စတုတ္ထနတ်မီးလုံး
Vol. 92 Ch. 4.894
လုရွှမ် မရှောင်ပေ။ သူလည်း ဒီနတ်မီးရဲ့ အစွမ်းကို စမ်းကြည့်ချင်နေတာပဲ ဖြစ်သည်။
ကျိုးရန်၏ မျက်လုံးများတွင် နတ်မီးသည် အလွန်သန့်စင်နေပြီး ၎င်းကို ကြည့်ရုံဖြင့် သူ့အား ရင်တုန်မဆုံး ခံစားရစေသည်။ လုရွှမ်သည် ထိုနတ်မီး၏ ထက်မြက်မှုသည် မိုင်ပေါင်း ၉ သန်းကျော်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး မိုင်ပေါင်း ၁၀ သန်းနီးပါး နီးကပ်နေပြီဟုလည်း ခန့်မှန်းထားပါသည်။
နတ်မျှော်စင်မီးလုံး၏ ကန့်သတ်ချက်သည် မိုင်ဆယ်သန်းမျှသာ ရှိသည်ဟု ကောလဟာလများ အရ ယခုအချိန်တွင် နတ်မီးမှ ထုတ်လွှတ်သော စွမ်းအားသည် သာမန် ထူးဆန်းသော မီးများထက် နိမ့်ကျနေမည် မဟုတ်တော့ပေ။
ကောလာဟလဆိုတာ ကောလဟာလတွေပဲ။ သာမန်လူတွေက အထွတ်အထိပ် အတတ်ပညာနဲ့ ကောင်းကင်၊ ပစ္စည်းတွေနဲ့ မြေကြီးရဲ့ စည်းစိမ်ဥစ္စာတွေကို သုံးပြီး အဆမတန် လေ့ကျင့်မယ် ဆိုရင်တောင် အကန့်အသတ်နဲ့ လေ့ကျင့်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
မိုင်ကိုးသန်းအထိ ရောက်နိုင်သူများသည် ပါရမီရှင်များကြားတွင် ပါရမီရှင်များ ဖြစ်ကြပြီး နောက်ဆက်တွဲ အလေ့အကျင့်မှာ အကန့်အသတ်မရှိ ခက်ခဲနိုင်သည်။
ယခု ကျိုးရန်သည် ထိုကဲ့သို့သော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သမိုင်းတွင် အတိုင်းအတာ တစ်ခုအထိ ကျော်ကြားနေသူ အဖြစ် မှတ်ယူနိုင်ပါသည်။
လုရွှမ်ရှေ့တွင် အဝါရောင် အလင်းတန်းများဖြင့် နတ်ဝိညာဥ်ဒိုင်းလွှာ ပေါ်ထွက်လာကာ နေရာ တစ်ခုလုံးကို ပြည့်လျှံစေသည်။ ဝုန်းကနဲ ပေါက်ကွဲနှင့်အတူ နတ်မီး အလင်းတန်းက နတ်ဝိညာဉ်ဒိုင်းလွှာကို ထိမှန်သွားသည်။
နတ်ဝိညာဉ်ဒိုင်းလွှားပေါ်ရှိ လှိုင်းလုံးများသည် စီးဆင်းနေသော ရေနိယာမ ပုံစံများကဲ့သို့ တဟုန်ထိုး စီးဆင်းပြီးနောက် နတ်မီးအလင်းတန်းက ပျောက်ကွယ်သွားခဲ့၏။ ဒီလှုပ်ရှားမှုကို လုရွှမ် တားဆီးနိုင်ခဲ့သည်။
"မဖြစ်နိုင်ဘူး... မင်းရဲ့ နတ်ဝိညာဉ်ဒိုင်းလွှာက ဘယ်လို အစွမ်းထက်နိုင်မှာလဲ!"
