ကောင်းကင်မျိုတဲ့သားရဲ
Vol. 93 Ch. 4.913
လုရွှမ်၏ ဟောက်သံနောက်တွင် လူတိုင်းမှာ မအော်နိုင်ဘဲ မနေနိုင်တော့ချေ။ အကြောင်းမှာ သူတို့၏လက်နက်များ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာကို မထင်မှတ်ဘဲ တွေ့လိုက်ရသောကြောင့်ပင်။
လက်နက်အားလုံးသည် လုရွှမ်၏ ဓားရည်ရွယ်ချက်ဖြင့် ရောနှောကာ လုရွှမ် ခေါင်းပေါ်သို့ ပျံသန်းပြေးထွက်သွားကြသည်။
လေထုအလယ်မှာတော့ အဖြူရောင် အလင်းတန်းနဲ့အတူ နတ်မိုးခြိမ်းသံက ဆင်းသက်လာပြီး ရိုက်ခတ်သွား၏။ လက်နက်အားလုံးသည် ကြီးမားသော ဓားကြီးအဖြစ်သို့ ပြောင်းလဲသွားတော့မလို အဖြူရောင် အလင်းထဲတွင် လျင်မြန်စွာ စုရုံးလာကြသည်။
ဓားဝိညာဉ်များသည် သုတ်သင်ပယ်ရှင်း ခံလိုက်ရကာ ကမ္ဘာပေါ်တွင် တောက်ပသော မိုးခြိမ်းသံ ဓားတစ်လက်သာ ကျန်ရှိတော့သလို ပေါင်းစည်းသွားသည်။
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
လုရွှမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အသံက မရေမတွက်နိုင်သော အရပ်မျက်နှာများမှ ဟိန်းဟောက်နေသကဲ့သို့ လွတ်နေသော ကောင်းကင်အထက်တွင် ပြင်းထန်သောပဲ့တင်သံကို ပျံ့နှံ့သွားစေ၏။
မိုးကြိုးဓားသည် ခေါင်းသုံးလုံးရှိ ဘီလူးကို တိုက်ရိုက်ပဲ ခုတ်ထစ်သွားသည်။ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့ဟာ ခေါင်းသုံးလုံးရှိ နဂါးကြီးကို လွှမ်းခြုံထားပြီး ကောင်းကင်၏ တန်ခိုးကဲ့သို့ အစွမ်းထက်လှပေသည်။ ၎င်းက လူသားများကို မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားစေသည်။
ခေါင်းသုံးလုံးရှိ ဘီလူးသည်လည်း ဟိန်းဟောက်လာ၏။ ၎င်းခန္ဓာကိုယ်ပေါ်ရှိ ခေါင်းသုံးလုံးသည် တစ်ပြိုင်တည်း မော့၍ စွမ်းအင်များကို ပြေးထွက်သွားစေသည်။ သူလုပ်သွားတဲ့ အလှည့်အပြောင်းက အရမ်းမြန်တဲ့အတွက် အရောင်သုံးရောင်သာ တွေ့လိုက်ရသည်။ ထို့နောက် ခေါင်းသုံးလုံးရှိတဲ့ ဘီလူးရဲ့ လက်ဖဝါးတွေဖြစ်တဲ့ အရောင်ငါးမျိုးကလည်း လေထုအလယ်မှာ လှည့်ပတ်နေ၏။
လုရွှမ်သည်လည်း ဤဘီလူးကောင်က အခင်းအကျင်းတွေကို တကယ် သိကျွမ်းကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်၏။ ၎င်းက စွမ်းရည်သုံးမျိုး အခင်းအကျင်း ဖွဲ့စည်းမှုကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ဒြပ်စင်ငါးပါးကို အသုံးပြုထားသည်။ ကျွမ်းကျင်သူ တစ်ဦးသာဆိုလျှင် အခင်းအကျင်းကို လုပ်ဆောင်ပြီးတာနဲ့ သိလိမ့်မည်။
လုရွှမ်သည် ထိုသို့သော အဖြေကို မြန်မြန် ရလိုက်တဲ့အတွက် ရှက်သွားမိသည်။ အလင်းတန်းငါးခု လင်းလက်လာစဥ် လုရွှမ်ဆီက ဓားစွမ်းအင်ဟာလည်း အောက်ဘက်ရှိ ခေါင်းသုံးလုံးကောင်ကို ထိမှန်သွားသည်။
လက်နက်ကြီးနဲ့ ထိမိသွားတဲ့ အသံတွေက ဆက်တိုက် ထွက်ပေါ်လာသည်။ ကြီးမားလှသော မိုးကြိုးဓားကြီးသည် ပြင်းထန်စွာ ထိုးနှက်ချက်ပြီးနောက် ၎င်းသည် လွတ်လပ်သော လက်နက်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ ခေါင်းသုံးလုံး ဘီလူးကို ဆက်လက် ဗုံးကြဲ တိုက်ခိုက်ပြန်သည်။
ခေါင်းသုံးလုံးရှိတဲ့ ဘီလူးက တကယ့်ကို သန်မာပြီး ခုခံနိုင်၏။ လက်ခြောက်ဖက်ရှိ လက်နက်များသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး ထိုလက်နက်များကို ခုခံနိုင်စွမ်း ရှိပေသည်။
"ငါ့ဓား!"
