← Chapters

ဓားတစ်သောင်းရိုက်ချက်ရဲ့ စွမ်းအား

Vol. 93 Ch. 4.912

ဓားတစ်သောင်းရိုက်ချက်ရဲ့ စွမ်းအား

Vol. 93 Ch. 4.912

"သတ်!"

လုရွှမ်သည် ချင်ထျန်းဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ထားပြီး စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို နှစ်ဖက်စလုံးသို့ ပျံသန်း​စေကာ ၎င်းတို့နှစ်ဦးကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။

ခေါင်းသုံးလုံးရှိတဲ့ ဘီလူးက သူ့ရဲ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်၏။ ၎င်းက လုရွှမ်ရဲ့ ဓားစွမ်းအင်ကို တိုက်ရိုက် ရင်ဆိုင်လိုက်တာက ဒိုင်းတစ်ခုပါလာတဲ့ ညာလက်ပါပဲ။ ဓားစွမ်းအင်က ဒိုင်းလွှားကို ထိသွားစဥ် အလင်းစီးကြောင်းတွေ တဖျပ်ဖျပ် ခတ်သွားပြီး စွမ်းအင်တွေ ပျောက်ကွယ်သွားသည်။

ဝူထန်းသည် လုရွှမ်ရဲ့ တိုက်ခိုက်မှုကို မကြောက်ပေ။ သူက ဓားစွမ်းအင်ကို သူ၏ချပ်ဝတ်တန်ဆာကို ဗုံးကြဲခွင့်ပေးကာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘဲ တုန်ခါနေသည့် အသံကိုသာ ထွက်ပေါ်လာ​စေခဲ့သည်။

ထို့နောက် အရှိန်မလျှော့ဘဲ လုရွှမ်ဆီသို့ ဆက်လက် ပြေးသွားကာ သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်ထွက်လာပြီး လုရွှမ်ဆီသို့ အစွမ်းကုန် ထိုးချလိုက်သည်။

တစ်ဖက်တွင်တော့ ခေါင်းသုံးလုံးရှိသော ဘီလူးသည် ၎င်း၏လက်ထဲတွင် ဓားခြောက်ချောင်း ပေါ်လာ၏။ ခေါင်းသုံးလုံးက ဟောက်ကာ လက်ခြောက်ချောင်းက လုရွှမ်ဆီသို့ ဝှေ့ယမ်းလာနေသည်။

လက်ခြောက်ချောင်းထဲက ဓားရှည်များသည် ရတနာများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကာ အနိမ့်ဆုံးမှာ ဧကရာဇ်လက်နက် ဖြစ်ကြောင်း ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများတိုင်း ကြည့်ပြီး မနာလို ဖြစ်​သွားစေသည်။

ဤလူနှစ်ယောက်နှင့် တစ်ပြိုင်နက်တည်း ရန်သူဖြစ်ရန် လုရွှမ်မှာ ယုံကြည်မှု မရှိသေးချေ။

နတ်သားရဲ၏ ဖိအားကို နတ်ဓားထဲကို ထည့်သွင်းထားတာ မဟုတ်ခဲ့ပါက သူတို့အထဲက လူတစ်ဦးတည်းကိုပင် အနိုင်ယူနိုင်မည် မဟုတ်ပါ။ သူ့စိတ်က အတွေးနှစ်ခုကြား ကွဲသွားသဖြင့် ဝူထန်းကို အမြဲတမ်း အာရုံစိုက်နေလို့ ဝူထန်းရဲ့ တိုက်ခိုက်မှုန်ကို တားဆီးရန်အတွက် ဝိညာဉ်ဒိုင်းကို အသုံးပြုရန် အသင့်ဖြစ်နေသည်။

ခေါင်းသုံးလုံးရှိတဲ့ ဘီလူးရဲ့ ရောင်ဝါက ပိုအားကောင်းထောက်ရင် ရတနာတွေ အများကြီးရှိပုံရ၏။ သို့သော်လည်း လုရွှမ်သည် ဝူထန်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။ အထူးသဖြင့် ဝူထန်း၏ ကြောက်လန့်မှုကို ကောင်းစွာသိရှိထားကာ သူသည် ကောင်းကင်ဘုရင်၏ ဒုတိယဝိညာဉ်ဖြစ်သောကြောင့် သူသည် မသေနိုင်ဘဲ မွေးဖွားလာသည်ဟု ဆိုနိုင်သည်။