အနီးနားရှိ လူအများအပြားသည်လည်း နတ်ဝိညာဥ်ဒိုင်းလွှာကို ရထားပြီးသား ဖြစ်သော်လည်း လုရွှမ်ရဲ့ နတ်ဝိညာဥ်ဒိုင်းလွှာနှင့် နှိုင်းယှဉ်လျှင် လုံးဝ နှိုင်းယှဉ်စရာ မရှိချေ။
အထူးသဖြင့် နတ်ဝိညာဥ်ဒိုင်းလွှာ၏ ခံနိုင်ရည်အတွက် သော့ချက်ဖြစ်သည့် အဝါရောင်တောက်ပသော အရာဖြစ်သည်။
"ဒါက ကောင်းကင်ဘုရင် စံအိမ်ထဲမှာ ကြုံခဲ့ရတဲ့ စွန့်စားမှုလေးတစ်ခုပါပဲ"
"ဟမ့် ဒါဆို မင်းရဲ့ နတ်ဝိညာဉ်ဒိုင်းက ဘယ်လောက်တောင် အားကောင်းနေဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ကျိုးရန် သူ့နှလုံးသားထဲမှ ဒေါသတွေကို ခံစားလိုက်ရသည်။ ပခုံးနှစ်ဖက်ပေါ်၌ နတ်မီးနှစ်လုံးကိုပါ ဖွင့်၍ ထွန်းတောက်ပစ်လိုက်သည်။ နတ်မီးအလင်းတွေက အချင်းချင်း ပဲ့တင်ထပ်နေပြီး မျက်ခုံးကြားရှိ နတ်မျှော်စင်မီးလုံးရဲ့ အရှိန်က ပိုပြင်းထန်လာသည်။
နတ်မျှော်စင်မီးလုံး၏ အလင်းရောင်များသည် တခြားမီးလုံးများနှင့် ပေါင်းစပ်ကာ အဖြူရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။
တစ်ချိန်တည်းမှာပင် ကျိုးရန်၏ ခန္ဓာကိုယ်မှ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံးကို ဖြန့်ကျက်သွားရာ အနီးနားရှိ လူများမှာ နံရံကို ကပ်မိတဲ့အထိ နောက်သို့ ဆုတ်သွားသော်လည်း တချို့လူများကတော့ ခန်းမထဲမှ ထွက်သွားရသည်။
ဒီမှာဆက်ရှိနေရင် နှလုံးသားထဲက တက်ကြွတဲ့ စိတ်ဓာတ်ကို ထိုအရှိန်အဝါက သတ်ပစ်လိမ့်မယ်။ ထိုသို့သော ဖျောက်ဖျက်၍မရသော ပုံရိပ်ကို နှလုံးသားထဲတွင် အမြဲတမ်း ထားခဲ့ပါက နောင်ထိုအခြေအနေမျိုးတွင် အတွင်းနတ်ဆိုးများ ဖြစ်ပေါ်လာလိမ့်မည်၊၊
ခန်းမကြီးထဲက လူတချို့ ထွက်သွားပြီး တချို့က ဝင်လာကြသည်။ လူသတ်လိုတဲ့ အရိပ်အာဝါသကြောင့် လူတော်တော်များများက သူတို့သူငယ်ချင်းတွေဆီက သတင်းစကားကြားပြီး ဒီထိတ်လန့်စရာကောင်းတဲ့ တိုက်ပွဲကို မြန်မြန်ဆန်ဆန် ပြေးလာကြည့်ကြတာပဲ ဖြစ်သည်။
လုရွှမ်၏ အမူအရာသည်လည်း လေးနက်လာသည်။ သူခံစားလိုက်ရသည်မှာ မြေကြီး ပြိုကျတော့မလို အလွန်အစွမ်းထက်တဲ့ ခွန်အားတစ်ခုပါပဲ။
လုရွှမ် စိတ်ထဲတွင် တွေးတောရင်း မိုးနတ်ဘုရားဓားကို ဖယ်လိုက်သည်။ အကယ်၍ သူသည် မိုးနတ်ဘုရားဓားကို နောက်တစ်ကြိမ် ခုခံစေခဲ့မယ် ဆိုလျှင် ကျိုးရန်ကို သတ်နိုင်သော်လည်း တုံ့ပြန်မှုကိုတော့ ဓားကိုယ်ထည်က ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သူ့လက်ထဲတွင် ဝိညာဉ်ဖြတ်ဓား ပေါ်လာကာ သူ့ကိုယ်ပေါ်ရှိ ရောင်ဝါများ လျင်မြန်စွာ စိမ့်ဝင်သွားသည်။ ဓားသွားရောင်ဝါများက လေထုကို လှုပ်ခတ်သွားစေခဲ့သည်။
“အဲဒါကဘာလဲ?”
