ကန်ထုတ်လိုက်ပြီ
Vol. 92 Ch. 4.898
လီမိသားစုသည် ထန်းယွမ်မြို့ တစ်ခုလုံးနှင့် ထန်းယွမ်ကြယ် တစ်ခုလုံးတွင် ဘယ်လိုအခြေအနေ ရှိသလဲ လူတိုင်း သိသည်။ သူတို့မျက်လုံးထဲက ပန်းသီးမင်းသမီးလေးဟာ ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံကို အမှန်တကယ် ပြေးသွားပြီး လီမိသားစုကလည်း စကားတစ်ခွန်းမှ မပြောဘဲ လီလင်ရှို့ကိုပဲ ပြန်ဆွဲထုတ်လာခဲ့သည်။
တစ်ဖက်လူကို စော်ကားလိုက်ရင် မင်းသမီးလေးကို သိက္ခာချဖို့ ကြိုးစားလိုက်တာနဲ့ အတူတူပဲ။ အရည်အချင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်နေ့တွင် တိတ်တဆိတ် ဖြေရှင်းခံရနိုင်သည်။
လုရွှမ်သည် လီမိသားစု၏ မင်းသမီးလေးနဲ့ ဆက်ဆံရေး ကောင်းသည်။ သူ့နောက်ကို အတခြားသူများ လိုက်နေချိန်တွင် သူကတော့ ကောင်းမွန်စွာ နေထိုင်နိုင်ဆဲဖြစ်သည်။ ၎င်းကိုယ်တိုင်က လုရွှမ်၏ လက်ရှိနောက်ခံကို ရှင်းပြနေပြီးသား ဖြစ်သည်။
"ထတော့.... နောက်တစ်ခါ ဒီလောက် မာနမကြီးနဲ့"
လုရွှမ်က ဆိုပြီးနောက် သူတို့နှစ်ယောက်ကို ကျော်ဖြတ်ပြီး ခန်းမထဲကို လျှောက်ဝင်သွားလိုက်သည်။ အမျိုးသမီးက အံ့အားသင့်သွားပြီး မတ်တပ်ရပ်ကာ ဆန့်ကျင်ဘက်အရပ်က အမျိုးသားကိုလည်း မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ လုရွှမ်က သူမကို အရှက်ခွဲခဲ့ဘူးပဲ။
လုရွှမ် သူတို့ကို ကူညီနိုင်မယ်လို့ ထင်ပြီး သူ့ပတ်ဝန်းကျင်က ကျင့်ကြံသူတွေက ဟစ်အော်ပေမယ့် သူမကတော့ မမျှော်လင့်ရဲတော့ပါဘူး။
"အမှန်အတိုင်း ပြောရရင် မင်းတို့မှာ သန်မာတဲ့ ခွန်အားတွေရှိရင် ဝင်လာနိုင်တယ်....မသန်မာဘူးဆိုရင်တော့ သေချာပေါက် သေလိမ့်မယ်... မင်းတို့နှစ်ယောက်က နည်းနည်းလေး မောက်မာပေမယ့် မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်"
လုရွှမ်ရဲ့ အသံက လွင့်ထွက်သွားသည်။ ခန်းမအပြင်ဘက်က လူတွေအားလုံး ချက်ချင်း ဆွံ့အသွားကြ၏။
"တတယ်ကြီးလား?"