သူနဲ့ အသေအလဲ တိုက်ရတာက အချိန်ဖြုန်းတာပဲ ဆိုတာ သိသာပါသည်။

လုရွှမ် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ကိုးကြိမ်ဆက်တိုက် လှုပ်ရှားသွားသော်လည်း သူ့စိတ်ထဲ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ သေချာသည်မှာ နဂါးလှောင်အိမ်ရဲ့ ထွက်သက်ကို ဖျတ်ခနဲ ခံစားလိုက်ရရုံသာ ရှိပြီး နဂါးလှောင်အိမ်က ထွက်ပေါ်မလာချေ။

၎င်းကို ကောင်းကင်ဘုရင်နန်းတော်က ဖိနှိပ်ထားလို့လား ခေါင်းသုံးလုံးရှိသော ဘီလူးကို ချုပ်နှောင်ထားရန် စွမ်းအား လုံးဝ မရှိသောကြောင့်လား မပြောတတ်ပေ။

ယခု လုရွှမ်၏ စွမ်းရည်သုံးမျိုး အသက်ဓားသုံးချောင်းတို့သည် သူနားလည်သဘော ပေါက်ထားသည့် ဓားငါးချောင်းကို လုံးလုံး ကျွမ်းကျင်သော်လည်း ယခုအချိန်တွင် အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။ ၎င်းသည် အလွန်အစွမ်းထက်သော်လည်း တစ်ဆယ့်ရှစ်ခုမြောက်ဓားကို ထိန်းချုပ်နိုင်လျှင် ဤဦးခေါင်းသုံးလုံးကောင်ကို သတ်ရန် ခက်ခဲမည် မဟုတ်ကြောင်း ယုံကြည်ခဲ့သော်လည်း ယခုအခါတွင် သူ၏ဓားကျွမ်းကျင်မှုမှာ မပြည့်စုံတော့ပေ။

ဆယ့်လေးခုမြောက် ဓားကို သုံး​ပြီးတဲ့အခါ ယွမ်ယန်ဓားကိုးစင်းလောက် မချောမွေ့ဘူးလို့ ခံစားလာရလေသည်။

"စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား?"

ခေါင်းသုံးလုံးရှိတဲ့ ဘီလူးကြီးက အံ့အားသင့်စွာ အော်လိုက်ပြီး နောက်ပြန် ဆုတ်သွား၏။ ထို့နောက် ၎င်းက သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

"မင်းအားလုံးကို မသင်ယူခဲ့​သေးဘူးပဲ... ဟာဟား ငါပန်ကျော့မှာ​တော့ သေလောက်အောင် ကြောက်လိုက်ရတာ"

ဦးခေါင်းသုံးလုံးရှိတဲ့ ဘီလူးက သူ့နာမည်ကို ပထမဆုံးအကြိမ် အော်ဟစ်လိုက်ပါသည်။ ထိုအခါ ဝူထန်းက တစ်ဖက်က အော်ဟစ်လာကြသည်။

"ငါ မင်းကို ဟိုးအရင်ကတည်းက ပြောခဲ့သားပဲ.... သူ့ကို လျှော့မတွက်နဲ့ ဒီကလေးက အရမ်းဆိုးတယ်!"

လုရွှမ်သည် အနောက်မှ တိုက်ခိုက်နေသော ဝူထန်းကို တားဆီးရန် နတ်ဝိညာဥ်ဒိုင်းလွှာကို ပေါ့ပေါ့တန်တန် အသုံးပြုလိုက်သည်။ ဝူထန်းသည် သူအလိုရှိသလို ​တိုက်ခိုက်နိုင်​သော်လည်း လုရွှမ်ရဲ့ အကာအကွယ်ကိုတော့ မဖြတ်နိုင်ခဲ့ပေ။

နတ်ဓား၏ ကောင်းချီးများဖြင့် နတ်ဝိညာဉ်ဒိုင်းလွှားထဲသို့ သွန်းလောင်းထားသော ရွှမ်ဝူသားရဲ၏ အငွေ့အသက်က ပိုမိုအားကောင်းလာသည်။ ထိုအခိုက်အတန့်တွင် သူ၏ နတ်ဝိညာဉ်ဒိုင်းလွှာသည် အဝါရောင်တောက်တောက် ဖြစ်နေပြီး အပြာရောင် အစအန လုံးဝ မရှိပေ။

၎င်းသည် အလွန်အမင်း ကျေးတောဆန်ပုံရသော်ငြား စွမ်းအားက အလွန်အစွမ်းထက်သည်။ လုရွှမ်သည် ဝူထန်း၏ တိုက်ခိုက်မှုကို တွန်းလှန်လိုက်တိုင်း ပထမဆုံး အနေဖြင့် ချင်ထျန်းဓားကို သိမ်းဆည်းထားနိုင်ခဲ့သည်။

