← Chapters

ဒဏ္ဍာရီလာသားရဲများ၏ဖိအား

Vol. 93 Ch. 4.911

ဒဏ္ဍာရီလာသားရဲများ၏ဖိအား

Vol. 93 Ch. 4.911

လူအများက ကြောက်လန့်တကြား ဟောက်ကြကုန်သည်။

လူက ဘယ်မှာလဲ။

ဝူထန်းက ဘယ်သူလဲ။

မုရုန်ချင်ပင်လျှင် ဝူထန်းက ဘယ်သူလဲဟူသည့် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။ လုရွှမ်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတာတောင် သူဘယ်သူလဲဆိုတာတောင် မသိဘူးလား။ ဒါပေမဲ့ အကြောက်တရားကို ကြည့်ပြီး ခန့်မှန်းရလျှင် လျှော့တွက်လို့ မရတဲ့ လူတစ်ယောက်ဆိုတာ သိသာပါ၏။

ဒါမှမဟုတ် ဝူထန်းက ဒီသရဲလို့ ပြောနေတာလား။

"ဘာ ဝူထန်း!"

လူအုပ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အားလုံးက ထိုအသံရှင်ကို ဝိုင်းကြည့်နေကုန်သည်။ လူတိုင်းက အကြည့်ခံရတော့ သူ့မျက်နှာက အနည်းငယ် နီလာ၏။ သူ့အသံကြောင့် လူတိုင်းဆီက အာရုံစိုက်မှုကို ခံရတာ သိသာထင်ရှားပါ၏။

"နတ်သမီး မင်းကိုကြည့်ရတာ ဝူထန်းက ဘယ်သူလဲဆိုတာ သိနေသလိုပဲ..."

ယောက်ျားပျိုတစ်ယောက်သည် ထိုမိန်းကလေးရဲ့ ဘေးမှာ ရပ်နေခဲ့သည်။ အဲဒီအခိုက်အတန့်မှာတော့ အားလုံးရဲ့ အသွင်အပြင်ကို ကြည့်ပြီး သူလည်းပဲ စိတ်လှုပ်ရှား​နေ၏။ သူက လက်ကို အမြန်မြှောက်ကာ လူတိုင်းကို ဦးညွှတ်ကာ ပြုံးလိုက်သည်။

"အကြီးအကဲတို့ မင်္ဂလာပါ.... ကျွန်​တော်နဲ့ ဆရာတူညီမက ကြယ်သေးသေးလေးကနေ လာခဲ့တာပါ.... ကျွန်​တော့်နာမည်က ကျိုးဖျင်... ဒါက ဆရာတူညီမလေး ကျိုးချုံပါ"

"ဆရာတူညီမ ငယ်ငယ်လေးကတည်းက စာအုပ်တွေ အများကြီးဖတ်တယ်.... နက္ခတ္တဗေဒနဲ့ ပထဝီဝင်၊ အတ္ထုပ္ပတ္တိနဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို သိတယ် ဆရာတူညီမလေး မကြောက်နဲ့နော်...ဝူထန်းက ဘယ်​သူလဲ သိလား?"

လူတိုင်းက ရုတ်တရက်ပေါ်လာတဲ့ ကောင်မလေးနဲ့ ကောင်လေးကို ကြည့်ပြီး ဘယ်သူကမှ အထင်ကြီးလောက်စရာ မရှိပေမယ့် ဝူထန်းရဲ့ လက္ခဏာကို ထုတ်ဖော်နိုင်မလား သိချင်တဲ့အတွက် အားလုံးက ဝိုင်းကြည့်နေကြလေသည်။

"သခင်လေးလုရွှမ် ပြောတဲ့ နာမည်အတိုင်း ဆိုရင် မှတ်တမ်းတွေအရ ကောင်းကင်ဘုရင်နန်းတော် ပိုင်ရှင်ရဲ့ နာမည်က ဝူထန်းပဲ"

သူပြောပြီးသည်နှင့် တခဏအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား​တော့သည်။ ဝူထန်းသည် ဒဏ္ဍာရီဆန်ဆန် ကောင်းကင်ဘုရင်၏ နာမည် ဖြစ်​နေခဲ့သည်။

