ကျိုးရန် သေပြီ
Vol. 92 Ch. 4.895
လေထုအတွင်းရှိ အက်ကွဲကြောင်းများသည် တဖြည်းဖြည်း ပွင့်နေဆဲဖြစ်ပြီး ၎င်းတို့ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။
လေထုအတွင်း အက်ကွဲကြောင်းများမှတဆင့် လေပြင်းများ တိုက်ခတ်လာခဲ့သည်။ ထူးဆန်းသော ရောင်ဝါက ကျင့်ကြံသူတစ်ယောက်စီတိုင်း၏ ကိုယ်ခန္ဓာကို သက်ရောက်မှုရှိရာ တစ်ဦးနှင့်တစ်ဦး မတူညီသော အမူအရာများ ပြသလာကြသည်။
နောက်ဆုံးတော့ ကျိုးရန်က ပြင်ဆင်မှု ပြီးသွားတော့ လုရွှမ်ကိုကြည့်ကာ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်လေသည်။
"လုရွှမ်... မင်းက ငါသိဖူးသမျှထဲမှာ အမြင့်မြတ်ဆုံးလူပဲ ဒါပေမဲ့ မင်းရဲ့ မာနက အဖိုးမတန်တော့ဘူး!"
"အဆုံးမဲ့ နတ်မီး!!"
ကျိုးရန်က အော်ဟစ်လိုက်သည်။
သူ့မျက်ခုံးအလယ်မှ မီးတောက်နဲ့အတူ သူ့ပခုံးပေါ်နှင့် သူ့လက်တို့ပေါ်က နတ်မီးလုံးလေးလုံးသည် တစ်ပြိုင်နက် လေထဲမှာပင် ပေါက်ကွဲပြီး လူရုပ်အသွင် ဖြစ်သွားသည်။ အံ့သြစရာ ကောင်းလောက်အောင် ကျိုးရန် ကိုယ်တိုင်ဖြစ်လာသည်။
သူ့ခန္ဓာကိုယ်သည် နတ်မီးလေးလုံး၏ မီးတောက်အရောင်နှင့် တူသော အလင်းလေးရောင်များ ဖြာထွက်လျက် ရှိသည်။ လူများစွာလည်း ကျိုးရန်ကို တအံ့တသြ ကြည့်နေကြသည်။
နတ်မီးနဲ့လုပ်ထားတဲ့ အရိပ်က ကျိုးရန် ကိုယ်တိုင်ပဲ ဖြစ်နေတာလား။ ဒါမှမဟုတ် ဒါက မှော်စွမ်းအား တစ်မျိုးမျိုးလား၊ ဒါမျိုး ရှိတယ်ဆိုတာ သူတို့ လုံးဝ မသိရပါလား။
လူများစွာတို့သည် ပါရမီရှင်တွေ့ဆုံပွဲ၌ ပါဝင်ရန် ဤနေရာသို့ လာခဲ့ကြရာ ဤကဲ့သို့ အံ့သြဖွယ်ကောင်းလှသော တိုက်ပွဲနှင့် စစ်မှန်သော ပါရမီရှင်များကြား တိုက်ပွဲကို တွေ့မြင်နိုင်ကြမည်ဟု မျှော်လင့်ထားပြီးသားပင်။
နတ်မီးများဖြင့် တောက်လောင်နေသော ကျိုးရန်သည် လေထုကို ဖြိုခွဲလိုက်သကဲ့သို့ ပြင်းထန်လှသော လေတိုက်သံနှင့် ကျယ်လောင်သော အသံများကြားတွင် ပို၍ပင် ကြောက်စရာကောင်းလာသည်။ လေထုသည် အက်ကွဲမှုကြောင့် တိုက်ရိုက် ကွဲထွက်သွားသည်။
ကျိုးရန်ရဲ့ လေပြင်းကြောင့် ကြောက်လန့်တကြားနဲ့ အမြန် ရှောင်ပြေးခဲ့ပေမယ့် သူ့ဘေးနားက ကျင့်ကြံသူ တစ်ယောက်မှာ တွန်းထုတ်ခံလိုက်ရပြီး လေထု အက်ကွဲရာထဲကို ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။
သူ့ပတ်ဝန်းကျင်က လူတွေအားလုံးကို ကျိုးရန်က လျစ်လျူရှုထားကာ ဘယ်သူသေသေ သူတို့ကို လုံးဝ ဂရုစိုက်တော့မည် မဟုတ်ပေ။
လုရွှမ်သည် သူ့လက်ကို ရွှေ့လိုက်ပြီး ယွမ်ယန်ဓားကိုးစင်း၏ ခြောက်ခုမြောက် ဓားဖြစ်သော 'ဖန်ဆင်းခြင်း'ကို ထုတ်လွှတ်လိုက်သည်။
သူ၏ လှုပ်ရှားမှုများသည် ယခင်လှုပ်ရှားမှုများထက်ပင် နှေးကွေးလွန်းလှသည်။ သို့သော် ဓားရှည်သည် အလင်းခြေရာတစ်ခုကို အလိုအလျောက် ထုတ်ပေးပြီး ပတ်ပတ်လည်တွင် လေထုအက်ကြောင်းများစွာ ပေါက်ဖွားလာ၏။ ၎င်းပုံစံက ဖီးနစ်ကို ကိုးကွယ်သည့် ငှက်ပေါင်းတစ်ရာကဲ့သို့ပင် လုရွှမ်နောက်တွင် ဝိုင်းရံထားကြသည်။
