← Chapters

ယဲ့ဟူ

Vol. 93 Ch. 4.907

ယဲ့ဟူ

Vol. 93 Ch. 4.907

သူတို့ခန္ဓာကိုယ်မှာ ဖီးနစ်နတ်မီးတွေ အများကြီးမကျန်ပေမယ့် ဝူထန်း အဲဒီမီးတောက် အားလုံးကို စုဆောင်းခွင့်ရလိုက်တာနဲ့ ပြဿနာ တက်သွားလိမ့်မည်။ ထိုအချိန်တွင် ဖီးနစ်နတ်မီးသည် ဝူထန်းကို ထိန်းထားနိုင်ရုံသာမက ၎င်းအတွက် ထက်မြက်သော ဓားတစ်လက်ပင် ဖြစ်လာလိမ့်မည်။

ဖီးနစ်နတ်မီးသည် ယခုအခါ တတိယအဆင့်သို့ တိုးမြှင့်လိုက်ပြီ။ နတ်မီးနယ်ပယ်က မည်သူမျှမဆို ယင်းကို မထိတွေ့ဝံ့သလို မျှော်စင်နယ်ပယ်က သခင်များပင် အလွယ်တကူ ရင်ဆိုင်ဝံ့ကြခြင်း မရှိပေ။

သို့သော်လည်း ယခုအချိန်တွင် ဝူထန်းသည် လူကိုမြင်လျှင် လူသတ်ကာ ဘုရားမြင်လျှင် ဘုရားကို သတ်မည့်သူပင်။ မုရုန်ချင်က သူ့အနောက်ကနေ လိုက်လာတာကြောင့် သူမက အံ့သြစွာ အော်လိုက်သည်။

"အဲဒါ ဘာကြီးလဲ?"

လုရွှမ် သက်ပြင်းချလိုက်ပြီး။

"ခြိမ်းခြောက်မှုတွေနဲ့ နိမိတ်လက္ခဏာတွေ.... မင်း ကြိုမြင်ထားတဲ့အရာပဲ"

ဓားပျံများကို ဂရုတစိုက် ဝှက်ထားရင်း လုရွှမ်သည် ခွန်အားအပြည့်ဖြင့် ပြေးထွက်သွားသည်။ ယခု ဝူထန်းသည် ထိုဖီးနစ်နတ်မီးများ၏ တည်ရှိမှုကို သိရှိနိုင်ပြီ ဖြစ်တာကြောင့် ၎င်းတို့ကို အချိန်မရွေး လိုက်ဖမ်းနိုင်သည်။

ထိုအခိုက် အလင်းတန်းတစ်ခု လင်းလက်လာပြီး မျှော်စင်နယ်ပယ်မှ လူတစ်ယောက် လုရွှမ်ရဲ့လမ်းကို ပိတ်ဆို့ထားလိုက်သည်။

သူ့နောက်တွင် ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးတို့က ဂုဏ်ယူစွာ လိုက်ပါလာခဲ့ကြ၏။ ၎င်းတို့အားလုံးမှာ လုရွှမ်၏ အသိအကျွမ်းများ ဖြစ်ကြသော ထန်းလုံကြယ်မှ ယဲ့ကုံးနဲ့ ယဲ့ကျင်း​တို့ပဲ ဖြစ်သည်။

ဒီကျဉ်းမြောင်းတဲ့ လမ်းမှာ သူတို့လို ရန်သူတွေနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ မျှော်စင်နယ်ပယ်က လူ၏ အေးစက်သော အမူအရာနှင့် မောင်နှမနှစ်ယောက်၏ မျက်နှာပေါ်ရှိ မာနကြီးသော အမူအရာကို ကြည့်လိုက်ရင် လုရွှမ် ဒီကိစ္စကို ဖြေရှင်းရန် ခက်ခဲမည်မှန်း သိလိုက်သည်။

"လုရွှမ် ငါကမင်းကို ပုန်းနေပြီလို့တောင် ထင်နေတာ.... ထုံးထျန်းခန်းမကနေ ရထားတဲ့ မှော်လက်နက်ကို ထုတ်လိုက်!"

