← Chapters

အဆုံးမရှိကမ္ဘာ အခင်းအကျင်း

Vol. 93 Ch. 4.914

အဆုံးမရှိကမ္ဘာ အခင်းအကျင်း

Vol. 93 Ch. 4.914

ဝူထန်း ပြုံးပြီး သူ့လက်တွေကို ဖြန့်ကာ သူ့ပတ်ဝန်းကျင်က လေထုကို ခံစားရင်း အရမ်းကျေနပ်နေပုံရသည်။

လုရွှမ်ကို မျက်လုံးများ တစ်ချက်မှိတ်ပြီး ပြန်ဖွင့်လိုက်​သော် နေမျက်လုံးအစစ် ပွင့်လာပြီး ဝူထတ်းသည် ဘက်ပေါင်းစုံမှ ပေါင်းစပ်နေသော အနက်ရောင် စွမ်းအင် ခြေရာများကို စုစည်းနေကာ သူ၏ ရောင်ဝါသည် လျင်မြန်စွာ ကြီးထွားလာပြီး ခြိမ်းခြောက်မှုကလည်း လျင်မြန်စွာ တိုးလာသည်။

"သူ့ဝိညာဉ်နဲ့ ငါက ဆန့်ကျင်ဘက်ပဲ.... နတ်ဆိုးဖိနှိပ်ခန်းမရှစ်ခု ပျက်စီးလေ ငါက ပိုသန်မာလေပဲ မင်းငါ့ကိုဒီလို အရှက်ခွဲလိုက်တဲ့အတွက် မင်းလက်ထဲက အရာအားလုံး ငါ့ကို ပေးရမယ်"

"မင်း နတ်ဆိုးတွေကို ဖျက်စီးလိုက်တဲ့ အခိုက်အတန့်တိုင်း ငါ ပိုသန်မာလာမယ်.... မင်းအရင်က မင်းရဲ့အကာအကွယ်က ဘာကြောင့် ဒီလောက်တောင် အားကောင်းနေလဲဆိုတာ ငါဂရုမစိုက်ဘူး ဒါပေမဲ့ မင်းငါ့လက်ထဲမှာပဲ နောက်ဆုံးတော့ သေရလိမ့်မယ် ငါမင်းကိုအသက်ရှင်စေချင်ရင် ရှင်ရမယ်... သေစေချရင်ရင် မင်းဘာပဲလုပ်လုပ် သေကို သေရလိမ့်မယ်"

"ဟားဟား ဟား ဟား ဟား ဟား ဟား ဟား !"

ဝူဖန်းက ရယ်မောရင်း သူ့ရဲ့ ချပ်ဝတ်တန်ဆာ မျက်နှာဖုံးကို ဖွင့်လိုက်သော် အပေါ်က ပါးပြင်က တဖြည်းဖြည်း ပုံပန်းသဏ္ဌာန် ဖြစ်လာလေသည်။

လုရွှမ်က "နတ်ဘုရားလို ပြိုင်ဘက်တွေကို မကြောက်ရင် ဝက်လို အသင်းဖော်တွေကိုလည်း ကြောက်နေစရာ မလိုဘူးတဲ့... ငါ့အမြင်အရတော့ မင်းဟာ ဝက်အသင်းဖော်ပဲ"

"ဖီးနစ်နတ်မီး....ပြန်လာခဲ့တော့"

လုရွှမ်ဆိုရင်း သူ့လက်ဖဝါးကို ဝူထန်းဘက်သို့ ဆန့်တန်းလိုက်သည်။

ဝူထန်း၏အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များ လျင်မြန်စွာ လျော့ပါးသွားကာ သူစုပ်ယူထားတဲ့ ဖီးနစ်နတ်မီးသည် ပျံထွက်လာပြီး လုရွှမ်၏ လက်ဖဝါးထဲသို့ ကျ​ရောက်သွား​လေသည်။

ခရမ်းရောင် အလင်းတန်းကြီး ပေါ်လာပြီး အနက်ရောင် ဝိညာဉ်စွမ်းအင်များ အလိုအလျောက် ပျံ့လွင့်သွားကာ လေထုကလည်း ငြိမ်သက်မှု ပြန်လည်ရရှိလာသည်။

"မဖြစ်နိုင်ဘူး... မင်းဘယ်လိုလုပ်လိုက်တာလဲ"

ဝူထန်း မယုံကြည်နိုင်စွာ အော်လိုက်သည်။

"ဒါက ငါ့ရဲ့ထူးဆန်းတဲ့မီးပဲ.... သူ့ရဲ့ဂုဏ်သတ္တိတွေကို ငါဘယ်လို မသိဘဲနေမှာလဲ... မင်းရဲ့အသင်းဖော်ကို လျှို့ဝှက်​ပြီး လုပ်​ကြံနေတဲ့ အချိန်မှာ ဒီထူးဆန်းတဲ့မီးရဲ့ လှုပ်ရှားမှုကို ငါအမြဲတမ်း ခံစားနေရပြီးသား”

ဝူထန်း၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။ သူသည် ကောင်းကင်ဘုရင်နန်းတော်ရှိ သက်ရှိ ဝိညာဉ်များကို ခိုးယူရန် ကောင်းကင်ဘုရင် နန်းတော်၏ စွမ်းအားကို အသုံးပြုနေခဲ့တာကို မထင်မှတ်ဘဲ လုရွှမ်က ရှာတွေ့သွားခဲ့သည်။

"ဝူထန်း.... မင်းကိုး!"

လေထုထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုစဥ် ကောင်းကင်ကြီးက မှောင်မဲလာပြီး နောက်အခိုက်အတန့်တွင် အနက်ရောင် သတ္တဝါကြီး ပြေးဆင်းလာလေသည်။ ၎င်းက ကျင့်ကြံသူ အစုအဝေးထဲသို့ ပြေးဝင်ကာ လူတွေကို အစိမ်းလိုက် မျိုချလိုက်လေသည်။ ကျင့်ကြံသူများသည် တစ်ခဏအတွင်း ကောင်းကင်မျိုတဲ့သားရဲ၏ ဝမ်းထဲသို့ မျိုချခံလိုက်ရလေသည်။

ဝူထန်း ရုတ်​တရက်​ လှည့်​ပြီး ​မြေကြီးထဲ တိုးဝင်ကာ ​ပျောက်​ကွယ်​သွားသည်​။

မုရုန်ချင် ကောင်းကင်မျိုတဲ့သားရဲဆီက အဆိပ်သင့်မည်ကို စိုးရိမ်သဖြင့် လုရွှမ်၏ မျက်လုံးများသည် လူအုပ်ကြားတွင် လှည့်လည်သွားခဲ့သည်။ ဒါပေမဲ့ သူ့အနောက်ကနေ မုရုန်ချင်ရဲ့ အသံကို ကြားလိုက်ရသည်။

"လုရွှမ် ကျွန်မကိုရှာနေတာလား?"

လုရွှမ် လှည့်ကြည့်လိုက်တော့ မုရုန်ချင်ဟာ ​​သူ့အနောက်က မဝေးလှတဲ့ နေရာမှာ အစောကြီးကတည်းက ပုန်းနေခဲ့ပြီးသားပင်။

သူမသည် လုရွှမ်ဆီက မကောင်းတဲ့ အတိတ်နိမိတ်များကို မြင်နိုင်သောကြောင့် ထိုလူများ၏ မကောင်းတဲ့ နိမိတ်များကို သဘာဝအတိုင်း မြင်နိုင်သောကြောင့် သူတို့နှင့်အတူ မရပ်နေရန် သဘာဝကျကျ တွေးထားမိလိမ့်မည်။

ဒီအရည်အချင်းတွေက သူမနဲ့ တကယ် ထိုက်တန်ပါ၏။ ဒါ့အပြင် လုရွှမ် ထိုလူများကို စာနာစိတ်မရှိပေ။

"ကူညီကြပါ!"

"သခင်လေးလုရွှမ် ငါ့ကိုကယ်ပါဦး!"

"ငါတို့မှားသွားတယ် လုရွှမ် ငါတို့ကို ကူညီပါဦး!"

အော်ဟစ်သံများ ကျယ်လောင်လှပြီး ရှိုက်ကြီးတငင် အော်ငိုသံများကိုသာ ကြားလိုက်ရသည်။ လူအရေအတွက်က များလွန်းသဖြင့် လူတိုင်းသည် ပတ်ဝန်းကျင်တွင် ပျံဝဲကာ ကြောက်လန့်တကြား ဖြစ်နေကြသော်လည်း ကောင်းကင်မျိုတဲ့သားရဲက သူတို့ကို ဖမ်းမိနေသေးသည်။

"ဘာလဲ... သည်းမခံနိုင်ဘူးလား?"

လုရွှမ်သည် မုရုန်ချင်၏ မျက်ခုံးထောင့်က သည်းမခံနိုင်သည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် မေးလိုက်ရာ သူမက ခေါင်းညိတ်လိုက်​ပေသည်။

"ကောင်းပြီ.... မင်းသည်းမခံနိုင်တော့ရင် မကြည့်နဲ့ အောက်ဆင်းပြီး လင်ထျန်းခန်းမထဲကို ဝင်လိုက်ကြရအောင် မျက်စိမှိတ်ထား"

မုရုန်ချင် မရယ်နိုင်တော့ပေ။ သူမနှင့် လုရွှမ်တို့သည် အောက်ဖက်ရှိ လင်ထျန်းခန်းမထဲသို့ ပြေးဝင်သွားကြသည်။

"လုရွှမ် ငါမင်းကို ဆိုးဆိုးဝါးဝါး သေစေရမယ်လို့ ကျိန်စာတိုက်တယ်!.... မင်းနဲ့ငါ့ကြားမှာ ဘယ်တော့မှ ပြီးသွားမှာ မဟုတ်ဘူး"

ထိုစကားဆုံးတော့ ရယ်မောသံတစ်ချက် ထွက်ပေါ်လာသည်။

"ကျိန်စာတိုက်တဲ့ စွမ်းအင်ကြောင့် မင်း ဘယ်လို ရှင်သန်နိုင်မလဲ ဆိုတာ စောစောစီးစီး စဉ်းစားကြည့်ထားစမ်းပါ!"

