← Chapters

ကောင်းကင်စာအုပ်ရဲ့ တည်နေရာ

Vol. 92 Ch. 4.887

ကောင်းကင်စာအုပ်ရဲ့ တည်နေရာ

Vol. 92 Ch. 4.887

လုရွှမ်သည် စကားပြောနေသော သူကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူက ဒုက္ခရောက်နေသော ကမ္ဘာမှ သခင်ငယ်လေး တစ်ယောက်လိုပင်။

"သူတို့က ညီအကိုတွေ သူငယ်ချင်းတွေ မဟုတ်ဘူးလား... ငါသာမင်း​နေရာမှာ ဆိုရင် နေရာရွှေ့လိုက်ပြီ"

"အမ်.... မင်းဘာတွေပြော.... အား....."

ထိုသခင်လေးသည် အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားရာ ခဏအတွင်း ပြာမှုန့် ဖြစ်သွားတော့သည်။

ဤတစ်ကြိမ်တွင်တော့ အားလုံးက လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ လုရွှမ်သည် တစ်ဖက်လူ မမျှော်လင့်ထားသည့် အရာတစ်ခုကို ကြုံတွေ့ရတော့မှာကို ဘယ်လိုလုပ် သိနေလဲ မပြောတတ်ချေ။ သူကိုယ်တိုင်ပင် ထိန်းချုပ်နေတာလား စဥ်းစားစရာ လိုလာသည်။

ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အရာကြီး သူတို့ကိုယ်ပေါ်မှာ ဖြစ်ခဲ့ရင် ဘာလုပ်သင့်လဲ။

လုရွှမ်ကတော့ အခြားသူများကို လျစ်လျူရှုကာ ခန်းမအတွင်းရှိ အမျိုးမျိုးသော အခင်းအကျင်း အသွင်အပြင်များကို ရှာဖွေရင်း သူ့စိတ်ဝိညာဉ်ဖြင့် ပတ်ဝန်းကျင်ကို အာရုံစိုက်ထားခဲ့သည်။ အာကာသဥမင် လိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီးသား ဖြစ်၍ လုရွှမ်သည် လက်ရှိ ကောင်းကင်ဘုရင်စံအိမ်က သူနဲ့ အနည်းငယ် ရင်းနှီးနေတယ်လို့ ခံစားရ​လေသည်။

ဤပါကွား ပြောင်းလဲမှုက လေးနက်ပေ၏။ သူသည် ၎င်းအကြောင်းကို အနည်းငယ်သာ သိသော်လည်း သဘာဝအတိုင်း ထိတ်လန့်ခြင်း မရှိဘဲ သူ့စိတ်ထဲတွင် လုံလောက်သော ယုံကြည်မှုတွေတောင် ရှိ​နေသည်။

တခြားသူတွေကလည်း တဖြည်းဖြည်း ပါးစပ်ပိတ်ပြီး တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ထားကြသည်။ သူတို့သည် လုရွှမ်ကို သွားဆွတဲ့ အဲဒီကောင်လေးလို မဖြစ်ချင်ပါဘူး။ သူတို့အားလုံးသည် လုရွှမ်နဲ့ ဟုန်ရှန်ယင်းတို့ အဖွဲ့၏ လှုပ်ရှားမှုများကို ဂရုတစိုက် ကြည့်ရှုကြပြီး နောက်မှချန်ထားခဲ့မည်ကို စိုးရိမ်သောကြောင့် တိတ်တဆိတ် လိုက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။

"ရားရား... မင်းဘယ်လိုထင်လဲ"

လုရွှမ် အာကာသကျောက်စိမ်းပြားထဲ ရားရားဆီ စိတ်စွမ်းအားဖြင့် ဆက်သွယ်လိုက်သည်။

"ကိုကို... ဒီမှာပါကွားက မတည်ငြိမ်ဘူး... ကောင်းကင်ဘုရင်စံအိမ်ကို ဆောက်တဲ့ အချိန်ကတည်းက ဒီလိုမျိုးဖြစ်နေတာ ဖြစ်မယ် ဒါမှမဟုတ် ကောင်းကင်ဘုရင်ကြောင့် ဒီလိုမျိုး ပြောင်းလဲသွားတာ ​ဖြစ်လိမ့်မယ် ဒါပေမဲ့ အခုက အရင်တုန်းကနဲ့ မတူဘူး ကောင်းကင်ဘုရင် ဆန္ဒရှိရင် နန်းတော်က ပျောက်ကွယ်တော့မှာ"

