ပင်မခန်းမရှစ်ခု
Vol. 91 Ch. 4.885
လုရွှမ်သည် ဖီးနစ်မီး အနည်းငယ်ပါရှိသော အဆောင်လက်ဖွဲ့နှစ်လုံးကို တျယ်ရှုံနဲ့ လော့ရှန်းတို့အားလည်း ပေးလိုက်သည်။
ကောင်းကင်ဘုရင်စံအိမ်ရဲ့ မြေကို တစ်ဖန်ပြန်လှမ်း ကြည့်လိုက်တော့ လုရွှမ်တို့မှာ သူတို့ရဲ့နေရာဟောင်းကို ပြန်လည် လည်ပတ်နေရသလို ခံစားလိုက်ရပြီး ဟုန်ရှန်ယင်းနဲ့ တခြားမိန်းကလေးတွေကတော့ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြကာ အထူးသတိ ထားနေကြသည်။
လုရွှမ်တို့အဖွဲ့ကို ဂရုတစိုက် ကြည့်နေတဲ့ ပတ်ဝန်းကျင်က လူများစွာလည်း ရှိနေသည်။ လုရွှမ်ကလည်း သူတို့ တွေးနေတာတွေကို ကောင်းကောင်း သိပာသည်။ ၎င်းတို့သည် သူတို့နောက်က လိုက်ကာ ကောင်းကင်ပစ္စည်းများနှင့် မြေကြီးဆိုင်ရာ ရတနာများကို ရှာဖွေလိုသည် မဟုတ်လော။
ဘယ်လိုပဲ ရှင်းပြနေပါစေ အသုံးမဝင်တာကြောင့် လုရွှမ်ဟာ အဲဒီလူတွေကို ရှင်းပြဖို့ စိတ်မ၀င်စားတော့ချေ။ လိုက်ချင်ရင် လိုက်ခဲ့နိုင်ပါသည်။ ကောင်းကင်ဘုရင်စံအိမ်က ဖွင့်ထားပေမယ့် သေချင်ရင်တော့ လိုက်ခဲ့နိုင်ပါ၏။ တားချင်လည်း တားလို့ရမယ့် လူတွေ မဟုတ်ချေ။
လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားသည် ပတ်ဝန်းကျင်က အပြောင်းအလဲများကို ခံစားသိရှိနိုင်၏။ သူ့စိတ်ဝိညာဉ် စွမ်းအားကို ဖိနှိပ်ထားဆဲ ဖြစ်သည်။ သို့သော် ဖိနှိပ်ထားသည့် စွမ်းအားသည် ခေတ္တမျှ ဖိနှိပ်ခံထားရသကဲ့သို့ပင်။
အာကာသကျောက်စိမ်းပြားသည် ပုံမှန်အတိုင်း ဆက်သွယ်နိုင်ဆဲ ဖြစ်တာကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။ အကြောင်းမှာ အာကာသကျောက်စိမ်းပြားသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်လေသည်။
တံဆိပ်ပြား ရှိနေပြီမလို့ ဤနေရာ၌ အန္တရာယ်အရှိဆုံးအရာမှာ ကောင်းကင်ဘုရင် စံအိမ်မဟုတ်တော့ဘဲ မျှော်စင်နယ်ပယ် ဖြစ်သွားပြီ။ အထူးသဖြင့် မျှော်စင်နယ်ပယ်ရှိ သခင်များက အမှောင်ထဲတွင် ပုန်းအောင်းနေကြသည်။
"အစ်ကိုကြီးလုရွှမ်... အဲဒီနှစ်တုန်းက ထန်းကျီဂိုဏ်း (ကောင်းကင်လျှို့ဝှက်ဂိုဏ်း) က ရတနာတစ်ခုကို ဆုံးရှုံးသွားဖူးတယ်လို့ ကြားမိတယ်... အဲဒါကြောင့် ကောင်းကင်ဘုရင်က ဂိုဏ်းကနေ နှင်ထုတ်ခံရတာတဲ့... အဲဒီရတနာကို ဒီမှာ ဝှက်ထားမယ်လို့ ထင်လား"
လီလင်ရှို့က သူမရဲ့ အမြင်ကို ပထမဦးစွာ ဆိုလာသည်။
'ရတနာတစ်ခုလား?'
လုရွှမ်၏ မျက်လုံးများသည် ရတနာတစ်ခုဟု ယူဆနိုင်လောက်အောင် လင်းထိန်သွားသည်။
'ကမ္ဘာ့ရတနာ!'
