← Chapters

သိမ်းပိုက်ထားပြီ

Vol. 93 Ch. 4.906

သိမ်းပိုက်ထားပြီ

Vol. 93 Ch. 4.906

"မင်းဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ"

လုရွှမ်သည် ခဏကြာမျှ ပျံသန်းပြီးနောက် ကူကယ်ရာမဲ့ ရပ်လိုက်ပြီး သူ့နောက်က လိုက်လာနေသော မုရုန်ချင်လည်း အနည်းငယ် အံသြသွားသည်။ ယခုက အသက်လု ပြေးနေရတာ မဟုတ်ပါလား။ သူမက ဘာအတွက် သူ့နောက်ကို ပြေးလိုက်လာတာလဲ။

သူ့နောက်ကို လိုက်ပြီး လုယက်မှုတွေကို ခွဲထုတ်ဖို့ စောင့်နေတာလား။

မုရုန်ချင်က ရှက်ရွံ့စွာပြုံးကာ လက်သီးလက်ဝါး ဆုပ်လိုက်သည်။

"အစ်ကိုလု... ကျွန်မ ရှင့်နောက်ကိုလိုက်ဖို့ မရည်ရွယ်ပါဘူး ဒါလည်း မဟုတ်ဘူး မင်းခန္ဓာကိုယ်မှာ အနက်ရောင်ရောင်ဝါတွေ ရှိနေတာကို ကျွန်မ မြင်လိုက်ရတယ် အဲဒါက မှတ်သားစရာ နိမိတ်တစ်ခုပဲ ထုံးထျန်းခန်းမမှာ အရင်က အကူအညီအတွက် အစ်ကိုလုကို အရမ်းကျေးဇူးတင်ပါတယ်"

သူမပြောသည့်စကားမှာ အနည်းငယ် ရိုးရှင်းနေသော်လည်း လုရွှမ်မှာ​တော့ သူမစကားထဲက အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။

"မင်းငါ့ကို တစ်ခုခု မကောင်းတာ ဖြစ်​တော့မယ်လို့ ထင်နေတာလား... မင်းငါ့ကိုရိုးရိုးရှင်းရှင်း ကျေးဇူးတင်စကား ပြောဖို့ လာတာလား ငါ့ကိုသတိပေးဖို့ လာတာလား"

"ဒါက ခံစားချက်နဲ့မဆိုင်ပါဘူး... ကျွန်မ အဲဒါကိုမြင်နေရရုံပဲ"

မုရုန်ချင်က သူမမျက်လုံးများကို မှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ ခရမ်းရောင် အလင်းတန်းများ ထွက်လာ​လေသည်။

"ဟုတ်ပါတယ် လူတော်တော်များများရဲ့ အမြင်မှာတော့ ဒီလိုမျိုး မကောင်းတဲ့ ဟောကိန်းက လုံးဝကို အဓိပ္ပာယ် မရှိမှန်း ကျွန်မသိပါတယ်.... ဒါပေမဲ့ ကျွန်မလည်း ပြောပြပြီးပြီမို့ သခင်လေးလုရွှမ် ဂရုစိုက်ပါ!"

မုရုန်ချင်က ပြောပြီးတာနဲ့ လှည့်ထွက်သွားသည်။

"ခဏ​နေ​ပါဦး!"

လုရွှမ် လျင်မြန်စွာ အော်ပြောလိုက်သည်။ သူမမှာ ရည်ရွယ်ချက်ကောင်းများ ရှိနေ​လေသည်။

"ကျေးဇူးအများကြီး တင်ပါတယ် နတ်သမီးမုရုန်.. မင်းပြောခဲ့တဲ့ ကံဆိုးမှုရဲ့ အရိပ်အယောင်ကို ဘယ်လိုရှင်းပြမလဲ မေးချင်ပါတယ်...စိတ်ချပါ မင်းကို လှောင်ပြောင်ဖို့ မရည်ရွယ်ပါဘူး အားလုံးကို ရိုးရိုးသားသား ပြောရရင် ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို ကြိုမြင်ရတာကို အရမ်းသိချင်တဲ့အတွက် အကြံဉာဏ် တောင်းတာပါ"

လုရွှမ်သည် ရိုးစင်းစွာ ပြောနေရုံမျှမက ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် ရှိစဉ်က သူ့တွင် အသက်ကိုးချောင်း ဟူ​ခေါ်သော စာအုပ်တစ်အုပ်ကို ရရှိခဲ့သော်လည်း မှတ်တမ်းများက အပေါ်ယံဆန်လွန်းသဖြင့် ရှေ့တိုးရန် နည်းလမ်းမရှိပေ။ ထို့အပြင် အကြောင်းအရာ များစွာ၏ ဖော်ပြချက်သည် ရှင်းရှင်းလင်းလင်း ဖြစ်လွန်းသောကြောင့် လုရွှမ် ၎င်းကို ချန်လှပ်ထားခဲ့သည်။