"​ကောင်းကင်ဘုရင် ကိုယ်တိုင်က အမြဲတမ်း ဖိနှိပ်ထားခဲ့တာများလား"

"အွန်း.... ဒါက ကောင်းကင်ဘုရင်စံအိမ်ပဲ ကောင်းကင်ဘုရင်ကြီးက အခု သွားပြီဆိုတော့ ရောင်ဝါတွေ ပျောက်သွားပြီး အရာအားလုံး ငြိမ်သက်သွားပြီ.... သုံးရက်အချိန် ရှိသေးတာ ဖြစ်နိုင်သလို အချိန်က သုံးရက်တောင် မပြည့်တော့တာလည်း ဖြစ်နိုင်တယ်နော်... အန္တရာယ်လည်း ရှိသေးတယ် ဒါပေမဲ့ ကိုကို့မှာရှိနေတဲ့ တံဆိပ်ပြားနဲ့ အာကာသ ဥမင်လိုဏ်ခေါင်းထဲ ထပ်မဝင်သေးသရွေ့တော့ အခင်းအကျင်း ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး ကိုကို့နားလည်မှုအပေါ် အခြေခံထားရင် ပြဿနာ မရှိ​လောက်ပါဘူး”

လုရွှမ် ပြုံးလိုက်သည်။ ရားရား ပြော​နေ​သလောက်ဆို ဤခန်းမ၌ ဖြစ်​ပျက်​ခဲ့သမျှ အရာအားလုံးက အန္တရာယ်​ရှိပုံရသည်​။ အန္တရာယ်တွေက ဖုံးကွယ်​ထားရုံသာဖြစ်​ပြီး ကောင်းကင်ဘုရင်၏ အသေခံခြင်းသည် အမှန်တကယ်ပင် ကောင်းကင်ဘုရင် နန်းတော်တစ်ခုလုံး အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

ဒါက သိပ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်တစ်ခုပဲ။ ဒါပေမဲ့ ဒါက ဒီလိုမျိုး တည်ရှိနေတဲ့ ခံစားချက်က မြင့်မားသော အဆင့်သို့ ရောက်ရှိမှသာ နားလည်နိုင်သော လျှို့ဝှက်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ပါကွားနားလည်မှု အပေါ် အခြေခံရလျှင် လုရွှမ်သည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ရှိသော်လည်း အနည်းဆုံးတော့ ဟုန်ရှန်ယင်းနဲ့ တခြားသူများရဲ့ စွမ်းအားနဲ့ဆို ၎င်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြဿနာရှိမည် မဟုတ်ပေ။

ဘေးကင်းသော နေရာတွင် စောင့်ဆိုင်းရန် သူတို့ကို အမိန့်ပေးရင်း လုရွှမ်သည် ခန်းမတစ်ခုလုံးကို ပျံသန်းသွားလာခဲ့သည်။ ခန်းမထဲက အရာအားလုံးကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။ ခန်းမရှစ်ခန်းအတွက် ပါကွားသည် စိတ်ကူးယဉ်ရုံသာမက အစီအစဉ်တစ်ခုပါ ရှိပြီး နက်နဲသော အဓိပ္ပာယ်လည်း ရှိ​နေနိုင်သည်။

တောင်တစ်သောင်းကမ္ဘာမှာ တွေ့ဖူးတဲ့ လှောင်အိမ်ဟာ ဒြပ်စင်ငါးပါးအပြင် ယင်ယန်လည်း ပါဝင်ပေသည်။ ဒါပေမဲ့ အခုဒီမှာ ပါကွားအပြင် ချီမန်သွမ့်ကျာနဲ့လည်း ပေါင်းစပ်ထားသည်။ ကျွမ်းကျင်မှု အဆင့်အရ လုရွှမ် သူ့ကိုယ်သူ ရှက်မိလာသည်။

