လူခြောက်ယောက်
Vol. 93 Ch. 4.903
"သီလရှိသူ ရတနာကို ရယူနိုင်တယ်တဲ့... ဒီစကားက ငါရေးခဲ့တာတော့ မဟုတ်ဘူး"
လုရွှမ်သည် နတ်လက်နက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လက်ဖဝါးထဲ ကခုန်စေ၏။ အေးစက်သော အရိပ်အယောင်များက ပတ်ဝန်းကျင်ကို ဖြာထွက်သွားကာ လူအများ၏ စိတ်နှလုံးကို တောက်ပသွားစေသော်လည်း အလွန်မနာလို ဝန်တိုသွားစေသည်။
ရွှင်း!
ဓားပန်းများ လုရွှမ်လက်ထဲတွင် ပျံဝဲနေပြီး ယင်းယန် ငါးတစ်ကောင်၏ အသွင်အပြင် အဖြစ် လင်းလက်သွားသည်။
"ဒြပ်ငါးပါး လှည့်ပတ်ပြီး အသက်ဝင်ဖို့ တံခါးကို ဖွင့်!"
လုရွှမ် သူ့လက်ဖဝါးကို လှည့်လိုက်သည်။ တဖြည်းဖြည်းနဲ့ ယင်ယန်ငါးတွေဟာ လုရွှမ်ရဲ့ အသက်ရှုသံနဲ့အတူ လှည့်ထွက်သွားပါတော့သည်။
သူ့လုပ်ရပ်များကို ဘယ်သူမှ မမြင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သန့်စင်သော ယန်စွမ်းအင် ရောင်ဝါသည် အလွန်ဖြူစင်ပြီး နုပျိုနေသောကြောင့် လူတိုင်းကို အလွန်ပင် မနာလိုဖြစ်စေပြန်သည်။
သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင် ရှိနေသည်မှာ ထင်ရှားသော်လည်း နတ်မီးနယ်ပယ် အထွတ်အထိပ်နှင့် ယှဉ်နိုင်သော စွမ်းအားရှိနေပြီ ဖြစ်သည်။ ထန်းယွမ်မြို့မှ လူများသည် လုရွှမ်၏ မျှော်စင်နယ်ပယ်က အကြီးအကဲနှင့် တိုက်ပွဲကြောင့် အံ့အားသင့်ခဲ့ကြသော်လည်း အမှန်တကယ်အားဖြင့် လုရွှမ်သည် နောက်ဆုံးတိုက်ပွဲကို ခုခံနိုင်စွမ်း မရှိခဲ့သေးပေ။
ယခုမူ လုရွှမ်လက်ထဲတွင် နတ်လက်နက် ရှိနေပြီ။ လူများစွာသည် ဤနတ်လက်နက်၏ အကူအညီဖြင့်သာ ဆိုလျှင် လုရွှမ်တစ်ယောက် မျှော်စင်နယ်ပယ်ကို အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဟု ခံစားမိလေသည်။
အနည်းဆုံး သူသည် ဤနတ်လက်နက်ကို သုံး၍ ဒဏ်ရာကင်းကင်း လွတ်မြောက်သွားဖို့ အသုံးပြုနိုင်လောက်သည်။
"ဖွင့်!" လုရွှမ် အော်လိုက်သည်။
လေထုထဲ၌ ဝေ့ဝဲနေသော ယင်ယန်ငါးနှစ်ကောင်ကြားတွင် မုခ်ပေါက်တစ်ခုသည် တဖြည်းဖြည်း ပေါ်လာပြီး ၎င်းက ယခင်ကသူတို့ မြင်ခဲ့ရသည့် ထုံးထျန်းခန်းမ၏ ပင်မခန်းမဆောင်ကြီး ဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေသည်။
"မထွက်သေးဘဲ ဘာစောင့်နေတာလဲ!"
သူ့ဘေးက လူတွေကလည်း တုံ့ဆိုင်းမနေရဲဘဲ တံခါးပေါက်ထဲကို တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြ၏။ ပုံရိပ်တစ်ခု ဖြတ်ပြေးသွားစဥ် လုရွှမ် ထိုသူ့ကိုအမိ ဖမ်းထားလိုက်သည်။
"ကျင်းဖုန်း မင်းကို ငါပြောပြီးပြီ.... မင်းရဲ့ ရောင်ဝါကို ငါချိတ်ပိတ်ထားတယ်.... မင်းငါ့ရဲ့ ဆုပ်ကိုင်မှုကနေ မလွတ်မြောက်နိုင်ဘူး ဘာလို့ ခက်ခက်ခဲခဲတွေ ကြိုးစားနေတာလဲ"
ကျင်းဖုန်း မြေပြင်ပေါ်သို့ လဲကျသွားကာ သူ့မျက်လုံးများက စိတ်ပျက်လက်ပျက် ဖြစ်သွားသော အရိပ်အယောင်များဖြင့် ပြည့်နေသည်။
"ကောင်းပြီ .... သခင်လေးလုရွှမ်က တော်တော်ရက်စက်ရဲတာပဲ... ငါအသက်မရှင်နိုင်ရင် မင်းလည်း အသက် မရှင်နိုင်စေရဘူး..."
