နဂါးပုံစံ ဓားပျံ
Vol. 92 Ch. 4.890
"ဒါက နဂါးပုံစံ ဓားပျံပဲ!"
ထိုဓားပျံသည် အလွန်ရှားပါးပြီး နာမည်ကြီးသည်။ အထူးသဖြင့် ယခင်လေလံပွဲ အပြီးတွင် ထန်းယွမ်မြို့ရှိ ကျင့်ကြံသူများအားလုံး ထိုဓားပျံ၏ ကြောက်မက်ဖွယ်နှင့် မှော်အတတ်ကို မသိသူ မရှိကြပေ။
နက်နဲသော အရိုးကိုးချောင်းကို ဝင်ရောက် တားဆီးခဲ့သည့် နဂါးပုံစံဓားပျံ၏ ယခင်တိုက်ခိုက်မှုများက ဤပျံသန်းနေသော ဓား၏ ကြောက်လန့်စရာ ကောင်းမှုကို သက်သေပြသွားခဲ့သည်။
၎င်းတို့သည် ဆန်းကြယ်အရိုးကိုးချောင်း ဖြစ်သော်လည်း ဓားပျံတစ်စင်းကြောင့် အမှန်တကယ် ရပ်တန့်သွားခဲ့သည်။ ဘယ်ဟာက အားကောင်းပြီး ဘယ်ဟာက အားနည်းတယ် ဆိုတာ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
"နဂါးပုံစံဓားပျံက တကယ့်ကို အံ့သြစရာကောင်းတာပဲ... လှုပ်ရှားခဲ့သူက သခင်လေးရွှမ်ကျီးများလား?"
နုန့်ရွှယ်က ခန့်မှန်းကြည့်လိုက်သည်။
နဂါးဓားပျံက ရှစ်စင်းသာရှိပြီး ဟုန်ရှန်ယင်း လက်ထဲမှာ ဘယ်နှစင်းရှိသလဲ ဘယ်သူမှ တိတိကျကျ မသိကြပေ။ အစောပိုင်းက လေလံတင် ရောင်းချခဲ့သည့် ဓားလေးစင်းသည် မှော်ဆန်သော်လည်း ယခုနောက်ပိုင်း သန့်စင်ထားတာလောက် အစွမ်းထက်ခြင်း မရှိချေ။
နောက်ပိုင်းတွင် စုစုပေါင်း ဓားပျံလေးစင်း ရောင်းချခဲ့သည်။ သခင်လေးရွှမ်ကျီးက နှစ်စင်းကို ဝယ်ခဲ့ပေမယ့် ကျန်နှစ်စင်းကိုတော့ တခြားသူတွေကို ပေးခဲ့ပါတယ်။ ယခုအရေးယူရန် ဖြစ်နိုင်ခြေ အရှိဆုံးပုဂ္ဂိုလ်မှာ သခင်လေးရွှမ်ကျီးပဲ ဖြစ်သည်။
နုန့်ရွှယ်သည် သူ့ခန့်မှန်းချက်က ကောင်းမွန်သည်ဟု ထင်ထား၏။ လူများ ကမောက်ကမ ဖြစ်နေသော်လည်း သခင်လေးရွှမ်ကျီးကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။
"သခင်လေးရွှမ်ကျီးက လှုပ်ရှားရဲပြီး မထွက်လာရဲဘူး ထင်တယ်"
လော့ဟွားက အော်ရင်း သူ့မျက်နှာက မည်းမှောင်သွားလေသည်။ ၎င်းဓားပျံက သူ့ရဲ့ အရိုးကိုးချောင်းကို ပိတ်ဆို့ထားနိုင်ခဲ့သည်။ ဒါကြောင့် သူ့လက်ကို ရွေ့လိုက်ကာ နက်နဲသော အရိုးကိုးချောင်းကို ဖယ်ထုတ်ကာ ဓားပျံကို လုယူရန် ကြိုးစားပြန်သည်။
သခင်လေးရွှမ်ကျီးက မထွက်လာရဲဘဲ ဓားကိုသာ ပစ်လွှတ်လိုက်သည်။ ဓားပျံကို သိမ်းလိုက်ရင် သူထွက်လာနိုင်မလား ဆိုတာ ကြည့်မယ်လို့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း တွေးလိုက်မိသည်။
သို့သော် ဓားပျံက ရုတ်တရက် ရွေ့လျားသွားပြီး လေထဲ၌ ပျောက်ကွယ်သွားပြီးနောက် လုရွှမ်လက်ထဲ၌ ပြန်ပေါ်လာခဲ့သည်။
ဤအချိန်တွင် သူသည် တခြားသူများထံမှ မဖုံးကွယ်နိုင်တော့ပေ။ ထုံးစံအတိုင်း ကျင့်ကြံသူတစ်ယောက်က သူ့ကို စိုက်ကြည့်နေပြီ။ ထိုလူသည် သူ့ဘေးကနေ ရုတ်တရက် ခုန်ထကာ အဝေးကို ပြေးသွားပြီး ကံဆိုးလိုက်တာဟုပင် တိတ်တိတ်လေး အော်လိုက်သည်။
"မင်းက ဘယ်သူလဲ? ကောင်းကင်ဘုံသခင်လားဟ?"