မှန်ပါသည်။ ချပ်ဝတ်တန်ဆာနှင့် ဖုံးအုပ်ထားသော သူ၏ရှေ့တွင်ရှိသော လူသည် အတိတ်က သူရဲကောင်းဆန်ဆန်နှင့် မယုံကြည်နိုင်သော ကောင်းကင်ဘုရင် ဖြစ်နိုင်ကြောင်း ဘယ်သူမဗ ယုံမည်မဟုတ်ပေ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဘာမှ မပြောလိုတော့ပါ။ ဒဏ္ဍာရီလာ ကောင်းကင်ဘုရင်သည် ၎င်း၏ ခွန်အားကို အားကိုး၍ ထန်းယွမ်မြို့ တစ်ခုလုံးကို လုံးလုံးလျားလျား အနိုင်ယူခဲ့ပြီး ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။

ထိုသို့သော လူကို ယခုသူရှိနေသည့် နေရာသို့ လှမ်းကြည့်လိုက်လျှင် သူတို့နှလုံးသားထဲက သူရဲကောင်းတစ်ဦး၏ ပုံသဏ္ဌာန်နှင့် အမှန်တကယ် ကွဲလွဲနေ၏။ ကောင်းကင်ဘုရင် ရှိခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ၏ ဘယ်သူက ဒီလောက်ကြာကြာ နေနိုင်မယ်ဆိုတာ ဘယ်သူမှ မသိပါ။

လုရွှမ်သည် လူတိုင်း၏ အံ့အားသင့်မှုကို လျစ်လျူရှုထားသည်။ သူ့မှာ ထိုလူများကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူတို့သည် ဆက်ဆံရန် အလွန်ခက်ခဲနေပြီဖြစ်သည်။ တစ်ချက်ကလေး သတိမထားမိပါက ဝိညာဉ် အနုတ်ခံရမယ့် ကံကြမ္မာကို လက်ခံလိုက်ရလိမ့်မည်။

"သူ့ခန္ဓာကိုယ်ကို မင်းပိုင်တယ်....သူ့ဝိညာဉ်က ငါ့ပိုင်တယ်!"

ဝူထန်းက အော်၏။

ခေါင်းသုံးလုံးရှိတဲ့ ဘီလူးက ပြုံးပြီး ပြန်အော်သည်။

"ကောင်းတယ်!"

သူ့ဦးခေါင်းသုံးလုံးက သူတို့ရဲ့ လျှာတွေကို တစ်ချိန်တည်းမှာ လျက်လိုက်ရာ တံတွေးတွေက နေရာအနှံ့ ယိုစီးကျလာရာ အလွန်ရွံရှာစရာ ကောင်းနေ၏။

မကောင်းဆိုးဝါး နှစ်ကောင်သည် ချက်ချင်း လှုပ်ရှားကာ လုရွှမ်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ပိတ်ဆို့ထားလိုက်သည်။

လုရွှမ်လည်း အသက်ပြင်းပြင်းရှူကာ ချင်ထျန်းဓားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားကာ သူ၏ ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်ကို သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်၍ လေထုထဲတွင် ပျံဝဲလိုက်သည်။

လူတိုင်းရဲ့ အမြင်မှာတော့ လုရွှမ်ရဲ့ခန္ဓာကိုယ် ပျံဝဲနေပုံက တကယ့်အစစ်အမှန် မဟုတ်သလိုပင်။

"ဒါက ဘယ်လိုမှော်စွမ်းအားမျိုးလဲဟ!"

ဘယ်သူမှ အဖြေမပေးနိုင်ပါဘူး။

ခရမ်းရောင် မီးတောက်အုပ်စုသည် လုရွှမ်ရဲ့ လက်မောင်းတစ်လျှောက် စီးဆင်းသွားကာ နတ်လက်နက်ထဲ စီးဝင်သွားလေသည်။ လုရွှမ်မှာ ချင်ထျန်းဓား၏ ရွှင်မြူးနေပုံကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