စိတ်ရင်းမှန်ဖြင့် ​ပြောလိုက်တော့ မုရုန်ချင်ရဲ့ မျက်နှာကလည်း ပိုကောင်းလာသည်။

"အဲဒါဆိုရင် ရှင့်ကို သေချာရှင်းပြပါ့မယ်... အစ်ကိုလုကို ကြည့်ရတာ လူရှာမလို့ထင်တယ်... ပြီးတော့ အဲဒီလူတွေက ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ရေး အလုပ်ရုံကလူတွေ...ပျံသန်းရင်း ပြောရအောင်"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ကောင်းကင်ဘုရင် နန်းတော်က အခုအချိန်မှာ အရမ်းအန္တရာယ် များနေပြီ... ရိုးရိုးသားသားပြောရရင် သာမာန်​ ကျင့်ကြံသူတွေဝင်ဖို့ မသင့်တော်တော့ဘူး... သူတို့ကို ဒီထဲကနေ မြန်မြန် ခေါ်ထုတ်သွားရမယ်"

"လူတော်တော်များများက သခင်လေးလုရွှမ်ကို ယုံကြည်ထိုက်သူ​တွေလို့ ချီးကျူးကြတာ အံ့သြစရာတော့ မရှိပါဘူး... ရှင်က ဒီလို အကျပ်အတည်းမှာ ပထမဆုံး သတိရမိတာကတော့ သူငယ်ချင်းပဲ... တခြားသူသာဆိုရင် အစောကြီးကတည်းက ထွက်သွားပြီးလောက်ပြီ"

"တကယ်တော့ ကျွန်မမြင်ခဲ့ရတဲ့ နိမိတ်လက္ခဏာက ရှင်သွားနေတဲ့ လမ်းကြောင်းမှာပဲ... သူတို့ကို ကယ်တင်ဖို့ တွန်းအားပေးရင် ရှင့်ကိုယ်ရှင် ဒုက္ခထဲ တွန်းပို့သလို ဖြစ်သွားပြီ အန္တရာယ်ထဲ ကျရောက်သွားနိုင်တယ်"

“ဒါ့အပြင် အဲဒါက အသက်အန္တရာယ်နဲ့ သေနိုင်တဲ့ အန္တရာယ်ပဲ"

လုရွှမ်လည်း မုရုန်ချင်က လိမ်ညာနေခြင်း မဟုတ်ကြောင်း ခံစားမိပါသည်။ ထိုမိန်းကလေး အနေနဲ့ သူ့ကို လိမ်ရန်မလိုအပ်ပေ။

"မင်းဆိုလိုတာက ငါသူတို့ကို ရှာတွေ့ပြီးတာနဲ့ ငါ့ကိုယ်ငါ မီးရှို့သလို အန္တရာယ်ထဲ ရောက်သွားမယ်ပေါ့"

မုရုန်ချင်က ခေါင်းညိတ်ပြပြီး လုရွှမ်ရဲ့နဖူးကို ညွှန်ပြလာသည်။

"အခု ရှင့်ရဲ့ မျက်ခုံးအလယ်ဗဟိုက တောက်ပနေပေမယ့် အနက်ရောင်စွမ်းအင်တွေ စုစည်းနေပြီ.... ရှင့်သူငယ်ချင်းကို သွားရှာတဲ့အခါ ရှင့်ရဲ့မျက်ခုံးကြားက အနက်ရောင်စွမ်းအင်တွေ စုစည်းနေတာပ ပိုမြန်လာလိမ့်မယ်”

"အခုအချိန်မှာ ရှင်ခေါင်းပေါ်မှာ တိမ်မည်းတွေ ရှိနေပြီး သေခြင်းတရားကလည်း ပျံ့လွင့်နေတယ်.... ရှင် ဒီကနေ ဖြတ်သန်းပြီးတာနဲ့ မင်းမှာ ကျဉ်းမြောင်းတဲ့ လွတ်မြောက်မှုကို သေချာပေါက် ကြုံတွေ့ရလိမ့်မယ် ကံကောင်းပြီး မျှော်လင့်ချက်တွေ တလက်လက် တောက်ပလာနိုင်တယ်.... ဒါပေမဲ့ အဲ့အခွင့်အရေးက အရမ်းနည်းတယ်"

လုရွှမ် သူမကို ကျေးဇူးတင်ပြီးနောက်မှာ သူ့အရှိန်က နှေးကွေးမသွားပါဘူး။

မုရုန်ချင် စိတ်တိုလာပြီး "ကျွန်မပြောတာကို မယုံဘူးလား ကျွန်မပြောတာ အမှန်တွေ!"