သူ့လက်ထဲက တံဆိပ်ပြားကြောင့်သာ မဟုတ်ရင် သူ့ရဲ့ ပထမဆုံးရွေးချယ်မှုက ဒီနေရာကနေ ထွက်သွားဖို့ပဲ ဖြစ်လိမ့်မည်။ ဒါက ခွန်အား၊ အသိပညာ၊ ဖွဲ့စည်းမှုများ၊ လျှို့ဝှက်ဆန်းကြယ်မှုများ အကြောင်းမျှသာ မဟုတ်ဘဲ လမ်းဆုံများစွာ ရှိနေသောကြောင့်ပင်။

ဤနေရာသို့ ဝင်ရောက်လာသော မျှော်စင်နယ်ပယ် သခင်​တွေ များစွာရှိနေတာ အံ့သြစရာ မဟုတ်ပေ။ အခင်းအကျင်း ဖွဲ့စည်းခြင်းကို နားမလည်သူတိုင်း သေအောင် လှည့်စားခံရကာ ရှင်လျက်နဲ့ သေနေသလို ပိတ်လှောင်ခံထားရလိမ့်မည်။

အကယ်၍ သူသည် အခင်းအကျင်း ကောင်းကင်စာအုပ်ကို ရယူနိုင်လောက်အောင် ကံကောင်းခြင်း မရှိခဲ့လျှင်၊ စကြာဝဠာကိုးလှည့်၊ ဒြပ်စင်ငါးပါး၏ ယင်ယန်ဖွဲ့စည်းမှု အခြေခံသဘောတရားများကို နားမလည်ထားပါက သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်က ကောင်လေးတစ်ယောက်သာ ဖြစ်တာမို့ သေမှာ ကျိန်းသေသည်။

ချီမန်သွမ့်ကျာတွင် ရှိုး၊ ရှန်း၊ ရှောင်း၊ တု၊ ကျင်း၊ ကျင်၊ စီ၊ ခိုင်းဟူ၍ တံခါးရှစ်ပေါက်ရှိသည်။

ဒြပ်စင်ငါးပါး ပါကွားတွင် ချန်၊ ခွမ်း၊ ရွှင့်၊ သွေ့၊ ကန်၊ ကျန့်၊ လီနှင့် ခန်တို့ ပါဝင်သည်။

နားမလည်လို့ နားလည်ဟန် မဆောင်လိုက်ပါနှင့်။ လုရွှမ်သည် တံဆိပ်ပြား၏ ညွှန်ကြားချက်များကို ရိုးသားစွာ လိုက်နာပြီး သူ့ကိုယ်ပိုင် နားလည်မှု အနည်းငယ်ကို ထည့်သွင်းကာ ဤနေရာက အသက်စွမ်းအင်များကို ရှာဖွေနေခဲ့သည်။

အခန်းရှစ်ခန်း၏ အဆင့်သတ်မှတ်ချက်သည် ချီမန်သွမ့်ကျာထဲက တံခါးရှစ်ပေါက် ဖြစ်ပြီး ၎င်းတို့သည် ဒြပ်စင်ငါးခုဖြင့် ဝှက်ထားသော ရတနာများကို အခြေခံ၍ လမ်းညွှန်ချက်များနှင့် ကိုက်ညီသော အခန်း ရှစ်ခုအဖြစ် ခွဲခြားထား​လေသည်။

၎င်းတို့အားလုံးသည် အခင်းအကျင်း ဖွဲ့စည်းမှုကို ဖြည့်ဆည်းရန် လိုအပ်သော အရာများဖြစ်သောကြောင့် ၎င်းတို့သည် သဘာဝအတိုင်း မြင့်မြတ်သော ရတနာများ ဖြစ်နိုင်သည်။

