← Chapters

အပေးအယူတစ်ခု လုပ်ရအောင်

Vol. 49 Ch. 676

အပေးအယူတစ်ခု လုပ်ရအောင်

Vol. 49 Ch. 676

ကောင်းကင်မိုးကြိုးမြို့၏ အရှေ့ဘက်ခရိုင်ထဲ၌ ပရိဘောဂအစုံအလင်ရှိသည့် ခြံဝန်းလေးတစ်ခု ရှိသည်။

အစ်မကြီးဆည်းလည်းသည် သူမ၏ နှင်းဖြူရောင် အသားအရေများကို ထုတ်ဖော်ပြသနိုင်သည့် လည်ပင်းကျယ်သော ရေပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံနှင့်အတူ ပန်းရောင်ဆည်းလည်းလေးများလည်း ပါလာလေရာ တဏှာရူးအများစုကို မျက်လုံးများ ပြူးထွက်လာစေ၏။

သူမက အေးအေးလူလူထိုင်ပြီး လက်ဖက်ရည် သောက်နေလေ၏။ ထိုလက်ဖက်ရည်က ပထမတန်းစား နဂါးရနံ့ဖြစ်ပြီး တစ်ထုတ်ကို ကောင်းကင်ဘုံကျောက်တုံးတစ်ထောင် ကျသင့်၏။ တစ်ထုတ်လျှင် တစ်ခွက်အတွက်သာ အသုံးပြုနိုင်သည်။ လူအများက ယင်းကို မသောက်ကြပေ။ အနံ့ရရုံနဲ့တင် ယစ်မူးရန် လုံလောက်နေပြီ ဖြစ်၏။

သူမ၌ လက်ဖက်ရည်သောက်လိုက်ချိန်၌ ညှို့ငင်ပြီး ဆွဲဆောင်နိုင်စွမ်း ရှိသည့် စက္ကုပသာဒ ဖြစ်စေသည့် နှုတ်ခမ်းတစ်စုံ ရှိနေ၏။ လက်ဖက်ရည်ခွက်ကို လက်တစ်ဖက်က ကိုင်ထားလျက် ကျန်လက်တစ်ဖက်က လက်ဖက်ရည်ခွက်အဖုံးကို ဖွင့်နေလေ၏။ မျက်လုံးမှိတ်ထားပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။  သူမ၏ အပြုအမူက ကျက်သရေရှိကျော့ရှင်းကာ ငြိမ်းချမ်းပြီး သဘာဝဆန်၏။

သုံးမိနစ်ခန့် ကြာပြီးနောက် လက်ဖက်ရည် သောက်ပြီးသွားသည်။ ခွက်ကို ညင်သာစွာ ချပြီး မျက်လုံးဖွင့်လိုက်ကာ သူမဘေးတွင် ရပ်နေသော အစေခံရှောင်ဟုန်ကို ကြည့်လိုက်၏။

“ဘယ်နှစ်ရက်ရှိသွားပြီလဲ”

အစေခံက ရှေ့သို့ တိုးလာပြီးနောက် သိမ်မွေ့စွာ ဖြေလိုက်သည်။

“သခင်မလေး သုံးလ ရှိသွားပါပြီ တစ်ကိုယ်တော်ဝံပုလွေက နှစ်လလုံးလုံး ပေါ်မလာပါဘူး”

“သုံးလရှိသွားပြီပဲ”

အစ်မကြီးဆည်းလည်းက ခေါင်းညိတ်ပြီးနောက် နောက်ကို မှီလိုက်၏။ သူမက အနားယူရန်အတွက် မျက်လုံးမှိတ်ထားကာ စကားမပြောတော့ပေ။ အစေခံက ခဏတစ်ဖြုတ်စောင့်ဆိုင်းနေပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့၏။

“သခင်မလေး နှစ်လကုန်သွားပြီ တစ်ကိုယ်တော်ဝံပုလွေက မိုးကြိုးတောင်ကြားထဲမှာ သေနေပြီလား”

အစ်မကြီးဆည်းလည်းက မတုံ့ပြန်လေ။ သူမ၏ မျက်တောင်များတောင် မလှုပ်သွားချေ။ သူမက လက်ဝေ့ယမ်းလျက် ရှောင်ဟုန်ကို ထွက်သွားရန် အချက်ပြလိုက်သည်။ ရှောင်ဟုန်က ထပ်မပြောရဲတော့ဘဲ ခြံဝန်းထဲမှ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွား၏။ သူမက မြို့အရှင်၏အိမ်တော်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ အစ်မကြီးဆည်းလည်းက ယခုအချိန်တွင် အနားယူနေကျ ဖြစ်သောကြောင့် သူမသည်လည်း အနားယူပြီး အပြင်ထွက်နိုင်၏။

