လင်ထျန်းခန်းမ
Vol. 93 Ch. 4.909
ကြည့်လိုက်ရင် ဓားစွမ်းအင်က နည်းနည်းတော့ သေးတယ်လို့ ထင်ရပေမယ့် ပေါင်းထည့်လိုက်တဲ့ အခါမှာတော့ အရမ်းကြောက်စရာ ကောင်းလေသည်။
"မိတ်ဆွေလေးလုရွှမ်.... ရပ်လိုက်ပါတော့ ငါမင်းကို မတိုက်နိုင်ဘူး"
ယဲ့ဟူအော်လိုက်ပြီး လုရွှမ်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရင်း နောက်ပြန် ဆုတ်သွားလိုက်သည်။ လုရွှမ်လည်း ယဲ့ဟူ ဘာလုပ်ချင်နေမှန်း မသိတာကြောင့် အံ့အားသင့်သွားသည်။
ကောင်းကင်ဘုံသခင်ကို အနိုင်မယူနိုင်ခဲ့တာက မျှော်စင်နယ်ပယ်ရဲ့ သခင်တစ်ယောက်အတွက် ရှက်စရာကောင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ ယဲ့ဟူကတော့ ဒီလိုမျိုး လုပ်လာလေရာ တစ်ခုခုတော့ မှားနေမှာပဲလေ။
"ဦးလေး ဘာပြောနေတာလဲ? သူက လူယုတ်မာပဲ သူ့ကို သတ်ပြီး သူ့ရဲ့ နတ်လက်နက်ကို ယူသွားရအောင်လေ!"
"ဟုတ်တယ် ဦးလေး သူ့ကို သတ်လိုက်ပါ.... သူက ကျွန်တော်တို့ ယဲ့မိသားစုရဲ့ ရန်သူဖြစ်ရဲတယ်... သူ သေခြင်းတရားကို ရှာနေတာ အသိသာကြီး... မိသားစုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ငါယဲ့ကုံးက သူ့ကို သတ်ပစ်ရမယ် ကျိန်ဆိုတယ်..."
ယဲ့ကုံးရဲ့ လေသံက အတော်လေး မာနကြီးလေသည်။
ယဲ့ဟူသည်လည်း မသိစိတ်ထဲမှ သက်ပြင်းအသာ ချလိုက်မိသည်။ ဤလူနှစ်ယောက်သည် အမှန်တကယ်ပင် ပျက်စီးနေပြီ။ အစ်ကိုကြီးက တံခါးပိတ်ကျင့်ကြံနေကာ မရီးကလည်း သူတို့ကို အလိုလိုက်လွန်းခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူယခု တွေ့ရှိခဲ့သည်။ မဟုတ်ပါက နောင်တွင် မိသားစုကို ဘေးဥပဒ် ဖြစ်စေမည်မှာ သေချာပါသည်။
ယဲ့ဟူ ချာကနဲ လှည့်ကာ ထိုနှစ်ယောက်ကို ပါးရိုက်ပစ်လိုက်သည်။
"ဦးလေး..."
"ငါဘာဖြစ်လဲ... မင်းအရှုံးသမား နှစ်ယောက် တခြားသူတွေကို အနိုင်ကျင့်တာအပြင် မင်းတို့ ဘာလုပ်တတ်သေးလဲ... မိတ်ဆွေလေးလုရွှမ်နဲ့ ယှဉ်လိုက်ရင် မင်းတို့နှစ်ယောက်က ဖိနပ်တိုက်ဖို့တောင် မထိုက်တန်ဘူး... ဒီတစ်ခါတော့ အပြင်မှာ ကောင်းကင်နဂါးတောင်ကို ပြန်လိုက်ခဲ့ အနှစ်တစ်ရာကျော် တံခါးပိတ်ကျင့်ကြံရမယ်... မဟုတ်ရင် မင်းတို့ ထန်းလုံကြယ်ကနေ ဘယ်တော့မှ ထွက်သွားဖို့ မတွေးနဲ့"
ယဲ့ဟူသည် သူတို့နှစ်ယောက်ကို မည်းမှောင်သော မျက်နှာဖြင့် ကြိမ်းမောင်းလိုက်ပြီး လုရွှမ်ဘက်သို့ လက်ကို မြှောက်လျက် ခပ်အေးအေးလေး ဆိုလိုက်သည်။
"ဒီကညီလေး... မင်းရဲ့အနာဂတ်က အကန့်အသတ် မရှိပါဘူး... အရင်ကကိစ္စက နားလည်မှုလွဲနေတာပါ နောင်မှာ မိတ်ဆွေလေး လွတ်လွတ်လပ်လပ်နဲ့ ထန်းလုံကြယ်ကို ဖြတ်သွားရင် ငါတို့ယဲ့မိသားစုက မိတ်ဆွေလေးလုရွှမ်ကို ကို အကောင်းဆုံး ကျင့်ဝတ်နဲ့ နှုတ်ဆက်မှာ သေချာပါတယ်.... မိတ်ဆွေလေးရဲ့ လမ်းကို မတားတော့ပါဘူး နှုတ်ဆက်ပါတယ်..."