လော့ဟွား ခဏလောက် ထိတ်လန့်သွားပြီးမှ သူ့ပါးစပ်ထောင့်မှ လှောင်ပြောင်လိုက်သည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ကျင်းဖုန်းက "မင်းက ငါတို့အတွက် ခက်ခဲအောင် လုပ်နေတာပဲ ကောင်လေး မင်းသေလမ်းကို ရှာနေတာလား?"
သခင်လေးစန်ယွဲ့ ဖြစ်တဲ့ ကျိုးရန်သည် ဤအခိုက်အတန့်တွင်တော့ ရှေ့ထွက်လာ၏။
"သခင်လေးရွှမ်ကျီးက နဂါးအမှတ်အသားပါတဲ့ ဓားပျံတွေကို ပိုင်ဆိုင်ထားရုံတင်မကဘူး... နဂါးအမှတ်အသားပါတဲ့ ပျံသန်းဓားတွေကို သန့်စင်နိုင်တဲ့ သခင်လည်း ရှိတယ်ဆို... မင်းက သခင်လေးလုရွှမ်များလား"
ဟိုဟိုဒီဒီ အော်ဟစ်သံတွေ ချက်ချင်းဆိုသလို ထွက်ပေါ်လာတော့သည်။ လူတွေက မနာလိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပြီး ဆွေးနွေးမှုတွေလည်း အများကြီး ရှိလာသည်။
လွန်ခဲ့သည့်လက လုရွှမ်သည် ထန်းယွမ်မြို့တစ်ခွင်တွင် နာမည်ကြီးလာခဲ့သည်။ အဂ္ဂိရတ်ဆရာနှင့် လက်နက်သန့်စင်ရေး ဆရာသည် ကောင်းကင်ဘုရင်၏ စံအိမ်သို့ ဖောက်ထွင်းဝင် ရောက်ခဲ့သည့် အဖြစ်အပျက်က မြေကြီးပြိုကျ ပျက်စီးသွားသလို ပွတ်ပွတ်ညံသွားခဲ့သည်။
သို့သော် အချိန်က တိုတောင်းနေရာ လုရွှမ်ကို လူတော်တော်များများ မသိကြသလို လုရွှမ်ရဲ့ မျက်နှာကိုတောင် မြင်ဖူးကြတာမို့ သူရပ်နေပေမယ့် မသိကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
"ဟားဟား... သခင်လေးလုရွှမ်.. မင်းနာမည်က ငါ့သူငယ်ချင်းဟောင်း တစ်ယောက်အကြောင်းကို သွားသတိရမိစေတယ် အဲဒါက ကြာခဲ့ပါပြီ"
သခင်လေးစန်ယွဲ့က ပြုံးပြလေသည်။ လုရွှမ်ကလည်း ရယ်လိုက်သည်။
"အို...သခင်လေးစန်ယွဲ့ရဲ့ သူငယ်ချင်းဟောင်းက အခု ဘယ်လိုဖြစ်နေမလဲ သိချင်လိုက်တာ"
"သေပြီလေ.... ဟားဟား သူသေသွားပြီလို့ ငါသေချာ မသိခဲ့ရင် သခင်လေးလုရွှမ်နဲ့ တစ်ခုခု ပတ်သက်နေလားလို့တောင် သံသယ ဖြစ်မိလိမ့်မယ်... နောက်ဆုံးတော့ ငါ့သူငယ်ချင်းဟောင်း လေ့ကျင့်ခဲ့တဲ့ အရာတွေက မင်းနဲ့ တူတယ်... အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်ခြင်း၊ အခင်းအကျင်း ဖွဲ့စည်းခြင်းနဲ့ ကိုယ်ခံပညာတွေမှာ သူမလုပ်ဆောင်နိုင်တာ ဘာမှ မရှိသလောက်ပဲ...သူက အရမ်းထက်မြက်ပြီး အခုသခင်လေးနဲ့ လုံးဝ အတူတူပဲ"
လုရွှမ်က "သူက ဒီလိုလူဆိုတော့ ဘယ်လိုများ သေသွားတာလဲ"
စန်ယွဲ့က ပြုံးပြီးပြော၏။
"ကောင်းကင်က မနာလိုဘူးလေ... သူက အရမ်းတန်ခိုးကြီးပြီး နတ်ဘုရားကိုတောင် မနာလိုဖြစ်စေလို့ ကံဆိုးမှုတွေ ကြုံခဲ့ရတာ"
"အိုး..အဲဒါဆိုရင်တော့ သနားစရာပဲ"
လုရွှမ်သည် ပေါ့ပေါ့တန်တန် ပြောပြီး သူ့စိတ်ထဲတွင် နားမလည်နိုင်သော သက်ပြင်းတစ်ချက်ကို ခံစားလိုက်ရသည်။ တစ်ချိန်က ကျိုးရန်ကို ပြန်တွေ့ဖို့ ကံကောင်းခဲ့မယ်ဆိုရင် ဒေါသအရမ်းထွက်ပြီး အမြန်ဆုံး သတ်ပစ်ချင်လိမ့်မယ်လို့ တွေးခဲ့ဖူးသည်။
ယခုမူ ကျိုးရန်ကို မျက်နှာချင်းဆိုင်ကြည့်ကာ သူနှင့် စကားစမြည်ပြောနေသည်။ အတိတ်ကို ပြန်တွေးကြည့်ရင် မုန်းတီးခြင်းထက် သံသယတွေ ပိုခံစားရလေ၏။
"ကံဆိုးသွားတာလား? ဒါမှမဟုတ်...?"
