အပေးအယူ
Vol. 92 Ch. 4.896
လုရွှမ်သည် ချီထျန်းခန်းမမှ ထွက်လာသောအခါတွင် သူ့စိတ်က အလွန်အမင်း ပြေလျော့မသွားကြောင်း ခံစားလိုက်ရပြီး သူ့ခြေလှမ်းများသည် အရေးမပါသော အရာတစ်ခုကို လုပ်လိုက်သလိုပင် ထူးထူးခြားခြား သက်သာရာရသွားခြင်း မရှိပေ။
ကျိုးရန် ဒီမှာပေါ်လာပြီး သူ့ကိုဒီမှာ သတ်လိုက်ရတာက ပိုတောင် အံ့သြစရာ ကောင်းနေသလိုပင်။ လုရွှမ်နဲ့ သခင်လေးစန်ယွဲ့ အကြား တိုက်ပွဲသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"သခင်လေးလုရွှမ်.. ကျေးဇူးပြုပြီး နေပါဦး!"
အနောက်ကနေ အသံထွက်လာသူက ဟန်လီပါပဲ။ လုရွှမ်သည် ဒီကောင်လေး သူ့နောက်ကနေ လိုက်လာနေတာကို သတိထားမိတာကြောင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ စောင့်နေခဲ့သည်။ ကောင်လေးက အချိန်အကြာကြီး တုံ့ဆိုင်းနေကာ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံပါပဲ။
ကျိုးရန်၏ အဓမ္မလုယူသည့် နည်းလမ်းက သူသေဆုံးပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ်သည်တော့ အခြားသူများ၏ အရည်အချင်းကို လုံးဝ လုယူရန် မလိုအပ်ဘဲ သူ့နည်းသူ့ဟန်ဖြင့် တိုးတက်အောင် လုပ်မည့်သူပင်။
တခြားသူတွေဆီကနေ ဘယ်လောက်ပဲ သင်ယူနေပါစေ နောက်ဆုံးမှာ တခြားသူတွေဆီကနေ သင်ယူထားသလောက်ပဲ ရှိလိမ့်မယ်။ ရှေးခေတ်နှင့် ခေတ်သစ်ကာလ တစ်လျှောက်တွင် အခြားသူများထက် သာလွန်သူ အနည်းငယ်သာ ရှိနိုင်သည်။
တခြားသူများ၏ လမ်းစဉ်ကို လိုက်လျှောက်သောအခါ အရှေ့၌ ပိတ်မိနေမည့် လမ်းကြောင်းသည် ကျဉ်းမြောင်းပြီးရင်း ကျဉ်းမြောင်းလာလိမ့်မည်။ ထိုထူးခြားသော စွမ်းရည်မျိုးက အမှန်တကယ်ပင် မှော်ဆန်သော်လည်း ငြူစူစရာ မရှိပါ။
တစ်ဖက်တွင်တော့ လုရွှမ် သည် လူငယ်လေးဟန်လီကို အလွန်စိတ်ဝင်စားနေခဲ့သည်။
ဒါပေမဲ့ သူ ကျိုးရန်ကို တိုက်ခိုက်နေချိန်မှာတော့ ကောင်လေးက ချီထျန်းခန်းမထဲက ထွက်ပြေးသွားခဲ့ပါပြီ။ သူ့နောက်ကို အရူးအမူးနောက်လိုက်မယ်ဆိုရင် မိမိမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပုံပေါ်ပြီး နောက်ဆို နာကြည်းမှုတွေနဲ့ ကြောက်စိတ်တွေကိုတောင် နှိုးဆွလာမှာ သေချာပါ၏။
လုရွှမ် ရပ်လိုက်ပြီး သူ့လက်ကို ဟန်လီဘက်သို့ နှုတ်ဆက်ဟန် မြှောက်လိုက်ပြီး။
"ညီအစ်ကိုဟန် တစ်ခုခု အဆင်မပြေဘူးလား"
ဟန်လီ၏ မျက်နှာသည် အနည်းငယ် နီမြန်းနေပြီး သူ့မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင်များ ရှိနေသည်။ သူ့ခမျာ အနည်းငယ် ရှက်နေရာ လုရွှမ်ကပဲ ပြုံး၍ ပြောလိုက်သည်။
"ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲပေါ့... ငါတို့အချင်းချင်း မိတ်ဆွေလို့ သတ်မှတ်လို့ရတယ်"
