← Chapters

ဇာတ်လမ်း

Vol. 92 Ch. 4.889

ဇာတ်လမ်း

Vol. 92 Ch. 4.889

"ဟမ့် ဘယ်သူလဲ"

ခွမ်ဖောင့်က အော်လိုက်ပြီး သူ့မျက်လုံးတွေက ဟိုဟိုဒီဒီကြည့်ရင်း လူတိုင်းရဲ့မျက်နှာကို အကဲခတ်ကာ အစောတုန်းက ဝင်လှုပ်ရှားခဲ့တဲ့လူကို ရှာဖို့ ကြိုးစားနေလေသည်။ ခွမ်ဖောင့်သည် ရဲရင့်ပုံပေါက်သော်လည်း သူ့စိတ်ထဲတွင်လည်း အကြံအစည် တစ်ခုရှိနေပြီ ဆိုတာ သိသာထင်ရှားပါ၏။

'တကယ်ကို မိုက်မဲတာပဲ!'

"ဟမ့် ရှာတွေ့သွားပြီ ဆိုမှတော့ ထွက်လာကြတော့"

စကားများ ပြီးဆုံးသောအခါ အပြာရောင်အင်္ကျီဝတ် လူငယ်တစ်ယောက် ထွက်လာသည်။ သူ့မှာ ချောမောသော မျက်နှာထားရှိပြီး ဆံပင်ကို ခပ်မြင့်မြင့် စည်းနှောင်ထားသည်။ သူ့မျက်နှာက မာနကြီးတဲ့ အနေအထားမျိုး ဖြစ်ကာ ပုံစံက လူတိုင်းနဲ့ ခပ်ခွာခွာနေပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုးပါပဲ။

"သခင်လေးလော့ဟွား ကျောင်းဖုန်း..."

ပေါင့်တာထင်းက တိုးတိုးလေး ပြောလိုက်သည်။

"ဟာဟား... ညီလေးလုရွှမ်က ဒီကို ပထမဆုံးအကြိမ် ရောက်တာဆိုတော့ သဘာဝအတိုင်း ဒီဒေသက နာမည်ကြီးလူတွေ အကြောင်း သိပ်မသိဘူးထင်တယ်... သူတို့ကို မိတ်ဆက်ပေးပါရစေ"

ကျင်းဖုန်း၊ လော့ဟွား၊ နုန့်ရွှယ်နဲ့ စန်ယွဲ့တို့သည် တော်ဝင်နဂါးတောင်က မျိုးဆက်သစ် လူငယ်များ၏ ခေါင်းဆောင်များ ဖြစ်သော သခင်လေးယောက်ဖြစ်သည်။ တစ်​ယောက်စီတွင် ထူးကဲသော ခွန်အားနှင့် လူထက်လွန်သော စွမ်းရည်များ ရှိကြပြီး ၎င်းတို့သည် ထန်းယွမ်မြို့ ဧရိယာတွင် လူသိများပါသည်။

သခင်လေးကျင်းဖုန်း ဆိုတာက ခွမ့်ဖောင်။ သခင်လေးလော့ဟွား ဆိုတာက ကျောင်းဖုန်းရဲ့ လောကသိအမည် ဖြစ်ကာ သခင်လေးနုန့်ရွှယ်က တူရှူး ဖြစ်လေသည်။ သခင်လေးစန်ယွဲ့ ဆိုတာကတော့ ကျိုးရန်ပဲ ဖြစ်၏။

"သူတို့နာမည်တွေကို နားထောင်လိုက်ရုံနဲ့ သူတို့ရဲ့ အကျင့်တွေက အရမ်းလွှမ်းမိုး ထားနိုင်တယ်လို့ မင်းသိလိမ့်မယ်... ဒီလူလေးယောက်က အမြဲတမ်း တတွဲတွဲပဲ... အဲဒီထဲက တစ်ယောက်ကို စော်ကားမိလိုက်ရင် လူလေးယောက်ကို စော်ကားသလိုပဲ... အခု သခင်လေးလော့ဟွား ပေါ်လာ​ပြီဆိုတော့ ကျန်တဲ့ နှစ်ယောက်လည့း အနီးအနားမှာ ရှိနေတာမို့ ဒီကလေး ဒုက္ခရောက်တော့မယ်"

လုရွှမ် ရင်ထဲ ဒိတ်ကနဲ ​ဖြစ်သွားသည်။

"ကျိုးရန် ဟုတ်လား?"