ယဲ့ကျင်းက အော်ရင်း သူမမျက်လုံးများက လောဘတကြီး အရိပ်အယောင်များ ပေါ်ထွက်လာသည်။

လုရွှမ်ဆီက အရာက နတ်လက်နက်တစ်ခုပင်။ သူမသည် အခင်းအကျင်း၏ တုံ့ပြန်မှုကြောင့် နှင်ထုတ်ခံရခြင်းမှာ သူမ၏ ပေါ့ဆမှုကြောင့်ဟု စိတ်ထဲမှာ မှတ်ထားသည်။ မမျှော်လင့်ထားဘဲ နတ်လက်နက်တစ်ခုက အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။

သူမသည် မာနကြီးလေ့ရှိပြီး တခြားမည်သူမျှ မရနိုင်သော အရာကို လုရွှမ်သာ ရနိုင်မည်ဟု သူမ တွေးခဲ့ဖူးသည်။ သူမစိတ်ထဲတွင် လုရွှမ် သူမကို ကန်ထုတ်လိုက်ခြင်းက သူမလက်ထဲ နတ်လက်နက် ရောက်လာအောင် လုပ်ပေးလိုက်သည့် အတိုင်းပင်။

လုရွှမ်သည် သူမဘာတွေ တွေးနေလဲ ဆိုတာကို မသိသလို လောလောဆယ်မှာတော့ ထိုမောင်နှမနှစ်ယောက်နဲ့ ညှိနှိုင်းဖို့လည်း စိတ်မ၀င်စားပါဘူး။

သူက နတ်လက်နက်ကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ လက်နက်၏ တိကျသည့်အဆင့်ကို မရှင်းလင်းသေးသော်လည်း လေလံတင်ထားသော နတ်ဓားအောက်တွင်တော့ မရှိပေ။

"ထွက်သွား!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လမ်းကိုပိတ်ဆို့နေသော မျှော်စင်နယ်ပယ်က လူကို ညွှန်ပြလိုက်သည်။

"ဟာဟား... ဦးလေး မြင်ပြီမလား? ဒီလူက တကယ့်ကို မာနကြီးတာနော် သူက ကောင်းကင်ဘုံသခင်​ပဲ ရှိသေးတာကို ဦးလေးကို သူ့လမ်းကနေ ထွက်သွားဖို့တောင် အမိန့်ပေးနေသေးတယ်.... သူက ဂုဏ်မောက်လွန်းပြီး ကျွန်တော်တို့ ထန်းလုံကြယ်ကို သူ့မျက်လုံးထဲမှာ လုံးဝ မထည့်ဘူး!"

လူငယ်နှစ်ယောက်ကို ဒေါသထွက်နေသော်လည်း လုရွှမ်သည် သူတို့နှစ်ဦးကိုပင် မကြည့်ဘဲ သူ့ရှေ့ရှိ မျှော်စင်နယ်ပယ် သခင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ပြင်းပြင်းထန်ထန် ထုတ်လွှတ်နေသော ရောင်ဝါသည် သူ့အား မတော်တဆ ထိခိုက်မိသော အကြီးအကဲမောင်ထက်ပင် မြင့်မားနေသေးသည်။

သို့သော်လည်း ယခုအခါတွင် ကောင်းကင်ဘုရင် နန်းတော်၏ ဒေါသကို ခံစားခဲ့ရပြီး သူ၏လူတစ်ကိုယ်လုံးက ခွန်အားမှာလည်း ခုန်ပျံကျော်လွှားကာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဟု ဆိုနိုင်သည်။

ထို့အပြင် နတ်ဓားကို ကိုင်ထားသော လုရွှမ်သည် မျှော်စင်နယ်ပယ်မှ သခင်ကို အနိုင်မယူနိုင်သော်လည်း အနည်းဆုံး သူလွတ်မြောက်နိုင်မှာ သေချာသည်။

"သေချာတယ်... ဓားက တကယ်ဓားကောင်းပဲ... လူငယ်လေး... ငါကောင်းကင်နဂါးတောင်က ယဲ့ဟူကို ဓားပေးရင် မင်းအသက်ကို ချမ်းသာပေးလို့ ရတယ်"

လုရွှမ်သည် ထိုကဲ့သို့ အရှက်ကင်းမဲ့သော သူနှင့်ဆက်ဆံရာတွင် သူ့ဓားကို လွှဲခုတ်ဖို့သာ ရွေးချယ်လိမ့်မည်။ သူ့မျက်လုံးထဲတွင် မက်မောသော အကြည့်က သူ့အတွေးအားလုံးကို ထုတ်ဖော်သွားခဲ့​ပြီ။

"မာနကြီးနေတဲ့ ကောင်ပဲ!"

