← Chapters

အချင်းချင်း တဘက်လှည့်

Vol. 92 Ch. 4.900

အချင်းချင်း တဘက်လှည့်

Vol. 92 Ch. 4.900

ကျောက်စိမ်းလက်ကိုင်သည် စိမ်းစိုတောက်ပနေပြီး နတ်သမီး၏ လက်ဖဝါးကဲ့သို့ အလွန်ဖောင်းပွ နူးညံ့နေသည်။

သူ့လက်ဖဝါးထဲ ဆုပ်ကိုင်ထားရင်း ကျောက်စိမ်းထံမှ အေးမြသော အငွေ့အသက်များ ရုတ်တရက် စီးဆင်းလာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်၏ လမ်းကြောင်းတစ်လျှောက် ပျံ့နှံ့သွားပြီးနောက် ကျောက်စိမ်းထဲသို့ တစ်ဖန်ပြန်ဝင်သွားခဲ့သည်။

လုရွှမ်သည် ယွမ်စွမ်းအင်၏ စိတ်အားထက်သန်မှု သဲလွန်စများ အမှန်တကယ် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသဖြင့် ဝမ်းသာ အံ့သြသွားမိသည်။ သက်ရောက်မှုက ကြီးကြီးမားမား မဟုတ်ပေမယ့် ဒီကျောက်စိမ်းကို ဆက်ဝတ်ထားရင် ခန္ဓာကိုယ်ထဲမှာ အငြိမ်မနေတဲ့ လေထုက ပျောက်ကွယ်သွားလိမ့်မယ်။

ကိုယ်ခံပညာကို လေ့ကျင့်သောအခါတွင် စွမ်းအင်သည် စိတ်အားထက်သန်လာပြီး အသက်ရှုသံများ ကျယ်​ပြန့်လာတာကြောင့် ခန္ဓာကိုယ်ထဲက အငွေ့အသက်တွေ တည်ငြိမ်နေဖို့က မရှိမဖြစ် လိုအပ်​လေသည်။ ယွမ်စွမ်းအင်ကို ပေါင်းစပ်ရန် လိုအပ်သော်လည်း ခန္ဓာကိုယ်က တည်ငြိမ်နေလျှင် ၎င်းကို 100% အထိ ပေါင်းစည်းရန် ဖြစ်နိုင်သည်။

ရှေ့တစ်လှမ်း တိုးလိုက်လို့ အခက်ခဲဆုံး အရာက အဆင်ပြေ ချောမွေ့သွားသည့် အတိုင်းပင်။ ယွမ်စွမ်းအင် ပို၍ ဖြူစင်လေလေ သဘာဝအတိုင်း အားကောင်းလေပဲ ​ဖြစ်သည်။ သို့သော် အချို့သော အဆင့်တစ်ခုသို့ ရောက်ပြီးနောက်တွင် ၎င်းသည် မတိုးတက်နိုင်တော့ပေ။

အဲဒီကိုရောက်ရင် ကန့်သတ်ချက် တစ်ခုရှိ၍ တစ်ချိန်လုံး ဖိနှိပ်ထားသကဲ့သို့ပင်။ သို့သော် ယခု ဤကျောက်စိမ်းနဲ့က ၎င်းကို လုံးဝသန့်စင်၍ မရနိုင်သေးသော်လည်း ကန့်သတ်ချက်ကို မြှင့်တင်နိုင်သည်။

မြှင့်တင်နိုင်မယ့် အနေအထားက အနည်းငယ်သာ ရှိသော်လည်း အထက် ကန့်သတ်ချက်ကို တိုးမြှင့်ခြင်းသည် ခွန်အား တိုးတက်မှုအတွက် လုံးဝ ကွဲပြားပါသည်။

ဒါက ရတနာတစ်ခုပဲ။

"အိုး... သခင်လေးလုရွှမ် မင်းအရင်က ရတနာတစ်ခုကို ဖမ်းထားသွားတာလား"