ဟန်လီက ပြုံးပြီး စိတ်လှုပ်ရှားစွာနဲ့ “သခင်လေးလုရွှမ်ရဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်” တဲ့။
"ဂုဏ်ဆိုတာ မရှိပါဘူး... ဇွဲလုံ့လရှိမှ အောင်မြင်မှုဆီကို ဦးတည်သွားမှာ မင်း ရည်မှန်းချက်ကြီးရင် အမြဲတမ်း ရှေ့ကို ရောက်လိမ့်မယ်... အဲဒီတုန်းက မင်းနဲ့ငါ ဒီနေ့ ဒီမှာ အောင်မြင်မှုရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးမလား... တစ်လှမ်းပြီးတစ်လှမ်း လျှောက်လိုက်ပါ... ငါက မင်းထက်ခြေတစ်လှမ်း စောနေရုံပဲရှိတာ"
ဟန်လီ၏ မျက်လုံးများ ပြူးကျယ်သွားကာ ခေါင်းညိတ်ပြကာ လုရွှမ်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အစ်ကိုလုဆီက သင်ခန်းစာတစ်ခု ရလိုက်ပါပြီ"
သူ့မျက်နှာမှာ ရှက်ရွံ့မှုတွေ ပျောက်ကွယ်သွားပြီး သူ့စကားတွေက ပိုရိုးသားလာသည်။
"ကောင်းပြီ... လုရွှမ်လို့ပဲ ခေါ်ပါ့မယ်... ကျွန်တော့်မှာ အကြင်နာမဲ့ တောင်းဆိုမှု တစ်ခုရှိတယ်... ကျွန်တော်နဲ့ သခင်လေးကျင်းဖုန်းတို့ကြားက ရိုင်းစိုင်းတဲ့ ရန်ပွဲကိုလည်း မင်းမြင်မယ်လို့ ယုံကြည်တယ်.... သူနဲ့ ကျွန်တော်က အမုန်းပွားတယ်လို့ ပြောနိုင်တယ် သူ့ကို မသတ်ရရင် ကျွန်တော်ဒီတစ်သတ် လူမလုပ်တော့ဘူးလို့ ကျိန်ဆိုတယ်!"
"ဒါပေမဲ့ ကျွန်တော့်မှာက လုံလောက်တဲ့ အင်အားမရှိသလို သူ့ကို ကူညီဖို့ လူနှစ်ယောက်လည်း ရှိတယ်ဆိုတော့ ကျွန်တော်က သူ့ပြိုင်ဘက် လုံးဝ မဟုတ်တော့ဘူး.... ချီထျန်းခန်းမက အနိုင်ရဖို့က အကောင်းဆုံး အခွင့်အရေးပဲ ဒါပေမဲ့ အခုထိ လွဲချော်နေဆဲပဲ... အပြင်မှာဆို ကျွန်တော် သူ့ရဲ့ ခွန်အားနဲ့က လုံးဝကို ယှဉ်လို့မရပါဘူး"
လုရွှမ်လည်း ဒီတောင်းဆိုချက်ကို တွေးထားပြီးသား ဖြစ်တာကြောင့် သူက ခေါင်းညိတ်လိုက်၏။
"တကယ်တော့ မင်းသူ့ကို တကယ်ကို မယှဉ်နိုင်ပေမယ့် ချီထျန်းခန်းမမှာ မင်းရဲ့ ခွန်အားက အခုကထက် အများကြီး အားကောင်းနေပါပြီ"
"ဟားဟားဟားဟား အစ်ကိုလုကိုတော့ အကူအညီ မတောင်းဝံ့ပါဘူး... တော်ဝင်နဂါးတောင်က ကြယ်မဟုတ်တဲ့ လျှို့ဝှက်နေရာတစ်ခုပဲ... သခင်လေး လေးယောက်ကလည်း ထူးထူးခြားခြား မွေးဖွားလာတာ...သူတို့နဲ့ ရန်ငြိုးဖွဲ့တာက အန္တရာယ်ကြီးတယ်"
"အစ်ကိုလုနဲ့ အပေးအယူ လုပ်ချင်ပါတယ်... အစ်ကိုလုက လက်နက်သန့်စင်တဲ့ သူတစ်ယောက်မို့ သဘာဝအတိုင်း အခင်းအကျင်း ဖွဲ့စည်းထားတာကိုလည်း အရမ်း ကျွမ်းကျင်မှာပဲ...တခါတုန်းက လျှို့ဝှက်နေရာတစ်ခုမှာ ကျွန်တော် စာအုပ်တစ်အုပ် ရဖူးတယ်...အပေးအယူက သခင်လေးလုရွှမ်သာ ကျွန်တော့်ကိုကူပြီး ကျင်းဖုန်းကို သတ်နိုင်ရင် အဲဒါကို ပေးပါ့မယ်!"