"ငါ့ဓား!"
ကျင့်ကြံသူတစ်ဖွဲ့သည် သူတို့ဓားများ ကျိုးပဲ့သွားမှာကို စိုးရိမ်စိတ်ဖြင့် ဝိုင်းကာ အော်ဟစ်နေကြသည်။ သို့သော် မိုးခြိမ်းသံကြောင့် အရှိန်မထိန်းနိုင်တဲ့ လက်နက်ရဲ့ အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်ရန် သူတို့ခမျာ မစွမ်းသာချေ။ လက်နက်သည် ထူးဆန်းသော ခေါင်းသုံးလုံးကောင်၏ လက်ထဲတွင် တော်ဝင်လက်နက်များပင် အပိုင်းပိုင်း ကွဲသွားကာ လေထဲ လွင့်မျောသွားကြသည်။
တခြားတစ်ဖက်တွင် တချို့သော လက်နက်များက အလွန်မာကျောသော်လည်း ၎င်းတို့ဟာ နှစ်ပိုင်း သို့မဟုတ် သုံးပိုင်းကွဲသွားကာ လုံးဝ အသုံးမဝင်တော့ပေ။ အတွင်းမှာရှိတဲ့ လက်နက်အချို့ မပျက်စီးခဲ့ရင်တောင် ဖျက်ဆီးခံလိုက်ရလို့ အစွမ်းသတ္တိ နည်းသွားလောက်ပြီ။
လုရွှမ်သည် ဝူထန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေပြီ။ နောက်ဆုံးတွင် နတ်ဝိညာဥ်ဒိုင်းလွှာ၏ စွမ်းအားအများစုဟာ ဓားတစ်သောင်းရိုက်ချက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ခေသည်။
ခေါင်းသုံးလုံး ဘီလူးကို ဓားတစ်ချောင်းတည်းနဲ့ သတ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ်ဆိုရင် နောက်ကနေ ဓားတစ်ချောင်းနဲ့ အထိုးခံလိုက်ရရင်တောင် တန်ပါသည်။
ပထမဆုံး ပါးစပ်ထဲက သွေးတွေ ထွက်လာရင်း လုရွှမ် ရှောင်ထွက်သွားသည်။ ဝူထန်းလည်း ဝမ်းသာအားရနဲ့ အမြန် တိုက်ခိုက်လိုက်သည်။
ယခုအချိန်မှာ ဝူထန်းဘက်ကို ပြန်လည်လှည့်ပတ် တိုက်ခိုက်လိုက်ပါက သူက ငတုံး ဖြစ်သွားလိမ့်မည်။ လုရွှမ် ခြေဖဝါးအောက်မှာ လေပြင်းနိယာမတွေ တဖျပ်ဖျပ်ခတ်ပြီး ဖီးနစ်အတောင်ပံနှစ်ချောင်းက သူ့နောက်မှာ ပေါ်လာ၏။ အလွန်အမင်း အရှိန်ပြင်းပြင်းနဲ့ ပျံသန်းလိုက်ရင် ဝူထန်းရဲ့ သေးငယ်တဲ့ လိုက်ရှာမှုကို ရှောင်ဖို့ လုံလောက်ပါသည်။
ဓားတစ်သောင်းရိုက်ချက် လှုပ်ရှားမှုသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုလက်နက်များသည် လုရွှမ်၏ အလိုဆန္ဒအတိုင်း ပေါင်းစည်းထားသောကြောင့် တိုက်ခိုက်မှုများက ရပ်တန့်သွားမည် မဟုတ်ပေ။
နောက်ဆုံးတော့ လက်နက်တွေဟာ အဲဒီလူတွေရဲ့လက်နက်တွေ ဖြစ်တာကြောင့် သူတို့အတွက်တော့ လုံးဝ စိတ်မကောင်းပါဘူး။
"ငါ့ဓားဟာ ငါ့အတွက် စွမ်းအင်သလင်းကျောက်တွေ ရာနဲ့ချီတန်တယ်!"
