ခွန်အားရှိသမျှနဲ့ တိုက်ပါ
Vol. 93 Ch. 4.910
မုရုန်ချင်သည် လူအုပ်ထဲတွင် ကွယ်ဝှက်လျက် ခေါင်းသုံးလုံးရှိ နတ်ဆိုးကြီးအား ဂရုတစိုက်နှင့် သတိကြီးစွာ စိုက်ကြည့်ကာ သူမ ဘယ်မှာရှိနေကြောင်း သဲလွန်စကို ထုတ်မပြဝံ့ပေ။
လုရွှမ်ကတော့ လက်ရှိခန္ဓာကိုယ်၏ ညာဘက်လက်ဖြစ်သည့် ဘီလူး၏လက်ဖဝါးကို စိုက်ကြည့်နေသည်။ ညာလက်၏ စွမ်းအားသည် ဘယ်လက်ထက် များစွာ အားကောင်းနေမှာ ထင်ရှားပါသည်။
"သူရဲ့ ညာလက်ကို သတိထား!"
လုရွှမ် အသံလှိုင်းတစ်ချက် ပို့လိုက်စဥ် ရွှမ်ကျီးက သူ့နားလည်မှုကို ဖော်ပြရန် ခေါင်းညိတ်လိုက်သည်။
"အထဲမှာ တခြားပြဿနာတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိကောင်းရှိနိုင်တယ်...ရွှမ်ကျီး ငါ မင်းကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်... ဘာပဲဖြစ်နေပါစေ သူတို့ကို ကယ်တင်လာရမယ်"
ရွှမ်ကျီးက ပြုံးပြီးပြော၏။
"မင်းပြောတာက နည်းနည်းရယ်စရာ ကောင်းတယ်....ငါ သဘာဝကျကျနဲ့ကို ကူညီပေးမှာပဲလေ.... မင်းက နေခဲ့ချင်လို့လား?"
လုရွှမ်လည်း ပြုံးပြီး "ဆိုပါတော့"
သူသည် နတ်ဓားကိုထုတ်ပြီး ခေါင်းသုံးလုံးနတ်ဆိုးကို ခုတ်ချလိုက်သည်။
နတ်ဓားကို ထုတ်လိုက်သည်နှင့် လူများစွာက တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြ၏။ နတ်ဓားသည် အလွန်အစွမ်းထက်ကာ လုရွှမ် ယခင်ထုံးထျန်းခန်မက ရလာခဲ့သော နတ်ဓားတစ်လက် ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်ကြသည်။
သို့သော် အခင်းအကျင်းထဲ၌ နတ်ဓား၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရရုံမျှသာ ဖြစ်ပြီး ယခုအခါမှ နတ်ဓား၏ အစွမ်းအစကို ပထမဆုံးအကြိမ် တွေ့မြင်လာရတာ ဖြစ်သည်။ ဒါဟာ နတ်ဓားတစ်လက် ဖြစ်ကာ လုရွှမ် လက်ထဲမှာ နတ်ဓားကို ကိုင်ထားတာကြောင့် လူတိုင်းသည် လုရွှမ်ရဲ့ အငွေ့အသက်တွေ လုံးဝ မတူတော့ဘူးဆိုတာ ခံစားလိုက်ရသည်။
သူသည် ထူးထူးခြားခြား ခွန်အားနှင့် ပြင်းထန်သော ရောင်ဝါရှိသော်လည်း နတ်ဓားကို ဆွဲထုတ်ပြီးနောက်တွင် သူ၏ ရောင်ဝါသည် မထင်မှတ်ဘဲ မြင့်မားသော အဆင့်သို့ တိုးလာကာ ပြေးထွက်လာသော မျှော်စင်နယ်ပယ်မှ သခင်နှစ်ဦးထက် မနည်းပေ။
"သတ်!"