မေးလာတဲ့ အသံက မနာလိုမှုတွေနဲ့ ပြည့်နေသည်။

လုရွှမ်က "ဘာလဲ? စည်းမျဥ်းတွေ ရှိသေးလို့လား? ပစ္စည်းတစ်ခုရထားပြီးသား ဆိုရင် နောက်တစ်ခုအတွက် ဆက်တိုက်လို့ မရဘူးလား? ဒါပေမဲ့ လူတိုင်း ရတနာကို ဖမ်းနေတာချင်းအတူတူ.. တရားမျှတမှုနဲ့ ကျိုးကြောင်းဆီလျော်မှုတို့ကို အာရုံစိုက်ထားရမယ် မဟုတ်ဘူးလား?"

လူများစွာက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ထိုလူက လုရွှမ်ကို နှိုးဆော်ချင်ရုံဖြင့်သာ ပြောခဲ့သော်လည်း မထင်မှတ်ပဲ လုရွှမ်က ပွင့်ပွင့်လင်းလင်း ပြန်ပြောပြီး မျက်နှာသာတောင် မပေးချေ။

"သခင်လေးရွှမ်ကျီး မတွေ့ရတာကြာပြီနော်... ငါတို့အိမ်က မော့ရှဲက မင်းကို အရမ်းလွမ်းနေတာ"

လုရွှမ် ပြုံးပြီး ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။ ချွန်းရှောင်လေးက ကြားရသလောက် မိန်းကလေးတွေဆီမှာ အမြဲတမ်း ရှာဖွေခံခဲ့ရသော ရွှမ်ကျီးသည် မော့ရှဲကို အမှန်တကယ်နှစ်သက်လိမ့်မည်ဟု မထင်ခဲ့ပေ။

ရွှမ်ကျီး၏အသံတွင် တုန်တုန်ယင်ယင် အရိပ်အမြွက်မျိုး ပြသလာခဲ့သည်။

"အစ်ကိုလု... ဒီဟာသကို ပေါ့ပေါ့ဆဆ ပြောလို့မရဘူးလေ... နတ်သမီးမော့ရှဲနဲ့ ကျွန်တော်က သိပ်ကို​ဖြူစင်ပါတယ်"

သူတို့နှစ်​​ယောက်​ တကယ်​​ပျော်​​နေကြသည့် အတိုင်းပင်။

ရွှမ်ကျီးနဲ့ မော့ရှဲတို့နှစ်ဦး တစ်စုံတစ်ခု ဖွံ့ဖြိုးတိုးတက်နိုင်လျှင် လုရွှမ် သဘာဝအတိုင်း ပျော်ရွှင်နေလိမ့်မည်။ ရွှမ်ကျီးသည် အ​ကြံအစည် ကြီးသော်လည်း မဆိုးလှချေ။ သူတို့နှစ်ယောက် တာအိုစုံတွဲများ ဖြစ်လာနိုင်လျှင် ကောင်းလိမ့်မည်။

အရင်တုန်းက ကျင့်ကြံသူ မိန်းကလေး တော်တော်များများက သူ့ကို ချစ်ခင်စွဲလမ်းအောင် လုပ်ခဲ့တဲ့ ညစ်ညမ်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်ခဲ့ပေမယ့် အားလုံး ဝမ်းနည်းစွာနဲ့သာ ထွက်သွားကြသည်။ အခု မော့ရှဲရဲ့ ပျော်ရွှင်ဖွယ် အဆုံးသတ်ကို မြင်တွေ့ရမယ်ဆိုလျှင် လုရွှမ် ကျေနပ်ပါ၏။

"အိုး ပန်းပေါင်းထောင်နဲ့ချီပြီး သစ်ရွက်ကိုမကိုင်ဖူးတဲ့ သခင်လေးရွှမ်ကျီးက ငြိမ်းချမ်းတဲ့ နေ့လေးကို ပိုင်ဆိုင် နေရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး ဂုဏ်ယူပါတယ်"

နောက်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာသော်လည်း တခြားဘာတွေဆီက သဘောတူညီမှု သိပ်မရခဲ့ပေ။