လုရွှမ်၏ မျက်လုံးများသည်လည်း ဖီးနစ်နတ်မီးတောက်များ ဖြာထွက်နေကာ မီးတောက်တွေ နတ်ဓားထဲသို့ ပေါင်းစပ်သွားစဥ် တန်ခိုးကြီးသော ဓား၏ အရိပ်အာဝါသက ဖြာထွက်သွားသည်။ ကမ္ဘာကို ကြည့်လိုက်ရင် ဖီးနစ်မီးတောက်ဆီ ငှက်ထောင်ပေါင်းများစွာ ပျံသန်းလာနေသလိုပင်။

လုရွှမ်သည် နတ်ဓား၏ကောင်းချီးကို ခံယူပြီးနောက် သူ၏ ယွမ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုအခိုက် သူ့နှလုံးသားနှင့် ဝိညာဉ်သည် ဖီးနစ် နတ်သားရဲ၏ ဂုဏ်ယူဝင့်ကြွားမှု အရိပ်အမြွက်များဖြင့် ပြည့်နှက်သွားသည်။

လေမပါဘဲ အလိုအလျောက် ရှည်လျားပျံ့လွင့်နေသော မီးတောက်များသည် လေထဲတွင် ပြင်းထန်သော အရိပ်အယောင်များနှင့်အတူ ကခုန်နေ၏။ လုရွှမ်၏ ဓားသည် သူ့လက်ထဲမှ လွင့်ထွက်ကာ ကောင်းကင်နှင့် မြေကြီးကို ၎င်း၏ရောင်ဝါများဖြင့် ပြည့်သွားစေသည်။

အဝေးမှရပ်လျက် လုရွှမ်တို့ သုံးယောက်၏ တိုက်ပွဲကို ကြည့်ရှုနေကြကုန်သော လူတို့တွင် တချို့က မျက်လုံးတွေ နီရဲနေကြကာ တချို့ကနော့ စိတ်ပျက်သွားသည်။ တချို့က မနာလိုခြင်းသို့ ရောက်သွားကာ တချို့ကလည်း တဖြည်းဖြည်း အသက်ရှုကြပ်လာကြသည်။

ဤကဲ့သို့သော မြင်ကွင်း၊ ဤကဲ့သို့သော နတ်ဘုရားကို မြင်ပြီးနောက် သူတို့ဘာသာသူတို့ ရှက်သွားကြသည်။ ပါးစပ်ဖြင့် ဝန်မခံဘဲနဲ့တောင် နှလုံးသားထဲက နာကြည်းမှုကို ခံစားရပါသည်။ အဲဒီလို ရောင်ဝါမျိုးကို ထုတ်ဖော်ပြသဖို့ သူတို့မှာ ယုံကြည်မှု လုံးဝ မရှိပေ။

ယခုပွဲတွင် သူတို့သည် ပါရမီရှင်များဖြစ်ကြောင်း ရုတ်တရက် သိလိုက်ကြသော်လည်း တကယ့် ပါရမီရှင် လုရွှမ်နဲ့ နှိုင်းယှဉ်ပါက သူတို့သည် သာမန်လူများနှင့် မခြားတော့ပေ။

အရည်အချင်းကို မပြောနဲ့ သတ္တိရှိရှိ မတ်တပ်ရပ်ဖို့ သတ္တိရှိလားလို့ မေးကြရင်တောင် ခေါင်းခါယမ်းမိလိမ့်မည်။ အရင်တုန်းကတောင် မတ်တပ်ရပ်ဖို့ သတ္တိမရှိကြရာ အခုတော့ နောက်ပြန် ဆုတ်သွားကြရသည်။

မတ်တပ် ထရပ်လိုက်သည်နှင့် သေခြင်းတရားထဲက ကျဉ်းမြောင်းသော လွတ်မြောက်ခြင်း၏ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သော်လည်း အောင်မြင်နိုင်ခြေ မရှိဟု မဆိုလိုချေ။ ယခုမူ ၎င်းတို့သည် နောက်ကျကျန်နေခဲ့ပြီ။ လက်ရှိအကျပ်အတည်းသည် လုရွှမ်အတွက် အကျပ်အတည်း တစ်ခုဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်း မရှိတဲ့ ၎င်းတို့အတွက်လည်း လုံးဝ အန္တရာယ်တစ်ခု ဖြစ်လာသည်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို ခံစားမိသော်လည်း သူ့နှလုံးသားသည် နတ်သားရဲ၏ စွမ်းအားအတွက် ဤမျှလောက် အစွမ်းထက်သော ဓားစွမ်းအင်ကို ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ့တွင် ဖီးနစ်သွေးလိုင်းရှိရုံ သာမက အသန်မာဆုံး စိမ်းပြာနဂါးရဲ့ သွေးလည်း ရှိသည်။ ရွှမ်ဝူရဲ့ ရောင်ဝါလည်း နတ်ဓား၏တန်ခိုးနှင့် ပေါင်းစပ်လိုက်လျှင် သူ့​ခွန်အားသည် အလွန်တိုးလာမည် မဟုတ်ပေလော။