တစ်ချိန်တည်းမှာပင် ခေါင်းသုံးလုံးရှိတဲ့ ဘီလူးကြီးက လုရွှမ်ဆီကို ပြေးသွားပြီး လုရွှမ်လက်ထဲက ဓားရှည်ကြီးကို လောဘကြီးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း သွေးသွားရည်တွေ စီးကျလာခဲ့သည်။
လုရွှမ်သည် ခေါင်းသုံးလုံးရှိသော ဘီလူး၏ ညာလက်ကို စူးစူးရဲရဲ စိုက်ကြည့်ထားသည်။ အလင်းရောင် ငါးရောင် လင်းလက်သွားစဥ် ဓားရှည်ကို ရှောင်မလွှဲဘဲ ကိုင်ထားလိုက်သည်။ ယဲ့ဟူ နှင့်မတူဘဲ ခေါင်းသုံးလုံးရှိသော ဘီလူးသည် နတ်ဓား၏အစွန်အဖျားကို ဖမ်းဆုပ်ရန် သူ့လက်ဖဝါးများကိုသာ အသုံးပြုလာခဲ့သည်။
လုရွှမ်၏ နှလုံးသားသည် နားမလည်နိုင်စွာ တုန်လှုပ်သွား၏။ ဤဦးခေါင်းသုံးလုံး ဘီလူးကောင်သည် သေချာပေါက် လျှော့တွက်နိုင်တဲ့ အရာတော့ မဟုတ်ပေ။ ၎င်းက ကြွလာသော ကျင့်ကြံသူ အားလုံးကို လုံးလုံး ချေမှုန်းနိုင်လေသည်။
သူ၏ ရောင်ဝါသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်ကာ မျှော်စင်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေလေသည်။ မိမိမှာ အံ့သြစရာကောင်းတဲ့ မှော်အစွမ်းတွေ ရှိရင်တောင် ၎င်းဆီမှာ ဖမ်းမိသွားရင် မလွယ်လောက်ချေ။
လုရွှမ်သည် သူ့လက်ဖဝါးကို အလိုလို ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်သည် အလျားလိုက် စီးဆင်းစေလိုက်ကာ နတ်ဓားကို ခေါင်းသုံးလုံးနတ်ဆိုး လက်မှ ရှောင်ထွက်သွားစေခဲ့သည်။
နတ်ဆိုးက အော်ဟစ်လိုက်ပြီး လုရွှမ်၏ဓားစွမ်းအင်ကို ရှောင်ရှားကာ နတ်လက်နက်ကို ဆက်လက် ဖမ်းဆုပ်ခဲ့သည်။
ဒီဘီလူးကောင်က မှော်လက်နက်ကိုပဲ တိုက်ရိုက် သိမ်းချင်နေတာလား။
လုရွှမ်က "သူ့ရဲ့ ညာလက်ကို အာရုံစိုက်ထား.... ငါတို့ရတနာတွေကို တိုက်ရိုက် ယူသွားနိုင်တယ်"
ဤသည်မှာ မုရုန်ချင်နဲ့ ရွှမ်ကျီးကိုသာမက ခေါင်းသုံးလုံးရှိ ဘီလူး၏ တုံ့ပြန်မှုကို ကြည့်ချင်တဲ့အတွက် ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော် ခေါင်းသုံးလုံးရှိသော ဘီလူးသည် ထူးထူးခြားခြား အော်လိုက်ကာ ၎င်း၏ ခန္ဓာကိုယ်သည် အနက်ရောင် စွမ်းအင်များဖြင့် ပြည့်နှက်လာသည်။ ၎င်း၏ လက်ဖဝါးမှ လက်သည်းငါးချောင်းမှ စွမ်းအင်များသည် အရှိန်ပြင်းပြင်း ပေါက်ထွက်ကာ အရောင်ငါးမျိုး ထွက်ပေါ်လာသည်။
လုရွှမ် ခန့်မှန်းတာ တကယ်ဖြစ်နေ၏။
ဒါကိုမြင်တော့ ရွှမ်ကျီး အလျင်အမြန် ပြေးဆင်းသွားသည်။ သူက လုရွှမ်နဲ့ ခေါင်းသုံးလုံးရှိတဲ့ ဘီလူးတို့ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး လင်ထျန်းခန်းမထဲကို ပြေးဝင်သွားပါ၏။
တခြားမျှော်စင်နယ်ပယ် လူနှစ်ဦးဟာလည်း တုံ့ပြန်ရန် မနှေးကွေးဝံ့ဘဲ လင်ထျန်းခန်းမထဲသို့ ပြေးဝင်သွားကြသည်။
လုရွှမ်လည်း ထိုသူတို့နှစ်ဦးအား မယုံကြည်နိုင်မှန်းသိ၍ ခေါင်းသာ ယမ်းလိုက်သည်။ တစ်ယောက်ပဲ ခွဲထွက်သွားရင် သူ့ဘက်မှာလည်း ပိုလွယ်လိမ့်မယ်။ ထိုလူနှစ်ယောက်သည် လင်ထျန်းခန်းမထဲက အငယ်တန်းများ အကြောင်းကိုသာ တွေးတောနေတာ နှမြောစရာပင်။
ခေါင်းသုံးလုံးရှိတဲ့ ဘီလူးက မောက်မာစွာပြုံးပြီး လုရွှမ်အား ဆက်လက် တိုက်ခိုက်လေတော့သည်။ မုရုန်ချင်၏ မျက်လုံးများမှာ မီးလောင်နေသည့်နှယ် ပူလောင်လျက် ရှိကာ လူအုပ်ထဲမှ လှမ်းကြည့်နေသည်။
"ကျစ်... သူ့အစွမ်းအစနဲ့တောင် ဒီနတ်ဆိုးနဲ့ ပြိုင်ချင်သေးတယ်...."
