လက်ဝါးကြီး
Vol. 93 Ch. 4.905
ဒါပေမဲ့လည်း အတားအဆီးတွေနဲ့ ကြုံတွေ့ခဲ့ရပြီးရင် ပျံသန်းနေတဲ့ ရတနာတွေဟာ နှေးကွေးသွားတတ်တာကြောင့် လူတိုင်းက ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။ ထိုရတနာက အပိုင်းအစတစ်ခုပင်။
လက်ရှိနေရာက စည်းမျဥ်းများ လွန်စွာ မပြည့်စုံသဖြင့် နည်းဥပဒေသများလည်း မပြည့်စုံသည်မှာ သိသာထင်ရှားလှပြီး ၎င်း၏ ထောင့်တွင်မူ ယခင် မျှော်စင်နယ်ပယ်၏ အသွေးဖြစ်သည့် သွေးများ စီးဆင်းနေသည်။
ထိုအခိုက်အတန့်၌ မျှော်စင်နယ်ပယ်သည် လေထဲကို အားတက်သရော ပျံတက်သွားပြီး အပိုင်းအစကို ဖမ်းဆုပ်ရန် ရုန်းကန်နေသည်။ သူ့မျက်နှာက နီရဲကာ ရှက်ရွံ့ဒေါသ ထွက်နေပုံရသည်။
လုရွှမ် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး နဂါးပုံစံ ဓားပျံကို ပစ်လွှတ်လိုက်သည်။
ဓားပျံက အပိုင်းအစကို တိကျစွာ ထိမှန်သွားခဲ့၏။ အပိုင်းအစက ချက်ချင်း ဦးတည်ရာ ပြောင်းသွားသည်။ လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းကာ တခြားဓားပျံကို ပစ်လွှတ်လိုက်ရာ အပိုင်းအစကို တိကျစွာ ထပ်မံ ထိသွားပြန်ပြီး အပိုင်းအစက နောက်တစ်ကြိမ် ပြန်လှည့်သွားခဲ့သည်။
အဲဒီအချိန်မှာ ပထမဓားပျံက ပြန်လှည့်လာတာကြောင့် လုရွှမ် ဖမ်းကာ ထပ်ပြီး ပစ်လိုက်ပြန်သည်။
ထန်းထန်း!
အဆက်မပြတ် ထိမှန်သံများထွက်လာပြီး အပိုင်းအစက ဦးတည်ရာကို ဆက်တိုက်ပြောင်းကာ ပျံတက်သွား၏။ မျှော်စင်နယ်ပယ်ရှိ လူသုံးယောက်သည် လေကိုသာ ဖမ်းမိသွားကာ အပိုင်းအစကိုတော့ ရွှမ်ကျီးက အလွယ်တကူ ဖမ်းမိသွားလေသည်။
လုရွှမ်သည် သူ၏နတ်ဝိညာဉ်ဒိုင်း အကာအကွယ်ကို ဖွင့်လိုက်ပြီး သူ့လက်ဖဝါးတွင် ဖီးနစ်နတ်မီးများကို လျှံတက်စေကာ လူငယ်လေး နှစ်ဦးကို သူ့နောက်တွင် ဖုံးအုပ်ထားသည်။
မျှော်စင် နယ်ပယ်မှ လူသုံးယေက်တို့သည် လုရွှမ်တို့ထံ ဒေါသတကြီး ပျံဝဲလာကုန်၏။ သူတို့၏ စွမ်းအင်လှိုင်းတို့သည် ၎င်းတို့ပတ်ဝန်းကျင်တွင် တဟုန်ထိုး တက်လာကာ လုရွှမ်တို့အား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
"လူကြီးမင်းတို့သုံးယောက်... မကစားနိုင်တာတော့ မဟုတ်ဘူးမလား"
ရွှမ်ကျီးက ပြုံးပြီး အပိုင်းအစကို တိုက်ရိုက်ပဲ သိမ်းပစ်လိုက်သည်။ သူတို့ သုံးယောက် စကား ထပ်မပြောကြသော်လည်း သူတို့၏ ရင်ခုန်သံများက ဆက်လက် အားကောင်းလာခဲ့သည်။
မုရုန်ချင်ကလည်း ပေါ့ပေါ့တန်တန် အော်ဟစ်လိုက်၏။
"လူကြီးမင်းတို့ တိုက်ချင်ရင် လာတိုက်လိုက်ပါ... ကျွန်မတို့က လူကြီးမင်းတို့ကို အနိုင်ယူလို့ မရပေမယ့် သဘာဝ အခင်းအကျင်းကြီးကတော့ လွယ်လောက်မယ် ထင်တယ်"
သုံးယောက်သား အုံ့မှိုင်းသော မျက်နှာများဖြင့် နောက်ပြန် ဆုတ်သွားကြသည်။
"သြော်...ဟုတ်သားပဲ... ရတနာက အခင်းအကျင်း ဖွဲ့စည်းမှုရဲ့ မျက်လုံးထဲကနေ ပြေးထွက်လာတဲ့အခါ မူလ အခင်းအကျင်းရဲ့ အရိပ်အာဝါသကို သယ်လာလိမ့်မယ်... အဲဒီအရိပ်အာဝါသကို ခွဲထုတ်ဖို့ အချိန်အတိုင်းအတာ တစ်ခုထိတော့ ယူရလိမ့်မယ်... ဒီအချိန်မှာ သွားဖမ်းရင် သူက ပြန်တိုက်ခိုက်မှာပဲ ဘာလို့လဲဆိုတော့ အကျဉ်းချခံထားရတဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်တာမလို့လေ”
"ဟမ့်!"