"ငါသိတယ် ဒါပေမဲ ငါမသွားရင် ငါ့သူငယ်ချင်းတွေက အန္တရာယ်ကြီးတဲ့ ကောင်တွေနဲ့ တွေ့သွားနိုင်တယ်.... ငါ့ရဲ့ ကံကြမ္မာနဲ့ မှော်စွမ်းအားတွေနဲ့ဆို သွားပြီးရင် အနည်းဆုံးတော့ မျှော်လင့်ချက်တွေ ရှိနေသေးတယ်... ဒါပေမဲ့ ငါမသွားရင် သူတို့ သေချာပေါက် သေသွားလိမ့်မယ်..."

"နတ်သမီးမုရုန် မင်းရဲ့သတိပေးချက် အတွက် ကျေးဇူးတင်ပါတယ် အနည်းဆုံးတော့ ငါ့ကိုပြင်ဆင်ချိန် ပေးခဲ့ပါတယ် မင်းအခု မင်းကိုယ်မင်း ဒုက္ခမဖြစ်စေဖို့အတွက် ဒီက မြန်မြန်ထွက်သွားရင် ပိုကောင်းမယ်"

လုရွှမ်ဆို၍ သူ့ခန္ဓာကိုယ်က ရုတ်တရက် အရှိန်တက်လာပြီး ရှေ့ကို ပြေးထွက်သွားသည်။ မကောင်းသော နိမိတ်များကို ကြိုပြောခြင်း မပြုဘဲတောင် အဝေး၌ ကျန်ရစ်ခဲ့သော ဖီးနစ်နတ်မီးသည် သာမန်ထက် တစ်ခုခု လွဲနေပြီဟု သူ့အား ဖျတ်ခနဲ ခံစားရစေသည်။ မုရုန်ချင် အံ့အားသင့်နေချိန် လုရွှမ်ကတော့ အဝေးကြီးကို ပျံသန်းသွားလေပြီ။

"ဒီလူက သေရမှာကို တကယ်မကြောက်ဘူးလား ဒါမှမဟုတ် ငါသေချာ ရှင်းမပြမိခဲ့ဘူးလား! တခြားသူတွေပြောသလိုပဲ ဒီလူက သူ့သူငယ်ချင်းတွေကို ဘယ်တော့မှ လက်မလျှော့ဘူးဆိုတဲ့ ကောလဟာလတွေ တကယ်ပဲလား?"

ထိုအကြောင်းကို စဉ်းစားပြီးနောက် မုရုန်ချင် သူ့နောက်သို့ လိုက်သွားခဲ့သည်။ ဒါက သူမကိုယ်တိုင် ဗေဒင်ဟောခဲ့တာပင်။ ကံကောင်းလျှင် ကြီးစွာသော ရိတ်သိမ်းမှုများ ရှိလာကာ ပိုမိုမြင့်မားသော အဆင့်သို့ပင် ရောက်ရှိလိမ့်မည်။

အကယ်၍ ဤလူသည် ဒဏ္ဍာရီတွင် အခြားသူများပြောသည့် စကားအတိုင်း အမှန်တကယ် တူပါက သူ့နောက်လိုက်ခြင်းက သူမကို ဘေးဥပဒ်ဖြစ်မည် မဟုတ်ပေ။

လုရွှမ်သည် ဖီးနစ်နတ်မီး၏ တုန်ခါမှုကို ခံစားရပြီးဖြစ်သဖြင့် တတ်နိုင်သမျှ အမြန် ပြေးထွက်သွားခဲ့သည်။ သူ့နောက်တွင် အတောင်ပံနှစ်စုံ ပေါ်လာပြီး မီးတောက်များ တောက်လောင်ကာ ရှည်လျားသော အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

၎င်းသည် အမှန်တကယ်တွင် ကောင်းသောခြေရာကို ချန်ထားခဲ့ကာ မုရုန်ချင်ကို လိုက်ရန် လွယ်ကူစေသည်။

လုရွှမ်သည် ကျောက်တုံးကြီး တစ်ခုဆီသို့ ပြေးသွားကာ နတ်မီး၏ တည်နေရာကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ သို့မှသာ နောက်ဆုံးတွင် ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့သည်။

အောက်ဖက်က မြင်ကွင်းသည် အလွန်ဝမ်းနည်းဖွယ် ကောင်းပေ၏။ အခင်းဖြစ်နေရာတွင် မျောနေသော လူသေအလောင်း ၃ လောင်းနှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ သူမက လုရွှမ်ရဲ့ ရောက်ရှိနေမှုကို ခံစားမိပေမယ့် အေးစက်စွာ ကြည့်နေခဲ့သည်။