“မိန်းကလေး ရှောင်ဟုန် မိန်းကလေးဟုန်”

လမ်းတစ်လျှောက်၌ လူအများက သူမကို နှုတ်ဆက်ကြသည်။ သူတို့က အင်မတန်လေးစားပုံ ပေါ်နေ၏။ မျက်နှာချိုသွေးတာက အလုပ်ဖြစ်သည်။ သူမက ခေါင်းမော့ထားလျက် လှောင်ပြုံးဖြင့်‌တောင် လျှောက်သွားလိုက်သည်။

အနည်းငယ် ကွေ့ပတ်ပြီးနောက် သူမသည် မြို့အရှင်၏ အိမ်တော်ဆီသို့ ဦးတည်နေသည့် ပင်မလမ်းသို့ ရောက်သွားသည်။ ယခုအချိန်တွင် လူတစ်ဒါဇင်ခန့်က သူမဆီသို့ ပြေးလာ၏။ သူတို့က မြန်ဆန်လွန်းလှရာ ရှောင်ဟုန်နှင့် တိုက်မိလုနီးပါး ဖြစ်သွားတော့၏။

“ဟမ့်..”

ရှောင်ဟုန်၏ လှပသော မျက်နှာက ချက်ချင်းအေးစက်သွားကာ သူမ ဒေါသတကြီး အော်ထုတ်တော့မည့်ပမာ ဖြစ်နေသည်။ သို့သော် ထိုလူတစ်စုက မြို့အရှင်ဆီသို့ ဦးတည်သွားနေပြီးသား ဖြစ်သည်။ အဖွဲ့ကို ဦးဆောင်သည့် လူနှစ်ယောက်က ပါ့တောက်နှင့် အဖွဲ့မှူးလုံဖြစ်သည်။ သူ့နောက်၌ ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ကျော် ပါနေ၏။ ရှောင်ဟုန်က တစ်ချက်ကြည့်ပြီးနောက် ဆိတ်ဆိတ်သာ နေလေသည်။

“အမ်..”

သူမ မျက်လုံးထဲ၌ အံ့ဩရိပ်တစ်စွန်းတစ်စ ပေါ်လာ၏။ ပါ့တောက်နှင့် အဖွဲ့မှူးလုံက အဘယ်ကြောင့် ထိုမျှ အလျင်လိုနေရသနည်း။ တစ်စုံတစ်ခု မှားယွင်းသည်လော။ သူမက ခဏတာစဉ်းစားနေလိုက်၏။ ကောင်းကင်ဧကရာဇ်ခေါင်းဆောင်တစ်ခု ပါဝင်သည့် နောက်ထပ်လူတစ်စုနှင့် ဘာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့် သိုင်းပညာရှင်များ မြို့အရှင်ကျန်းဆီသို့ ဦးတည်သွားတာကို မြင်လိုက်ရသည့် အချိန်၌ သူမက လက်ဆန့်ထုတ်ပြီး အော်လိုက်တော့သည်။

“ရပ်ကြ..”

“အမ်.. မိန်းကလေးရှောင်ဟုန်ပဲ ဘာများ လုပ်ပေးရမလဲ”

ထိုကောင်းကင်ဧကရာဇ်နှစ်ဦးက အဖွဲ့မှူးလုံအတွက် အလုပ်လုပ်ပေးသည်။ သူတို့က ရှောင်ဟုန်ကို ကောင်းကောင်းသိ၏။ ဤမြို့ထဲ၌ ရှောင်ဟုန်ကို မသိသည့်သူက လူအနည်းစုသာ ရှိသည်။ ဆိုရလျှင် သူမက အစ်မကြီးဆည်းလည်း၏ အစေခံဖြစ်သည်။

ရှောင်ဟုန်၏ မျက်လုံးက အေးစက်သွား၏။ သူမက ရေခဲတမျှ အေးစက်သည့်အသံဖြင့် မေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ အဖွဲ့မှူးလုံနဲ့ ပါ့တောက်က ဘာကြောင့် အလောတကြီး ဖြစ်နေတာလဲ”

ကောင်းကင်ဧကရာဇ်တစ်ဦးက လက်သီးဆုပ်မိုးလျက် ပြန်ပြောလိုက်သည်။

“မိန်းကလေးရှောင်ဟုန် မိုးကြိုးတောင်တန်းနောက်က မိုးကြိုးတောင်ကြားထဲမှာ တစ်ကိုယ်တော်ဝံပုလွေ ပေါ်လာတယ်။ သူက အစ်ကိုပါ့တောက်ကို ညှိနှိုင်းဖို့အတွက် ထွက်လာဖို့တောင် ပြောနေတာ ကျွန်တော်အခုသွားရတော့မယ် တောင်းပန်ပါတယ်”