ဒဏ်ရာရသွားသူသည် ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်ရင်း သူ့မျက်နှာမှာ မည်းမှောင်သွားသည်။ လုရွှမ်နဲ့ မုရုန်ချင် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်စဥ် ရတနာက ထပ်ပေါ်လာပြန်သည်။
အပြောင်းအလဲ ရှိနေလို့လားတော့ မပြောတတ်။ အခင်းအကျင်း ဖွဲ့စည်းမှုရဲ့ အလယ်ဗဟိုမှာ တောက်ပနေတဲ့ အလင်းရောင်ကို မြင်လိုက်ပေမယ့် ခဏတာလောက်အထိ ဘာမှ မပေါ်လာချေ။ ထွက်လာတဲ့ အလင်းရောင်က နီရဲနေတဲ့ နေရောင်နဲ့တူပေမယ့် တကယ်တမ်း ပေါ်လာတဲ့ အခါမှာတော့ အခက်အခဲတွေနဲ့ ပြည့်နှက်နေသလိုပင်။
မျှော်စင်နယ်ပယ်မှ လူသုံးယောက်လည်း သူတို့အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ မျက်လုံးများထဲတွင် အသွင်သဏ္ဍာန် ကွဲပြားမှုကို ထင်ရှားစွာ သတိပြုမိကြသည်။
ဒီတစ်ခါ ရတနာက ကျယ်လောင်စွာ အသံထွက်လာတာကြောင့် ဒါဟာ ထူးထူးခြားခြား အရာတစ်ခု ဖြစ်လိမ့်မည်။
လုရွှမ်သည် ကြောက်စရာကောင်းသော တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မည်ကဲ့သို့ အကြောင်းပြချက် မရှိဘဲ စိတ်မသက်မသာ ခံစားလာရသည်။ သူသည် အာကာသကျောက်စိမ်းပြားကို အမြန် ဆက်သွယ်ခဲ့သော်လည်း အာကာသကျောက်စိမ်းပြားဆီမှ တုံ့ပြန်မှု မရှိလာခဲ့ပေ။
"မင်းတို့နှစ်ယောက်ရော... အန္တရာယ်တစ်ခုခု ရောက်လာတယ်လို့ မခံစားရဘူးလား"
လုရွှမ် သူတို့နှစ်ယောက်ဆီ အသံတစ်ခု အမြန်ပို့လိုက်သည်။ နှစ်ယောက်သား အံ့အားသင့်သွားတာကို မထိန်းနိုင်ကြပေ။
"ဘာလဲ တစ်ခုခုမှားနေပြီလား?"
"ဒါက အရမ်းအန္တရာယ် များလောက်တယ်... ဒီတစ်ခါတော့ မဖမ်းနဲ့ စောင့်ကြည့်လိုက်ရအောင်!"