"အိုး... ချီထျန်းခန်းမမှာ မင်းရဲ့ခွန်အားကို တိုးစေပြီး မီးစွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင်သုံးဖို့ ကူညီပေးတဲ့ အရာများလား"
"အမှန်ပဲ!"
လုရွှမ် ခဏလောက် စဉ်းစားပြီး ဟန်လီ၏ စကားကို သဘာဝအတိုင်း မယုံနိုင်ဖြစ်သွားသည်။ ဤခန်းမရှစ်ခုသည် ဒြပ်စင်ငါးပါးနှင့် ပါကွားတို့၏ ဖွဲ့စည်းခြင်း ဂုဏ်သတ္တိများ ပါဝင်လေသည်။ ၎င်းကို ထိန်းချုပ်လိုပါက ချီမန်သွမ့်ကျာကို နားလည်ထားရန် လိုအပ်သည်။
ဟန်လီ၏ အခင်းအကျင်း ဖွဲ့စည်းပုံ အသုံးပြုမှုကို ကြည့်ရင်း ချီထျန်းခန်းမကို အမှန်တကယ် အသုံးပြုခြင်းထက် အနည်းငယ် သာလွန်ကောင်းမွန်သည့် အရာတစ်ခု ရှိနိုင်သည်။
"ငါ အဲ့ထဲက အကြောင်းအရာတွေကို အရင်ဖတ်ဖို့ လိုတယ်"
လုရွှမ်က ဆိုလိုက်သည်။ ဒါက အပေးအယူ တစ်ခုမို့ ရှင်းအောင် ပြောရမယ်။
"ချီထျန်းခန်းမရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေရဲ့ ဂုဏ်သတ္တိတွေကို နားလည်ချင်ရင် ချီမန်သွမ့်ကျာနဲ့ ဒြပ်စင်ငါးပါး ပါကွားကို နားလည်ဖို့လိုတယ်... ဒါပေမဲ့ မင်းပြသခဲ့တဲ့အရာက အရမ်းအံ့သြစရာကောင်းပုံ မပေါ်ပါဘူး ညီအစ်ကိုဟန်"
ဟန်လီ၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အရိပ်အယောင်များ ပေါ်လာသော်လည်း သူ့မျက်လုံးများက အနည်းငယ် တောက်ပနေခဲ့သည်။
"ညီအစ်ကိုလု... ခင်ဗျား တကယ် သိတာက ဒြပ်စင်ငါးခု ပါကွားနဲ့ ချီမန်သွမ့်ကျာရဲ့ အထက်မှာပြောခဲ့တဲ့ အချက်နှစ်ချက်ရဲ့ ရှင်းလင်းချက်ပဲ... ကျွန်တော့်ရဲ့ အခင်းအကျင်း ဆိုင်ရာ အရည်အချင်းတွေက တကယ်ညံ့ဖျင်းတယ်... ကျွန်တော် အဲဒါကို နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ နှစ်မြုပ်နေပေမယ့် အစ်ကိုလုက ဒါကို အရင်ဖတ်ချင်တယ် ဆိုရင်တော့ ပေးမယ်”
လုရွှမ် ခဏလောက် ထိတ်လန့်သွားပြီး ဟန်လီပေးတာကို ကောက်မကိုင်သေးဘဲ ပြုံးပြီး ပြောလိုက်သည်။
"မင်း ငါ့အစွမ်းသတ္တိကို သိတယ်... ငါမင်းကို သတ်ပစ်ချင်ရင် အသာလေးပဲ...ပြီးရင် ကျင်းဖုန်းတီ မင်းကို ဒီလိုမျိုး လက်လွှဲပေးရုံပဲ.... အဲဒါကို မကြောက်ဘူးလား ငါမင်းကို နှုတ်ပိတ်မှာရော မစိုးရိမ်ဘူးလား?"