"အမ် သခင်လေးလုရွှမ်က ချီထျန်းခန်းမမှာ တန်ခိုးပြပြီး နတ်မီးလေးလုံး ထွန်းထားတဲ့ သခင်လေးစန်ယွဲ့ကို သတ်လိုက်တယ်လို့ ကြားလိုက်ရတယ်... အခု ထုံးထျန်းခန်းမကို ထပ်ရောက်ပြန်ပြီတော့ ဆိုတော့ နောက်တစ်ခါ ဘယ်သူ့ကို သတ်ဦးမှာလဲ မသိဘူးနော်"

ယခုအချိန်တွင် ရတနာက မပေါက်သေးသောကြောင့် တခြားသူများ၏ နေရာများကို လျှို့ဝှက်တွက်ချက်ကာ အချိန်တိုအတွင်း တိုက်ခိုက်နိုင်ရန်နှင့် ရတနာကို ဖမ်းယူရင်း အသက်ရှင်သန်ရန် အခွင့်အရေးကို ရယူနိုင်ပါသည်။

ဒီအချိန်မှာ ထိုသူ့ပါးစပ်က စကားကို ကြားတော့ တစ်ယောက်ပြီး တစ်ယောက် ထအော်ကြတော့သည်။

"​တော်ဝင်နဂါးတောင်တန်းရဲ့ သခင်လေးယောက်ထဲက သခင်လေးစန်ယွဲ့လား?"

"သူတကယ်ပဲ နတ်မီးလေးလုံး ထွန်းထားတာလား?"

"ပြီးတော့ သူ့ကို လုရွှမ်က ခေါင်းဖြတ်လိုက်တယ် ဟုတ်လား?"

သာမာန် ကျင့်ကြံသူများအတွက် နတ်မီးလေးလုံး ထွန်းညှိထားတယ် ဆိုတာ အံ့ဖွယ်ကောင်းတာကြောင့် တုန်လှုပ်ချောက်ချားဖွယ်ရာ အသံများ ထွက်ပေါ်လာသည်။ သို့သော် နတ်မီးလေးလုံးကို အလင်းရောင်ပေးခြင်းနှင့် ပတ်သက်၍ တိကျသေချာသော အသိပညာ ရှိပါသလား ဆိုရင်တော့ သူတို့မှာ မရှိသလောက်ပါပဲ။

သို့သော် ဤပါရမီရှင်များအတွက် အထူးသဖြင့် ထုံးထျန်းခန်းမထဲသို့ ဝင်ရောက်နိုင်ခဲ့သော ဤနတ်မီးနယ်ပယ်များ အတွက် တတိယအဆင့်တွင် နတ်မီးလေးလုံးကို ထွန်းညှိနိုင်ခြင်းက ပါရမီရှင်များကြားက ပါရမီရှင်တစ်ဦး ဖြစ်​ပေသည်။

မည်မျှပင် ကြိုးစားအားထုတ်ပါစေ အောင်မြင်ရန် မလွယ်ကူပေ။ တချို့ဆိုလျှင် စတုတ္ထ နတ်မီးကို ထွန်းဖို့ လမ်းတောင် ရှာမတွေ့ကြ။

သခင်လေးစန်ယွဲ့ကတော့ သူဟာ အမြဲတမ်း နိမ့်ကျတဲ့ လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျန်တဲ့ သုံးယောက်က လူသိရှင်ကြား မဖြစ်ခဲ့ဘူးဆိုရင် သူတို့ထဲက တစ်ယောက်မှ သခင်လေးစန်ယွဲ့ရဲ့ နာမည်ကို သိမှာ မဟုတ်ပါဘူး။

အခုသူက စတုတ္ထ နတ်မီးလုံးကို ထွန်းညှိထားတဲ့ လူတစ်ယောက် ဖြစ်သွား​ပြီ။ မာနကြီးသော ကောင်းကင်သားဟု တင်စားခေါ်ဝေါ်ခံရသော သူသည် အမှန်တကယ်ပင် လုရွှမ်ဆီပ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်။