"ငါ့ရဲ့ဓားက စွမ်းအင်သလင်ကျောက်ပေါင်း တစ်သန်းကွ!"
"လုရွှမ် မင်း သေရမယ်"
သူ့ကို လုပ်ကြံချင်ရင် သူတို့မှာ အစွမ်းအစရှိဖို့ လိုပါသေးသည်။ တကယ်ပဲ သေဖို့ တောင်းဆိုလာမယ် ဆိုရင်တော့ သူ့ဘက်ကလည်း ဖြည့်ဆည်းပေးလိုက်မှာပင်။
လုရွှမ်၏ ဓားရည်ရွယ်ချက်များ တစ်ဖန် အသက်ဝင်လာပြီး ကျန်လက်နက်များကို နှိုးဆော်လိုက်သည်။ စွမ်းအားများစွာ မကျန်တော့ပေမယ့် အံ့အားသင့်စရာကောင်းစွာ ခေါင်းသုံးလုံးနတ်ဆိုကောင်ကို ခုတ်ထစ်ပစ်လိုက်သည်။
ဝုန်း!
ဖြောင်း!
နှင်းတွေကျလာသလိုပဲ လက်နက် အပိုင်းအစတွေ ကြွေကျသွားပြီး နောက်ဆုံးမှာ ခေါင်းသုံးလုံးဘီလူးသည် လုရွှမ်လက်ချက်ကြောင့် ခေါင်းတစ်လုံးစီဟာ သွေးတစ်လုတ်စီ အန်ထုတ်လိုက်လေ၏။ နောက်ဆုံးတွင်မှသာ သူ၏ ထူးထူးခြားခြား လေ့ကျင့်မှုနှင့် မှော်လက်နက်များစွာဖြင့် ပြင်းပြင်းထန်ထန် တားဆီးနိုင်ခဲ့သည်။
ခေါင်းသုံးလုံး ဘီလူး၏ ခေါင်းသုံးလုံးသည် သွေး ၃ ကြိမ် ဆက်တိုက် အန်ထွက်ကာ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
"ကောင်လေး... မင်းအရမ်းတော်တယ် မင်းရဲ့အစွမ်းအစကို မင်းငါ့ကို ကြည့်ခွင့်ပေးနိုင်ခဲ့သားပဲ!"
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ခေါင်းသုံးလုံးရှိ ဘီလူးကြီးသည် နေရာအနှံ့ သွေးများ ပျံ့ကျဲသွားတဲ့အထိ ပေါက်ကွဲသွားတော့သည်။ နောက်ဆုံး ဘီလူးတစ်ကောင်သည် သူ့ပါးစပ်ကြီးဖြင့် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် တဖျပ်ဖျပ်ခတ်ကာ လက်ဖဝါးအဖြစ် ပြောင်းလဲသွားပြန်သည်။
"ကောင်းကင်မျိုတဲ့သားရဲ!"
တစ်ချိန်က ဝူထန်း၏ ဝိသေသလက္ခဏာနှင့် ဇစ်မြစ်ကို ခေါ်ဆိုခဲ့သော ကျင့်ကြံသူ မိန်းကလေးသည် ဤအခိုက်အတန့်တွင် ထပ်မံအော်ဟစ်ပြီး ယခုဘီလူး၏ အမည်ကို ခေါ်ဆိုခဲ့သည်။
ကောင်းကင်မျိုချသားရဲလား။ ဒဏ္ဍာရီတွေမှာသာ တည်ရှိနေတဲ့ သတ္တဝါ တော်တော်များများဟာ ဒီကမ္ဘာမှာ မျိုးသုဉ်းသွားခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ မသိပေမယ့် ပြန်ပေါ်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ချေ။
ရုတ်တရက် ကောင်းကင်ကြီးက မည်းမှောင်သွားသည်။ အခုလေးတင် နေ့ခင်းဘက်လို ဖြစ်နေတုန်းပေမယ့် ရုတ်တရက် အုံ့မှိုင်းလာပြီး ပတ်ဝန်းကျင်က တိမ်ဖြူတွေ ပျောက်သွားကာ မိုးကြိုးတိမ်တိုက်တွေလည်း ပျောက်သွား၏။
လုရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အစောတုန်းက အော်ဟစ်ခဲ့တဲ့ မိန်းကလေးက ထပ်၍ ဆိုလာပြန်၏။
“ကောင်းကင်မျိုချသားရဲက တကယ်ပဲ ကောင်းကင်ကြီးကို မျိုတော့မယ်!!”