ထိုအမျိုးသမီးသည် နံပါတ်၅ ကျန်းရင်ပဲ ဖြစ်လေသည်။ သို့သော် ယခုအချိန်တွင် သူမသည် မူလ ကျန်းရင် မဟုတ်တော့တာ သိသာထင်ရှားလှပြီး သူမ၏ဝိညာဉ်သည် လုံးလုံးလျားလျား ဆုတ်ယုတ်သွားကာ သူမကို အခြားလူက အစားထိုးလိုက်ပြီ ဖြစ်သည်။

"ဝူထန်း?"

ယခုအချိန်တွင် ကျန်းရင်သည် သူမ လက်ဖဝါးပေါ်တွင် မီးတောက်တစ်ခု ရှိနေပြီ ဖြစ်သည်။ သူမက ဘယ်လိုနည်းလမ်းကို သုံးလိုက်သလဲတော့ မသိ။ ဖီးနစ်နတ်မီးက လုရွှမ်နှင့် လုံးဝ အဆက်အသွယ် ​ပြတ်သွားခဲ့သည်။

ခရမ်းရောင် မီးတောက်ထဲတွင် အနက်ရောင်စွမ်းအင် အရိပ်အယောင်တစ်ခု ရှိနေသည်။ အနီးကပ်ကြည့်လျှင် ၎င်းသည် လူသားဝိညာဉ် သို့မဟုတ် ထောင်ကျန့်၏ ဝိညာဉ်ဖြစ်ပြီး ထောင်ကျန့်မှာ အခိုက်အတန့်တွင်တော့ အလွန်တရာ သနားစရာကောင်းလှသည်။

"ဟီးဟီး လုရွှမ်... မင်းမမျှော်လင့်ထားဘူး အစတုန်းကတော့ ငါသူတို့ရဲ့ဝိညာဉ်တွေကို မယူထားချင်ဘူး... ငါလိုချင်တာ ထောင်ကျန့်ရဲ့ဝိညာဉ်ပဲ.... မင်းက ထက်မြက်ပေမဲ့ ငါ့လောက် အတွေ့အကြုံ မရှိဘူးလေ... မင်းရဲ့ ဖီးနစ်နတ်မီးက ကောင်းပါတယ်...ဒါပေမဲ့ သေခြင်းတရားက သေခြင်းတရားပဲလေ... ငါ့ထိန်းချုပ်မှုထဲသို့ ကျရောက်သွားတော့ ပိုကောင်းတာပေါ့!"

"ကောင်းပြီ ငါ နတ်ဆိုးရဲ့ အသွင်အပြင်ကို ခံစားပြီးသွားပြီ... ဟဲဟဲ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ငါ့ရဲ့ခွန်အားကိုပဲ အားကိုးရင် ငါတကယ် မလုပ်နိုင်​လောက်ဘူး... အခု နတ်ဆိုးရဲ့ အကူအညီနဲ့ ငါ့ရဲ့ခွန်အားတွေ ပြန်ရလာလိမ့်မယ် အဲဒီအချိန်ရောက်အောင် မင်းတင်မကဘူး ထန်းယွမ်မြို့ တစ်ခုလုံးလည်း ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး"

"အခုပဲ နှုတ်ဆက်လိုက်ပါတော့"

ကျန်းရင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် လောင်ကျွမ်းသွား၏။ ဖီးနစ်နတ်မီးက သူမကို ပြာဖြစ်သွားစေခဲ့သည်။ ဖီးနစ်နတ်မီးဘောလုံးငယ်တွင် အနက်ရောင်စွမ်းအင် အလွှာတစ်ခု ပျံ့လွင့်သွားပြီး မြေပြင်ထဲသို့ နစ်မြုပ်သွားကာ ခြေရာလက်ရာ လုံးဝ မကျန်ခဲ့တော့ချေ။

ဒီဝူထန်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။

သူရောက်လာတာကို စောင့်နေခဲ့တာ။ အခု ဟုန်ရှန်ယင်းနဲ့ တခြားမိန်းကလေးတွေကို ဒုက္ခသွားပေးတော့မှာ သေချာသည်။ ဖီးနစ်နတ်မီးသည် ဝူထန်းကို ထိန်းထားနိုင်သည့် တစ်ခုတည်းသော တည်ရှိမှုဖြစ်ပြီး ယခု သူကျူးကျော်ဝင်ရောက်လာပါက ကိစ္စတွေက အလွန်ခက်ခဲသွားလိမ့်မည်။

All Chapters