← Chapters

နတ်လက်နက်

Vol. 93 Ch. 4.902

နတ်လက်နက်

Vol. 93 Ch. 4.902

လုရွှမ် ရယ်လိုက်သည်။

"ငါ့ရဲ့ဆုကြေးဆိုရင် ငါပဲ သိမ်းထားလိုက်မယ်... ဒါပေါ့ ဒီလိုလုပ်ရင် လူတိုင်း မကျေနပ်ကြဘူးဆိုတာ သိပါတယ် ဒါပေမဲ့လည်း....ငါက မင်းတို့ရဲ့ခံစားချက်တွေကို ဂရုစိုက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလေ"

ဤစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားသည်။ လုရွှမ်သည် နတ်ဓားကို အနိုင်ယူတာက အရေးမကြီးဘူးဟု အမှန်တကယ် ထင်မြင်နေသလား မပြောတတ်။ နောက်ဆုံးတော့ ဒီနတ်လက်နက်ကို နှိမ်နင်းနိုင်တဲ့သူ အများကြီးရှိပေမယ့် နတ်လက်နက်ကို ကာကွယ်နိုင်တဲ့သူ အလွန်နည်းလေသည်။

နတ်လက်နက် တစ်ခုကို ရပြီးရင် ကာကွယ်နိုင်ဖို့ ဆိုတာ ခွန်အား၊ နောက်ခံနှင့် အရည်အချင်းအားလုံးသည် စပ်ဆိုင်နေသည်။ ထို့ကြောင့် လုရွှမ်က သိမ်းသွားသည်ဖြစ်စေ ရွှမ်ကျီးက သိမ်းသွားသည်ဖြစ်စေ သို့မဟုတ် မျှော်စင်နယ်ပယ်မှ သိမ်းသွားသည်ဖြစ်စေ သူတို့နှင့် မသက်ဆိုင်ချေ။

သို့သော် လျော်ကြေးနည်းနည်း ရမယ်ဆိုရင်တော့ သူတို့အတွက် အဆင်ပြေပါသည်။ လုရွှမ်၏ စကားများကို ကြားပြီးနောက် လူအများ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ရှိလာသေးသည်။ လုရွှမ်က ဘယ်သူလဲ။ ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံက ဆရာတစ်ပါးလေ။

လုရွှမ် လူတိုင်းကို လျော်ကြေးပေဖို့ ဧကရာဇ်လက်နက်တွေကို ပေးခဲ့ရင် လက်ရှိအကြံက မကောင်းတာတော့ မဟုတ်ချေ။ ရလဒ်အနေနှင့် လုရွှမ်၏ စကားများသည် အေးစက်သော ရေအင်တုံတစ်ခုလို သူတို့၏ စိတ်ဆန္ဒများကို လုံး၀ အေးစက်သွားစေပါသည်။

"လုရွှမ်... သိပ်​​မာန်တက်မနေနဲ့!"

လုရွှမ်က "ကျင်းဖုန်း ဟန်ဆောင်မနေနဲ့... အစောတုန်းက စကားပြောတာက မင်းပဲဆိုတာ ငါသိတယ်.. မင်းရဲ့ အသက်ရှုသံတွေကို ငါအစောကတည်းက ဟိုးအရင်ကတည်းက ချိတ်ပိတ်ထားပြီးပြီ မင်းဘယ်မှာနေရပ်နေ... မရွေ့နဲ့ မဟုတ်ရင် မင်းဘာသာ နားမလည်နိုင်တဲ့ အခင်းအကျင်း အသွင်အပြင်က ဘယ်လို အန္တရာယ်ကြုံတွေကို ဆွဲခေါ်လိုက်မလဲ မပြောတတ်ဘူး... ကိုယ့်သေတွင်း ပြန်တူးနေမိဦးမယ်"

လူထုရဲ့ အတွေးတွေကို နှိုးဆွနိုင်အောင် စကားပြောသော သူသည် အမှန်ပင် ကျင်းဖုန်း ဖြစ်လေသည်။ လုရွှမ်ရဲ့ အသံကို ကြားလိုက်ရသောအခါတွင် ဤမောက်မာကာ မာနကြီးသူကို ကောက်ကျစ်ပြဖို့ မသိယုံလောက်အောင်ပင် သူပျော်နေခဲ့သည်။ သို့သော် လုရွှမ်က သူ့နာမည်ကို တိုက်ရိုက် ဖော်ပြလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

"မင်းလူမှားနေပြီ... ငါကျင်းဖုန်း မဟုတ်ဘူး"

လုရွှမ်က "ဘာပဲဖြစ်ဖြစ် မင်းသေရမှာပဲ"

"အတင့်ရဲလွန်းတယ်!"