သူ့ပတ်ဝန်းကျင်က ကျင့်ကြံသူတွေ တစ်ယောက်မှ အနားမကပ်နိုင်ကြတော့ချေ။
လုရွှမ်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အသက်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ ယွမ်ယန်ကျင့်စဥ် ကျွမ်းကျင်မှုနှင့်အတူ သူ့ပတ်ဝန်းကျင်ရှိ လေထု အက်ကွဲကြောင်းများထဲမှ အငွေ့အသက် အများစုကို စုပ်ယူလိုက်သော်လည်း လွတ်မြောက်သွားသော အငွေ့အသက် အနည်းငယ်က ပတ်ဝန်းကျင်ကို လူများအတွက် များစွာအကျိုးရှိစေပါသည်။
"လက်ခံလိုက်!"
လုရွှမ် သူ့နှုတ်ခမ်းကို အနည်းငယ်ဖွင့်ပြီး စကားတစ်ခွန်းတည်း ပြောလိုက်သည်။
ယွမ်ယန်ဓားကိုးစင်း၏ ခြောက်ခုမြောက် ဓားအမည်မှာ ဖန်ဆင်းခြင်းဖြစ်ပြီး ပျက်စီးသွားကာ အရာအားလုံး မရှိတော့ဘဲ အသစ်တစ်ဖန် ဖန်ဆင်းနေသလို ဖြစ်လာသည်။ လုရွှမ်သည် ဤလှုပ်ရှားမှုကို ခုခံကာကွယ်ရန် သို့မဟုတ် ဆုတ်ခွာရန် အသုံးပြုနိုင်သည်။
လုရွှမ် ဝိညာဉ်ဖြတ်ဓားကို လှပစွာ ဝေ့ယမ်းလိုက်သည်။ နတ်ဓားတစ်စင်းက လှည့်ပတ်ကာ ယင်ယန်တို့သည် အလိုအလျောက် သဟဇာတဖြစ်လာကာ ဒြပ်စင်ငါးပါးလည်း လှုပ်ရှားသွားသည်။
ကျိုးရန် ပစ်ခတ်လိုက်သော နတ်မီးအလင်းသည် လုရွှမ်ရဲ့ လှုပ်ရှားမှုထဲသို့ လျင်မြန်စွာ ပေါင်းစပ်သွားပြီး ဝုန်းခနဲ ပေါက်ကွဲသွားသည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် ပထမဆုံးအကြိမ် ပြန်ဆုတ်သွားခဲ့၏။
ကျိုးရန် ဝမ်းသာအားရနှင့် သက်ပြင်းချလိုက်သည်။ လုရွှမ် သူ့ကို တကယ် စိုးရိမ်စေတာက သူ ပြသလာမယ့် ငြိမ်သက်မှုပါပဲ။ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆက်ဆံရာတွင် ယုံကြည်မှု မလိုသော်လည်း လုရွှမ်ကို ရင်ဆိုင်ရာတွင်တော့ လိုအပ်ကြောင်း သူသိပါသည်။
ထိုအတွေးမျိုး မရှိသင့်ဘူးဟုလည့း သူ့စိတ်ထဲတွင် ကောင်းကောင်းသိသည်။ ကြီးပြင်းလာတာနဲ့အမျှ သူ့မှာ ဒီလိုယုံကြည်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ လုရွှမ်သည် အမြဲတမ်း သူ့နှလုံးသားထဲတွင် မယုံကြည်နိုင်လောက်အောင်ပင် အစွမ်းထက်သော ပုံရိပ်တစ်ခုဖြစ်သည်။
ပထမအချက် သူ့ကို တိုက်ခိုက်ဖို့ မတုံ့ဆိုင်းရတဲ့ အကြောင်းရင်းက ယှဥ်ပြိုင်ချင်တာကြောင့် ဖြစ်နိုင်သလို တခါတရံ တွေးမိတာက သူ့စိတ်ထဲ ဖိနှိပ်ချုပ်ချယ်တဲ့ နာကြည်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါသည်။
လုရွှမ် လေထုထဲတွင် လျှောက်လှမ်းလာနေတာကို ကြည့်ရင်း ကျိုးရန်၏ မျက်လုံးများသည် လေးနက်လာပြန်သည်။ လုရွှမ်ရဲ့ ဆုတ်ခွာသွားတဲ့ ခြေလှမ်းတွေဟာ နည်းစနစ်ကျလွန်းပြီး သူ့အလိုလို စိတ်ရှိလို့ ဆုတ်သွားသလိုပင်။