ယဲ့ဟူသည် နတ်ဓားကို ကြောက်ရွံ့ခြင်းမရှိဘဲ သူ့နောက်ကျောကို ကိုင်ဆွဲလိုက်သည်။ လုရွှမ်က နတ်ဓားကြောင့် သူ့ကို မကြောက်တာလား သေခြင်းတရားကို ရှာချင်သောကြောင့်လား မသိပေ။ သို့သော် လုရွှမ်ကတော့ သူ့ဆန္ဒကို မဖြည့်ဆည်းပေးလိုပေ။

သူက လက်ဖဝါးကို လှန်လိုက်ပြီး ဓားကို ယဲ့ဟူဆီသို့ တိုက်ရိုက် ဝေ့ယမ်းပစ်လိုက်သည်။ ဟဲ့ဟူက လှောင်ပြောင်လေ၏။ သူက ပုန်းအောင်းမနေဘဲ နတ်ဓားကို တိုက်ရိုက်ပဲ ပြေးဖမ်းလိုက်သည်။

ရွှင်းကနဲ တီးမှုတ်သံနှင့်အတူ နတ်ဓားနှင့် ယဲ့ဟူတို့ရဲ့ လက်ဖဝါးများဟာ ရွှေနှင့် ကျောက်စိမ်းသံများနှယ် ဖြတ်တောက်သွားကြသည်။ လုရွှမ်၏ လက်ဖဝါးများ တုန်ခါသွားကာ ယဲ့ဟူလည်း နောက်ပြန် ခုန်ပျံသွားပြီး နတ်လက်နက်က လုရွှမ်လက်နေ လွတ်လုမတတ် ဖြစ်သွားသည်။

ယဲ့ဟူ ခပ်တိုးတိုး ဟစ်အော်လိုက်ပြီး သူ့လက်ဖဝါးမှ သွေးအနည်းငယ် စီးကျလာသည်။ သူတို့နှစ်ယောက်လုံးက ပြိုင်ဘက်ကို လျှော့တွက်မိသွားတာကြောင့် နှစ်ယောက်စလုံး ဒဏ်ရာအနာတရ ဖြစ်သွားခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ သရေပါပဲ။

လုရွှမ်၏ မျက်ခုံးများတွင် ကြောက်ရွံ့မှု အရိပ်အမြွက်မျိုး ပြသလာခဲ့ပြီး ယဲ့ဟူ၏ မျက်လုံးများတွင်တော့ စိတ်အားထက်သန်မှုများ ရှိနေသည်။

"ဓားကောင်းပဲ!"

"မာကျောတဲ့ လက်သည်းတွေပဲ"

ယဲ့ဟူရ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်အိတ်တစ်စုံကို ထုတ်ယူလိုက်သည်။ နေရောင်အောက်တွင် ၀တ်ဆင်ထားသည့် လက်အိတ်များသည် ကြည်လင်သော အလင်းရောင်ဖြင့် တောက်ပနေကာ နားမလည်နိုင်သော အေးစက်မှုကို ခံစားရ​စေသည်။

လုရွှမ်သည် ယခင်က ယဲ့ဟူ၏ လက်ဖဝါး တောင့်တင်းမှုကြောင့် အလွန်ပင် အံ့အားသင့်ခဲ့ရပြီးပြီ။ ယခု သူ့တွင် လက်အိတ်တစ်ထည်ပါ ရှိနေဦးမည်ဟု မထင်ထားခဲ့ပေ။

"ဟုတ်တယ်... မင်းငါ့ကိုလက်နက်နဲ့ ဒဏ်ရာရအောင် လုပ်နိုင်သားပဲ အငယ်တန်းလေး မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်"

ယဲ့ဟူက ဂုဏ်ယူစွာ အော်လိုက်သည်။ လုရွှမ်ကလည်း ပြန်လှောင်ပြောင်၏။

"ဟမ့်... ကြွားလုံးထုတ်နေတာ ရပ်တော့... ခဏနေ မင်း ငိုရတော့မှာ"

လုရွှမ်သည် နတ်ဓားကို အကြိမ်ပေါင်းများစွာ အဆက်မပြတ် ​ဝေ့ယမ်း​လိုက်သည်။ များများလှုပ်လေလေ ဓားကို ကြိုက်လေလေပဲ။ နောက်ဆုံးတွင် လုရွှမ်သည် ယွမ်စွမ်းအင်ကို နတ်ဓားထဲသို့ လောင်းထည့်လိုက်သည်။ အတွင်းထဲ အခင်းအကျင်းရဲ့ စွမ်းအားကြောင့် ယွမ်စွမ်းအင်များသည် ဆယ်ဆကျော်အထိ တိုးလာခဲ့သည်။