ကောင်းကင်ဧကရာဇ်နှစ်ဦးက မိန်းကလေးဟုန်ဘက်ကို လှည့်ပြီး လက်သီးဆုပ် အရိုအသေ ပေးပြီးနောက် သူ့လူများနှင့်အတူ အပြင်သို့ ထွက်သွားသည်။ ရှောင်ဟုန်က မျက်မှောင်ကြုတ်လျက် ဇဝေဇဝါ ဖြစ်ကာ ရေရွတ်ပြောလိုက်၏။

“တစ်ကိုယ်တော်ဝံပုလွေက မသေသေးဘူးလား သူက ပါ့တောက်ကိုတောင် ထွက်လာခိုင်းပြီး ညှိနှိုင်းဖို့ ပြောတယ်ပေါ့ သူ အသက်ရှင်ရတာ ငြီးငွေ့နေတာလား ကျန်တဲ့အဖွဲ့မှူးလေးယောက်လည်း ရောက်လာလောက်တယ် မဟုတ်သေးဘူး အခုချက်ချင်း အစ်မကြီးဆည်းလည်းဆီ သတင်းပို့ရမယ်”

ရှောင်ဟုန်က သူမ၏ ဖွံ့ထွားသော တင်ကို လွဲယမ်းလျက် ခြံဝန်းလေးဆီသို့ ခြေကုန်သုတ်တော့သည်။ ခြံဝန်းအပြင်သို့ ရောက်ရန် အချိန်ခဏသာ ယူလိုက်ရ၏။ သူမက သွက်သွက်လေး လျှောက်ဝင်သွားပြီး ပင်မခန်းမ၏တံခါးနားသို့ ရောက်သည့် အချိန်တွင် တီးတိုးပြောလိုက်၏။

“သခင်မလေး တစ်ကိုယ်တော်ဝံပုလွေ ပေါ်လာပါပြီ သူက မိုးကြိုးတောင်ကြားထဲမှာ ပါ့တောက်နဲ့ စကားပြောချင်နေတယ်၊ ပါ့တောက်နဲ့ အဖွဲ့မှူးလုံက သူတို့လူတွေကို ခေါ်ပြီး‌ ရောက်လာတာပါ ကျန်တဲ့အဖွဲ့မှူးတွေလည်း သွားလောက်မယ်လို့ ခန့်မှန်းမိတယ်”

“အမ်..”

အစ်မကြီးဆည်းလည်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ရင်သားများကို အဆက်မပြတ် တုန်သွားစေ၏။ သူမ၏ဆည်းလည်းလေးကလည်း သာယာစွာ မြည်လာလေ၏။

“အမ်..”

သူမက ထရပ်ပြီးနောက် ခပ်ရေးရေးပြုံးလိုက်တော့သည်။

“ငါ့ကို အဝတ်အစားလဲပေးအုံး ပွဲသွားကြည့်ကြတာပေါ့”

ရှောင်ဟုန်က အထဲသို့ အမြန်ဝင်သွားလိုက်သည်။ ပြီးနောက် သူမက မြေခွေးအနွေးဝတ်ကို ထုတ်ကာ အစ်မကြီးဆည်းလည်းကို ဝတ်ပေးလိုက်သည်။ ပြီးနောက် သူမက ပြောလိုက်တော့၏။

“သခင်မလေး ကျွန်မတို့နဲ့အတူ သွားဖို့ လူခေါ်ဖို့ လိုသေးလား”

“မလိုအပ်ဘူး ပွဲသွားကြည့်ရုံပဲလေ သွားကြမယ်”

ပြီးနောက် အစ်မကြီးဆည်းလည်းက တစ်ဟုန်ထိုး ထွက်သွားလေ၏။ ရှောင်ဟုန်က နောက်မှ မြန်မြန်ဆန်ဆန် လိုက်ပါလာကာ မြို့ပြင်ဘက်သို့ တန်းတန်းမတ်မတ် သွားပြီး မြို့အရှေ့ဘက်ဂိတ်ကို ဖြတ်ကျော်သွား၏။