ဒါကို တွက်ချက်လိုက်ရင် လုရွှမ် ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ သိနိုင်သည်။ အနီးနားမှာ တစ်ဝိုက်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသော်လည်း လုရွှမ်၏ သဘောထားမှာ ဘာမှမထူးခြားသလို တည်ငြိမ်နေ၏။

"ငါ ထုံးထျန်းခန်းမထဲကို ဝင်လိုက်တာနဲ့ လူသတ်ဖို့ လာခဲ့တာဆိုတာ အမှန်ပဲ... ကျင်းဖုန်း မင်းဉာဏ်ကောင်းရင် မင်း အခု ထွက်ပြေးထားရင် ပိုကောင်းမယ်... သေချာတာပေါ့ ငါက သတိပေးရုံပဲ... မင်း ကောင်းကင်ဘုရင် နန်းတော်ထဲက မင်းထွက်လို့မရ​တော့ဘူး"

"ကျန်တဲ့ နှစ်ယောက်ကို အားမကိုးနဲ့.... ရိုးရိုးသားသားပြောရရင် သခင်လေးလော့ဟွားနဲ့ နုန့်ရွှယ်တို့နှစ်ယောက်က ငါနဲ့ ရန်ငြိုးဖွဲ့စရာ အကြောင်းမရှိဘူး ငါ မင်းတို့ကို ဒုက္ခပေးစရာလည်း အကြောင်းမရှိဘူး ဒါပေမဲ့ ငါကြားဖူးသလောက်တော့ မင်းတို့လေးယောက်က တတွဲတွဲပဲတဲ့... မင်းတို့ကို အတူတူ သတ်လိုက်တာပဲ ပိုကောင်းပါတယ်"

လုရွှမ် ပြောပြီးနောက် အသံနှစ်သံက ချက်ချင်း ဟောက်လေ၏။ ၎င်းက လော့ဟွားနဲ့ နုန့်ရွှယ်ပါပဲ။

ချီထျန်းခန်းမမှာ လုရွှမ်ရဲ့ စွမ်းအားကို မြင်ပြီးနောက် သူတို့နှစ်ဦးလုံး ကြောက်လန့်သွားကြသည်။ ထိုကဲ့သို့သောသူ၏ ရန်သူဖြစ်ရခြင်းက သေခြင်းတရားကို ရှာရန်ဖြစ်ပြီး မိသားစုကိုပင် အကြပ်အတည်း သေလမ်းပို့​ပေးသလို ​ဖြစ်သွားစေနိုင်သည်။

"သခင်လေးလုရွှမ်... လော့ဟွား ငါက ကျင်းဖုန်းနဲ့ ဘာဆိုင်လို့လဲ သူက ရက်စက်ပြီး ရိုင်းစိုင်းတယ်.... သူက တိုက်ခိုက်ခံရတဲ့ တစ်မိသားစုလုံးကို သတ်ပစ်လိုက်တယ်... လော့ဟွားက ဒီလိုလူနဲ့ နေရတာ ရှက်စရာကောင်းတယ် ငါသူနဲ့ အတူမနေချင်ခဲ့တာ ကြာပြီ... ဟူး ကျင်းဖုန်း ငါ မင်းနဲ့ ပြီးသွားပြီလို့ ငါ လေးနက်စွာ ကြေငြာတယ်"

"မှန်တယ်... ကျင်းဖုန်း... ဒါက မင်းကိုယ်တိုင်လုပ်ခဲ့တဲ့ ကိစ္စပဲ...ငါနုန့်ရွှယ်က မင်းနဲ့ငါတို့​ကြားက ဆက်ဆံရေးကို ဖြတ်ပစ်လိုက်ပြီ...!"