"မင်းကို အာရုံစိုက်ဖို့ ပျင်းတယ်... တခြားသူတွေမှာရော ထင်မြင်ချက် ရှိလား... ငါက အရမ်းပွင့်လင်းတဲ့သူပါ တခြားသူတွေရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း လက်ခံတယ် ငါ့မှာ အမြင်ရှိရင်လည်း ပြောမယ်... မင်းတို့ငါ့ကို ဒေါသတကြီး စိုက်ကြည့်နေပြီး ဘာမှ မပြောရင် ငါက ဘယ်လိုလုပ်သိမှာလဲ?"

လုရွှမ်က လူတိုင်းကို ရယ်မောပြီး နောက်ပြောင်လိုက်သည်။

"ကောင်လေး မင်း နတ်လက်နက်ကို သိမ်းမယ်ဆိုလည်း ရတယ်... ဒါပေမဲ့ အားလုံးကို လျော်ကြေးပေးသင့်တယ်လို့ မထင်ဘူးလား"

မျှော်စင်နယ်ပယ် သခင်တစ်ဦး၏ အသံထွက်ပေါ်လာပြီးနောက် ရက်စက်ကြမ်း ကြုတ်သော အရိပ်အယောင်များလည်း ထွက်ပေါ်လာသည်။ လုရွှမ် တစ်ချက် ရယ်လိုက်သည်။

"ဟုတ်ရဲ့လား? မင်းရရင်ရော ငါတို့အားလုံးကို လျော်ကြေးပေးမှာလား? မင်းကိုယ်တိုင်တောင် မလုပ်နိုင်ဘဲ တခြားသူတွေကို သွားမတောင်းနဲ့!"

"ဟုတ်တယ်... ငါလျော်ကြေးရလည်း နတ်လက်နက်ကို တောင်းစရာ မလိုဘူး... ဘာပဲဖြစ်ဖြစ် ငါအခု အဆင့်၉ ဧကရာဇ်လက်နက်ကို သန့်စင်အောင် လုပ်နိုင်နေပြီလေ.... ငါ့ရဲ့ ခွန်အားတွေ တိုးလာတဲ့အခါကျကင် နတ်လက်နက်ကို သန့်စင်နိုင်မှာပဲ မဟုတ်ဘူးလား..."

"ဒီအခင်းအကျင်း ဖွဲ့စည်းပုံထဲက ဘယ်လို ရုန်းထွက်ရမလဲ ဆိုတာကတော့ လွယ်ပါတယ်... အားလုံးသေပြီးရင် ငါက နတ်လက်နက်ကို ကိုင်ပြီး ဘေးကင်းစွာ ထွက်သွားလိုက်မှာ...ငါ မလုပ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့၊ ကျွန်တော် ကောင်းကင်ဘုရင်နန်းတော်ထဲမှာ သုံးရက် ပိတ်မိနေခဲ့တဲ့ အချိန်အတွင်း ငါ တွေ့ကြုံခဲ့ရတာတွေ အနှစ်တစ်ရာအတွင်းမှာ မင်းတွေ့ကြုံခဲ့ရတာထက် အများကြီး ပိုပြီးသား..."

လုရွှမ်ရဲ့ အသံအားက ပြင်းထန်လွန်းသဖြင့် အားလုံးက တိတ်တဆိတ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ကြသော်လည်း လုရွှမ် ကြွားလုံးထုတ်နေတယ်လို့ ဘယ်သူမှ သံသယ မ၀င်ရဲကြပေ။ ကောင်းကင်ဘုရင် နန်းတော်ထဲတွင် သုံးရက်ကြာ ပိတ်မိနေခြင်းသည် နောင်မျိုးဆက်များ လက်လှမ်းမမီနိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်။

"သခင်လေးရွှမ်ကျီး... မင်းက ဒီပါရမီရှင်တွေ့ဆုံပွဲရဲ့ အိမ်ရှင်ပဲ... မင်း ဘာပြောချင်လဲ"

ရွှမ်ကျီးက ပြုံးရင်း ပြောပါ၏။

"အနာဂတ်မှာ ကျွန်​တော်တို့ အချင်းချင်း လွယ်လွယ်ကူကူ ဆုံတွေ့နိုင်စေဖို့ ငြိမ်းချမ်းမှုလေးကို ချန်ထားလိုက်ရအောင်လား..နတ်လက်နက်အတွက် ဘာလို့မျက်နှာ ပျက်သွားရတာလဲ... နတ်လက်နက်က အသက်နဲ့ နှိုင်းလို့ရတာ မဟုတ်ဘူးလေ"