လုမျိုးနွယ်စုဝင်များမှအပ မြို့ထဲတွင် မည်သူမျှ ပျံသန်းခွင့်မရှိပေ။ သို့သော် ယင်းက အစ်မကြီးဆည်းလည်းတော့ မပါဝင်ချေ။ ယင်းသည် လုမျိုးနွယ်စုမှ အထူးအမိန့်တစ်ခု ဖြစ်၏။ သူမက အလွန်မြန်မြန် ပျံသန်းတာ မဟုတ် မြို့နား၌ ဖောက်ထွင်းမြင်နေရသည့် အရံအတားတစ်ခု ရှိသော်ငြား အစ်မကြီးဆည်းလည်း၏ လက်ထဲ၌ ပန်းရောင်အလင်း ဖျပ်ခနဲ ပေါ်လာပြီး ရှောင်ဟုန်နှင့်အတူ အရံအတားကို ဖြတ်ကျော်သွားကာ မိုးကြိုးတောင်တန်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။

ဝှစ် ဝှစ်..

သူတို့မြို့ထဲမှ ထွက်သည့် အချိန်၌ လူတစ်ရာနီးပါး ကောင်းကင်ထဲသို့ တက်လာတာကို မြင်လိုက်ရသည်။ သူတို့က ကျန်သည့် အဖွဲ့မှူးလေးဦးဆိုတာ သိသာ၏။

အစ်မကြီးဆည်းလည်းက မနှေးလွန်း မမြန်လွန်းပေ။ သူမ၏ ဝတ်စုံနှင့် မြေခွေးသားမွေးသည် လေဖြင့် လွင့်လူးနေသည်။ သူမ၏ ပန်းရောင်ဆည်းလည်းလေးများက အဆက်မပြတ် မြည်နေလေသည်။ သူမ၏ဆံပင်က ဆံနွယ်များကို သပ်တင်ထားလျက် အရှေ့အရပ်ဆီသို့ တစ်ချက်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ဟား ဟား ရှောင်ဟုန် ကောင်းကင်မိုးကြိုးမြို့ထဲက ကောင်းကင်က ပြိုကျတော့မယ်လို့ ခံစားမိနေပြီ”

ရှောင်ဟုန်က ဘာမှမပြောခဲ့ဘဲ နှုတ်ခမ်းကွေးလိုက်၏။ သူမ၏ အမြင်တွင် ကောင်းကင်မိုးကြိုးမြို့ထဲရှိ ကောင်းကင်က သေချာပေါက် ပြိုလဲမှာ မဟုတ်ပေ။ လူပုံမပေါ်တော့သည့် အရုပ်ဆိုးသည့် အလောင်းက မိုးကြိုးတောင်တန်းထဲ၌ ပေါ်လာမှာပဲ ဖြစ်သည်။

မိုးကြိုးတောင်တန်းထဲ၌ အလွန်စည်ကားနေ၏။

လူတစ်သောင်းကျော်က တင်ပျဉ်ခွေချိတ် ထိုင်မနေကြဘဲ သူတို့က စိတ်လှုပ်ရှားစွာ ထရပ်လျက် သူတို့က အရှေ့အရပ် မိုးကြိုးတောင်တန်းကို ကြည့်နေသည်။ သူတို့က အလွန်အစွမ်းထက်သည့် သိုင်းပညာရှင်များဟူ၍ သတ်မှတ်၍ မရပေ။ သူတို့က မိုးကြိုးတောင်တန်းများ၌ ဝိုင်းနေသည့် ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် အယောက်သုံးဆယ် ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်များကိုသာ ကြည့်နေနိုင်သည့် သူတို့က အင်အားစုကြီး ခြောက်စုမှ ဖြစ်သည်။

မိုးကြိုးတောင်ကြား၏ အမြင့်ဆုံးတောင်ထွတ်၌ ဝတ်ရုံနက်ဖြင့် လူတစ်ယောက်က ရပ်နေ၏။ သူ၏နှစ်ဖက်ကိုလည်း ပိတ်ထားသည်။ ထိုလူက မိုးကြိုးတောင်ကြားထဲသို့ ဆင်းမသွားပေ။ ဤဘက်ခြမ်းရှိ ကောင်းကင်ဧကရာဇ်များကလည်း ချီတက်သွားခြင်း မရှိပေ။ အကြောင်းအရင်းမှာ ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များသည် ထိုလူပြောသည်နှင့် ရှေ့တက်မသွားပေ။ သူက မိုးကြိုးတောင်ကြားသို့ ချက်ချင်းပြန်သွားလိမ့်မည်။ အကြောင်းမှာ ပါ့တောက်က ညှိနှိုင်းရန်အတွက် လူကိုယ်တိုင် ရောက်မလာခဲ့လျှင် ထိုလူက မိုးကြိုးတောင်ကြားအတွင်း ချက်ချင်းပြန်သွားမည်ဟု ဆိုခဲ့သောကြောင့် ဖြစ်သည်။