"အင်း... အဲဒါက သခင်လေးစန်ယွဲ့ရဲ့ နာမည်အရင်းပဲ...ညီလေးလုရွှမ် အဲ့နာမည်ကို ကြားဖူးလို့လား?... ဟေ့ သူတို့တကယ်ကြီး ဒီမှာ တကယ်ရှိနေတာဟ!"

ထိုစဥ် လူအုပ်ထဲက လူနှစ်ယောက် လမ်းလျှောက် ထွက်လာတာကို တွေ့လိုက်ရသည်။ လူလေးယောက်ထဲတွင် သခင်လေးကျင်းဖုန်းနဲ့ သခင်လေးလော့ဟွားကသာ အပြာရောင်ကို ၀တ်ဆင်ကြပြီး ကျန်တစ်ဦးမှာ အဖြူရောင် ၀တ်ဆင်ထားကာ ၎င်းတို့၏ ခြေလှမ်းများသည် ပေါ့ပါး သန်စွမ်းပြီး အလွန်လန်းသည်။

လုရွှမ်၏ မျက်လုံးများသည် နောက်ဆုံးလူ ဖြစ်တဲ့ သခင်လေးစန်ယွဲ့ ကျိုးရန်ကို စိုက်ကြည့်နေသည်။

သူ့လက်ချောင်းတွေကို ရေတွက်ကြည့်တော့ အခုဆို နှစ်ပေါင်း ခြောက်ရာနီးပါးရှိနေပြီ ဖြစ်ပြီး နောက်ဆုံးမှာတော့ ဧကရာဇ်ကျိုးရန်နဲ့ ပြန်တွေ့လေပြီ။ လက်ရှိတော့ သူက သခင်လေးစန်ယွဲ့ပေါ့။

ကျိုးရန်သည် သိပ်ပြီး မပြောင်းလဲသွားပေ။ သူ့မျက်လုံးများ ပိုမိုနက်ရှိုင်းလာကာ သူ၏ ကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာသည်။ လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး ကျိုးရန်၏ ခန္ဓာကိုယ်မှ ခြိမ်းခြောက်မှု အငွေ့အသက်ကို ဖျတ်ခနဲ ခံစားလိုက်ရသည်။

ကျိုးရန်ဟာ နှစ်တွေကြာလာတာနဲ့အမျှ တကယ်ကို အရှုံးမပေးဘဲ သူ့ရဲ့ ကြံ့ခိုင်မှုက အလွန်လျင်မြန်စွာ တိုးတက်လာအောင် ကျင့်ကြံနိုင်ခဲ့သည်။ နည်းစနစ်ပြောင်းသွားပြီ။ စိတ်နေစိတ်ထားပြောင်းသွားပေမယ့် သူ့မျက်လုံးထဲမှာ မာနက လုံးဝ ပြောင်းလဲမသွားပါဘူး။

ပတ်ဝန်းကျင်က လူလေးယောက်ရဲ့ အရှိန်အဟုန်နဲ့ အတင်းအကြပ် ခြေလှမ်းတွေကြောင့် လူအုပ်ကြီးဟာ အနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။ သခင်လေးကျင်းဖုန်းသာ သခင်လေးလော့ဟွား၊ သခင်လေးနုန့်ရွှယ်တို့နဲ့အတူ တိုက်ခိုက်ပါက ထိုလူငယ်သည် ကျိန်းသေသေလိမ့်မည်။

မိမိတို့ကို မထိခိုက်လာစေဖို့ ဝေးဝေး ရှောင်တာက ပိုကောင်းလိမ့်မယ်။

"ဟမ့်....ငါဟန်လီက မင်းတို့လေးယောက် အတူတူ ထွက်လာလိုက်ရုံနဲ့ ကြောက်လိမ့်မယ်ထင်လား... ငါသေသွားရမှာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယုံချင်ယုံ မယုံချင်နေ ငါမသေခင်မှာ မင်းတို့ကိုပါ ဆွဲထုတ်သွားနိုင်တယ်!"

"မျှော်လင့်ထားသလိုပဲ မင်းရဲ့မျိုးရိုး နာမည်က ဟန်ကိုး.... မင်းအရင်တုန်းက ဟန်မိသားစုရဲ့ လက်ကျန် ဖြစ်ခဲ့ပုံရတယ်နော်.... အခု မင်းက ဒုက္ခဆင်းရဲထဲကနေ ထွက်လာပြီပေါ့... မင်းကိုသတ်လိုက်တာက အမှိုက်တစ်စ ရှင်းပစ်လိုက်သလိုပဲ..."