ယဲ့ကုံးနှင့် ယဲ့ကျင်းတို့သည် အခြားအရာများကို ပြောချင်သော်လည်း ဒေါသမျက်နှာဖြင့် ယဲ့ဟူက လုရွှမ်ကို ထပ်မံ နှုတ်ဆက်ပြီးနောက် ၎င်းတို့နှစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။
မုရုန်ချင်လည်း အံ့အားသင့်ပြီး ထွက်ပြေးလာခဲ့သည်။ သေချာသည်မှာ ဤမျှသော အဆုံးသတ် ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ နဂါးများနှင့် ကျားများကြား ရန်ပွဲဖြစ်မည်ဟု သူမထင်ခဲ့ကာ နှစ်ဖက်စလုံး ဒဏ်ရာရသွားမှာ သေချာကာ အဲဒီလူက လုရွှမ်ပဲ ဖြစ်နိုင်၏။
"သူတို့?"
လုရွှမ် နတ်လက်နက်ကို သိမ်းပြီး ထွက်သွားတဲ့ လူသုံးယောက်ရဲ့ နောက်ကျောကို ကြည့်ကာ အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
"ယဲ့ဟူက အကျိုးအကြောင်း စဥ်းစားနိုင်တဲ့သူပဲ...လေးစားစရာ ကောင်းတယ် မြန်မြန် သွားရအောင် လီလင်ရှို့တို့ ဘာဖြစ်နေပြီလဲ မသိဘူး"
လီလင်ရှို့သည် မြင့်မြတ်သော အဆင့်အတန်း ရှိသော်လည်း ဝူထန်းဟာ ကောင်းကင်ဘုရင်၏ အခြားဝိညာဉ်တစ်ခု ဖြစ်သောကြောင့် သူမရဲ့ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်လောက်ချေ။
ဤနေရာမှ ဆက်လက် ထွက်ပေါ်နေသည့် သတင်းအရ ဟုန်ရှန်ယင်းတို့ အန္တရာယ်မရှိဟု ထင်ရသော်လည်း ယဲ့ဟူသည် ဒူးထောက် ခေါင်းငုံ့ကာ တောင်းပန်လိုက်လျှင်ပင် နောင်တွင် သူသည် ထန်းလုံကြယ်ကို စာရင်းရှင်းဦးမှာပင်။
ယခုမူ အရာအားလုံး အဆင်ပြေသွားပြီ။ ရန်သူလုပ်တာထက် မိတ်ဆွေ တစ်ယောက်ရှိခြင်းက ပိုကောင်းပါ၏။
"ဒီမှာ အရမ်းရှုပ်ထွေးနေပြီ... ခေါင်းသုံးလုံးရှိတဲ့ ဘီလူးတစ်ကောင် ပြေးလာတယ် လင်ထျန်းခန်းမလို့ ခေါ်တဲ့ ခန်းမကြီးထဲမှာ တပည့်တို့ ပုန်းနေကြတယ်"
ဓားပျံတစ်စင်းက သတင်းစကားတစ်ခု ပို့ပေးလာသည်။ လုရွှမ် အသံကို နားထောင်ပြီးနောက် မုရုန်ချင်က တိတ်တဆိတ် ခေါင်းခါပြီး အသိပေးလေသည်။
"ဝူထန်းကို ရှောင်ပြီးရင်တောင် လက်ဖဝါးမကောင်းဆိုးဝါးနဲ့ ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး.... ဒီအရိပ်အယောင်ကို ရှောင်လွှဲလို့ မရဘူးပဲ!"