ဟန်လိက "အခြားသူသာဆိုရင် ကျွန်တော် ဘယ်တော့မှ ယုံမှာမဟုတ်ဘူး... ဒါပေမဲ့ အစ်ကိုလုရွှမ်ရဲ့ စရိုက်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားပါတယ်... ဒီတစ်ခါ ချီထျန်းခန်းမမှာ ကျင်းဖုန်းကို မတော်တဆ တွေ့မိတဲ့အတွက် သူ့ကို လုပ်ကြံဖို့ အဲ့နေရာကို သုံးဖို့ စဉ်းစားခဲ့တာ"
"တကယ်တော့ ကျွန်တော် ကျင်းဖုန်းနောက်ကို လိုက်လာတဲ့ ရည်ရွယ်ချက်က ကျင်းဖုန်းကို ကောင်းကင်ဘုရင်နန်းတော်မှာ သေဆုံးနေတာကို တွေ့ချင်လို့ပဲ... ကျွန်တော့်စိတ်ထဲမှာ အစီအစဥ်တွေ ချထားပြီးသား... တကယ်လို သူမသေရင် အစ်ကိုလုရှိတဲ့ ကမ္ဘာ့နံပါတ်တစ် လက်နက်ရုံကို ကျွန်တော် ရောက်လာခဲ့မှာပဲ"
"အစ်ကိုလု... ဘယ်လိုထင်လဲ မသိဘူး"
လုရွှမ် ပြုံးပြီး ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ ငါ သဘောတူတယ်"
ဟန်လီလည်း ရွှင်မြူးနေပြီး သူ့မျက်လုံးတွေ ခဏအတွင်း နီရဲလာကာ မျက်ရည်တွေ စီးကျလာပြီး ဝမ်းသာအားရ ငိုလိုက်တော့သည်။
လုရွှမ်သည် မိသားစု သုတ်သင်ခံလိုက်ရတဲ့ နာကျင်မှုကို နားမလည်သော်လည်း ထိုလူသည် အလွယ်တကူ မျက်ရည်ကျမည် မဟုတ်ကြောင်းတော့ ခန့်မှန်းမိသည်။ သူဟန်လီ၏ ပုခုံးကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"မငိုနဲ့... အဲဒီသောက်ကလေးကို လက်စားချေဖို့ အခုပဲ ထွက်သွားရအောင်"
ဟန်လီက သူ့ခေါင်းကို မော့လိုက်စဥ် လုရွှမ်ရဲ့ ရယ်သံကို ကြားလိုက်ရလေသည်။
"သူဘယ်ရောက်သွားလဲ မသိဘူးလို့တော့ မပြောနဲ့နော်... မင်း သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေမှာပဲ ဟုတ်တယ်မလား"
ဟန်လီက ပြုံးလိုက်ပြီး "ဟုတ်တယ် ကျွန်တော့်အဖော်က သူ့ကို စောင့်ကြည့်နေတာ"
"လမ်းပြ!"
ဟန်လီဆီက သတင်းတောင်းပြီး နှစ်ယောက်သား သူ့နောက်ကို အမြန် ထွက်လာခဲ့ကြသည်။
"မြန်မြန်သွားရအောင်... ထုံးထျန်းခန်းမမှာ ရတနာတစ်ခု ပေါ်လာတယ်တဲ့"
ဝေးဝေးမသွားမီတွင် လူတချို့၏ အော်သံကို ကြားရပြီး အားလုံးက ထုံးထျန်းခန်းမဆီသို့ အပြေးအလွှား ဝိုင်းအုံလာကြသည်။
"အစ်ကိုလု ဘယ်လိုထင်လဲ"
"သူတို့ကို ဂရုစိုက်မနေနဲ့.. မင်းသူငယ်ချင်းကို သွားရှာကြမယ် စကားမစပ် ငါမင်းကို အကြံတစ်ခုပေးမယ် အထူးသဖြင့် ရတနာတွေ ပေါ်လာတဲ့ ခန်းမတွေထဲကို မ၀င်မိစေနဲ့... ခန်းမရှစ်ခုက ပါကွားဖွဲ့စည်းပုံနဲ့ ကိုက်ညီတယ်... ဒြပ်စင်ငါးပါးနဲ့ ဘီလူးရှစ်ပါးတို့ရဲ့ ပြောင်းလဲမှုတွေကြောင့် ဘယ်ရတနာမှ မပေါ်လာနိုင်ဘူး...အခု ရတနာတစ်ခုရှိတယ် ဆိုတော့ ကြီးကြီးမားမား တစ်ခုခုဖြစ်လာမှာ ကြောက်ရတယ်"
ဟန်လီက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြသည်။ ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ သူက ခါးခါးသီးသီး ပြုံးပြီး ပြောလာလေ၏။
"အစ်ကိုလု...ကျွန်တော်တို့ အခု မသွားလို့ မရတော့မှာ ကြောက်ရတယ်... ကျင်းဖုန်းတို့သုံးယောက်က ထုံးထျန်းခန်းမကို သွားနေကြပြီ"
ဘာသာပြန် - ကောင်းကင်ဘုရင်စံအိမ်ကို ကောင်းကင်ဘုရင်နန်းတော် လို့ ပြောင်းလဲ ဘာသာပြန်သွားပါမယ်။