ဤလူက အလွန်ထူးဆန်း၏။ သူ့ခေါင်းက ပြောင်နေပြီး ညအမှောင်ယံတွင် ရောင်ပြန်ဟပ်နေလေ၏။ မျက်ခုံးလည်းမရှိ၊ ကြည့်ရသည်မှာ အလွန်ထူးဆန်းပြီး အနေရခက်စေသည်။

ထိုလူသည် မိုးကြိုးတောင်ကြား၏ နက်ရှိုင်သော ဧရိယာမှလာသော ကျန်းရီဆိုတာ သိသာနေ၏။ သူသည် လွန်ခဲ့သည့် သုံးလခန့်က မြို့ထဲမှ ထွက်သွားပြီး လူအများအမြင်ရှေ့မှ နှစ်လတာ ပျောက်ကွယ်သွားခဲ့သည်။ သူသည် မနက်တိုင်း မိုးကြိုးကျောက်တုံးအတွက် ယှဉ်ပြိုင်ရန် ထွက်လာနေကျ ဖြစ်သည်။ သို့သော် မည်သူကမှ လွန်ခဲ့သည့် နှစ်လလုံးလုံး သူ့ကို မတွေ့ခဲ့ရပေ။ အများစုက သူ သေနှင့်နေပြီဟု ထင်ထားခဲ့သော်ငြား အံ့ဩဖွယ်ကောင်းလောက်အောင်ပင် သူက အသက်ရှင်လျက် ရှိနေသေး၏။

သူ၏ပေါ်ပေါက်လာမှုက ကောင်းကင်ဧကရာဇ်များကို ချက်ချင်း သတိဝင်သွားစေသည်။ သူ့ကို လိုက်ရန်အတွက် လွတ်ထားသည့် ကောင်းကင်ဧကရာဇ်တစ်စု ဖြစ်သည်။ သို့သော်ကျန်းရီ၏ ပထမဆုံးစကားက အားလုံးကို ထိတ်လန့်သွားစေ၏။

တစ်စုံတစ်ယောက်က ရှေ့တက်လာရဲလျှင် ကျန်းရီက မိုးကြိုးတောင်ကြားထဲသို့ ချက်ချင်းပြန်သွားမည်။ သူက ပါ့တောက်နှင့် ညှိနှိုင်းချင်၏။ ကျန်းရီက မိုးကြိုးတောင်ကြားအတွင်း ပြန်သွားလျှင် လူအုပ်ကြီးက သူ့ကို ဘာမှလုပ်နိုင်တော့မှာမဟုတ်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ပါ့တောက်ကို စောင့်နေရ၏။

ဆယ်ငါးမိနစ်ခန့် ကြာပြီးနောက် လူတစ်ဒါဇင်ခန့်က ပျော်နေသည့်သံရိုင်းပမာ ရှေ့သို့ တစ်ဟုန်ထိုးတက်လာလေ၏။ ပါ့တောက်နှင့်အဖွဲ့မှူးလုံက ရှေ့တွင် ဦးဆောင်လျက် မိုးကြိုးတောင်ကြားပေါ်၌ ရပ်နေသော ကျန်းရီကို ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၌ မုန်းတီးမှု အမျက်ဒေါသတို့ ပြည့်နေ၏။

ထိုမျိုးမစစ်က သူတို့ကို အရှက်ခွဲခဲ့သည်။ လွန်ခဲ့သည့်လအနည်းငယ်က သူတို့ ခေါင်းမဖော်နိုင် ဖြစ်ခဲ့ရ၏။

“ပါ့တောက် မတွေ့ရတာ ကြာပြီပဲ ခင်ဗျားထွားလာတဲ့ပုံပဲနော် ခင်ဗျားက ပိုတုံးလာတာလည်း ဖြစ်နိုင်တာပဲ”

ပါ့တောက်နှင့်သူ့အဖွဲ့က မိုးကြိုးတောင်ကြားကို ဖြတ်သွားစဉ် ကျန်းရီက ပါးစပ်ဟပြီး ပြောလိုက်တော့၏။

“အားလုံးပဲ အဲဒီမှာရပ် မဟုတ်ရင် ကျုပ် မိုးကြိုးတောင်ကြားထဲ ချက်ချင်းပြန်သွားလိုက်မယ် ပါ့တောက် ခင်ဗျားတစ်ယောက်တည်း လာခဲ့ အပေးအယူ လုပ်ကြမယ်”

...

All Chapters