လက်နက်​ကောင်းသည် ခွန်အားကို နှစ်ဆတိုးစေသည်ဟု သဘာဝကျကျ နားလည်ထားသော်လည်း ဤသည်မှာ သူ့ရဲ့ နတ်လက်နက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ နတ်လက်နက်ရဲ့ ခံစားချက်က အမှန်တကယ် အနည်းငယ် သာလွန်​လေ၏။

ဒါဟာ လုံးဝကို အရှိန်အဟုန်နဲ့ ယုံကြည်မှုကို မြှင့်တင်ခြင်းတစ်မျိုးပါပဲ။ သူ နတ်ဓားကို ပထမဆုံးအကြိမ် ကိုင်လိုက်သောအခါ သူ့လက်ထဲတွင် ကမ္ဘာကြီးကို ပိုင်ဆိုင်ထားသည့်နှယ် ခံစားခဲ့ရသည်။

"ဓားချက်ကို ကြည့်!"

လုရွှမ် အော်လိုက်ပြီး ယွမ်ယန်ဓားကိုးချောင်းထဲက ပထမဆုံး လူသားနဲ့ဓား ပေါင်းစည်းမှုကို ထုတ်လွှတ်လိုက်သည်။

တကယ်တော့ နတ်ဓားကိုရပြီးနောက် လုရွှမ် သူ့နှလုံးသားထဲမှာ ရင်မဆိုင်ရဲတဲ့ စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသေးသည်။ သို့သော် မျှော်စင် နယ်ပယ်သခင်နဲ့ တိုက်ပွဲဝင်ဖို့တော့ သူ မစောင့်နိုင်တော့ချေ။

လုရွှမ်သည် ဟုန်ရှန်ယင်းတို့အဖွဲ့ကို ကယ်တင်ရန် စိတ်အား ထက်သန်နေသော်လည်း သူ့နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်ပေ။ ပြိုင်ဘက်ကို အခုတွေ့ပြီဆိုတော့ ဒီကောင်နဲ့ ဓားကို စမ်းသပ်ဖို့ အချိန်တန်ပြီ။

လူနဲ့ဓားပေါင်းစည်းမှုက လူသည် ဓားနှင့်တူပြီး ဓားက လူနှင့်တူသည်ဟု ဆိုလိုသည်။ လုရွှမ်၏ ခန္ဓာကိုယ်အနှံ့ဟာ ဓားစွမ်းအင်များဖြင့် ဆူပွက်နေပြီး သူ့​ခန္ဓာကိုယ်ကို နတ်ဓားသွားအဖြစ် ပေါင်းစပ်ထားသည်။

ဤအခိုက်အတန့်တွင် နတ်ဓား၏ တန်ခိုးသည် အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းကင်သို့ ပျံတက်သွားကာ ပတ်ဝန်းကျင်ကို တုန်လှုပ်စေပြီး မျှော်စင်နယ်ပယ်က သူ့အစွမ်းတွေကို အစွမ်းကုန် ထုတ်လွှတ်လိုက်သကဲ့သို့ပင်။

ပြင်းထန်သော အရှိန်အဟုန်သည်​ လေပြင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ​စေပြီး လမ်းကြောင်းအားလုံးကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားသည်။

ယဲ့ဟူ၏ သူ့မျက်နှာတွင် ထိတ်လန့်တကြား အရိပ်အမြွက်များ မထိန်းနိုင်ဘဲ ပြသလာခဲ့၏။ နားမလည်နိုင်သော အတွေးတစ်ခု သူ့စိတ်ထဲမှာ ပထမဆုံးအကြိမ် ပေါ်လာသည်။ ဒီတစ်ခါတော့ ကောင်လေးကို အနိုင်ကျင့်ဖို့ လာခဲ့တာ။ သူက သံပြားပေါ်မှာ ဖင်ခုထိုင်ဖို့ လာခဲ့တာ မဟုတ်ဘူးလေ။

ယဲ့ဟူ၏နောက်တွင်ရှိ ယဲ့ကျင်းနဲ့ ယဲ့ကုံးတို့သည် မိသားစု၏ စွမ်းအားကို အားကိုးကာ မာနကြီးနေခဲ့ကြသည်။ သူ့မိဘတွေရဲ့ အရည်အချင်းတွေက ထူးထူးခြားခြား ဖြစ်သော်လည်း သူတို့နှစ်ယောက်က မိဘတွေနဲ့ သိပ်ပြီး မတူပါဘူး။

All Chapters