"ငတုံး ငါနင်တို့ကိုအထဲမှာ အန္တရာယ်ရှိတယ်လို့ မပြောခဲ့ဘူးလား... ဒါတောင် နင်တို့က နားမထောင်ဘူး... သခင်လေးလုရွှမ် အခုပြောတော့ သိသွားပြီမလား.... ဝင်ချင်ရင် အဖြေကရှင်းရှင်းလေးပဲ ငါတို့အနိုင်ရရင် ဝင်သွားလို့ရတယ်"
အမျိုးသမီးက အရိပ်အမြွက်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်ကာ သူမ၏ နှလုံးသားထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။ သခင်လေးလုရွှမ်က သူမကို ချစ်မိသွားတာများလား။ တကယ်တော့ သူ့နောက်ကို လိုက်နေတဲ့ မိန်းမတွေ အများကြီးရှိတယ်မလား။
ထိုအမျိုးသမီး၏ ရှက်ရွံ့သော အမူအရာကို တွေ့တော့ အနီးနားရှိ လူတစ်ယောက်က တိတ်တဆိတ် ခေါင်းယမ်းကာ ရှောင်ထွက်သွားဘေလသည်။ ဒီမိန်းမငတုံးနဲ့ အပြင်မှာ ဘာလို့များ ရပ်နေမိပါလိမ့်။
လုရွှမ်သည် ပင်မခန်းမထဲသို့ လှမ်းဝင်သွားပြီးနောက် အပြင်ဘက်ကထက် သူ၏ အမြင်အာရုံသည် ချက်ချင်းပင် တောက်ပလာသည်။ ခမ်းနားထည်ဝါသော အငွေ့အသက် လှိုင်းလုံးများက ခန်းမထဲမှ ထွက်ပေါ်လာလေသည်။
ခန်းမထဲ ခြေချလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ အငွေ့အသက် အနည်းငယ် ပြောင်းလဲသွားတယကို ချက်ချင်း ခံစားမိသည်။ အခင်းအကျင်း ဖွဲ့စည်းခြင်းအကြောင်း လေးလေးနက်နက် နားလည်မှု မရှိထားပါက လုရွှမ် ဒါကို သိရှိနိုင်မည် မဟုတ်ချေ။
အငွေ့အသက်များက ပြောင်းလဲနေပြီး ခန်းမတစ်ခုလုံး၏ အခင်းအကျင်း ဖွဲ့စည်းပုံက အနည်းငယ်သာ ပြောင်းလဲသွားသော်လည်း နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းပါက သို့မဟုတ် တစ်ခုခုကို ကြုံတွေ့ရပါက အပြောင်းအလဲများ ကြီးမားလာမည်ကို တွေးကြည့်နိုင်ပါသည်။
"အား......"
ကျယ်လောင်သော အော်သံနှင့်အတူ လူဝကြီးတစ်ယောက်သည် လေထုထဲက ပြေးထွက်လာကာ လုရွှမ်ဆီသို့ တည့်တည့်ကြီး တိုးဝင်လာသည်။ လုရွှမ် လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူကို တံခါးအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
စွမ်းအားတစ်ခုက အစောက လူကို သူ့ဆီရောက်လာအောင် တွန့်ပို့လိုက်တာပဲ ဖြစ်လေသည်။ ဒီစွမ်းအားက အာကာသ လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးမှသာ တွေ့ရှိနိုင်သော စွမ်းအားတစ်မျိုး ဖြစ်သည်။ မထင်မှတ်ပဲ၊ ဒီစွမ်းအားက တကယ်ပဲ ပေါက်ကြားသွား၏။
အမှန်ပင် ဤစွမ်းအားကို ယခင်က မကြုံဖူးခဲ့ပါက တခြားသူများသည် ယခုအချိန်တွင် ထိုလူကြီး၏ ခန္ဓာကိုယ်က ပြဿနာ ရှိနေတာလို့သာ တွေးမိလိမ့်မည်။
ဒါပေမဲ့ လုရွှမ် အတွက်ကတော့ ပြဿနာ မရှိပါဘူး။ ယခုလို စွမ်းအားမျိုးနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိရင်တောင် ယွမ်ယန်ကျင့်စဥ်ဟာ ၎င်းကိုယ်တိုင် စွမ်းအားအမျိုးမျိုးကို အတုယူပစ်ရန် သဘာဝအတိုင်း လွယ်ကူလေသည်။
လူကြီးသည် ခန်းမထဲမှ လွင့်ထွက်လာပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ကာ လေထဲမှ ပြုတ်ကျသွားသည်။ သူက တံခါးစောင့်လူကို ဖမ်းဆွဲပြီး အော်လိုက်သည်။
