← Chapters

မဝင်ရဘူး

Vol. 92 Ch. 4.897

မဝင်ရဘူး

Vol. 92 Ch. 4.897

လုရွှမ်နဲ့ ဟန်လီတို့ ထုံးထျန်းခန်းမသို့ ရောက်သောအခါတွင် လူများစွာက ထိုနေရာတွင် စုဝေးခဲ့နေကြပြီ။ လူပင်လယ်​​ကြီး ဖြစ်လုနီးပါးဖြစ်ပြီး ဤအရပ်ဆီမှ ကျင့်ကြံသူများလည်း ပျံဝဲလာကာ တံခါးဝတွင် စည်ကားလျက် ရှိပြီး အချိန်မရွေး ပြေးဝင်ရန် တွေးတောနေလေသည်။

သို့သော် တံခါးကို ပိတ်ဆို့ထားသောကြောင့် မည်သူမျှ မဝင်ရောက်နိုင်ပေ။ အဝေးမှနေ၍ပင် ဤလူများ၏ ဒေါသထွက် နာကြည်းမှုကို ခံစားနိုင်သည်။

သူတို့သည် ကောင်းကင်ဘုရင် နန်းတော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်သောကြောင့် လူတိုင်းက လှည့်ပတ်၍ သွားရမည့်နေရာကို ရွေးချယ်ခဲ့ကြသည်။ ဒါပေမဲ့ ဘာတစ်ခုမှ မတွေ့ခဲ့ရပေ။ နောက်ဆုံးတော့ တစ်ဖွဲ့က ဒီခန်းမရှစ်ခန်းလုံးကို သတိထားမိသွားသည်။

လျှို့ဝှက်ဆန်းကြယ်သော အရာကို မမြင်နိုင်သော်လည်း ပင်မခန်းမကြီး ရှစ်ခု၏ အနေအထားများသည် ထူးဆန်းသော အရာတစ်ခုကို ဖော်ထုတ် ပြသနေသယောင် ရှိနေ၏။

ဘာကိုမှ ယုံမှားသံသယဖြစ်စရာ မလိုပေ။ ဒီလူတွေရဲ့ အမြင်မှာ ရတနာတစ်ခုရှိရင် ဒီရှစ်ခန်းထဲမှာ ဝှက်ထားရမယ် ဆိုတာပါပဲ။ ယခုအချိန်မှာတော့ လူများ ပိုများလာပြီး 80% နီးပါးသည် ပင်မခန်းမကြီး ရှစ်ခု၏ အနီးနားသို့ ရောက်လာကြသည်။

အားလုံးက လေထဲမှာ ပျံသန်းလာရင်း ရှေ့က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထုံးထျန်းခန်းမရဲ့ တံခါးကို တစ်စုံတစ်ယောက်က စောင့်ကြပ်နေပြီး လူတိုင်းကို ရပ်တန့်ခိုင်းထားသည်။

ထိုအချိန်တွင် ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က လုရွှမ်ကို မြင်ပြီးနောက် သူမသည် စိတ်လှုပ်ရှားစွာ ဦးညွှတ်ကာ ဒေါသတကြီးဖြင့် ပြောပြလိုက်သည်။

"ဒီလူသုံးယောက်က ကျွန်မတို့ ထုံးထျန်းခန်းမထဲကို ဝင်မှာကို တားနေတယ်!"

ဟန်လီသည် ဤမိန်းကလေးက သူ့ရဲ့တာအိုအဖော် ယွဲ့လင် ဖြစ်ကြောင်း အမြန်မိတ်ဆက်ခဲ့သည်။

"သခင်လေးလုရွှမ်ကို နှုတ်ဆက်ပါတယ်!... ကျွန်မ သခင်လေးနဲ့ သခင်လေးစန်ယွဲ့တို့ရဲ့ တိုက်ပွဲကို မြင်ခဲ့ပြီးပါပြီ... သခင်​​လေး​ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ကျင့်ကြံမှုက ကျွန်မတို့ကို အလွန်အမင်း လေးစားစေပါတယ်"