သူ့အသက်ရှုသံတွေက သူ့ခန္ဓာကိုယ် တစ်ဝိုက်မှာ လူးလိမ့်နေပြီး စွမ်းအင်တွေ တဟုန်ထိုးတက်လာ၏။ ကျင်းဖုန်း သူ့ကိုယ်သူ ဖောက်ခွဲတော့မှာပဲ ဖြစ်သည်။
"အဲ့လောက် ရိုးရှင်းမလား.... မင်းကို ဖောက်ခွဲခွင့် ပေးရအောင်အထိ ငါမတုံးဘူး"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်း၍ နဂါးပုံစံ ဓားပျံတစ်ချောင်းကို ကျင်းဖုန်းရဲ့ နတ်မျှော်စင်မီးလုံး တည့်တည့် ထိုးစိုက်ပစ်လိုက်သည်။ နောက်ထပ် ဓားတစ်ချောင်းကတော့ သူ့ဝမ်းဗိုက်ထဲက ဒန်တန်ကို ဖျက်စီးပစ်သည်။
ကျင်းဖုန်း၏ စူးစူးဝါးဝါး အော်ဟစ်သံနဲ့အတူ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများ လျင်မြန်စွာ ကျဆင်းသွားသည်။ လုရွှမ် သူ့လက်ချောင်း အနည်းငယ်ကို လှုပ်လိုက်ရုံဖြင့် ကျင်းဖုန်း ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်အမှတ် အားလုံးကို တံဆိပ်ခတ်ကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။
"ကောင်းပြီ သူငယ်ချင်းတို့ မင်းတို့ဘာလို့ မထွက်သွားတာလဲ"
လူခြောက်ဦး ကျန်သေးသည်။ ၎င်းတို့သည် အလျင်စလို မထွက်ခွာသွားကြဘဲ အခင်းအကျင်း ဖွဲ့စည်းမှုတွင် ဆက်လက်ရှိနေခဲ့၏။
"လုရွှမ်....ငါ ကောင်းကင်ဘုရင် နန်းတော်ထဲကို ဝင်လာရတဲ့ ရည်ရွယ်ချက်ကို မင်းသိမယ်လို့ ထင်တယ်....မင်းလည်း အဲဒါကို ရှာဖို့ လာတာလား"
ရွှမ်ကျီးသည် 'အဲဒါ'ကို တိုက်ရိုက် ညွှန်ပြခဲ့တာ မဟုတ်သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ကောင်းကင်စာအုပ် အစိတ်အပိုင်းရှစ်ခုထဲ "အခင်းအကျင်း" ဟူသော စကားလုံးဖြင့် ကျောက်ပြားကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း ကောင်းစွာသိကြသည်။
"ကောင်းပြီ... ငါက သူ့အတွက်လာခဲ့တာ အမှန်ပဲ... ဒါပေမဲ့ ငါတို့နှစ်ယောက် ပူးပေါင်းနိုင်မယ်လို့ ထင်တယ် ရွှမ်ကျီး မင်းဘယ်လိုထင်လဲ"
ရွှမ်ကျီးက ခဏလောက်စဉ်းစားပြီး "ဘယ်လိုပူးပေါင်းရမလဲ? ငါကအဲဒါကို ဂိုဏ်းဆီ ပြန်ပို့ချင်တာ"
လုရွှမ် ပြုံးလိုက်သည်။
"ရွှမ်ကျီး.... မင်းက လူကောင်းတစ်ယောက်လို့ ငါထင်တယ်...မော့ရှဲမှာလည်း မင်းအပေါ် ခံစားချက်တချို့ရှိတယ်... အဲဒါကို ထည့်မပြောရင် မင်းနဲ့ငါ့ကြားမှာ တူညီတဲ့ အကျိုးစီးပွားတွေ ရှိတယ်.... ဒါကြောင့် ငါမင်းကို တည့်တည့် ပြောပါရစေ မင်း အဲ့ကျောက်ပြားကို မရနိုင်ဘူး မင်းရဲ့ဂိုဏ်းကလည်း အဲဒါကို မရနိုင်ဘူး... ဆန်းကြယ်ကောင်းကင်အိမ်ကြီးထဲက လူတွေလည်း ဒီကို ရောက်နေကြပြီ... သူတို့ရဲ့ ပစ်မှတ်ကလည်း ကျောက်ပြား ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ဒါက