“ခုနက ဝင်သွားတဲ့လူက ဘယ်သူလဲ”
"သခင်လေးလုရွှမ်ပါ... ဖက်တီး မင်းသူ့ကို ဒုက္ခပေးချင်နေတာလား .... မင်းကို အထင်လွဲစရာတွေ ဖြစ်လာအောင် မလုပ်ဖို့ ငါ အကြံပေးတယ်နော် "
လူဝကြီးသည် အံ့အားသင့်သွားပြီး "ဒါဆို သူက ကမ္ဘာကျော် လုရွှမ်ပေါ့... တကယ်ကြီး အစွမ်းထက်တယ်ဟ" လို့ ကျယ်လောင်စွာ ရယ်မောပြီး ပြန်ဝင်သွားလေသည်။
အပြင်မှာရှိတဲ့ လူတွေကတော့ ဘာတွေဖြစ်နေမှန်း မသိတာကြောင့် စိတ်ရှုပ်သွားကြသည်။
အထဲမှာတော့ လုရွှမ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့ပတ်ဝန်းကျင်မှ အငွေ့အသက်များ ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ သူသည် လှည့်ပတ်ကြည့်ရာ သူ့စိတ်ထဲ ဉာဏ်အလင်းတစ်ခု ရသွားခဲ့သည်။ အကယ်၍ ပြင်ပလူများ ဝင်လာပါက သူ့ကို မတွေ့နိုင်တော့ပေ။
ပတ်ဝန်းကျင် ဧရိယာသည် မီးခိုးရောင် ဖြစ်ကာ သူသည် အခင်းအကျင်း ဖွဲ့စည်းမှုတွင် လုံးဝ ပိတ်မိသွားခဲ့သည်။
ဒါက ရင်းနှီးသော ခံစားချက်တစ်ခုပါပဲ။ ဒီအခင်းအကျင်းဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် အရာတစ်ခု ဖြစ်သည်။ တိမ်ပင်လယ်နယ်မြေမှာ ရှိစဉ်တုန်းက အာကာသသလင်းကျောက်တွေကို စုစည်းနေရင်း သဘာဝအခင်းအကျင်းကို တွေ့ခဲ့ရဖူးသည်။
ယခု ဤနေရာသည် သလင်းကျောက်ကြောင့် မထိခိုက်ထားသော်လည်း ဒြပ်စင်ငါးပါး၊ ယင်ယန်ချီနှစ်ခုသည် မမြင်နိုင်သော ချီမန်သွမ့်ကျာနှင့် ရောနှောသွားတာကြောင့် လက်ရှိထူးဆန်းမှုကို ဖြစ်ပေါ်စေတာပဲ ဖြစ်လေသည်။
လုရွှမ်သည် နေမျက်လုံးဖြင့် ကြည့်ရန် ကြိုးစားခဲ့သော်လည်း သေချာသည်မှာ သဘာဝအတိုင်း ဖွဲ့စည်းထားသော အသွင်အပြင်နှင့် ရောင်ဝါတို့ကို လုံး၀ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထိုစဥ် ပြင်းထန်သော လေတစ်ချက်က ရုတ်တရက် သူ့ကို ဖြတ်တိုက်သွား၏။
လုရွှမ် လှည့်လိုက်သည်နှင့် တပြိုင်နက် သူ့လက်ဖဝါးရှေ့က အရာဝတ္ထုကို ဖမ်းဆုပ်ထားလိုက်သည်။ ၎င်းက သန့်စင်ထားသော ကြေးနီ အပိုင်းအစဖြစ်ကာ ရတနာတစ်ခု ဖြစ်လေသည်။
ကြေးနီသည် နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို သယ်ဆောင်ထား၏။ ၎င်းက အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကြောင့် ကောင်းချီးပေး ခံထားပုံရပုံပင်။ တန်ခိုးက ကြီးလွန်းတော့ သာမာန် ကျင့်ကြံသူတွေဆိုရင် တကယ် မထိန်းနိုင်လောက်ပေ။
“ငါ့ကြေးနီကို ဘယ်သူ ခိုးသွားတာလဲ”
ခပ်ဝေးဝေးက ကျင့်ကြံသူ မိန်းကလေးတစ်ယောက်ကရဲ့ စူးစုးဝါးဝါး အသံက ထွက်လာ၏။
“ဒီနေရာကို ငါစောင့်နေတာ ကြာပြီ... နင်က ငါ့နယ်မြေကို ခိုးရဲတယ်ပေါ့လေ”
လုရွှမ်က "ရတနာကို ရနိုင်တဲ့လူက အရည်အချင်းရှိတဲ့လူပဲ.... မင်း ပြန်လိုချင်ရင် မင်းရဲ့စွမ်းရည်ပေါ် မူတည်တယ်"
"ရဲတင်းနေလိုက်တာ... ငါဘယ်သူလဲဆိုတာ နင်သိလား ငါက ထန်းလုံကြယ်က ယဲ့ကျင်းပဲ... နင်ကဘယ်သူလဲ"
"ထန်းလုံကြယ်က ယဲ့မျိုးရိုးလား? ယဲ့လုံက မင်းနဲ့ ဘာတော်လဲ?"