လုရွှမ်လည်း ပြုံးပြီး ပြန်နှုတ်ဆက်လိုက်ကာ ဘာတွေဖြစ်နေသလဲ မေးလိုက်သည်။ မင်းမျိုးမင်းနွယ် မိသားစုများမှ ငယ်ရွယ်သော သခင်​လေး များစွာသည် တံခါးကို စောင့်ကြပ်ရန် အစွမ်းထက်သော အင်အားများစွာကို ပေါင်းစပ်ထားပြီး ခန်းမထဲ ဝင်လိုပါက သူတို့ကို အရင်ဖြတ်ကျော်ရမည်။

အကြောင်းပြချက်က အလွန်ရိုးရှင်းပါ၏။ ဝင်ချင်ရင် ခွန်အားရှိရမယ်၊ မဟုတ်ရင်လည်း ဝင်ဖို့က အရမ်းလွယ်ပါတယ်၊ သူတို့ထဲက တစ်ယောက်ကို အနိုင်ယူလိုက်ရုံပါပဲ။ ဒါပေမဲ့ ဒီလူတွေအားလုံးဟာ ထူးထူးခြားခြား ဖြစ်နေတာကြောင့် ဘယ်သူကမှ ရိုက်မထုတ်နိုင်ပေ။

ကောင်းကင်ဘုရင် နန်းတော်သို့ ဝင်ရောက်လာသူ အားလုံးသည် မောက်မာသော လူများ ဖြစ်ကြပြီး လူရှေ့သူရှေ့တွင် ပါးရိုက်ခံရခြင်းက ၎င်းတို့၏ ခွန်အားမရှိခြင်းနှင့် ကြမ်းတမ်းစွာပြောဆိုနိုင်စွမ်း မရှိခြင်းတို့ကို သက်သေပြလေသည်။

"အိုး... ဒါဆို ငါမင်းတို့ကို အထဲ ခေါ်သွား​ပေးမယ်"

လုရွှမ် ဆိုလိုက်သော် နှစ်ယောက်စလုံး မျက်လုံးတွေ တောက်ပလာ၏။ လုရွှမ် လှုပ်ရှားမယ်ဆိုရင် သူ့ကို တားနိုင်မယ့်သူ မရှိလောက်ပေ။ လူသုံးဦးသည် ကောင်းကင်မှ ဆင်းသက်ပြီး တံခါးဆီသို့ ရောက်လာကြသည်။

လုရွှမ်သည် ထုံးထျန်းခန်းမ၏ အငွေ့အသက်ကို ခံစားကြည့်လိုက်သောအခါ ရေဒြပ်စင် အငွေ့အသက် တစ်ခုပါရှိနေတာကို သိလိုက်သည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုံးထျန်းခန်းမ အတွင်းသို့ ထိုးဖောက်ဝင်ရောက် ကြည့်လိုက်ရာ သူ၏စိတ်ဝိညာဉ် စွမ်းအားကို ပိတ်ဆို့ထားသော အခင်းအကျင်းများ များစွာရှိနေတာကို ခံစားလိုက်ရသည်။

ဒီနေရာက တကယ်ကို ထူးခြားတာပဲ။

သူ၏ ယခင်တွက်ချက်မှု​တွင် ဤခန်းမ ရှစ်ခန်းထဲတွင် ဝှက်ထားသော ရတနာများစွာ ရှိရမည်ဖြစ်ပြီး အားလုံးကို ကောင်းကင်ဘုရင်မှ ချန်ထားခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ရတနာတွေကို ပေါ်လာချင်ရင်တော့ အခင်းအကျင်းကို ဖျက်စီးပစ်ရမည်။

ယခုအခါတွင်တော့ ဤနေရာက အခင်းအကျင်း ဖွဲ့စည်းမှုဟာ ပျက်စီးသွားတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ၎င်းကို ပြင်းပြင်းထန်ထန် အသက်သွင်းလိုက်တာ ထင်ရှားပါသည်။

ခွန်အားမပြည့်မီသော လူများကို အသက်အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ဝင်ခွင့်မပြုခြင်းက မှန်ကန်ပါသည်။ ဒါပေါ့။ အဲဒီလူတွေက ဒီလိုကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ဒီကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုတွေအရ အတွင်းမှာရှိတဲ့ အခင်းအကျင်း အသွင်သဏ္ဌာန်က ပြောင်းလဲလာမှာ ဖြစ်ပါသည်။

သို့သော် ကျင့်ကြံသူတချို့ ဖောက်ဝင်သွားရင်လည်း တခြားလူတွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်သည်။