အရေးကြီးဆုံးတော့ မဟုတ်ဘူး အရေးကြီးဆုံး အကြောင်းရင်းက ကောင်းကင်စာအုပ်က တစ်ကြိမ် လင်းသွားပြီးပြီ.. ပြီးတော့ သူက မင်းတို့ဂိုဏ်းက ကောင်းကင်ဘုရင် ဝူထန်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုထားပြီးသား.... ကျောက်ပြားကို ဘယ်သူ့ဆီမှာမှ နေမှာ မဟုတ်ဘူး ဒီကောင်းကင်ဘုရင် နန်းတော်ထဲမှာပဲ အမြဲတမ်း ရှိနေလိမ့်မယ်... နန်းတော်ကြီး ပျောက်သွားရင် သူလည်း ပျောက်သွားလိမ့်မယ်... တစ်ခုတည်းသော အခွင့်အရေးက ကျောက်ပြားကို နန်းတော်ကြီး မပျောက်ကွယ်သွားခင် ရှာဖွေဖို့နဲ့ အဲ့ထဲကအရာကို တတ်နိုင်သမျှ နားလည်ပြီး ကိုယ်ပိုင်ဖြစ်အောင် လုပ်ဖို့ပဲ...မရနိုင်တဲ့ အရာကိုတော့ မမျှော်လင့်နဲ့ပေါ့"
"မင်းပြောတာ အမှန်ပဲလား?"
"ငါမင်းကိုလိမ်ဖို့ ဘာအကြောင်းမှ မရှိဘူး!"
"ကောင်းပြီ... ပူးပေါင်းလိုက်ကြရအောင်။ ရိုးရိုးသားသား ပြောရရင် မင်းက အရမ်းကြောက်ဖို့ကောင်းတယ်.... ငါတို့ကို သူငယ်ချင်းလို့ မခေါ်ရင်တောင် မင်းနဲ့ရန်သူ မဖြစ်ချင်ဘူးဆိုတာတော့ သေချာတယ်"
လုရွှမ်သည် ယင်ယန် ငါးများဖြင့် ဖွဲ့စည်းထားသော မုခ်ပေါက်ကို ပြန်လည် ပေါင်းစည်းလိုက်သည်။
"လူတိုင်းက ထွက်သွားဖို့ မရွေးချယ်ထားဘူး ဆိုမှတော့ ဒီမှာနေချင်နေပြီး မုန့်ဝေစုကို ယူချင်နေတာပဲ ဖြစ်မယ်"
"ဟားဟား တဟားဟား"
"သခင်လေးလုရွှမ်... မင်းက တကယ်ကို ဉာဏ်ကောင်းလွန်းတယ် ဟုတ်တယ် လူတွေများလွန်းတော့ ဒီအခင်းအကျင်း ဖွဲ့စည်းပုံက ပိုရှုပ်ထွေးပြီး အန္တရာယ်များလာတယ်လေ အခု တခြားသူတွေ ထွက်သွားပြီး ငါတို့ထဲက အနည်းငယ်ပဲ ကျန်တော့တယ်...အဲ့တောင် ငါတို့ သဘာဝအတိုင်း ရတနာတွေ ရအောင် လုပ်ရမှာပေါ့"
"ဒါက သခင်လေးလုရွှမ်နဲ့ သခင်လေးရွှမ်ကျီးတို့ နေခဲ့ရတဲ့ အကြောင်းရင်းပဲ မဟုတ်ဘူးလား"
မျှော်လင့်ထားသလိုပဲ သူတို့အားလုံးဟာ ထက်မြက်ပြီး အရာရာကို ရှင်းရှင်းလင်းလင်း မြင်တတ်ကြပါသည်။ လုရွှမ်လည်း ရယ်မောပြီး။
"လူတိုင်းက ဉာဏ်ကောင်းတယ် ဆိုတော့ စကားပြောရတာ လွယ်ပါတယ်...ရတနာ ပေါ်လာဖို့ စောင့်ကြရအောင်"
လူခြောက်ယောက်မှာ သုံးယောက်ဟာ မျှော်စင်နယ်ပယ်က ဖြစ်ပြီး သူတို့သုံးယောက်ဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ဆိုရင်တောင် ထုတ်လွှတ်နေတဲ့ အရှိန်အဝါက ရွှမ်ကျီးကို အနိုင်ယူဖို့ ကြိုးစားနေတာ ထင်ရှားပါ၏။
ကျန်နှစ်ဦးသည် ယခင်က ပူးပေါင်းဆောင်ရွက်ရာတွင် အတွေ့အကြုံ များစွာရှိခဲ့ပြီး ၎င်းတို့ဆီက အတည်ပြုချက် မလိုအပ်ပေ။ ဒီလူနှစ်ယောက်ရဲ့ အသက်ရှုသံက မှန်းထားသလိုပဲ ကိုက်တဲ့ ခွေးတွေက ဟောင်မတတ်ဆိုတဲ့ စကားအတိုင်းပါပဲ။