သူတို့နှစ်ယောက်သည် လင်ထျန်းခန်းမဆီသို့ ပြေးထွက်သွားခဲ့သည်။ အဝေးမှနေ၍ ထိုအနီးတစ်ဝိုက် လှည့်ပတ်နေသော ဘီလူးတစ်ကောင်ကို တွေ့ရသော်လည်း ၎င်းက ပင်မခန်းမကို ကြောက်နေပုံရလေသည်။
အဝေးမှ ကျင့်ကြံသူများစွာတို့သည် ခေါင်းသုံးလုံးရှိ ဘီလူးကြီးအား မျက်စိထဲ၌ လင်းထိန်နေသော လောဘကြီး မျက်လုံးများစွာဖြင့် စိုက်ကြည့်နေကြသည်။
တစ်စုံတစ်ယောက်ကို ပေါ့ပေါ့တန်တန် မေးတော့ သူက လုရွှမ်လို့မြင်တာနဲ့ ကြီးကြီးကျယ်ကျယ် မလုပ်ဝံ့ဘဲ ချက်ချင်း ဖြေလိုက်သည်။
"သခင်လေးလုရွှမ် မသိသေးဘူးလား? ဒီကောင်က ထုံးထျန်းခန်းမထဲ ထွက်ပြေးလာတာတဲ့...သူက လူတွေကို အလွယ်တကူပဲ သတ်ပစ်ပေမယ့် သူ့ခန္ဓာကိုယ်မှာ ရတနာတွေ အများကြီးရှိနေတယ်.... အခု လူတိုင်းက ဒီနတ်ဆိုးကို ဆန့်ကျင်ပြီး သူ့ဆီက ရတနာတွေကို ရယူဖို့ စောင့်နေကြတာ!"
လုရွှမ် မုရုန်ချင်ကို စိုက်ကြည့်လိုက်ရာ သူမ မျက်လုံးများက တောက်ပလာပြီး ခေါင်းငြိမ့် တုံ့ပြန်လေသည်။ ထူးဆန်းတဲ့လက် အခင်းအကျင်းထဲက ထွက်လာတဲ့အခါ အတွင်းထဲမှာ ဝှက်ထားတဲ့ ရတနာတွေ အားလုံးကို လုယူသွားပုံပါပဲ။
သေချာတာပေါ့၊ ဘယ်သူမှ အရှုံးပေါ်တဲ့ လုပ်ငန်းကို မလုပ်ကြပေမယ့် အမြတ်အစွန်းရှိတဲ့ လုပ်ငန်းတစ်ခုရှိရင် အသက်ကို တကယ်စွန့်စားရဲကြလေသည်။
"လင်ထျန်းခန်းမကရော?"
"အဲဒီအကြောင်းတော့ ကျွန်တော်လည်း မသိဘူး.... ဒါပေမဲ့ အပြင်က နတ်ဆိုးကောင်ကို တုန်လှုပ်ခြောက်ခြားပြီး မဝင်ဝံ့စေတဲ့ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု ရှိနေတယ်လို့တော့ ကြားမိတယ်"
လုရွှမ် ခေါင်းညိတ်လိုက်၏။ ခန်းမထဲမှာ အပြင်ဘက် လက်ဖဝါးကို ထိတ်လန့်စေသော အစွမ်းထက်သော အရာတစ်ခု ရှိနေတာ ထင်ရှားသည်။ ယခု ဟုန်ရှန်ယင်းတို့ အဖွဲ့သည် ပင်မခန်းမထဲသို့ ဝင်ရန် လွယ်ကူသော်လည်း အပြင်ထွက်ရန် ခက်ခဲနေသည်။
လုရွှမ် ရုတ်တရက် မုရုန်ချင်ဘက်ကို လှည့်ကြည့်လိုက်သည်။
"အခု ငါ့ကံက ဘယ်လိုလဲ?"
မုရုန်ချင်က ခဏလောက်စဉ်းစားပြီး “ ပိုဆိုးလာတယ်” လို့ ပြောလိုက်သည်။
"တကယ်ကို လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး ထင်ပါတယ်... မင်း သတိထားပါ ငါအရင်ဆင်းတော့မယ်"
လုရွှမ် လူအုပ်ထဲက ပြေးပြီး အောက်ဖက်ကို ပြေးဆင်းသွားသည်။ လုရွှမ် ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် လူသုံးယောက်လည်း ပြေးထွက်လာကြပြီး ၎င်းတို့ထဲတွင် သခင်လေးရွှမ်ကျီးလည်း ပါဝင်သည်။
"လုရွှမ် မင်းဘယ်သွားနေတာလဲ ငါလိုက်ရှာနေတာ ကြာပြီ"
ရွှမ်ကျီးရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ သူဟာ မော့ရှဲကို ကယ်တင်ဖို့ ဒီမှာ ရှိနေတာ ထင်ရှားပေသည်။
"လမ်းမှာ ပိတ်ဆို့ခံထားရလို့ အခုမှရောက်လာတာ.... ဘယ်လိုထင်လို့လဲ"
"ဘယ်လိုထင်လို့လဲ ဟုတ်လား?"