လုရွှမ် ကိုယ်တိုင်ပါ ထိတ်လန့်သွား၏။ လူတိုင်း၏ မျက်လုံးများက ထိတ်လန့်နေပြီ ဖြစ်သော်လည်း သူက ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။

အဲဒါဘာလဲ၊ ဖီးနစ်ပဲ။

နတ်ဓားသည် မီးတောက်များဖြင့် တဖျပ်ဖျပ် တောက်​နေပြီး အလင်းက ကောင်းကင်က ဆင်းသက်လာသည့်အတိုင်းပင်။ လူတိုင်းက ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လုရွှမ်ဟာလည်း နတ်ဓားက ပြသလာတဲ့ မှော်အစွမ်းကြောင့် အလွန်အံ့အားသင့်သွားရသည်။

တစ်ခဏလောက်တော့ လူတိုင်းရဲ့ နှလုံးသားထဲကို တိတ်တဆိတ် တိုးဝင်လာတဲ့ အပြစ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ပြင်းထန်တဲ့ လောဘစိတ်အဖြစ် ပြောင်းလဲသွားသည်။

ဝူထနိူနှင့် ခေါင်းသုံးလုံးရှိသော ဘီလူးတို့အတွက် လုရွှမ်ဆီမှ ထွက်လာသော စွမ်းအားသည် သူတို့အား သေမင်း၏ အရိပ်ကို ခံစားရစေ၏။

"မဖြစ်နိုင်ဘူး!"

ဝူထန်းသည် နှိုက်နှိုက်ချွတ်ချွတ် စွန့်စားပြီးနောက်တွင် ရန်သူ၏ အတွင်းခန်းထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လုရွှမ် အနားတွင် ပုန်းအောင်းနေခဲ့သည်။ နောက်ဆုံးတွင် သူသည် နတ်မီးနယ်ပယ်များ အမြဲကြောက်ခဲ့သော ဖီးနစ်နတ်မီးကို စုပ်ယူနိုင်လောက်အောင် ကံကောင်းခဲ့သည်။

အခုချိန်ကစပြီး လုရွှမ်ဟာ သူ့သားကောင် ဖြစ်တော့မှာ မဟုတ်ဘူးလို့ ထင်လာမိပြီ။ အကြောင်းမှာ လုရွှမ်သည် နတ်သားရဲ၏ ဘုန်းအာနုဘော်ကို ပြသလာခဲ့ပြီ ဖြစ်လေသည်။ လုရွှမ်လို လူတစ်ယောက်က နတ်သားရဲရဲ့ ရောင်ဝါကို ဘယ်လိုလုပ်ပြီး ပြသနိုင်တာလဲ။

"ဒီဓားပဲ.... ဒီဓားပဲဖြစ်မယ်!"

ဝူထန်းက အော်လိုက်သည်။

ခေါင်းသုံးလုံး ဘီလူး၏ မျက်ခုံးများကြားတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာ၏။ ဝူထန်းက သူ့ကို မပျော်မရွှင် ဖြစ်စေခဲ့တာ ထင်ရှားသော်လည်း လုရွှမ်ရဲ့ အမူအရာက သူ့ကို ပြင်းထန်သော အကျပ်အတည်း ဖြစ်လာစေ​ပြန်သည်။

ယခု တိုက်ပွဲတွင် လုရွှမ်က သူ့ခွန်အားကို ပြသလာခဲ့ပြီ။ ဘယ်သူက အနိုင်ရမလဲတော့ မသိရသေးပေ။

All Chapters