မုရုန်ချင်မှာ မတန်တဆ ယှဥ်ပြိုင်ချင်နေတဲ့ လုရွှမ် ဒေါသတကြီးနဲ့ ပြောလိုက်သည်။ ဒီလူတွေကို မကူညီတဲ့အပြင် ငြိမ်တောင် ငြိမ်နေသေးသည်။ တချို့ကဆို သူ့ရဲ့ကံဆိုးခြင်းအတွက် ဝမ်းပန်းတသာ ဖြစ်နေကြ၏။
"ဟေး...အဲဒီ ထူးထူးခြားခြား အရည်အချင်းရှိတဲ့ လူက ဘယ်သူလဲ? ကောင်းကင်ဘုံသခင်က မျှော်စင်နယ်ပယ် အထွတ်အထိပ်ကို တကယ်ရင်ဆိုင်နိုင်တယ်ဟ.... ဒီလိုလူက သူ့ခန္ဓာကိုယ်ထဲမှာ ရတနာတွေ ဘယ်လောက်တောင် ရှိလိုက်မလဲ မသိဘူး"
"မှန်တယ်... ကျားနှစ်ကောင်ကို ယှဉ်ပြိုင်ခွင့်ပေးလိုက်ရင် ငါတို့လည်း အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ သေချာတယ်!"
"မဆိုးဘူး မဆိုးဘူး ဒါအမှန်ပဲ!"
မုရုန်ချင်သည် လူစုလူဝေးရှိ အဓိက တပ်ဖွဲ့ကိုးခုမှ လူများကို မြင်လိုက်ရ၏။ သူတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်ဟု ခံစားမိသည်။ သူမမျက်လုံးများသည် တဖြည်းဖြည်း ခရမ်းရောင်ပြောင်းလာပြီး လုရွှမ် ဦးခေါင်းပေါ်ရှိ အနက်ရောင်စွမ်းအင်များ ယခုအခိုက်အတန့်တွင် ပိုမိုအားကောင်းလာတာကို တွေ့လာရသည်။
ရုတ်တရက် စိတ်လှုပ်ရှားသွားကာ သူမ လူတိုင်းကို ကြည့်လိုက်သည်။ ထိုက်တန်သည်ဟု စိတ်ထဲမှာ အော်ဟစ်လိုက်ပြီး သူတို့နှင့် ခပ်ဝေးဝေးသို့ ဆုတ်ခွာရန် တိတ်တဆိတ် လူစုလူဝေးထဲမှ ရုန်းထွက်လိုက်သည်။
လုရွှမ်သည် ဦးခေါင်းသုံးလုံးရှိ ဘီလူးကြီးအား ခရမ်းရောင် မီးတောက်အလွှာဖြင့် ရင်ဆိုင်ခဲ့သည်။ ၎င်းက ဖီးနစ်နတ်မီးဖြစ်ကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ငြိမ်သက်စွာ ချထားသော ဝိညာဉ်ဒိုင်းအလွှာ တစ်ခုလည်း ရှိသည်။
မုရုန်ချင်က သူ့အား ယခုအချိန်တွင် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေကြောင်း ပြောကြားထားပြီးသား ဖြစ်သောကြောင့် ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း သဘာဝကျကျ ပြောကြားခဲ့သည်။
ခေါင်းသုံးလုံးရှိသော ဘီလူးသည် ရယ်မောလိုက်ပြီး နောက်အခိုက်အတန့်လေးတွင် လုရွှမ် နောက်ကွယ်မှ ၎င်း၏ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ အရှိန်က မြန်လွန်းတော့ ကြည့်နေသူများပါ ဆွံ့အသွားသည်။
မြန်ဆန်လွန်းသဖြင့် လုရွှမ်ပင် ဖမ်းမမိလိုက်။ ၎င်းကို ခဏမျှပင် မတွေးဘဲ နောက်အခိုက်တွင် သူ့ကျောတွင် ဒဏ်ရာတစ်ချက်ကို ပြင်းထန်စွာ ခံစားလိုက်ရပြီး ပါးစပ်မှ သွေးများ တဟုန်ထိုး ထွက်ကျလာသည်။