လုရွှမ်သည် ပထမဆုံး အနေဖြင့် ကောင်းကင်စာအုပ်၏ အစိတ်အပိုင်းရှစ်ခုကို တွေးတောမိခဲ့သည်။ ကောင်းကင်ဘုရင်သည် အခင်းအကျင်း ကောင်းကင်စာအုပ်ဖြစ်သည့် ကျောက်ပြားတစ်ချပ်ကို တွေ့ခဲ့သည်။
လီလင်ရှို့၏ စကားများနှင့် ပတ်သက်၍ လုရွှမ် မယုံသော်လည်း သူမ ကြားထားသော ဇာတ်လမ်းက လုံးဝ မှားယွင်းကြောင်း သိသည်။ ကောင်းကင်ဘုရင်သည် စွန့်ပစ်ခံထားရသော တပည့်တစ်ဦး ဖြစ်လာရသည့် အကြောင်းရင်းမှာ ထန်းကျီဂိုဏ်းက အခင်းအကျင်း ဖွဲ့စည်းခြင်းစာအုပ်ကို ခိုးယူခဲ့ခြင်းကြောင့် မဟုတ်ဘဲ ဂိုဏ်းက အခင်းအကျင်း ဖွဲ့စည်းခြင်းစာအုပ်ကို မြင်ပြီး သူ့ဆီက ယူလိုသောကြောင့်သာ ဖြစ်သည်။
နောက်ဆုံးတွင် ကောင်းကင်စာအုပ်သည် ၎င်း၏ပိုင်ရှင်ကို အသိအမှတ် မပြုပါက မရွှေ့မပြောင်းနိုင်ပေ။
ကောင်းကင်ဘုရင်သည် ဤနေရာ၌ "အခင်းအကျင်း" ဟူသော စကားလုံးဖြင့် ကောင်းကင်စာအုပ်ကို ဝှက်ထားနိုင်သည်။ ဒါက သူသည် ကောင်းကင်စာအုပ်ဆီက သဘောတူညီချက် ရထားတာ ထင်ရှားပါသည်။ ဂိုဏ်းကြီးသည် သဘာဝအတိုင်း မပျော်မရွှင် ဖြစ်နေသောကြောင့် ရွှမ်ကျီးသည် ဤအချိန်တွင် ကောင်းကင်စာအုပ်ကို ပြန်ရယူရန် ရည်ရွယ်ချက်ဖြင့် ဤနေရာက စီစဉ်ထားခြင်းဖြစ်သည်။
သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေထဲ၌ ကောင်းကင်နှင့်ကမ္ဘာ အားလုံးကို ဖန်ဆင်းထားကြောင်း မြင်ပြီးနောက် လုရွှမ်သည် သူ၏အတိတ်မကြောင်း သိမြင်မှုဆိုင်ရာ အယူအဆများက အခြေခံအားဖြင့် မှားယွင်းနိုင်ကြောင်း သိလိုက်ရသည်။
အမှန်မှာ ကမ္ဘာငယ်များကို တစ်ခုပြီးတစ်ခု ခွဲထားသော်လည်း ၎င်းတို့ကြားတွင် ကြီးမားသော ဆက်စပ်မှု ရှိနေ၏။ ဒါက ထင်ရှားသော်လည်း လက်ရှိသူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်လွန်းသဖြင့် ၎င်းကို သတိမပြုမိခဲ့ပေ။
ထို့ကြောင့် တောင်တစ်သောင်းကမ္ဘာ၏ ကမ္ဘာ့ရတနာက ပုံသဏ္ဌာန် မပေါ်လာသေးတာတွေ ကောင်းကင်စာအုပ်ကြီး ပျောက်ဆုံးသွားတာတွေရဲ့ ကြားရှိ ဆက်စပ်မှုမှာ မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေပေလိမ့်မည်။
"အစ်ကိုလုရွှမ်... အစ်ကို ဘာတွေ စဉ်းစားနေတာလဲ"
လုရွှမ် သူ့အသိစိတ်ထဲ ပြန်ဝင်လာပြီးနောက် ဆိုလိုက်သည်။
"အဲဒီကောင်လေး ရွှမ်ကျီးက မရိုးသားဘူး သူနဲ့တွေ့တဲ့အခါ သတိထား..."
လုရွှမ်၏ စကားများက လေးနက်သည်ဟု ယူဆကြတာကြောင့် ဘာလို့လဲဟု အမြန် ပြန်မေးလာကြသည်။
ဖီးနစ်နတ်မီး၏ စမ်းသပ်မှုကို ခံနိုင်ရည် ရှိသောကြောင့် လော့ရှန်းနဲ့ တျယ်ရှုံက ယုံကြည်ထိုက်သူများ ဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် ပြဿနာရှိလျှင်ပင် ဖီးနစ်နတ်မီးက သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး ၎င်းတို့ကို ဖျက်စီးပစ်နိုင်သည်။
"ငါခန့်မှန်းတာသာ မှန်ရင် ရွှမ်ကျီးက ကမ္ဘာ့ရတနာတစ်ခုကို ရှာဖွေနေတာ"
"ကမ္ဘာ့ရတနာ!"