သခင်လေးကျင်းဖုန်းက အခြားသုံးယောက်ရှေ့တွင် လက်ခုပ်တီးကာ သူ့​မျက်နှာကိုတော့ လှောင်ပြုံးဖြင့် ဖုံးလွှမ်းထားလိုက်သည်။

"ညီအစ်ကိုသုံးယောက်... ငါတို့အတူတူ လှုပ်ရှားလိုက်ရအောင်!"

ဟန်လီ၏ မျက်နှာသည် ကြည်ကြည်လင်လင်သာ ဖြစ်ပြီး သူတို့လေးယောက်ကို ရန်စရန် ခြေလှမ်းသေးသေးလေးဖြင့် မလှမ်းမကမ်း လှုပ်ရှားလိုက်သည်။

"လူလေးယောက်က လူတစ်ယောက်ကို ချမယ်ပေါ့! အရှက်မရှိချက်ပဲ!"

ရုတ်​တရက်​ပင်​ လူတိုင်း၏နားထဲတွင်​ အသံတစ်​သံ မြည်​ဟီးလာ၏။

ပေါင့်တာထင်းသည် သူ့မျက်လုံးများထဲက သံသယ အရိပ်အမြွက်ဖြင့် လုရွှမ်ကို စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်သည်။ လုရွှမ်ဘက်မှ အသံထွက်လာပုံရသည်ကို သူခံစားလိုက်ရသော်လည်း လုရွှမ်ကတော့ ဘာစကားမှ မပြောလာခဲ့ချေ။

"ဘယ်သူလဲ!"

သခင်လေးလော့ဟွားသည့ သူ့ရဲ့ထူးခြားတဲ့ လျှို့ဝှက်လက်နက် ဖြစ်တဲ့ ဆန်းကြယ်အရိုးအပ် ကိုးချောင်း ပြုတ်ကျတဲ့အတွက် ဝမ်းနည်းပူဆွေးနေခဲ့ပြီး အဲဒီလူကို တွေ့ချင်ခဲ့တာ ကြာပါပြီ။

မတရားမှုကို ဆန့်ကျင်ပြောဆိုသူသည် ယခင်က သူ့အပ်ကို တားဆီးခဲ့သူသာ ဖြစ်ရမည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ခန်းမထဲတွင် အစောကြီးကတည်းက ဖုံးလွှမ်းထားသော်လည်း ဘာမျှမတွေ့ခဲ့ပါ။

ဟန်လီက “ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို.... ဒါပေမဲ့ ဒီသူခိုးတွေက အခု အင်အားကြီးလာပြီ... ခင်ဗျားရဲ့ ကြင်နာမှုကို ကျွန်​တော် တန်ဖိုးထားပါ့မယ်... ဒါပေမဲ့ ခင်ဗျားကို မတ်တပ်ရပ်လာဖို့တော့ မမျှော်လင့်ရဲပါဘူး... ဒီလေးယောက်က စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်ကင်းမဲ့သူတွေ... တစ်နေ့တော့ အပြစ်ပေးခံရလိမ့်မယ်"

"ဟမ့်... မင်းက အရမ်းသတ္တိကောင်း​​နေတာပဲ... မင်းတတ်နိုင်ရင် မတ်တပ်ရပ်လိုက်စမ်းပါ!"

လော့ဟွားက အဆိပ်ပြင်း မြွေတစ်ကောင်လို လူတိုင်းကို စိုက်ကြည့်နေပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေပုံရသည်။

"မင်းမှာ သတ္တိရှိရဲ့လား... မင်းမှာငါ့​ကို မတ်တပ်ရပ်ခိုင်းရအောင်အထိ အရည်အချင်း မရှိဘူး!"

ယခင်အသံက ထပ်၍ ထွက်ပေါ်လာပြန်သည်။

"သေစမ်း!"

လော့ဟွားက ရုတ်တရက် ဟစ်အော်လိုက်ပြီး သူ့နောက်မှာရှိတဲ့ ကျင့်ကြံသူရဲ့ သူ့မျက်ခုံးကြားက သွေးတွေကို အပေါက်ဖောက်ပစ်လိုက်ရာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသူမှာ ကောင်းကင်ကို ပြုတ်ကျသွားတော့သည်။

အဆိပ်ခတ်ခံရမှာကို စိုးရိမ်တဲ့အတွက် သူ့ပတ်ဝန်းကျင်က ကျင့်ကြံသူတွေလည်း လူစုကွဲသွားတော့သည်။ သခင်လေးလော့ဟွားလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ သူလူသွားမှားမှန်း သိလိုက်သည်။

"ဟေး ဒါသရုပ်ပြနေတာလား... ကြုံသလို လူသတ်လိုက်တာက မင်းကို ကြည့်ကောင်းစေလိမ့်မယ်လို့များ ထင်နေတာလား!"