ရွှမ်ကျီးက ဒေါသတကြီး အော်လိုက်သည်။
"အဓိက ခန်းမရှစ်ခုကို ဒြပ်စင်ငါးပါး ပါကွား၊ ချီမန်သွမ့်ကျာနဲ့ အလှဆင်ထားတယ်... အဲဒါတွေက ကောင်းကင်ဘုရင်နန်းတော်ရဲ့ ကံကြမ္မာကို ချိုးနှိမ်ဖို့ သုံးတယ်လို့ ထင်ခဲ့တာ... အခုကြည့်ရသလောက်ဆို အဲဒါထက် ပိုနေပုံရတယ်.... အထဲမှာ နတ်ဆိုးတချို့ ချုပ်နှောင်ထားမှာ ကြောက်ရတယ်”
လုရွှမ်လည်း ဒါကိုစဉ်းစားထားတာမို့ အန္တရာယ်ရှိရင်တောင် အခက်အခဲကို ရင်ဆိုင်နိုင်မှာပဲလို့ ပြောလိုက်သည်။
စည်းစိမ်ဥစ္စာကို သိမ်းပိုက်ဖို့ အခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ စောင့်နေတဲ့ အပြင်ကလူတွေဟာ အောင်မြင်တာထက် ပိုကျရှုံးလိမ့်မယ်လို့ ထင်ရသည်။ သူတို့ဆီက အကူအညီ မျှော်လင့်ဖို့က သိပ်ပြီး စိတ်မချရပါဘူး။
ရတနာတစ်ခုပေါ်လာရင် သူတို့ဟာ အလျင်စလို အရှိန်အဟုန်နဲ့ ရှေ့ကို ပြေးကြလိမ့်မယ်။ ဒါပေမဲ့ အန္တရာယ်ရောက်လာတာနဲ့ ချက်ချင်းဆိုသလို လူစုခွဲကြလိမ့်မယ်။ ထိုအခြေအနေမျိုးတွင် မိမိတွင် အင်အားရှိလျှင်ပင် အခင်းအကျင်း ဖွဲ့စည်းမှု ကွဲပြားသွားမှာ ဖြစ်ပြီး ကိုယ်တိုင်ကပါ ရုန်းရင်းဆန်ခတ်ဖြင့် ထွက်ပြေးရန်သာ ဖြစ်နိုင်သည်။
အလွယ်ဆုံးအချက်မှာ ကိုယ့်ရဲ့ ထိန်းချုပ်မှုထက် ကျော်လွန်သော အချက်များကို အဝေးမှာ ထားလိုက်တာက အကောင်းဆုံး ဖြစ်သည်။
မကောင်းဆိုးဝါးကြီးရဲ့ ခေါင်းနှစ်လုံးမှာ မျှော်စင်နယ်ပယ်က သခင်များဖြစ်ကြပြီး ၎င်းတို့နှစ်ဦးစလုံးတွင် မုတ်ဆိတ်ဖြူရောင် ရှိကြသည်။ သက်ကြီးရွယ်အိုများကဲ့သို့ ဝမ်းနည်းခြင်း အရိပ်အယောင်များ ရှိနေသည်မှာ ထင်ထင်ရှားရှားပင်။
ဘီလူးကြီးက သူတို့လေးယောက်ကို မြင်သော် ကြောက်ရွံ့မှု လုံးဝမရှိဘဲ ရင်ဆိုင်လိုက်သည်။ ခေါင်းသုံးလုံးပေါ်တွင် စီးဆင်းနေသော အနက်ရောင် ရောင်ဝါသည် အလွန်ဆိုးရွားလှသည်။
"မင်းတို့နှစ်ယောက်ကို ငါသိတယ်... ငါမှတ်မိတာတစ်ခုက မင်းတို့နှစ်ယောက်က ငါ့ရတနာတွေကို လုယက်သွားတာ... ကလေးမလေးတစ်ယောက်လည်း ရှိတယ် သူပြေးလာတဲ့နေရာကို ငါရှင်းရှင်းလင်းလင်း ခံစားရတယ်... ထွက်လာခဲ့!"
မုရုန်ချင်သည် ရတနာများအားလုံးကို သိုလှောင်ကွင်းထဲသို့ ထည့်ပြီးတာတောင် နတ်ဆိုးက ၎င်းတို့ကို ရှာဖွေတွေ့ရှိနိုင်မည်ဟု မမျှော်လင့်ထားပေ။ ပင်မခန်းမထဲက အခင်းအကျင်း ဖွဲ့စည်းခြင်းကို အားကိုးကာ သူမသည် ပါရမီရှင်များအားလုံးနှင့် ယှဉ်ပြိုင်ရန် သဘာဝအတိုင်း သတ္တိရှိရှိ ထွက်ခဲ့သော်လည်း ဤအခြေအနေတွင် အပြင်ထွက်ခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်။ ဒါ့အပြင် သူမ ကောင်းကောင်းသိတာက သူမသည် ပထမဆုံး သေဆုံးသူဖြစ်မည်မှာ သေချာပါ၏။