လုရွှမ်သည် သူ့ရှေ့ရှိ နတ်မီးများဖြင့် တောက်လောင်နေသော ကျိုးရန်ကို စိုက်ကြည့်ကာ သူ့မျက်လုံးများတွင် ချစ်ခင်ကြင်နာသော အပြောင်းအလဲများကို တွေ့လိုက်ရသည်။
"ဟုတ်တယ်... ငါ့မှာ အရန်အစီအစဉ် တစ်ခုရှိတယ် မင်းထင်တာမှန်တယ်"
ဓားရှည်ကို လှန်လိုက်သည့် ဓားစွမ်းအင်က အကြိမ်ရေ အနည်းငယ် တိုးလာပြီး ခန္ဓာကိုယ်က ဆုတ်မသွားတော့ပေ။
"ယွမ်ယန်ဓားကိုးစင်း... ခြောက်စင်းမြောက်ဓား! ကမ္ဘာကို ဖန်ဆင်းခြင်း!"
လုရွှမ် သူ့လက်ဖဝါးကို လှည့်လိုက်သောအခါ လက်ရှိ နေရာနှင့် အချိန်ကို ပြောင်းပြန်ဖြစ်သွားသလိုမျိုး အလွန်အစွမ်းထက်သော ဓားရှည်ကြီးထဲမှ ဓားအရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကျိုးရန် အော်ဟစ်လိုက်၏။ ဓားအရိပ်က သူ့ကို တိုက်ရိုက် ထိမှန်သွားကာ အရှိန်အဟုန် ပြင်းပြင်းဖြင့် သူ့ခန္ဓာကိုယ်ကို တရစပ် တိုက်ခိုက်နေသည်။ နတ်မီးလုံးက တိုက်ရိုက် ပေါက်ကွဲသွားပြီး မီးတောက်များသည် အရပ်ရပ်သို့ ပြန့်ကျဲသွားကာ စောင့်ကြည့်နေသော လူများကို ထိမှန်သွားသည်။
"အား!"
လူတစ်ယောက် ရှောင်ချိန် မရလိုက်သဖြင့် နတ်မီးဖြင့် ပစ်သတ်ခံခဲ့ရသည်။ ထိုလူသည် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ပြီး ချက်ချင်းပင် ပြာပုံဖြစ်တဲ့အဖိ မီးလောင်သွားခဲ့သည်။
တခြားလူများသည်လည်း လုရွှမ်နဲ့ ကျိုးရန်တို့၏ တိုက်ပွဲကို ကြည့်လိုက်တော့ နတ်မီး၏ ပျက်စီးမှုက သာမန်မျှသာဟု ထင်ရသော်လည်း ဒီလောက်ထိ ပြင်းထန်မည်ဟု မထင်ထားခဲ့ပေ။
လုရွှမ်အတွက်ကတော့ သူသည် ထိုမျှလောက် အစွမ်းထက်သူ မဟုတ်သော်လည်း နတ်မီးကို လောင်ကျွမ်း ဖြာထွက်သွားအောင် လုပ်နိုင်သူ ဖြစ်လေသည်။
“ထွက်ပြေးတော့!”
ကျင့်ကြံသူတွေ အလွန်အမင်း ထိတ်လန့်သွားပြီး ဒီမှာပဲ မနေဝံ့တော့တဲ့အတွက် မြန်မြန်ပဲ ထွက်ပြေးသွားကြသည်။
ကံကောင်းထောက်မစွာ လုရွှမ်သည် သူ၏ဓားကို အာရုံစူးစိုက်နေချိန်၌ ချီထျန်းခန်းမတွင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာပြီး မီးတောက်အများစုကို အက်ကြောင်းအတွင်းသို့ စိမ့်ဝင်သွားစေခဲ့သည်။ မဟုတ်ပါက ရောက်လာသော လူများထဲက ထက်ဝက်ခန့်မှာ ဒုက္ခရောက်သွားလိမ့်မည်။
သို့သော်ငြားလည်း ကျင့်ကြံသူ တချို့ကတော့ မီးလောင်ကျွမ်းသွားသေးသည်။ တုံ့ပြန်သူများသည် အခွင့်အလမ်းကို လျင်မြန်စွာ မြင်သောကြောင့် နတ်မီး စွဲသွားကာ အစိတ်အပိုင်းကို တတ်နိုင်သမျှ ဖြတ်တောက်ကာ လွတ်မြောက်ခဲ့ကြသည်။
လုရွှမ်သည် လေထုအတွင်းမှ နတ်မီးဘောလုံးကို စူးစိုက်ကြည့်နေသည်။ ကျိုးရန်ရဲ့ အငွေ့အသက်က တစ်နေရာ၌ ပုန်းအောင်းနေဆဲ ဖြစ်သည်။
"မထွက်လာဘူးပေါ့လေ.... ဒါကငါ့ကို အရှက်ရလိမ့်မယ်လို့ ထင်နေတာလား... ငါက အခင်းအကျင်း ပညာရှင်ဆိုတာလည်း မမေ့နဲ့ဦး!"