"....!"
"မင်းက ကောင်းကောင်းသိတယ် ဆိုတော့ သူ့ကို မင်းသတ်ခဲ့တာလား"
လုရွှမ်သည် သူ့မျက်နှာမှာ ပြုံးပြပြီး ရယ်နေပုံရသော်လည်း နှလုံးသားကတော့ အေးစက်နေသည်။ ထိုအခိုက် ကျိုးရန်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"လူတိုင်းက သခင်လေးလုရွှမ်ရဲ့ ထူးကဲတဲ့ အရည်အချင်းနဲ့ ထက်မြက်တဲ့ ဉာဏ်စွမ်းကို ချီးကျူးကြတယ်....ဒါအမှန်ပဲကိုး... မင်းထင်တာ မှန်တယ် အဲဒီလူကို ငါသတ်လိုက်တာ လုရွှမ် ကျေနပ်ပြီလား?"
ကျိုးရန်ရဲ့ အငွေ့အသက်ဟာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ဟာ တောက်ပတဲ့ အလင်းရောင်နဲ့ အနီရောင် နေလုံးလို ဖြစ်လာသည်။ သူက ဓားတစ်ချောင်းကို ဆွဲထုတ်ပြီး လုရွှမ်ကို ညွှန်ပြလိုက်သည်။
"ငါတို့ မတွေ့တာ အနှစ်ငါးရာရှိပြီ... နောက်ဆုံးတော့ ငါတို့ ပြန်ဆုံကြပြီပေါ့... ချလိုက်ရအောင်!"
နှစ်ယောက်သား စကားစမြည်ပြောပြီး ရယ်နေကြတာ မဟုတ်ဘူးလား။ တခဏအတွင်း အချင်းချင်း ရန်ထဖြစ်နေကြတာလား။
လုရွှမ်သည် အသက်ရှုသွင်းပြီး ဓားတစ်ချောင်းကို ထုတ်လိုက်သော်လည်း ၎င်းမှာ ကျောက်စိမ်းပြား၌ ထည့်ထားသည့် မိုးနတ်ဘုရားဓား ဖြစ်သည်။ ယခုအချိန်တွင် မိုးနတ်ဘုရားဓားသည် တွေးကြည့်လျှင် ဧကရာဇ်လက်နက်လို အသွင်ပုံစံ ရှိသော်လည်း သာမန် လျှို့ဝှက်ဆန်းကြယ် လက်နက်များနှင့် လျှို့ဝှက်ရတနာများထက်ပင် သာလွန်ခြင်းမရှိပေ။
"ငါပဲလို့ မင်းထင်ပြီးသားမလား!"
"ယွီရှန်က မင်းပြန်လာမယ်လို့ ပြောထားတယ် သူမ ဘယ်တော့မှ မမှားခဲ့ဘူး... ဒါပေမဲ့ မင်းဒီဘဝ အနှစ်နှစ်ရာအတွင်းမှာ မင်းရဲ့ လက်ရှိအဆင့်ကို ပြန်ရောက်လာမယ်လို့တော့ ငါမမျှော်လင့်ထားဘူး... မင်း ပါရမီရှင်ဘွဲ့နဲ့ တကယ်ထိုက်တန်ပါတယ် အရူးဧကရာဇ်"
ပတ်ဝန်းကျင်က လူတွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ စကားထဲက လျှို့ဝှက်ချက်တွေဟာ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ဘာလဲ။ လုရွှမ်က တကယ်သေပြီး ပြန်မွေးဖွားခဲ့တာလား။ ယခုလည်း သူသည် အနှစ်နှစ်ရာသာ ကျင့်ကြံ၍ တခြားပါရမီရှင်များကို အရှက်ကွဲစေသည့် လက်ရှိအဆင့်သို့ ရောက်ရှိနေခဲ့တာလား။
"လူတစ်ယောက်ဟာ အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင်မှု၊ ဖွဲ့စည်းတည်ဆောက်မှု၊ စိတ်ဝိညာဉ်နဲ့ ကိုယ်ခံပညာ လေ့ကျင့်မှုတွေကို တစ်ချိန်တည်းမှာ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောတော့ မင်းပြန်လာတာလို့ ငါ မသိခဲ့သေးဘူး.... သူ့နာမည်က လုရွှမ်လို့ ကြားလိုက်မှပဲ သိလိုက်တာ... နေကောင်းရဲ့လား!"