ထို့အပြင် ၎င်းသည် ၎င်း၏ မသေနိုင်သော အခင်းအကျင်း အသွင်အပြင်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့တာ သိသာထင်ရှားလှတာကြောင့် အလွန်ထူးခြားသော တန်ဖိုးရှိလိမ့်မည်။ ရတနာကို ရှာချင်ရင် တည်နေရာကိုသာမက အချိန်လည်း လိုပါ၏။ အချိန်မလောက်ရင် အရာအားလုံးက အချည်းနှီး ဖြစ်သွားပြီး စည်းစနစ်ကျရန်လည်း လိုအပ်ပါသည်။

ယိတွင် ရိုးရာဓလေ့နှစ်ခုကို မွေးဖွားပေးသည့် ထိုက်ကျိ ရှိသည်။ ထိုအရာနှစ်ခုက ရုပ်လေးမျိုးကို ပွါးစေတတ်၏။ ဒါတွေအားလုံး အပေါ်က စည်းမျဥ်းစည်းကမ်းတွေ မှားနေရင် အရာအားလုံးဟာ အချည်းနှီး ဖြစ်သွားမှာပါပဲ။

လုရွှမ်သည် အက္ခရာများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်စာအုပ်၏ တည်နေရာသည် ဤအခန်းရှစ်ခန်းအတွင်း ဝှက်ထားသော ရတနာများနှင့် ဆက်စပ်နေနိုင်ပြီး ရတနာတွေက ကောင်းကင်စာအုပ်ကို ရှာဖွေရန် သဲလွန်စတစ်ခု ဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။

ဒါပေမဲ့ ပထမဆုံး လုပ်ရမယ့်အရာက တခြားခန်းမ ခုနစ်ခုမှာရှိတဲ့ သဲလွန်စအားလုံးကို ရှာမတွေ့ခင် ပထမဆုံးခန်းမကို ရှာဖို့ပါပဲ။ လက်ရှိအခြေအနေက ပြဇာတ်တစ်ပုဒ်လိုပင်။ ဖွင့်မပြီးမချင်း မမြင်နိုင်ပေ။ ယခုမူ သဲလွန်စကို ဖွင့်လိုက်သောအခါ အရာအားလုံးက တခဏအတွင်း ကြည်လင်လာခဲ့သည်။

ထိုအချိန်တွင် ခန်းမလွတ်သည် သူ့အတွက် သဘာဝနှင့် မြေကြီးဆိုင်ရာ ရတနာများ ပြည့်နှက်နေပုံရသည်။ သို့သော် လုရွှမ်သည် မျက်နှာပေါ်မှာတော့ ဘာမှမထူးခြားဘဲ ပျော်ရွှင်မှု တစ်စုံတစ်ရာ မပြခဲ့ပေ။ ဒီလူတွေအားလုံးဟာ နည်းနည်းလေး ထုတ်ဖော်​ပြလိုက်ရင် သဲလွန်စတွေ နောက်ကို လိုက်ကြလိမ့်မယ်။

"ငါတို့အရင် ထွက်သွားရအောင်"

လီလင်ရှို့နဲ့ တခြားသူများမှာ အချိန်အတော်ကြာ ထိတ်လန့်နေခဲ့ရပြီးပြီ။ ထိုထူးဆန်းသော သေခြင်းတရားမျိုးသည် ဘယ်အချိန်မှာ ထဖြစ်မလဲ ဘယ်သူမှ မသိနိုင်ပေ။ လုရွှမ်ရဲ့ စကားကိုကြားတော့ သူတို့ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်​ကြသည်။

လုရွှမ် ထွက်ခွာတော့မည်ဟု ကြားလိုက်ရသဖြင့် ခန်းမဆောင် တံခါးရှေ့ စုဝေးနေခဲ့ကြသော လူများ၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက်မဲ့သော အမူအရာများဖြင့် အမြန် လမ်းဖယ်​ပေးလိုက်ကြသည်။