လုရွှမ်သည် ကျိုးရန်အပေါ် အမုန်းတရားတွေ ပျောက်ကွယ်သွားပေမယ့် သူ့ကိုသတ်လိုက်တာက ဥပဒေကို ချိုးဖောက်သလို မဖြစ်သွားပါဘူး။
'ကျိုးရန်က သေကိုသေရမယ်!'
လုရွှမ်သည် လက်ဖဝါးကို ရွှေ့လိုက်သော် သိုလှောင်လက်စွပ်ထဲတွင် ဝှက်ထားသော တံဆိပ်ပြား တစ်ခု ပေါ်လာသည်။ ယွမ်စွမ်းအင် ထိုအထဲသို့ ဝင်သွားသည်နှင့် ပတ်ဝန်းကျင်လေထုသည် ချက်ချင်းပင် ပျက်ပြယ်သွား၏။ မီးတောက်များကို လွင့်သွားစေသည့် အက်ကြောင်းများထဲမှ လေပြင်းများ တိုက်ခတ်လာသည်။
ချီထျန်းခန်းမ တစ်လျှောက်လုံး ညည်းတွားသံများ ထွက်ပေါ်လာသည်။ လေသည် မီးကို အားပေးသလို မီးကလည်း လေစွမ်းအားကို ကူညီပေးလေသည်။
ပတ်ဝန်းကျင်သည် မီးတောက်ကမ္ဘာ တစ်ခုအဖြစ်သို့ ခဏအတွင်း ပြောင်းလဲသွားပြီး လုရွှမ်သည် လေထုထဲသို့ ဖီးနစ်နတ်မီးကိုပါ တိုက်ရိုက် ပစ်ခတ်လိုက်ကာ ပတ်ပတ်လည် တစ်ခုလုံး ခရမ်းရောင်မီးပွားများ ဖုံးလွှမ်းသွားသည်။
မကြာခင်မှာပဲ ကျိုးရန်ရဲ့ ရုပ်ပုံက ပေါ်ထွက်လာသည်။ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ သူသေခါနီးပြီ ဖြစ်တာကြောင့် အလွန်အားနည်းနေပုံပေါ်ပါ၏။
"မင်း ငါ့ကို တကယ်သတ်ချင်နေတာပဲ"
လုရွှမ်ရဲ့ ဓားစွမ်းအင် ဖြတ်သွားစဥ် ကျိုးရန်ရဲ့ ဝိညာဉ် အပိုင်းအစတွေလည်း ပျောက်ကွယ်သွားလေသည်။ တံဆိပ်ပြားကို သိမ်းလိုက်တော့ ပတ်ဝန်းကျင်ရှိ မီးတောက်များ ပျောက်ကွယ်သွားပြီး လေထုအတွင်းရှိ အက်ကွဲကြောင်းများလည်း တဖြည်းဖြည်း ပိတ်သွားသည်။
ဒြပ်စင်ငါးပါးက ပြောင်းလဲနေပြီ။ ချီထျန်းခန်းမသည် မီးဒြပ်စင်ကြောင့် ပျောက်ကွယ်သွားတော့မှာ ဖြစ်ပြီး ဤနေရာတွင် ဆက်ရှိနေပါက ဆိုးကျိုးရှိနိုင်သည်။
လုရွှမ် ထွက်လာတော့ လူတိုင်းသည် မသိစိတ်က ရှောင်ထွက်သွားပြီး လုရွှမ်ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြသည်။ လုရွှမ် ထွက်သွားတာကို ကြည့်ပြီးနောက်မှ အားလုံးက ချီထျန်းခန်းမထဲကို ချက်ချင်းပြေးဝင်သည်။ လေထုက အက်ကြောင်းတွေ အများကြီးကျန်နေသေးပေမယ့် သူတို့လိုချင်တဲ့ အလောင်းနဲ့ ရတနာတစ်ခုမှ မကျန်ခဲ့ပေ။