ဤနတ်ဓားသည် သူ့အသက်ကို ကယ်တင်ခဲ့သည်ဟု ဆိုနိုင်သည်။ သူ့နယ်ပယ်ကြောင့် ချင်ထျန်းဓား အဆင့်ကို ပြောပြရန် မဖြစ်နိုင်သော်လည်း သူ့စိတ်ထဲက ခန့်မှန်းချက် တစ်ခုအရ ဓားအဆင့်သည် သူ့မှန်းဆထားသည်ထက်ပင် ပိုကောင်းပေသည်။ အနည်းဆုံးတော့ ၎င်းသည် နတ်လက်နက်၏ အဆင့်၆ သို့မဟုတ် အထက်တွင်ရှိသော ရတနာတစ်ခု ဖြစ်သည်။

"ငလူးတဲ့မှ.... မင်းရဲ့ဒိုင်းက ဘာကြီးလဲ?... ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လို တားဆီးနိုင်တာလဲ"

ဝူထန်း ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ လုရွှမ် ခေါင်းသုံးလုံးရှိ ဘီလူး၏ဓားကို ရှောင်ရန် သူ့လက်တစ်ဖက်ကို သုံးရင်း ပြုံးကာပြောလိုက်သည်။

"သေချာပေါက် နတ်ဝိညာဥ်ဒိုင်းလွှာပဲလေ... သူ့ထဲမှာ တစ်ခုခု ထပ်ထည့်ထားရုံပဲ"

"ဟမ့် ကလေး.... သိပ်မာနမကြီးနဲ့ မင်းရဲ့ ဖီးနစ်သွေးတွေ ဘယ်လောက်ရှိလဲ မင်းဘယ်လောက် ကြာကြာခံနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ခေါင်းသုံးလုံးရှိသော ဘီလူးသည် ဒေါသတကြီး ကိုက်စားနေသည်မှာ ထင်ရှားသော်လည်း လုရွှမ်က နတ်ဓားကို လှမ်းယူလိုက်ပြီးနောက် သူ ဘယ်လောက် စိတ်ပျက်သွားသလဲ မဖော်ပြထားပေ။

အခင်းအကျင်း ဖွဲ့စည်းမှုထဲတွင် ပိတ်မိနေချိန်၌ ချင်ထျန်းဓားက ဘယ်လောက် အစွမ်းထက်သလဲ သူကောင်းကောင်းသိသည်။ အခု လက်တစ်ဖက်တည်းသာ ကျန်တော့သဖြင့် နီးကပ်တိုက်ခိုက်ရန် မဝံ့ရဲပေ။ မထင်မှတ်ပဲ ဒီဓားဟာ သူ့ကို အခင်းအကျင်းထဲ ဖိနှိပ်ထားခဲ့ပြီး အခုအပြင်ရောက်တော့လည်း သူ့ကို ဖိနှိပ်ထားနိုင်ဆဲ ဖြစ်နေသည်။

ဒါကိုတွေးကြည့်တော့ ခေါင်းသုံးလုံးရှိတဲ့ ဘီလူးက ကောင်းကင်ဘုရင်ကို ပိုလို့တောင် လေးလေးနက်နက် မုန်းတီးလာခဲ့လေသည်။ သူ ကောင်းကင်ဘုရင်က ဘယ်သူလဲဆိုတာ ကောင်းကောင်းသိသည်။ ဒီလုရွှမ်က သေချာပေါက် အဲဒီလူနဲ့ မျိုးဆက်တစ်ခုတည်း ဖြစ်နေနိုင်သည်။

သူသည် ဝမ့်ကမ္ဘာထဲက လူတစ်ဦးဖြစ်သည့် ကောင်းကင်ဘုရင်ကို အထင်သေးစွာ ကြည့်မိသော်လည်း လက်တစ်ဖက်တည်းသာ ကျန်ရှိတော့တဲ့အထိ ခေါင်းဖြတ်ခံရသည်။ ယခု သူစဉ်းစား လိုက်သောအခါတွင် ကောင်းကင်ဘုရင်သည် ဤချင်ထျန်းဓားကို ဖွဲ့စည်းတည်ဆောက်ရာတွင် နက်နဲသော အဓိပ္ပာယ်တစ်မျိုး ထည့်သွင်းထားပြီး ဓားကသူ့ကို နှိမ်နှင်းနိုင်တဲ့ စွမ်းအား ရှိနေ၏။