ဤအခိုက်အတန့်တွင် အခင်းအကျင်း၏ မျက်လုံးနေရာမှ အလင်းတန်းများ လင်းထိန်သွားကာ ရောင်စုံအရောင်များ ပွင့်ထွက်လာပြီး အရာဝတ္ထုတစ်ခု ပေါ်ထွက်လာသည်။ ၎င်းရဲ့ အလင်းရောင်က အလွန်တောက်ပနေသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
မျှော်စင်နယ်ပယ်မှ လူသုံးယောက်သည် ချက်ချင်းပင် ရှေ့သို့ အမြန်ပြေးသွား၏။ ထိုကဲ့သို့ ရတနာကို ရရှိနိုင်သရွေ့ အားလုံးက တန်ဖိုးရှိလှသည်။
လုရွှမ် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း မလှုပ်လိုက်ပေ။ မုရုန်ချင်လည်း လုံးဝ မလှုပ်ရှားဘဲ သူမရှေ့တွင် အခင်းအကျင်း ပုံစံအလွှာများကို ချထားလိုက်သည်။ သူမခွန်အားက အလွန်မသန်မာသော်လည်း ဂရုတစိုက် သတိရှိခြင်းက ကြီးမားသော အကူအညီတစ်ခု ဖြစ်ကြောင်းတော့ သိသာပါသေးသည်။
မျှော်စင်နယ်ပယ် သုံးယောက်သည် ဝေဟင် အလယ်တွင် ပြေးလွှားရင်း အောက်ဖက်က လုရွှမ်တို့ သုံးယောက်ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့သော်လည်း နောက်တစ်ခဏတွင် သူတို့၏ အမြင်အာရုံကို လောဘဇောစိတ်များက သိမ်းပိုက်သွား၏။
"အဲဒီဟာက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ပြီးပြီလား"
ရွှမ်ကျီး မေးလိုက်သည်။ မုရုန်ချင်ရဲ့ ကျင့်ကြံမှု အဆင့်မှာ အနည်းငယ် အားနည်းတာကြောင့် ဘာလဲဆိုတာ မခန့်မှန်းနိုင်ပေ။ လုရွှမ်က သက်ပြင်းတစ်ချက် ချပြီး ဆိုလိုက်သည်။
"ဒါက လက်ဖဝါးဖြစ်မယ်!"
အရောင်ငါးရောင်သည် လက်ငါးချောင်းကို ကိုယ်စားပြုလေသည်။ အဝေးကနေပင် ခိုင်ခံ့ပြီး သေခြင်းတရား၏ အရိပ်အမြွက် ပါရှိသော ရတနာအအငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။ လက်ဖဝါးသာ တစ်ကယ်ဖြစ်လျှင် မရဏရောင်ဝါက ရှင်းပြရန် လွယ်ကူပေလိမ့်မည်။
ဒီလက်ဖဝါးကို တစ်စုံတစ်ယောက်က ဖမ်းမိသွားရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာလိမ့်မလဲ။
"သွားရအောင်!"
လုရွှမ် ရုတ်တရက် ခပ်ကျယ်ကျယ် ဟစ်အော်လိုက်၏။ သူ့စိတ်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု ပေါ်လာကာ ဝိညာဉ်ဆိုးအချို့က သူ့ကို ပစ်မှတ်ထားသကဲ့သို့ အေးစက်နေသည်။
လုရွှမ် တွေးတောမနေဘဲ တံခါးကို နောက်တစ်ကြိမ် ဖွင့်လိုက်သည်။ သူအရင်တစ်ခေါက်က အသုံးပြုခဲ့သော နည်းလမ်းပဲမို့ လုပ်ငန်းစဉ်ကို သဘာဝအတိုင်း ရင်းနှီးသွားခဲ့ပြီ။ ရွှမ်ကျီးတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တံခါးပေါက်ကို သုံးချက် ဝေ့ယမ်းလိုက်ရုံဖြင့် ဖွင့်ပြီးပြီ ဖြစ်သည်။
"မြန်မြန်သွား!" လုရွှမ် အော်လိုက်သည်။
သူတို့နှစ်ယောက်လုံး လုံးဝ မနှောင့်နှေးဝံ့ဘဲ တံခါးဖွင့်လိုက်သည့် အခိုက်တွင် အလျင်စလို ပြေးထွက်သွားပြီး လုရွှမ်လည်း ပြေးထွက်လာခဲ့သည်။ နောက်ကြောင်း ပြန်ကြည့်လိုက်တော့ အပြေးအလွှား သွားနေတဲ့ အပြင်းထန်ဆုံး လူဟာ ရတနာကို ဖမ်းမိသွားတာ တွေ့လိုက်ရသည်။
တစ်ဆက်တည်း စူးစူးဝါးဝါး ဟစ်အော်သံကြီးကို ကြားလိုက်ရကာ လက်ဖဝါးကို ကိုင်ထားတဲ့ ကျင့်ကြံသူက ကျယ်လောင်စွာ ဟောက်လိုက်လေသည်။
လုရွှမ်သည် တံခါးကိုပိတ်ရန် လက်ကိုဝှေ့ယမ်းကာ သုံးယောက်သား ခန်းမထဲမှ အမြန်ထွက်လာခဲ့သည်။
"မြန်မြန်သွား! မယှဉ်နိုင်တဲ့ အန္တရာယ်တစ်ခု ပေါ်လာတော့မယ်!"
