင်းလိုက်သည်။ လော့ရှန်းရဲ့ အရည်အချင်းကိုတော့ သူ အတော်လေး ကျေနပ်ခဲ့ပါသည်။ သူမမှာ အရည်အချင်းကောင်း၊ ခံနိုင်ရည်အားကောင်းပြီး စရိုက်ကလည်း သူ့မျှော်လင့်ချက်နဲ့ လိုက်ဖက်ပါ၏။
"ကောင်းပြီ ဒါဆို မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံလိုက်မယ်....ချွန်းရှောင် ဒါကမင်းရဲ့ စတုတ္ထမြောက် ဆရာတူအစ်မပဲ"
ကောင်မလေးတွေက တစ်ယောက်ကို တစ်ယောက် ရွှင်မြူးစွာ နှုတ်ဆက်လိုက်ကြသည်။ လုရွှမ်ကတော့ တျယ်ရှုံလက်လှည့်၍။
"မင်း တပည့်မဖြစ်ရဘူး.... ငါတို့က ညီအကိုတွေလေ နောက်ပြီး သူတို့နဲ့ ငါက ဆရာနဲ့ တပည့်တွေဖြစ်ပေမယ့် ခေါင်းစဥ်သက်သက်ပဲ... ငါတို့အားလုံးက သူငယ်ချင်းတွေ"
"ကောင်းပြီ အခု စံအိမ်ပြန်ဖွင့်ပြီ ဆိုတော့ ငါတို့လည်း စွန့်စားခန်းသွားရမယ့် အချိန်ရောက်ပြီ... ချွန်းရှောင် ဆိုင်တံခါးကို သေချာ စောင့်ကြည့်ထားပြီး ငါတို့ပြန်လာတာကို စောင့်နေ"
ချွန်းရှောင်က နှုတ်ခမ်းလေး စူပြီး တုံ့ပြန်လိုက်သည်။ သူမအဆင့်သည် အလွန်နိမ့်ကျတာကြောင့် လိုက်သွားလည်း အသုံးမဝင်ကြောင်းကို သူမ သိပါသည်။ တျယ်ရှုံနဲ့ လော့ရှန်းအတွက်လည်း လက်နက်တွေ ရွေးလိုက်သည်။ ယနေ့ လက်နက် သန့်စင်ရေး အလုပ်ရုံသည် လက်နက်မှလွဲ၍ ကျန်အရာရာ ကင်းမဲ့ပါသည်။
တခြားလက်နက် သန့်စင်ရေး အလုပ်ရုံများက တပည့်များကို သင်ကြားပေးသည်။ လုရွှမ်ကတော့ လက်နက်တွေကို ထိခိုက်မှာကြောက်လို့ ပစ္စည်းတွေကို ယူသွားပြီးရင် လက်နက်ကို ဖြည်းဖြည်းချင်း သန့်စင်နိုင်အောင် ရှင်းပြပြီး လမ်းတစ်လျှောက်လည်း တပည့်တွေနဲ့ အမေးအဖြေ လုပ်နေသည်။
မိန်းကလေးများသည် လက်နက်သန့်စင်ခြင်း လုပ်ငန်းစဉ်နှင့် နည်းစနစ်များကို နားလည်လာပြီးနောက် လက်နက်များကို ကျွမ်းကျင်စွာ သန့်စင်လာနိုင့သည်။
လုရွှမ်ရဲ့ လက်နက်အဆင့်က လုံးလုံး မတိုးတက်သေးသော်လည်း အနည်းဆုံးတော့ ၎င်းတို့အားလုံးသည် အဆင့်ငါး သို့မဟုတ် အထက်ရှိသော ဧကရာဇ်လက်နက်များ ဖြစ်သည်။ ဤနည်းဖြင့် လက်နက် သန့်စင်ရေး အလုပ်ရုံသည် လက်နက်များကို လျင်မြန်စွာ စုဆောင်းလာခဲ့သည်။
ကောင်းကင်ဘုရင်၏ စံအိမ်အနားသို့ ရောက်ရှိသွားသောအခါ၌ လုရွှမ် မပြောနဲ့ တခြားလူတွေတောင် သူတို့ရဲ့ နှလုံးသားများကို ရင်တုန်စေသော စွမ်းအားများ လျော့နည်းသွားတာကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
ယခုအချိန်တွင် ကောင်းကင်ဘုရင်၏ စံအိမ်သည် ကြောက်မက်ဖွယ် ကောင်းနေသေးသော်လည်း ၎င်းမှာ ကြောက်မက်ဖွယ် စွမ်းအားတွေတော့ မရှိတော့ပေ။
လူအများအပြားသည် လုရွှမ်နှင့် သူ့အဖွဲ့ ရောက်ရှိလာတာကို တွေ့ခဲ့ရပြီး ရှောင်တခင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ၎င်းတို့သည် ယခင်နောက်ခံ အကြောင်းများကို သိရှိခဲ့ကြသည်။
"လတ်စသတ်တော့ ကောင်းကင်ဘုရင်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ စွန့်ပစ်ခံတပည့် ဖြစ်နေတာကိုး... ငါတကယ် မမျှော်လင့်ထားဘူး... ရွှမ်ကျီးဆိုတဲ့ကောင် ဒီနေရာကို ပါရမီရှင်တွေ့ဆုံပွဲ ကျင်းပမယ့် နေရာအဖြစ် သတ်မှတ်တာ အံ့သြစရာမရှိပါဘူး သူက စီစဉ်ထားပြီးသား ဖြစ်နေတာပဲ"
"ဟမ့် သူ့ကို သူငယ်ချင်းလို့ ခေါ်ခဲ့ရတာ အသုံးမဝင်ဘူး.... သူ ငါ့ကို တစ်ချိန်လုံး လှည့်ဖြားနေမယ်လို့ မထင်ထားဘူး ဟမ့်... ပြန်တွေ့လို့ကတော့!"
မိန်းကလေးများက ခါးထောက်ကာ ပွစိပွစိ ပြောလာကြသည်။ လုရွှမ်သည် အတိတ်အကြောင်းကို တွေးပြီး ပြုံးကာ ခေါင်းခါလိုက်သည်။
"မင်းတို့ ရွှမ်ကျီးကို ပြစ်မှားမိမှာ ကြောက်ရတယ်... ကောင်းကင်ဘုရင် သေသွားပြီးတော့ ကောင်းကင်ဘုရင်စံအိမ်က ထိန်းချုပ်မှု ဆုံးရှုံးသွားတာ ဖြစ်နိုင်တယ်...ရွှမ်ကျီးက သူ့ရဲ့ သင်္ကေတကို သုံးပြီးမှ ဒီနေရာကို ဖွင့်နိုင်ခဲ့တာ"
"ဟမ့် သူက လူကောင်းကို မဟုတ်ဘူး"
လုရွှမ် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ မိန်းကလေးတွေကို မစော်ကားမိတာက အကောင်းဆုံးပဲ။