အသံက မျက်နှာပေါ်က လာနေသယောင် ရှိသော်လည်း ခန်းမကြီးရဲ့ အပေါ်က ကောင်းကင်ကြီးကတော့ လုံးဝ အလွတ်ချည်းပါပဲ။

တစ်စုံတစ်ယောက်သည် အခြေအနေကို တမင်တကာ နှောင့်ယှက်နေမှန်း လူတိုင်း နားလည်သည်။ သို့သော် ဤအသံလွှင့်နည်းမျိုးမှာ အထူးအဆန်း မဟုတ်သော်လည်း နတ်မီးနယ်ပယ်ရ ပါရမီရှင်လူများပင် မည်သူမည်ဝါဆိုသည်ကို မသိနိုင်လောက်အောင် ထူးကဲလှပါသည်။ သခင်လေးယောက်ထဲမှာ လူတော့ မဖြစ်နိုင်ချေ။

ကျင်းဖုန်းက သခင်လေးလော့ဟွားကို ရပ်တန့်စေလိုက်ကာ။

“မိတ်ဆွေ... မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ရဲ့ ကိစ္စတွေမှာ မပါဝင်တာ အကောင်းဆုံးပဲ...ဒါက ငါတို့ကြားက သီးသန့်ကိစ္စပဲ မင်း သိမ်းကျုံးပြီး စွက်ဖက်နေရင် ငါတို့ ရိုင်းစိုင်းလာမှာကို အပြစ်မတင်နဲ့"

"ဟား ဟား ဟား!"

ခန်းမထဲတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။

"ဟာသပဲ...မင်းကိုငါက မျက်လုံးထဲ ထည့်နေတယ်လို့များ ထင်နေတာလား... ကြိုဆိုပါတယ် လာပါ မင်းတို့ဘယ်လို ရိုင်းစိုင်းမလဲဆိုတာ ငါကြည့်ချင်ပါ​သေးတယ်"

စကားပြောတဲ့သူက လုရွှမ်ပဲ ဖြစ်ကာ ဘေးမှာရပ်နေတဲ့ ပေါင့်တာထင်းခမျာ လုရွှမ်က စကားပြောဖို့ သူ့ရဲ့ မှော်အစွမ်းကို သုံးနေကြောင်း လုံးဝ မသိလိုက်ပါဘူး။

သူသည် သူတို့လေးယောက်ကို လှောင်ပြောင်နေချိန်တွင် သူ၏အာရုံအများစုမှာ သခင်လေးစန်ယွဲ့ဆိုတဲ့ ကျိုးရန်က အာရုံစိုက်နေခဲ့သည်။ ထိုသုံးကောင်နဲ့ နှိုင်းယှဉ်ပါက ကျိုးရန်က ပိုဆိုးပုံရသည်။ သို့သော် အလိုလိုခံစားမိသော ပေါင်းစပ်မှုသုံးခုကြောင့် ကျိုးရန်လောက် မပြင်းထန်နိုင်ပေ။

ပင်မခန်းမထဲသို့ ဝင်ပြီးနောက် တက်လိုက်ကျလိုက် ပြေးနေသော အခြားလူသုံးယောက်ဟာ ၎င်းတို့၏ ခွန်အားနှင့် စွမ်းရည်များကို တမင်တကာ ပြသလိုက်သော်လည်း ကျိုးရန်ကတော့ အစမှအဆုံး ငြိမ်သက်နေခဲ့သည်။

"ဟမ့် မင်းထွက်မလာဘူးပေါ့ ဟုတ်လား... ငါ ဒီကောင်ကို သတ်လိုက်ရင် မင်းထွက်မလာဘူးလို့ ငါမယုံဘူး!!"

လော့ဟွားက အော်ပြောပြီး လက်ဖဝါးကို လှန်ပြီး အရိုးအပ်ကိုးချောင်းကို ဟန်လီဆီသို့ တိုက်ရိုက် ပစ်သွင်းလိုက်သည်။

ရုတ်တရက် ဓားပျံတစ်စင်း ဖြတ်ပြေးသွားကာ ထန်းထန်း ဟူသော အသံများနှင့်အတူ အရိုးအပ်ရှစ်ချောင်းတို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ ဓားကလည်း ခွန်အားကုန်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ မဟုတ်ရင် အရောင်မဲ့နေတဲ့ ဓားကို စိတ်စွမ်းအား​ဖြင့် စိုက်နိုင်ပေမယ့် မြင်ရလိမ့်မည် မဟုတ်ပေ။

All Chapters