တံဆိပ်ပြား ရှိနေကြောင်း ပေါက်ကြားသွားပါက သူ့ကိုယ်သူ ဒုက္ခဖြစ်စေနိုင်သည်။ ဒါကြောင့် လုရွှမ်သည် ခဏမျှ တုန်လှုပ်ဟန်ဆောင်ကာ သူ့လက်ဖဝါးထဲတွင် ဝိညာဉ်မီးတောက်များ တောက်လောင်လာပြီး ကျပန်းအခင်းအကျင်း ပုံစံ အနည်းငယ်ကို ဆွဲထုတ်လိုက်သည်။ သူ့လက်စွပ်ထဲရှိ တံဆိပ်ပြားဆီမှ အလင်းတန်းတစ်ခု ထွက်လာပြီး တံခါးက ရုတ်တရက် ပွင့်သွားလေ၏။

"သွားရအောင်"

အနောက်မှလူများ အစုလိုက်အပြုံလိုက် ပြေးထွက်လာကြသည်။

"မင်းတို့ ဒီနားကို လှည့်ပတ်ပြီး လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရတယ်... ဘေးကင်းဖို့တော့ ဂရုစိုက် ငါတစ်ယောက်တည်း စစ်ဆေးဖို့ ဒုတိယခန်းမကို သွားလိုက်မယ်!"

လူအနည်းငယ်မှာ ထွက်ခွာရန် တွန့်ဆုတ်နေသော်လည်း ၎င်းတို့၏တည်ရှိမှုသည် ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်ကြောင်း သိသောကြောင့် ခေါင်းညိတ်ကာ ထွက်ခွာသွားကြသည်။

လုရွှမ်သည် သူ့နောက်လိုက်လာသော လူများကို တစ်ချက်ကြည့်လိုက်ပြီး ရင်ကော့ကာ ဒုတိယခန်းမထဲသို့ ၀င်သွားသည်။ သူ့နောက်ကို လိုက်တဲ့လူတွေက နည်းပါးလာပြီး ဆက်မလိုက်တဲ့သူတွေက အလွန်ရုပ်ဆိုးတဲ့ မျက်နှာထား ရှိနေကြသူတွေပါပဲ။

ချီထျန်းခန်းမ။

အဝေးမှကြည့်လျှင် ယခင်ကျန့်ထျန်းခန်းမ အတူတူနီးပါးပင်။ သူ နီးကပ်လာပြီး ချီထျန်းခန်းမထဲသို့ ဝင်သွားသောအခါ ခြားနားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။

ဤနေရာတွင်ရှိ ယွမ်စွမ်းအင်တွေက အတော်လေး ခြောက်သွေ့နေသည်။ စိတ်ဝိညာဥ်မီးတောက် သို့မဟုတ် ဖီးနစ်နတ်မီးပဲဖြစ်ဖြစ် သူတို့အားလုံးသည် တက်ကြွပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော လေထုကို ထုတ်ပြ​​နေကြသည်။

ခန်းမဆောင်ကြီးတွင် နတ်မီး၂ခုက အချင်းချင်း တိုက်ခိုက်နေကြသည်။ ၎င်းတို့ဟာ ဒေါသများ ပြင်းထန်လာကာ အပြန်အလှန် ထိုးနှက်နေကြ၏။

အသက်နှင့်သေခြင်း၏ ဇာတ်ခုံနှင့် မတူဘဲ ၎င်းတို့နှစ်ခုသည် ပျက်ပြယ်နေသည့် မီးတောက်များနှယ် အပြန်အလှန် ထိုးနှက်နေစဉ် ရံဖန်ရံခါ ရှောင်တိမ်းသွားကြ​ပြန်သည်။

ဘာသာပြန် - ချီမန်သွမ့်ကျာ ဆိုတာ တရုတ်စကားလုံး အတိုကောက်ပါ။ အဲဒါက တရုတ်ရှေးခေတ်သုံး ဟောကိန်းထုတ်တာ၊ ပထဝီဝင်လမ်းကြောင်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ခန့်မှန်းတဲ့နေရာမှာ ဒြပ်စင်ငါးပါးကိုပါ သုံးပြီး ကိုယ်လိုချင်တဲ့ နေရာကိုရောက်ဖို့ စီစဥ်နိုင်တဲ့ နည်းဗျူဟာပါတဲ့။

All Chapters