သူက ဝူထန်းကို ခါးခါးသီးသီး စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူက အညစ်အကြေး တစ်ခုပါပဲ။ သူက ဝိညာဉ်အကာတစ်ခုပဲ မဟုတ်လား။ ဒီတိုက်ခိုက်မှုကိုတောင် မချိုးဖျက်နိုင်ဘူး။ ကောင်းကင် ဘုရင်ကြီးဟာ နှစ်ပေါင်းများစွာ ဒဏ်ရာ အပြင်းအထန်ရခဲ့တာ အံ့သြစရာ မဟုတ်ပေမယ့် သူကတော့ စိတ်ဆင်းရဲစွာနဲ့ အသက်ရှင်ခဲ့ရသည်။

အကယ်၍ သူသာဖြစ်လျှင် သူသည် ဟိုးရှေးရှေးတုန်းကတည်းက ကောင်းကင်ဘုရင်၏ ပင်မဝိညာဉ်ကို ဖျက်ဆီးခဲ့ပေလိမ့်မည်။

"ငါ့မှာ ဖီးနစ်သွေး ဘယ်လောက်ရှိတယ်ဆိုတာ မင်းသိဖို့ မလိုဘူး"

လုရွှမ် သူ့ခန္ဓာကိုယ်ထဲက ဖီးနစ်မီးလျှံများ ဖြာထွက်လာသည်။ အထူးသဖြင့် သူ့အနောက်မှာ တကယ့် ဖီးနစ်ရဲ့ အနှစ်သာရနဲ့ သွေးစွမ်းအင်တွေ ထွက်ပေါ်လာ၏။

စိမ်းပြာနဂါး သွေးကဲ့သို့ သွေးများစွာ မပါရှိသော်လည်း အလွန်များပြီး ပိုလည်း ဖြူစင်ပါသည်။ လင်ထျန်းခန်းမမှာ ဘာမှမဖြစ်သရွေ့ ဟုန်ရှန်ယင်းနဲ့ သူ့အဖွဲ့ ထွက်လာတဲ့အထိ သူက အချိန်ဆွဲထားရမည်။

ဖီးနစ်သွေးကြောင့် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ကုန်ခမ်းသွားရင် ဖီးနစ်သွေးထက် ပိုသန့်စင်တဲ့ စိမ်းပြာနဂါးရဲ့ သွေးလိုင်းတွေ သူ့မှာ ရှိသေးသည်။ ယခုအချိန်မှာတော့ ဘယ်သူ့တိုက်ခိုက်မှုကို ကာကွယ်ပြီး ဘယ်သူ့တိုက်ခိုက်မှုကို ခုခံရမလဲ အမှန်ပင် မပြောနိုင်ပေ။

"ယွမ်ယန်ဓားကိုးစင်း ဒုတိယဓား- ဓားတစ်သောင်းရိုက်ချက်!"

လုရွှမ်သည် ခန္ဓာကိုယ်ပေါ်ရှိ ဓား​ရောင်ဝါကို တွန်းထုတ်လိုက်ပြီး ခေါင်းပေါ်တွင် ဝဲပျံနေသော နတ်ဓားထဲသို့ ပေါင်းစပ်လိုက်သည်။ ဓားရဲ့ ရည်ရွယ်ချက်က ကောင်းကင်ကို ထိုးတက်သွားကာ တိမ်တိုက်တွေကို ရိုက်ခတ်သွား၏။

မိုးခြိမ်းသံက ခဏလေးအတွင်း ကောင်းကင်မှာ လူးလိမ့်လာသည်။ ကြီးမားသော မိုးကြိုးတိမ်တိုက်သည် သူ့ထံ​သို့ လွင့်ပျံလာရာ လုရွှမ်ရဲ့ ဓားရည်ရွယ်ချက်နဲ့ ရောင်ဝါက အလွန်ကြောက်စရာကောင်းလာသည်။

"ထလော့!"

ဒီလူတွေက အခွင့်ကောင်းယူပြီး အောင်ပွဲရဲ့ အသီးအပွင့်တွေကို ဆုပ်ကိုင်ဖို့ အခွင့်အလမ်းကို စောင့်မျှော်နေကြတာကို သူမတွေးမိဘဲ နေပါ့မလား။

လုရွှမ်သည် ဓားတစ်သောင်းရိုက်ချက်ကို အချိန်အကြာကြီး မသုံးတော့ပေ။ ဓားသည် အလွန်အစွမ်းထက်သော်လည်း ၎င်း၏ တကယ့်စွမ်းအားမှာ နောက်လာမယ့် ဓားများထက် များစွာနိမ့်​လေသည်။ ဤလှုပ်ရှားမှု၏ စွမ်းအားသည် နောက်ဆက်တွဲ ဓားသွားကဲ့သို့ အစွမ်းထက်မည် မဟုတ်ပေ။

သို့သော် အခု လုပ်သင့်တာကို လုပ်ရတော့မည်။

All Chapters