ဖီးနစ်နတ်မီး ပြန့်ကျဲသွားကာ နတ်ဝိညာဥ်ဒိုင်းလွှာလည်း ကွဲအက်သွား၏။ သူ့နောက်ကျောသည် သိသိသာသာ သုံးလက်မအနက်အထိ နစ်မြုပ်သွားခဲ့သည်။ တခြားသူသာဆိုရင် သေသွားမှာ သေချာပါ၏။
လုရွှမ်သည် ယိမ်းနွဲ့ကာ လျင်မြန်စွာ ပြေးသွားကာ နတ်ဝိညာဉ်ဒိုင်းကို တစ်ဖန်ပြန်ကိုင်ကာ လှည့်ကြည့်လိုက်သည်။ ခေါင်းသုံးလုံးရှိတဲ့ ဘီလူးကို စိုက်ကြည့်ရင်း သူ့မျက်နှာက ဖြူဖျော့သွားသည်။
ခေါင်းသုံးလုံးနှင့် မျက်လုံးခြောက်လုံးသည် ထိတ်လန့်နေပုံရသည်မှာ လုရွှမ် ရှောင်ပုန်းနိုင်မည်ဟု သူ မမျှော်လင့်ခဲ့တာကြောင့် ဖြစ်ပေမည်။
လုရွှမ် ဆေးလက်တစ်ဆုပ်စာ ပါးစပ်ထဲသို့ လျင်မြန်စွာ ထိုးသွင်းလိုက်ရာ စိမ်းပြာနဂါး၏ နှလုံးခုန်သံများ ထွက်လာပြီး သန့်စင်သော စွမ်းအားများလည်း ခုန်ထွက်လာကာ သူ၏ ခွန်အားကို ပြန်လည်ရရှိစေသည်။
ကံကောင်းထောက်မစွာနဲ့ မုရုန်ချင်က သူ့ကိုသတိပေးပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့၏။ မဟုတ်ရင်တော့ သူသေမှာ သေချာသည်။
"ကောင်လေး မင်းက ငါ့မျှော်လင့်ထားတာတွေထက် တကယ်ကို ကျော်လွန်သွားပြီပဲ... ဝူထန်းက ငါ့ကို ပြောထားပြီးသားပဲ ဒါပေမဲ့ မင်းက သူပြောခဲ့တာထက် ပိုခက်ခဲမယ်လို့ ငါ မမျှော်လင့်ထားဘူး"
လုရွှမ်၏ မျက်လုံးများ တောက်ပလာခဲ့လေသည်။ ဤသူသည် ဝူထန်းနှင့် အမှန်တကယ် ပတ်သက်နေ၏။
သူ့အသက်ရှူသံက လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့ပြီ။ လူတိုင်းသည် လုရွှမ်တစ်ယောက် အဂ္ဂိရတ်ဆေးတွေကို ပဲစေ့ဝါးသလို ပါးစပ်ထဲ အလကားလိုလို ထည့်နေတာကို တွေ့လိုက်ရတော့ အံကြိတ်လိုက်ကြသည်။
ဒီလူဟာ တကယ်တော့ အဂ္ဂိရတ်ပညာရှင် တစ်ယောက်လို့ သတင်းထွက်ခဲ့သော်လည်း သူလုပ်နေပုံက လူတွေကြားက ကွာဟမှုကို သက်သေပြနေသလို ဖြစ်နေတာကြောင့် တကယ့်ကို စိတ်ပျက်စရာ ကောင်းလေသည်။
"မင်း ဝူထန်းကို ထွက်လာဖို့ ပြောလိုက်.... သူ့နာမည်ကို မင်းပြောလိုက်ပြီ ဆိုကတည်းက သူဒီအနီးနားမှာ ပုန်းနေတယ်ဆိုတာ သိသာတယ်... အတူတူ ထွက်လာခဲ့"
"ဟားဟားဟားဟားဟား"
ရှည်လျားသော ရယ်မောသံနဲ့အတူ အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ထားသော ကျင့်ကြံသူတစ်ယောက် ထွက်လာသည်။
"ကောင်းပြီ ငါထွက်လာပြီ..."
ဝူထန်း သူ့ခန္ဓာကိုယ်ပေါ်က ချပ်ဝတ်တန်ဆာကို ဖွင့်လိုက်သည်နှင့် လူတစ်ယောက် မဟုတ်ဘဲ မီးတောက်တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရလေ၏။