လုရွှမ် သူတို့နှစ်ယောက်ရဲ့ သ​ဘောထားတွေကို ဆွေးနွေးပြီးနောက် နှစ်ယောက်သားက မဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်စားချေခြင်းက အရေးကြီးသော်လည်း လက်စားချေဖို့ အသက်ကို အရင်ပေးလိုက်ရမယ် ဆိုရင် မတန်ချေ။

လုရွှမ် သူတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။ ထိုကဲ့သို့သော လူသည် အနာဂတ် လက်တွေ့တွင် အလွန်အဆင့်မြင့်မည် မဟုတ်သော်လည်း သူတို့သည် လူအများစုထက် အသက်ပိုရှည်မှာတော့ သေချာ​ပေသည်။

တံခါးဝသို့ ရောက်သောအခါ လုရွှမ်ရဲ့လမ်းကို လက်နှစ်ဖက်က ပိတ်ဆို့ထားလိုက်သည်။

"ကောင်လေး... ဒီနေရာက မင်းလာသင့်တဲ့ နေရာမဟုတ်ဘူး"

ဒီလူက ယဉ်ယဉ်ကျေးကျေး ပြောပေမယ့် သူ့ဘေးက အမျိုးသမီးကတော့ အေးစက်စက် ပြုံးလိုက်လေသည်။

"လစ်စမ်းပါ!"

လုရွှမ် သူ့ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်ပေမယ့် ဘယ်သူမှ စကားမပြောရဲကြချေ။ ဤလူအုပ်ကြားတွင် ယခင်က ချီထျန်းခန်းမမှာ သူ့ကိုမြင်ဖူးသော လူအများအပြားကိုလည်း တွေ့ရသည်။ သူတို့အားလုံးက တံခါးစောင့်တွေကို လုရွှမ် သင်ခန်းစာပေးမယ့် အချိန်ကို စောင့်နေကြပုံရသည်။

တံခါးစောင့် ယောက်ျားနဲ့ မိန်းမတို့သည် အနီးနားရှိ လူအများကြားက နားမလည်နိုင်သော တိတ်ဆိတ်မှုကို သတိပြုမိသော်လည်း ယခုတော့ သိပ်ပြီး ဂရုမစိုက်နေချေ။ ထိုစဥ် လုရွှမ်သည် သူ့ကို နှင်ထုတ်ခဲ့သော အမျိုးသမီးအား တံခါးထဲသို့ တိုက်ရိုက် ကန်ထည့်လိုက်သည်။

တစ်ဖက်လူမှာ တုံ့ပြန်ချိန် လုံးဝ မရလိုက်ချေ။ အမျိုးသားက ထိတ်လန့်သွားပြီး အ​ပြေးအလွှား ဖမ်းလို​က်ကာ ပတ်ဝန်းကျင်ရှိ လူများစွာကလည်း ပြင်းထန်စွာ ရယ်မောလိုက်ကြသည်။

နှစ်ယောက်သား လန့်သွားကြသည်။ ဒီလူက ဘယ်သူလဲ။

သူ မေးခါနီးမှာ အမျိုးသမီးက ခန်းမထဲက အမြန်ထွက်လာသည်။ သူ့မျက်နှာမှာ နီရဲနေပြီး အလွန်ဒေါသကြီးနေသဖြင့် ဓားကို အေးစက်သောအသံဖြင့် ဆွဲထုတ်ကာ လုရွှမ်အား ထိုးလိုက်သည်။ လုရွှမ်ကတော့ သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ဓားရှည်ကို ပေါ့ပေါ့ပါးပါးပဲ ဖမ်းထားလိုက်သည်။

လက်ချောင်းဖြင့် တောက်လိုက်တဲ့အခိုက် ချွင်းကနဲ အသသံနှင့်အတူ ကျင့်ကြံသူ အမျိုးသမီး၏ ဓားရှည်မှာ နှစ်ပိုင်း ပြတ်သွား​တော့သည်။

"အား.... ငါ့ဓားရှည်ကို ချိုးရဲတယ်ပေါ့ ဟုတ်လား....နင်ဘယ်သူလဲ ငါ့ကို ပြောပြပါ"

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ဓားရှည်ကို လက်ဗလာနဲ့ ချိုးနိုင်တဲ့လူက အဆင့်မြင့် နယ်ပယ်က မဟုတ်ဘဲ ပျမ်းမျှသာ ဖြစ်တာကြောင့် အတော်လေး ခံပြင်းရလေသည်။

"ဟားဟား... သူ့နာမည်က လုရွှမ်တဲ့!"