အားလုံးက ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးလာကြတော့သည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးသေးပါ။ သူတို့သည် နတ်မီးနယ်ပယ်က ကျင့်ကြံသူများသာ ဖြစ်ပေသည်။ ထို့ကြောင့် ကောင်းကင်မျိုတဲ့သားရဲ၏ ရန်ဘက်များ မဖြစ်လာနိုင်ပေ။
အရင်က သောင်းကျန်းခဲ့တဲ့ ကောင်းကင်မျိုတဲ့သားရဲကပေးတဲ့ ကြောက်လန့်မှုကို တွေးကြည့်ရင် ဒါက အရမ်း အစွမ်းထက်မယ်ဆိုတာ ကျိန်သေးသည်။
လုရွှမ် ငြိမ်သက်နေသည်။ သူက ဝူထန်းအား တိုက်ခိုက်ရန် အခွင့်အရေးကို အခွင့်ကောင်းယူနေဆဲ ဖြစ်ပြီး ကောင်းကင်မျိုတဲ့သားရဲ လုပ်နေတာကို ဂရုမစိုက်တော့ပေ။ ထိုသားရဲက ကောင်းကင်ကို မျိုချလိုက်မယ် ဆိုတဲ့ ဘွဲ့က ချဲ့ကားခြင်းသာ ဖြစ်လိမ့်မည်။
ထို့အပြင် သူ့အကြွင်းအကျန်သည် လက်ဖဝါးပင် ဖြစ်၏။ ခန္ဓာကိုယ်သည် ရှေးရှေးကတည်းက ကွဲသွားခဲ့ပြီဖြစ်ကာ ဝိညာဉ်အပိုင်းအစ အချို့သာ ကျန်တော့သည်။ အထွတ်အထိပ်ကာလ၌ပင် ကောင်းကင်ကို မျိုချနိုင်သော စွမ်းရည်ရှိသူ သားရဲရ တစ်သောင်းမှာ တစ်ယောက်သာ ရှိနိုင်သည်။
သူ့ပတ်ဝန်းကျင်က အပြောင်းအလဲတွေကို လျစ်လျူရှုထားတဲ့ လုရွှမ်သည် သူ့ရဲ့ အသက်စွမ်းအင်တွေကို ပြန်လည်ရရှိဖို့အတွက် ကုသဆေးတချို့နဲ့ တခြားဆေးတွေကို မျိုချလိုက်သည်။ စိမ်းပြာနဂါး နှလုံးခုန်သံနှင့် ရက်စက်ကြမ်းကြုတ်သော နဂါးစွမ်းအားလှိုင်းများ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ လျင်မြန်စွာ ခွန်အားပြန်လည် ရရှိလာသည်။
ဖီးနစ်၏ အငွေ့အသက်သည် နတ်ဓားထဲ၌ ပျောက်ကွယ်သွားပြီ ဖြစ်ကာ ဖီးနစ်သွေး ဘယ်လောက် လောင်ကျွမ်းသွားလဲ မသိချေ။ လင်ထျန်းခန်းမဘက် ငုံ့ကြည့်လိုက်တော့ ဘယ်သူမှ မထွက်လာသေးပေ။
"ကောင်လေး... မင်းက သူတို့ကို စိတ်ပူနေသေးတယ်ပေါ့လေ.... ဟားဟား ကောင်းကင်ဘုရင်က ခန်းမရှစ်ခုမှာ နတ်ဆိုးတွေကို ချုပ်နှောင်ထားခဲ့တာ နတ်ဆိုးတစ်ကောင် ထွက်လာရင် နတ်ဆိုးရှစ်ကောင်လုံး ထွက်လာလိမ့်မယ်.... သူတို့ မထွက်လာနိုင်တော့ဘူး မင်း အခု ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားရမလဲသာ ကောင်းကောင်း စဉ်းစားထားစမ်းပါ"