“ဘယ်လိုရွေးရမှန်း မသိပေမယ့် ကျွန်တော် ရှင်းရှင်းလင်းလင်း သိတာကတော့ အခု ကျွန်တော်တို့ ရှိနေတဲ့ အခင်းအကျင်း အသွင်အပြင်က ထူးဆန်းပြီး ပြောင်းလဲနိုင်တဲ့ အခင်းအကျင်း တစ်ခုပဲ..အချိန်တိုင်း ပြောင်းလဲနေတာ လူတိုင်းလည်း အခင်းအကျင်းဆီက နားမလည်နိုင်တဲ့ အရိပ်အယောင်​တွေကို ခံစားနေရမယ်လို့ ထင်တယ်.... ကျွန်တော်တို့ ငြိမ်ရင် အခင်းအကျင်းက ပိုတည်ငြိမ်လာမယ်လို့ သေချာပေါက် ပြောနိုင်ပေမယ့် ကောင်းကင်ဘုရင် နန်းတော်ထဲမှာ သုံးရက်လောက် နေနိုင်တဲ့အချိန်က မကြာဘူး... မထင်မှတ်ထားတဲ့ အရာတွေလည်း ရှိလိမ့်မယ် ခံနိုင်ရည် မရှိနိုင်တဲ့ အရာတွေလည်း ရှိလိမ့်မယ်”

ရွှမ်ကျီးရဲ့ အဖြေက မရှင်းလင်းသော်လည်း အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်ပြီး အပြင်ထွက်ပြီး အသက်ရှင်လိုပါက ညှိနှိုင်းရမည် ဖြစ်သည်။

လုရွှမ်လည်း သူ့စိတ်ထဲမှ ရယ်မောနေခဲ့သည်။ ဤကောင်လေး ရွှမ်ကျီးက အလွန်ထက်မြက်ပေသည်။ တခြားလူတွေက သူ့ကို အကြံပေးခိုင်းတာနဲ့ သူ့ကိုယ်သူ လက်နက်အဖြစ် အသုံးချနိုင်မည် မဟုတ်ချေ။

"ဟမ်! ငါ​တော့ မယုံဘူး..."

မျှော်စင်နယ်ပယ်က ပြောလိုက်သည်။

"ကျင့်ကြံသူမိတ်ဆွေတို့.... ငါ့မှာ အကြံတစ်ခုရှိတယ်...ငါအခင်းအကျင်း အကြောင်း သိတယ် ဒီအခင်းအကျင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတာ အဲဒါကြောင့် မျှော်လင့်ချက်တွေ ရှိတယ်... ငါတို့ရဲ့ ခွန်အားတွေ အကုန်လုံး သုံးလိုက်ရင် ငါတို့ထွက်လမ်း ရှာနိုင်လိမ့်မယ်"

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် နတ်လက်နက် ပေါ်လာတဲ့ နေရာက အခင်းအကျင်းရဲ့ အလယ်ဗဟိုပဲ... အသက်ထွက်ပေါက်ကလည်း အဲ့နေရာမှာ ရှိနေတုန်းပဲ အားလုံး ငါ့အမိန့်ကို နားထောင်ကြ... သုံးအထိ ရေတွက်​ပြီးရင် အတူတူ တိုက်ခိုက်ကြမယ်..."

တုံ့ပြန်သူများက ပြတ်တောက်ခြင်း မရှိပေ။

"တစ် နှစ် သုံး!"

ထိုအလယ်က ဗဟိုချက်ဆီသို့ စွမ်းအင်စီးကြောင်းများ တရစပ် ပေါက်ကွဲထွက်သွားသည်။ တစ်ဆက်တည်း တဗုန်းဗုန်း အသံများက တဟုန်ထိုး တက်လာပြီး လူတိုင်းကို ရိုက်ခတ်သွားရာ နောက်ဆက်တွဲအနေနဲ့ လူတော်တော်များများ ထိမှန်ပြီး သွေးတွေ အန်လိုက်ရ၏။