"အား.... အဲဒါ လေထုအက်ကြောင်းပဲ!"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါက ထန်းယွမ်မြို့လေ...လေထုက ဒီလောက် တည်ငြိမ်နေတာ... လေထု အက်ကြောင်းတွေ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ"
ကျင့်ကြံသူတွေ အများကြီး တစ်ယောက်ပြီး တစ်ယောက် ထအော်ကြသည်။
"လုရွှမ်ကို ကြည့်!"
"ဒီအက်ကြောင်းတွေက လုရွှမ် လုပ်ထားတာကွ!"
လုရွှမ်သည် ဤအက်ကွဲမှုများကြောင့် ဓားနှလုံးသား အာရုံစူးစိုက်မှုနှင့် ဓား၏ စိတ်ဆန္ဒတို့ လှုပ်ခတ်မှုတို့သည် နေရာအနှံ့က အတက်အကျများနှင့် ဆက်စပ်နေမည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် ကောင်းကင်ဘုရင် စံအိမ်သည် မူလက ဟန်ချက်မညီသော နေရာတစ်ခုဖြစ်ပြီး အခု ပြောင်းလဲနေပြီမလို့ ဤအတက်အကျများက အံ့သြစရာတော့ မဟုတ်ပေ။
ကျိုးရန်သည် သူ့ရောင်ဝါကို ထိန်းနေစဥ်အတွင်း လုရွှမ်ရဲ့ လှုပ်ရှားမှုကို ခံစားမိသည်။ လုရွှမ်ရဲ့ စရိုက်ကို သူသိသည်။ သူသည် အလွန်မာနကြီးပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်တတ်ပေ။ ပတ်ဝန်းကျင်က ပြောင်းလဲသွားတာကို ခံစားလိုက်ရပြီး သူ့နှလုံးသားထဲမှာ ရင်တုန်လာမိသည်။
မလုံလောက်ဘူး။ သူ့ရဲ့ ဒီလှုပ်ရှားမှုက မလုံလောက်သေးဘူး။
လုရွှမ်သည် အဆုံးမရှိသော နည်းလမ်းများကို အသုံးပြုနေပုံရလေသည်။
လုရွှမ်မှာ မီးတောက် နှစ်မျိုးရှိသည်။ နဂါးပုံစံများဖြင့် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ဆုံး ဓားပျံများကိုလည်း သူ့ဘာသာ သန့်စင်ထားသည်။ ဓားသိုင်းက အလွန်အစွမ်းထက်သော ကောင်းကင်နှင့် မြေကြီးရဲ့ စွမ်းအင်ကို ခိုးယူလုနီးပါးဖြစ်ပြီး သူကတော့ ယခုထိ ဤသိုင်းကွက်ကို အသုံးမပြုရသေးပေ။
လုရွှမ်ရဲ့ ဓားသိုင်းက ကမ္ဘာကို လှုပ်ခါပြီး သရဲနှင့် နတ်ဘုရားများကို ငိုကြွေးစေမည်မှာ သေချာပါသည်။
သူ အမြဲဂုဏ်ယူခဲ့ရတဲ့ စွန့်စားခန်းတွေနဲ့ သိုင်းကွက်တွေက အခုအချိန်မှာ လုရွှမ်ပြသလယတဲ့ နည်းလမ်းတွေနဲ့ ယှဉ်ရင် နောက်ကျကျန်နေခဲ့လေပြီ။ သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်ရင် သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ တခြားရတနာတွေ ရှိနေတယ်ဆိုတာ သိသာပါ၏။
ကျိုးရန်သည် သူ့သွားများကို အံကြိတ်ကာ သူ့စိတ်ထဲရှိ ဒေါသများကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။
တင်ပျဉ်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း လှည့်ပတ်လာကာ လူတိုင်း၏ မျက်လုံးများရှေ့တွင် နတ်မီးလုံးတစ်လုံး သူ့လက်ထဲ အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။