ဘေးက လူတစ်ယောက် မိတ်ဆက်ပေးလိုက်ကာ အားလုံး တဝါးဝါး ထရယ်ကြတော့သည်။

လုရွှမ်!

ရိုးရှင်းသော အမည်က လူနှစ်ယောက်ရဲ့ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား​စေ၏။ လုရွှမ်ကို သေသေချာချာ မြင်လိုသူများကလည်း လူအုပ်ထဲမှ ထိုးထွက်ရင်း မျက်လုံးများကို ပြူးကျယ်လားကြသည်။

ဝိညာဥ်ကျင့်စဉ်လောကတွင် အသက်ရှည်ရှည် နေထိုင်လိုပါက သန်မာသော ခွန်အားရှိမှသာ ရရှိလိမ့်မည်။ ဘယ်သူမှ မနှောက်ယှက်နိုင်သော အနေအထားကလည်း အရေးကြီးပါ​သေးသည်။

အမျိုးသမီး၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာ၏။ ယခင်က ကြောက်ရွံ့ထိတ်လန့်ကာ ဒေါသဖြစ်ခဲ့သော်လည်း ယခုအခါ သူမသည် ထိတ်လန့်ကာ ပို၍ပင် ရှက်လာသည်။ ကောင်းကင်ဘုရင် နန်းတော်ထဲက ရုန်းထွက်နိုင်တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုရွှမ်ကို သွားအနိုင်ကျင့်မိမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

"လတ်စသတ်တော့ သခင်လေးလုရွှမ်ကိုး...တောင်းပန်ပါတယ် ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာတွေအတွက် ခွင့်လွှတ်ပေးပါ!"

အမျိုးသမီးက သူ့ခါးကို ကိုင်း၍ ဦးညွှတ်တောင်းပန်လိုက်သည်။ ချက်ချင်းပင် ကျယ်လောင်သော အော်သံများ ပတ်ပတ်လည်မှ ထွက်ပေါ်လာခဲ့လေသည်။

"သခင်လေးလုရွှမ် သူ့ကို သတ်လိုက်ပါ...သူတို့က သခင်လေးကို အရှက်ခွဲဖို့ ကြိုးစားနေတာ... မြန်မြန်သာ သတ်ပစ်လိုက်"

"ဘာလဲ? အခုမှ ခွေးက လူတွေရှေ့မှာ ဘယ်လို နှိမ့်ချရမလဲ သိသွားတာလား"

"ဆရာကြီးကို တွေ့တော့ သနားဖို့ တောင်းပန်ပါတယ်.... သာမန်လူတစ်ယောက်နဲ့ တွေ့ရင် မောက်မာသွားတယ်မလား... ဟမ့် အခု မင်းက သံပြားပေါ်မှာ အရိုက်ခံရသင့်တယ်... ကိုယ့်ရဲ့ အရည်အချင်းကို မတန်တဆ မတွက်ရဘူးကွ!"

ကျင့်ကြံသူ အမျိုးသမီးရဲ့ မျက်နှာသည် ပို၍မည်းမှောင်လာကာ ခေါင်းငုံ့ထားရာမှ မမော့လာဝံ့တော့ပေ။ သူမမှာ နောက်ခံ အင်အားရှိသလားလို့ မေးရင် ရှိပေမယ့် လုရွှမ်ရှေ့မှာ သူမဟာ ဘာမှမဟုတ်တော့ပေ။ လုရွှမ်မှာ ထူးထူးခြားခြား အရည်အချင်း​တွေ ရှိတယ်ဆိုတာ ထန်းယွမ်မြို့တစ်ခွင့် မသိသူမရှိ။

လုရွှမ်သာ ယခုအချိန်တွင် အင်အားကြီး တပ်ဖွဲ့တစ်ခုတွင် ပါဝင်လိုကြောင်း ကြေငြာပါက သူ့ကို အထူးခြားဆုံး ဧည့်သည်အဖြစ် အသိအမှတ်ပြု ကြိုဆိုကြမှာ သေချာပါသည်။

All Chapters