ကျင့်ကြံသူ မိန်းကလေးက အေးစက်စွာ ရယ်လိုက်လေသည်။
"ယဲ့လုံက ငါ့အဖေပဲ"
"အိုး... ဒါဆို ယဲ့ကုံးက မင်းမောင်လေးပေါ့... ဟား ငါသူ့ကို ရိုက်နှက်တုန်းက သူ့အစ်မနဲ့ တွေ့ဖို့ မမျှော်လင့်ထားဘူး... သေချာတာပေါ့ မင်းတို့က တစ်မိသားစုတည်းကလို့ မပြောရဘူး"
"နင်က ဘယ်သူလဲ"
ယဲ့ကျင်း၏ အသံသည် ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်လာကာ လူသတ်ချင်တဲ့ ရည်ရွယ်ချက်တွေ ထွက်ပေါ်လာသည်။
လုရွှမ် သူ့ရှေ့တွင် နတ်ဝိညာဉ်ဒိုင်းကို တိတ်တဆိတ် ချထားလိုက်သည်။ နောက်အခိုက်အတန့်တွင် မြေပြင်ကို လက်နက်တစ်ခု ပြုတ်ကျသွားသော အသံတစ်ချက် ထွက်ပေါ်လာပြီး ယဲ့ကျင်းရဲ့ ခိုးဝင်တိုက်ခိုက်မှုကို လုရွှမ် တားဆီးထားလိုက်သည်။
"မင်း ခိုးပြီး တိုက်ခိုက်မယ်ဆိုတာ ငါသိထားပြီးသား... မိုက်ရိုင်းလွန်းတယ်!"
လုရွှမ် ခြေထောက်တစ်ဖက်ကို ယမ်းကာ တစ်ဖက်လူအား ကန်ထုတ်လိုက်သည်။
"အား....."
ယဲ့ကျင်း အော်ဟစ်ပြီး ပြေးထွက်သွားသည်။
အခင်းအကျင်းထဲမှာ အတားအဆီးများ ရှိခဲ့သော်လည်း ကျပန်းဖြတ်တောက်မှု အနည်းငယ်ဖြင့် လုရွှမ်သည် သူ့အား ကန်ထုတ်ခဲ့သည်။ တင်ပါးကို ထိမှန်သွားသော ကန်ချက်မှာ အလွန် ပြင်းထန်လှသည်။
လုရွှမ်ဆီက လွင့်ပစ်ခံခဲ့ရတဲ့ အမျိုးသားဟာ ခန်းမထဲ ပြန်လာတုန်းရှိသေး ကျင့်ကြံသူတစ်ယောက် နှင်ထုတ်ခံလိုက်ရတာကို တွေ့လိုက်ရပါ၏။ ပြီးတော့ အဲဒီလူက စောစောတုန်းက သူ့ကို ကန်ထုတ်လိုက်တဲ့ အမျိုးသမီးပဲ ဖြစ်နေသည်။
"ဟေး... မင်းလည်း ဖြည်းဖြည်းမှ ထလာခဲ့တော့!"
လူဝကြီးလည်း အမြန် ရှောင်ထွက်သွားကာ ယဲ့ကျင်းတစ်ယောက် ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို စောင့်ကြည့်နေလိုက်သည်။