သူ့လက်တွေက စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်လျက်ရှိကာ ဒီအချိန်မှာတော့ မျက်ခုံးမွှေးကြားရှိ နတ်မျှော်စင်မီးလုံးနဲ့ မတူတဲ့ မီးလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ အနီးနားရှိ ကျင့်ကြံသူများလည်း နတ်မီးလေးလုံး ရှိကြောင်း ခံစားလိုက်ရသဖြင့် မယုံနိုင်လောက်အောင်ပင် တုန်လှုပ်သွားကြသည်။
လူများစွာတို့သည် မိမိတို့၏ အနာဂတ် ကျင့်ကြံမှုကို အကျိုးပြုစေမည့် တခြားနတ်မီးများ ရှိရာကို ရှာဖွေရန် ကြံရွယ်လျက် ဤနေရာ၌ စုဝေးလာကြသည်။
သို့သော် ယခုလို နတ်မီးလုံးကို မြင်လိုက်ရသောအခါ အားလုံး အံ့သြသွားကြ၏။ ဒီနတ်မီးလုံးရဲ့ စွမ်းအားက သူတို့စိတ်ကူးထက် ကျော်လွန်နေပါပြီ။ ယေဘူယျအားဖြင့် ပြောရလျှင် ပထမ နတ်မျှော်စင်မီးလုံးသည် အပြင်းထန်ဆုံးဖြစ်ပြီး တခြားနတ်မီးလုံးများက တဖြည်းဖြည်း ဒုတိယနေရာသို့ ရောက်ရှိသွားသည်။
ယခုမူ စတုတ္ထနတ်မီးလုံးရှိ နတ်မီး အလင်းရောင်သည် တခြားသော နတ်မီးနှစ်ခုထက် မနိမ့်ကျပေ။ နီရဲတောက်ပနေသော အလင်းရောင်သည် ပြင်းထန်စွာ ခုန်နေသော နှလုံးနှင့်ပင် တူနေသည်။
လုရွှမ်သည် သူ့ခွန်အားကို ချိုးနှိမ်ထားသော်လည်း မျှော်စင်နယ်ပယ်က အကြီးအကဲမောင်ထံမှ ခြောက်ကြိမ်မြောက် ဖန်တီးမှု၏ စွမ်းအားကို တွေ့ကြုံခဲ့ရပြီးပြီ ဖြစ်သည်။ ၎င်းသည် သူ၏လက်ရှိ အင်အားဖြင့် ထိန်းချုပ်နိုင်သည့် အရာထက် ကျော်လွန်သွားခဲ့ပြီ။
စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက ဓားတစ်ချောင်းထက် တစ်ချောင်း ခက်သည်။ သူသည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား၏ အနှစ်သာရကို ချေးယူပြီး ယွမ်ယန်ဓားကိုးစင်းထဲ ပေါင်းစည်းခဲ့သည်။ တတိယဓားမှစတင်၍ နတ်ဝိညာဥ်ကို ပေါင်းစည်းလိုက်သောကြောင့် ဓားသိုင်း တစ်ခုနှင့်တစ်ခုကြားရှိ အတိုင်းအတာကို နှစ်ဆအဖြစ် တွက်ချက်နိုင်သည်။
ဖန်ဆင်းခြင်း ဆိုတဲ့ ဆဋ္ဌမမြောက် ဓားလှုပ်ရှားမှုသည် ဖျက်ဆီးခြင်းထက် ဆယ်ဆပိုမိုအားကောင်းပါသည်။
ချီထျန်းခန်းမထဲမှာသာ မဟုတ်ပါက သူစမ်းသပ်မိလိမ့်မည်။ ဤနေရာတွင် ထင်ရှားသော ဂုဏ်ရည်မှာ မီးဒြပ်စင်ဖြစ်ပြီး ယွမ်ယန်စွမ်းအင်ကိုသာ ပေါင်းစပ်လိုက်ပါက ရေထဲက ငါးတစ်ကောင်လိုပင် ဖြစ်လိမ့်မည်။ သို့သော် လုရွှမ်သည် ဤလှုပ်ရှားမှုကို ဖိနှိပ်လိုက်၏။ အကြောင်းမှာ မဆိုင်တဲ့လူတွေရဲ့ အသက်အန္တရာယ်များစွာက ဒီနေရာမှာ ရှိနေသည်လေ။