လုရွှမ်သည် သူ့​ရှေ့တွင် နတ်ဝိညာဉ်ဒိုင်းလွှာကို ကာထားပြီး တိုက်ခိုက်မှု အားလုံးကို တားဆီးလိုက်သည်။ ထိုအခိုက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာကာ လေထုထဲက နတ်လက်နက်မှ တိုးတိုးလေး ညည်းတွားလိုက်သည်။ ထို့နောက် ဓားစွမ်းအင်များ ပေါက်ထွက်လာကာ ယခင်က အကြံပေးခဲ့သော မျှော်စင်နယ်ပယ်ဆီ ပြေးဝင်သွားလေသည်။

အလင်းရောင်က တိတ်ဆိတ်ပေမယ့် လူသတ်ရောင်ဝါတွေကတော့ အပြည့်ပင်။ မျှော်စင်နယ်ပယ်သည် ခုခံရန် ဓားကို အလျင်အမြန် ဆွဲထုတ်သော်လည်း အော်ဟစ်သံတစ်ခု ကြားရပြီး သူ့ဓားက ကျိုးသွားလေသည်။

"ဟားဟားဟား..."

လုရွှမ် အားရပါးရ ရယ်လိုက်သည်။

"ဂုဏ်ယူပါတယ်... အဟောင်း မသွားရင် အသစ်လည်း မလာဘူးတဲ့"

"မင်း!"

မျှော်စင်နယ်ပယ်မှာ ဒေါသတကြီး အော်ဟစ်နေပေမယ့် သူ့အကြံက ကြောက်စရာ ကောင်းသွားမှန်းလည်း သိပါ၏။ အကယ်၍ သူသာ မျှော်စင်နယ်ပယ် မဖြစ်ခဲ့ပါက ဤဒေါသကြီးသူများ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

"နတ်လက်နက်မှာ ဝိညာဉ်တစ်ခု ရှိတယ်... အထူးသဖြင့် သူမွေးလာတဲ့ နေရာက ကန့်သတ်ထားတဲ့ ထွက်ပေါက်ကို တိုက်ခိုက်ဖို့ တွေးနေတဲ့လူကို အလိုလို သိတတ်တယ်....ဟိုအစ်ကိုကိုတော့ ကျွန်တော် တကယ်လေးစားပါတယ်... ကောင်းပြီ လူတိုင်းကို ရှင်းပြလို့ရပါတယ်"

"နတ်လက်နက် မွေးဖွားရတဲ့ အကြောင်းအရင်းက အခင်းအကျင်း ကန့်သတ်ထားချက်ကြောင့်ပဲ...ဒီမှာ အခင်းအကျင်း တားမြစ်ထားတာက တိုက်ခိုက်တာတွေ မလုပ်ဖို့ပဲ...ဒါမှ အခင်းအကျင်း ကန့်သတ်မှုရဲ့ သက်ရောက်မှုက ပိုမိုအားကောင်းလာလိမ့်မယ်... နတ်လက်နက်ရဲ့ တားမြစ်ထွက်ပေါက်ကို တိုက်ခိုက်တာက ဒုက္ခတစ်ခုပဲ”

"ဒီလိုအခြေအနေမျိုးမှာ နတ်လက်နက်က မင်းတို့ကို မတိုက်ခိုက်ဘူးဆိုမှ ထူးဆန်း​နေလိမ့်မယ်!"

လူအများက ရယ်မောကြသော်လည်း သွေးအန်လိုက်ရတဲ့ လူတွေမှာတော့ မရယ်မောနိုင်ပေ။ မျှော်စင်နယ်ပယ်ရဲ့ မျက်နှာက နီရဲပြီး နှာမွှန်နေတော့သည်။ ကံကောင်းထောက်မစွာနဲ့ လူတိုင်းက သူ့ကို မမြင်ရတဲ့အတွက် အရမ်းရှက်စရာ မကောင်းချေ။

"ဒါဆို အားလုံးကန့်ကွက်စရာ မရှိတော့ဘူးဆိုရင် ငါ ဒီနတ်လက်နက်ကို ယူလိုက်တော့မယ်နော်"

လုရွှမ် ပြုံး၍ သူ့လက်ဖဝါးကို လှန်လိုက်သော် သူ့လက်ဖဝါးမှာ ဝိညာဉ်မီးဘောလုံး တစ်ခု ပေါ်လာပြီး အလွန်တောက်ပသော အနီရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။

"ကလေးလေး.... ဒီကိုလာခဲ့!"

လူတိုင်း၏ အလွန်မနာလိုသော မျက်လုံးများရှေ့တွင် နတ်လက်နက်သည် လုရွှမ်လက်ထဲသို့ အလိုအလျောက် ပျံတက်သွားခဲ့သည်။

All Chapters