"စိတ်မပူပါနဲ့... ငါ အနီးနားကို အကာအရံတွေ ချထားပြီးသား အသံတွေ မကူးစက်နိုင်ဘူး"
လူများစွာ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားလေသည်။ ယင်းက ကမ္ဘာ့ရတနာတစ်ခုပင်။
ယခင်က ကမ္ဘာ့ရတနာ၏ အသွင်အပြင်ကို ခံစားခဲ့ရဖူးပြီး လေလံတင်ရောင်းချသည့် စျေးနှုန်းမှာ အံ့မခန်းဖြစ်ခဲ့သည်။ မမျှော်လင့်ဘဲ ကောင်းကင်ဘုရင်၏ စံအိမ်ထဲတွင် ဝှက်ထားသော ကမ္ဘာ့ရတနာတစ်ခု ရှိနေသည်။ သူများတွေသာ သိသွားရင် အကုန်လုံး ရူးသွားလိမ့်မည်။
လုရွှမ်သည် ကောင်းကင်စာအုပ်၏ အစိတ်အပိုင်း ရှစ်ခုအကြောင်း ပြောပြခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုရင်စံအိမ်ကြီးနှင့် ထန်းကျီဂိုဏ်းတို့ အမှန်တကယ် ပါဝင်ပတ်သက်နေကြောင်း လူတိုင်းက မယုံကြည်ခဲ့ကြပေ။ ဤကမ္ဘာ့ရတနာများသည် အမှန်တကယ်ပင် တောင်တစ်သောင်းကမ္ဘာဟု ခေါ်သော ကမ္ဘာငယ်လေးမှ လာခဲ့ခြင်းဖြစ်ကြောင်း သိရသောအခါ ၎င်းတို့ကို ပို၍ပင် စိတ်ရှုပ်ထွေးစေခဲ့သည်။
ဒါပေမဲ့ ဒီကမ္ဘာကြီးရဲ့ ရတနာဆိုတာ သိသာထင်ရှားလျှင် သေချာပေါက် ရယူရမယ့် အရာဖြစ်သွားပြီ။
ခပ်ဝေးဝေးမှာ လူတော်တော်များများက စိုးရိမ်တကြီးနဲ့ ခေါင်းကုတ်နေကြသည်။ သူတို့ပြောတာကို မကြားရပေမယ့် တစ်ခုခုကို ကြံစည်နေတာလို့တော့ ကောက်ချက်ချမိပါသည်။
"သွားမယ်... အကြီးအကဲကို အကြောင်းကြားရအောင်... ဒီကောင်က ထက်မြက်လွန်းတယ် အကြီးအကဲပဲ ဒီလိုကောင်ကို ပညာပေးနိုင်မှာ"
အခင်းအကျင်း ကန့်သတ်ချက်ကို ဖွင့်ပြီးနောက် လုရွှမ်သည် ဦးတည်ချက်ရမည့် နေရာကို ကြည့်ကာ ခန်းမကျယ်ကြီး တစ်ခုထဲသို့ ၀င်သွားခဲ့သည်။ အခင်းအကျင်း ကောင်းကင်စာအုပ်ကို ဘယ်နေရာမှာ ဝှက်ထားသလဲ ဘယ်သူမှ မသိချေ။ အဲဒါကို ပင်မခန်းမမှာ သိမ်းထားတာ ဖြစ်နိုင်သလို အပြင်က ပန်းခြံထဲမှာ စီစဉ်ထားတာလည်း ဖြစ်နိုင်သည်။
ဒါပေမဲ့ အပြင်ကလူတွေက သူတို့ကို လိုက်ဖမ်းနေတာကြောင့် ခန်းမထဲကို ဝင်လိုက်တာနဲ့ အဲဒီလူတွေကို အရင်ဆုံး ဖယ်ပစ်ရမယ်။
ကျန့်ထျန်းခန်းမ။
ခန်းမဆောင်ကြီးပေါ်တွင် ကပ်ထားသည့် ကမ္ဗည်းပြားကို ကြည့်လိုက်တော့ လုရွှမ် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ကောင်းကင်ဘုရင်စံအိမ်ထဲတွင် ခန်းမရှစ်ခုရှိကြောင်း တံဆိပ်ပြားက ဖော်ပြထားသည်။
ကျန့်ထျန်း၊ ချီထျန်း၊ တုံးထျန်း၊ လင်ထျန်း၊ ဖျင်ထျန်း၊ အောင်ထျန်း၊ ဟောက်ထျန်း၊ ရွှီးထျန်းတို့ပင်။ ယခင်က တံဆိပ်ပြားကို ကြည့်လိုက်သောအခါ လုရွှမ်သည် ၎င်းကို မယုံရန် အနည်းငယ် ဝန်လေးနေခဲ့သည်။ ယခုတော့ ပျံသန်းနေသော နဂါးများနှင့် ဖီးနစ်များပါသည့် ကမ္ဗည်းပြားကို မြင်ရတော့မှ ယုံသွားသည်။
လူများသည် ပင်မခန်းမအပြင်ဘက်သို့ လှည့်လည် သွားလာနေကြသော်လည်း ခန်းမကြီးအတွင်း၌ အမှောင်ထုနှင့် အေးစက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ထိတ်လန့်နေဆဲ ဖြစ်သည်။
အထူးသဖြင့် ပင်မခန်းမကြီးပေါ်ရှိ ကမ္ဗည်းပြားပင်။ ၎င်း၏ အရှိန်အဟုန်က ထိတ်လန့်စရာ ကောင်းလှသည်။
"လုရွှမ်တို့ဒီမှာကွ!!"