နောက်ဆုံး တစ်ယောက်ကတော့ နတ်မီးနယ်ပယ်က အစွမ်းသတ္တိရှိသော နတ်သမီးဖြစ်သည်။ သူ့အငွေ့အသက်ကို အမြဲဖုံးကွယ်ထားပြီး လုရွှမ်တောင် သူမကို သတိမထားမိချေ။
"စဉ်းစားကြည့်ရအောင်... ဒီနတ်သမီးက အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံတွေကို ကောင်းကောင်း နားလည်မယ့်ပုံပဲ"
"ထန်းလီကြယ်က မုရုန်ချင်ပါ"
လုရွှမ်သည် ထန်းလီကြယ်က ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် နာမည်ကြီးကြောင်း နားလည်ထားသည်။ ထန်းချီကြယ်သည် လက်နက်ကို သန့်စင်ရာတွင် နာမည်ကြီးသလို ထန်းလီကြယ်ကလည်း အခင်းအကျင်း ပညာ၌ ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် အလွန်ကျော်ကြား၏။
ထန်းလီကြယ်တွင် မိသားစုကြီးများနှင့် ဂိုဏ်းဂဏများစွာ အမြစ်တွယ်ထားပြီး မုရုန်ကလည်း နာမည်ကြီးတစ်ခု ဖြစ်သည်။ မုရုန်ချင်သည် သူမအမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလာတာက သူမ သဘောထားကို ဖော်ပြနေသလိုပါပဲ။
“ကောင်းပြီ... ဒါဆိုလည်း ရတနာပွင့်မယ့် အချိန်ကို ဆက်ပြီး စောင့်ကြည့်ရအောင် ဒါပေမဲ့ ဘယ်လို ဖြန့်ဝေရမလဲ ဆက်ပြီး တိုက်ပွဲဝင်ရမှာလား ဒါမှမဟုတ် အမိန့်အတိုင်း အလှည့်ကျ လုပ်ရမလား... ငါ့ရဲ့ပုံစံ အတိုင်း ရှေ့ဆက်ပြီး သွားမယ်ဆိုရင်တော့ ဒီတစ်ခေါက်က ငါ့ရဲ့အလှည့် မဟုတ်ဘူး!"
"အလှည့်ကျလား....ဟားဟား သခင်လေးလုရွှမ်က အစီအစဉ်ကောင်းတစ်ခု ရှိထားတာပဲ... ဝိညာဉ်ရေးလောကထဲမှာ ငါတို့က တရားမျှတမှုကို အာရုံစိုက်တယ်... ပိုကြီးတဲ့ လက်သီးရှိသူက အခွင့်အရေးရှိသူပဲ... ဟုတ်တာပေါ့ တစ်ဦးချင်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းပေါ်မှာ မူတည်ပါသေးတယ်"
မျှော်စင်နယ်ပယ်ရှိ လူတစ်ယောက်က အော်ဟစ်လိုက်ပြီး ကျန်လူနှစ်ယောက်ကလည်း ကျယ်လောင်စွာ ထောက်ခံလိုက်သည်။ ဘယ်သူမှ ငတုံး မဟုတ်တာမို့ သူတို့သုံးယောက်ရဲ့ သဘောထားကို သဘာဝအတိုင်း ပြတ်ပြတ်သားသား မြင်နိုင်သည်။
လောလောဆယ်တွင် နတ်မီးနယ်ပယ်ရှိ သုံးဦးနှင့် မျှော်စင်နယ်ပယ်က လူသုံးယောက် ရှိသည်။ ရတနာကို အလှည့်ကျယူရင် ရတနာခြောက်ခု လိုသည်။ ခွန်အားကို အခြေခံပြီး ပြိုင်ရင် မျှော်စင်နယ်ပယ် သုံးယောက်ထဲက တစ်ယောက်ကိုပဲ အနိုင်ယူနိုင်မည်။ တစ်ချက် ကြည့်ရုံနဲ့ ဘယ်ဘက်က ပိုအားကောင်းလဲ ဆိုတာ သဘာဝကျကျ သိပါလိမ့်မယ်။
လုရွှမ်က ပြုံးပြီးပြောလိုက်သည်။
"နတ်သမီး.... ဒီလူသုံးယောက်က ပူးပေါင်းထားတာ သိသာတယ်...ငါတို့ ရတနာကို လိုချင်ရင် ပူးပေါင်းဖို့ လိုလိမ့်မယ် "