လုရွှမ် အော်ရင်း သူ့မျက်လုံးတွေက ဟန်လိနဲ့ သူ့တာအိုအဖော်ကို လူအုပ်ထဲမှာ အမြန်ရှာဖွေလိုက်သည်။ သူတို့ကို သတိပေးဖို့ အချိန်မရတာကြောင့် ဖမ်းဆွဲပြီးသား ပျံသန်းသွားလိုက်သည်။
ထုံးထျန်းခန်းမ၏ ပတ်လည်တွင် စုဝေးနေကြသော လူများ ထိတ်လန့်သွားကြသည်။
အရမ်းအန္တရာယ် များမှာလား။
ဤစကားများသည် လုရွှမ်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ သူတစ်ယောက်တည်း မဟုတ် သခင်လေးရွှမ်ကျီးကပါ သူ့အသက်အတွက် ထွက်ပြေးနေပုံရသည်။ ထို့ကြောင့် ရပ်နေသည့် သတ္တိရှိသူတိုင်းပင် တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ပြေးသွားကာ ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။
"သခင်လေးလုရွှမ် ဘာဖြစ်တာလဲ"
လုရွှမ် ရှင်းပြရန် အချိန်မရမီတွင် သူတို့အနောက်တွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ထုံးထျန်းခန်းမအတွင်းက လူများစွာသည် တုန်လှုပ် ခြောက်ခြားစွာဖြင့် မတုံ့ပြန်နိုင်သေးခင် တံခါးဝက သူတို့သွေးများဖြင့် ဖုံးလွှမ်းသွား၏။ ပျံသန်းရန် အချိန်မရှိသော ရဟန်းတော်များ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
လူတစ်ယောက် ခန်းမထဲမှ ပြေးထွက်လာ၏။ သို့သော်လည်း သူသည် လူလို့မခေါ်နိုင်တော့အောင် ခေါင်းသုံးလုံး ရှိနေသဖြင့် အလွန်ကြောက်စရာ ကောင်းနေလေသည်။
၎င်း၏ ကြီးမားသော ပါးစပ်မှ သွေးများ စီးကျလာကာ မောက်မာစွာ အော်ဟစ်လိုက်သည်။ တစ်ဆက်တည်း ကျင့်ကြံသူ တစ်ဒါဇင်လောက်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းကာ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ကာ ဝါးစားပစ်လိုက်ရာသည်။
"အဲဒါက ဘာကြီးလဲ" ဟန်လီ အော်လိုက်သည်။
လုရွှမ်ရဲ့ မျက်နှာလည်း အရောင်ဖျော့သွား၏။
"အဲဒီမျှော်စင်နယ်ပယ် လူသုံးယောက်ကို လက်ဝါးကြီးတစ်ခုက စားပစ်လိုက်တာ"
"လက်ဝါးကြီး?"
"အဲဒါကြီးက မျှော်စင်နယ်ပယ်ကို ကျော်တက်သွားတဲ့ လူတွေတောင် သတ်ပစ်နိုင်မှာ ကြောက်ရတယ်!"
သူတို့ အဝေးကို ပြေးထွက်လာပြီးတဲ့နောက် လုရွှမ်က ရပ်လိုက်ပြီး ကျင်းဖုန်းကို နတ်သားရဲအိတ်ထဲက ထုတ်ယူလိုက်၏။ ဟန်လီသည် ကျင်းဖုန်း အထဲမှာ ကွယ်လွန်သွားပြီဟု ထင်ခဲ့သော်လည်း လုရွှမ်က သူ့ကို ရည်ရွယ်ချက်ရှိရှိ ခေါ်ထုတ်လာမည်ဟု မမျှော်လင့်ထားပေ။
"သခင်လေးလုရွှမ်... ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်... ဒါကလွဲရင် ဘာမှ မပြောနိုင်ပေမယ့် ကျေးဇူးအများကြီး တင်ပါတယ်"
ဟန်လီသည် ကျင်းဖုန်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပြီး ဘိုးဘွားတွေရဲ့ သင်္ချိုင်းမှာ အုတ်မြစ်ချပေးဖို့ ပြင်ဆင်နေတာပဲ ဖြစ်လေသည်။
"မြန်မြန်သွားကြတော့ ဒီမှာ ပရမ်းပတာတွေ ဖြစ်နေပြီ"
သူတို့နှစ်ယောက်နဲ့ ထိုနေရာမှာပဲ လမ်းခွဲလိုက်ကြသည်။ အဲဒီနောက် လုရွှမ်သည် လီလင်ရှို့တို့ လည်းပင်ရှိ ဆွဲကြိုးမှ ဖီးနစ်နတ်မီးကို အာရုံခံကာ သူတို့ကို ရှာဖွေဖို့ ထွက်လာခဲ့လိုက်သည်။