ကျင်းဖုန်း၊ လော့ဟွားနဲ့ နုန့်ရွှယ်တို့ သခင်လေးသုံးယောက်သည် သူတို့နှင့် သက်ဆိုင်နေသော ပြဿနာက မသက်ဆိုင်တဲ့ ကိစ္စဆီသို့ ရုတ်တရက် ဦးတည်သွားတာကြောင့် အံ့သြသွားကြလေသည်။
လုရွှမ်က ရှိုက်ကြီးတငင် ပြုံးလိုက်လေသည်။
"မင်းကိုတွေ့တော့မှ အရင်က အမုန်းတရားတွေ မရှိတော့ဘူး ဆိုတာကို သိလိုက်ရတယ်... စိတ်တွေက ရှုပ်ယှက်ခတ်နေတာပဲ မင်းငါ့ကို ဘာလို့ သစ္စာဖောက်ခဲ့တာလဲ!"
ကျိုးရန်သည် သူ့မျက်လုံးများကို မှိတ်ထားရင်း သူ့မျက်နှာအနှံ့ ခါးသီးမှု အရိပ်အမြွက်ပြပြီး မျက်လုံးများကို ပြန်ဖွင့်ကာ ဆိုလိုက်သည်။
“ကံကြမ္မာကြောင့် ကောင်းကင်ကြီး ပြိုလဲတော့မယ်... မြေကြီးကလည်း ကွဲတော့မယ် တိမ်ပင်လယ် နယ်မြေကြီးကို အပြောင်းအလဲ လုပ်ဖို့ စွန့်လွှတ်အနစ်နာခံမှုတွေ လိုအပ်တယ်.... မင်းက အသန်မာဆုံးလူပဲ မင်းငါ့အတွက် လုပ်ပေးခဲ့တာတွေ အတွက် အရမ်းကျေးဇူးတင်ပါတယ် ဒါပေမဲ့ မင်းငါ့လမ်းကို ပိတ်ဆို့နေတုန်းပဲ"
"ကောင်းတယ်... အဲဒါ အကြောင်းပြချက်ကောင်းပဲ...လှုပ်ရှားလိုက်တော့ မင်း လက်တွေ့မှာ ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာ ငါကြည့်ချင်တယ်"
ကျိုးရန်က သခင်လေး သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး။
"ဒါက သူနဲ့ငါကြားက ရန်စဟောင်းပဲ မင်းတို့ ဘယ်သူမှ ဝင်မစွက်ဖက်သင့်ဘူး!"
သူတို့သုံးယောက်က မျက်ခုံးမွှေးက တွန့်ချိုးနေကြသည်။ အမြဲတမ်း ငြိမ်သက်နေတဲ့ ညီငယ်က ဘယ်တုန်းက ဒီလောက် မောက်မာရဲသွားတာလဲ။
သို့သော်လည်း ကျိုးရန်ရဲ့ စွမ်းအားတွေ ပေါက်ထွက်လာခဲ့တဲ့အခါ သူတို့ သုံးယောက်ဟာ ထိတ်လန့်သွားပုံရပြီး တံတွေးကို မျိုချရင်း အမြန်နောက်ဆုတ် လိုက်ကြသည်။ ဝိုင်းကြည့်နေတဲ့ လူတွေအားလုံးလည်း ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွား၏။
ကျိုးရန်သည် တတိယအဆင့် နတ်မီးစွမ်းအားအဖြစ် ရှိနေဆဲဖြစ်သော်လည်း ၎င်းသည် နတ်မီးလေးလုံးကို ထွန်းညှိထားပြီးသား ဖြစ်သည်။
နတ်မီးနယ်ပယ် အဆင့်၉ သည် နတ်မီးကိုးလုံးကို လင်းစေနိုင်သည်ဟု ကောလာဟလများထွက်ပေါ်နေသော်လည်း သီအိုရီအရ လူ့ခန္ဓာကိုယ်တွင် နတ်မီးလုံး ဘယ်လောက်ရှိသလဲ ဘယ်သူမှ မသိနိုင်ပေ။