လုရွှမ်နဲ့ သူ့အဖွဲ့ ဝင်လာတာကို ကြည့်ပြီး လူတွေလည်း ထိတ်လန့်သွားကြကာ လူတစ်စုကလည်း အနောက်ကနေ လိုက်ဝင်လာကြသည်။
ပင်မခန်းမထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် လုရွှမ် အသက်စွမ်းအင်ကို တစ်ချက် ခံစားလိုက်ရသည်။ သို့သော် ဤအသက်စွမ်းအင်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ခံထားရပြီး လျင်မြန်စွာ ပြောင်းလဲနေ၏။
သူသည် ကြောက်ရွံ့နေသော သို့မဟုတ် သတိထားနေသော တခြားလူများကို ကြည့်လိုက်သော်လည်း သူသတိထားမိသည့် အပြောင်းအလဲများကို ၎င်းတို့က သတိမထားမိပုံရသည်။
ခန်းမ ရှစ်ခုလား။
အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာ နားလည်မှုနှင့် ပတ်သက်၍ လုရွှမ်သည် ကောင်းကင်ဘုရင်ထက် ဤနေရာ၌ တည်ဆောက်ထားသော အဓိကခန်းမကြီး ရှစ်ခုသည် ပါကွာပုံသဏ္ဍာန်ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိ ဘယ်သူမှ မသိနိုင်ကြောင်း သိလိုက်သည်။
ဤအရာသည် ကောင်းကင်စာအုပ်ထဲတွင် သူမြင်ခဲ့ရသည့် အရာပင်။ အခင်းအကျင်း ကောင်းကင်စာအုပ်က အလွန်လေးနက်ပြီး မထင်မရှား ဖြစ်နေသည်။ အထူးသဖြင့် ပြောင်းလဲမှုများက အဆုံးမရှိပေ။ ၎င်းကို နားလည်နိုင်သူ အလွန်နည်းပါးပါသည်။ ရားရားပင်လျှင် စိတ်အားထက်သန်သလို ခံစားရသည်။
ထို့ထက် သူတို့ရရှိထားသော ကောင်းကင်စာအုပ်သည် မူလစာအုပ် မဟုတ်သောကြောင့် ၎င်းကို ကောက်ချက်ချလိုပါက များစွာချို့တဲ့နေသေးသည်။ ယခုတွင် ကောင်းကင်ဘုရင်သည် သင်္ကေတရှစ်ခုကို ခန်းမရှစ်ခုတွင် ရိုက်နှိပ်ထားတာ ထင်ရှားပါသည်။ တံဆိပ်ပြား ရှိလျှင်ပင် သတိထားရမည်။
"အား......"
ထိုအခိုက် ခန်းမကြီးထဲမှာ လူတစ်ယောက် ရုတ်တရက် အော်ဟစ်ပြီး လက်ကိုဖွင့်ကာ လူတိုင်းဆီက အကူအညီ တောင်းလာလေသည်။
သို့သော် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ အိုမင်းရင့်ရော်လာပြီး အသက်စွမ်းအင်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် သူ့ရဲ့ ကျင့်ကြံမှုတွေပါ မရှိတော့ဘဲ လေဖြင့်လွင့်သွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှင်သန်ခြင်းတံခါးသည် အသက်စွမ်းအင်ကို ကိုယ်စားပြုသော်လည်း ယခုအခါတွင် အသက်စွမ်းအင်မှာ သိသိသာသာ ချို့ယွင်းနေပြီ ဖြစ်သည်။ ထိုလူရဲ့ ကြောက်စရာကောင်းတဲ့ ထူးဆန်းသည့် အပြောင်းအလဲကြောင့် ခန်းမထဲက လူတွေအားလုံး အော်ဟစ်ပြီး ခန်းမအပြင်ဘက်ကို ပြေးထွက်သွားကြသည်။