လော့ဟွားနဲ့ နုန့်ရွှယ်တို့သည် ကျယ်လောင်စွာ အော်ငေါက်ကြပြီး ၎င်းတို့၏ ရပ်တည်ချက်များကို အများသူငှာ ကြားသွားစေရန် ဖော်ပြကြသည်။

ဖြစ်စဉ်တစ်ခုလုံးမှာ ကျင်းဖုန်းက သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ထား၏။ သူစကားပြောလိုက်ရင် သူ့နေရာ ပေါ်လာမှာကို စိုးရွံ့နေတယ်ဆိုတာ လူတိုင်း သိပါသည်။

နတ်ဘုရားလို ပြိုင်ဘက်တွေကို ကြောက်စရာ မလိုချေ။ ဝက်နဲ့တူတဲ့ အသင်းဖော်တွေလို သူတို့ နှစ်ယောက်ဆီက တိုက်ရိုက် သစ္စာဖောက်ခံကတာက ကြောက်စရာ ကောင်းလွန်းတယ်လေ။ ဒါကိုလည်း ပတ်ဝန်းကျင်က လူတွေက တွေးနေကြ၏။

တော်ဝင်နဂါးတောင်၏ သခင်လေး၄ယောက်တွင် နာမည်ကောင်းရှိပြီး ခွန်အားမှာ အမှန်တကယ်ပင် အားနည်းသူ မဟုတ်​ကြပေ။ သို့သော် ယခု လော့ဟွားနဲ့ နုန့်ရွှယ်တို့သည် လုရွှမ်ဆီက အတင်းအကြပ် ခြိမ်းခြောက်တာကို ခံရပြီး ခင်မင်ရင်းနှီးမှုကို ဖြတ်တောက်ခဲ့သည်။ ကျင်းဖုန်းက မောက်မာလွန်းပေမယ့် စကားတစ်ခွန်းမှ ဝင်မပြောနိုင်တာကို ကြည့်လျှင် လုရွှမ်အပေါ် ကြောက်လန့်မှုကို အပြည့်အ၀ ပြသလိုက်လေသည်။

လုရွှမ်က တကယ် ကြောက်ဖို့ကောင်းနေတာလား။

ပါရမီရှင်များသည် ၎င်းတို့အထက်တွင် အခြားသော ပါရမီရှင်များ ရှိတာကို ယုံကြည်ရန် ခဲယဉ်းလှသည်။ လုရွှမ်အတွက်ကတော့ ဤလူနှစ်ယောက်အား ယုံနိုင်စရာ မရှိမှန်းသိတာကြောင့် အော်ရယ်လိုက်သည် ။

"အိုး ဒါဆို ငါမင်းတို့ကို ဘယ်လိုယုံကမလဲ? မင်းတို့ရဲ့ ကျိန်ဆိုချက်တွေကို ငါမယုံဘူး ကျင်းဖုန်း ဘယ်ရောက်နေတယ်ဆိုတာ ထောက်ပြမှ ငါယုံမယ်!!"

လူတော်တော်များများက ဒီလိုအဆုံးသတ်ကို မှန်းဆထားပြီးသားမို့ ရယ်လိုက်ကြသည်။

လော့ဟွားက မတွေးဘဲ "ကျင်းဖုန်းက ငါ့လက်ဝဲဘက်မှာ ရှိတယ်.... မင်းကငါ့ကို တကယ် ခိုးပြီး တိုက်ခိုက်ခဲ့တာပဲ!"

ခိုးဝင်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူမှာ တကယ် ကျင်းဖုန်းပဲ ဖြစ်သည်။

"လော့ဟွား... နုန့်ရွှယ် မင်းတို့နှစ်​​ယောက်​က ဒီလိုလူ​တွေဖြစ်​နေမယ်လို့ ငါ​မျှော်​လင့်​မထားဘူး... အဟမ်း မင်းတို့ဒီလိုပဲ လွတ်​​မြောက်​နိုင်​မယ်​လို့ ထင်​နေတာလား? မင်းတို့လုပ်​ခဲ့တဲ့ ဆိုးသွမ်းမှု​တွေ အားလုံးကို ငါသေသေချာချာ သိထားပြီးသား.... မင်းတို့ငါ့ကို ဒုက္ခ​ပေးချင်​ရင်​တော့ မင်းတို့ကိုယ်မင်းတို့ ဖျက်စီးတာပဲ!"

All Chapters