လင်ထျန်းခန်းမထဲကို ဝင်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ဟာ ပါးလွှာတဲ့ လေထုတစ်ခုကို ဖြတ်သွားရသလို ခံစားလိုက်ရသည်။ လုရွှမ် သူ့နောက်မှာ ထွက်ပေါက်တစ်ခု ရှိနေသေးတာကို တွေ့လိုက်ရပြီး ပင်မခန်းမထဲ ရောက်တော့ ထွက်ပေါက်က ဝေးကွာသွားကာ ရှင်းရှင်းလင်းလင်း မြင်ရခက်သွား၏။

"ဟေး.... ကမ္ဘာ့အဆုံးသတ်ရဲ့ အနီးကပ်ပဲ... မဟုတ်ဘူး ဒါက အဆုံးမရှိကမ္ဘာပဲ!"

မုရုန်ချင်ရဲ့ အခင်းအကျင်း ဖွဲ့စည်းမှုအပေါ် နားလည်မှုဟာ အတော်လေးကို နက်နက်ရှိုင်းရှိုင်း ရှိပြီး ဒီဖွဲ့စည်းပုံဟာ ဘယ်လောက်တောင် ထူးထူးခြားခြား ဖြစ်တည်လာသလဲ ဆိုတာကို သူမက ကြွေးကြော်လိုက်သည်။

လုရွှမ်ဟာ ကမ္ဘာ့အဆုံးသတ်ရဲ့ အနီးကပ်ဆိုတဲ့ အခင်းအကျင်း အကြောင်း သိထားပေမယ့် အဆုံးမရှိကမ္ဘာ ဆိုတဲ့ အခင်းအကျင်း အကြောင်းကိုတော့ မကြားဖူးသေးချေ။ နာမည်ကြားရုံနဲ့ ဒီဖွဲ့စည်းပုံဟာ ဘယ်လောက် ထူးခြားတယ်ဆိုတာ တွေးကြည့်နိုင်ပါ၏။

"ဒီလိုအခင်းအကျင်း ဖွဲ့စည်းမှုမျိုး လုံးဝ မရှိခဲ့ဘူးလို့ ကျွန်မအမြဲတမ်း တွေးနေတာ... ဒါပေမဲ့ အဲဒါကို ကောင်းကင်ဘုရင် နန်းတော်ထဲမှာ တကယ် ထည့်သွင်းထားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး.... အဆုံးမရှိကမ္ဘာ အခင်းအကျင်းထဲ ဝင်လိုက်ရင် ဘယ်တော့မှ ပြန်ထွက်လို့ မရနိုင်တော့ဘူးလို့ ကျွန်မ ကြားဖူးတယ်"

မုရုန်ချင်၏ မျက်နှာသည် ဖြူဖျော့လာပြီး နဖူးပေါ်၌ စိုးရိမ်သောက ရောက်နေသော ချွေးများ စီးကျလာသည်။ သူမက မျက်လုံးဖွင့်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ဘာလုပ်ရမှန်း မသိ၊ မျက်လုံးများက ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

လုရွှမ်လည်း ပတ်ဝန်းကျင်ကို အာရုံစိုက်ထားသည်။ သူ့ပတ်ဝန်းကျင်က ခြိမ်းခြောက်မှုတွေနဲ့ အပြောင်းအလဲတွေကို ခံစားရင်း ဆိုလိုက်သည်။

"ထွက်လမ်း မရှိဘူး ဟုတ်လား? အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခု ရှိနေသရွေ့ ထွက်ပေါက်လည်း ရှိရမယ်.... ဒါက ထာဝရဖွဲ့စည်းမှုပဲ... အခင်းအကျင်း ဖွဲ့စည်းခြင်းအတွက် ထွက်လမ်းမရှိရင် အခင်းအကျင်း ကိုယ်တိုင်က ပုံသဏ္ဌာန်ဖြစ်လာမှာ မဟုတ်ဘူး...”

"စိတ်မပူပါနဲ့.... ဒါက ငါ့ရဲ့ကိုယ်တွေ့ အတွေ့အကြုံပဲ... လက်မလျှော့သရွေ့တော့ ထွက်လမ်းကို နောက်ဆုံးမှာ ရှာတွေ့နိုင်လိမ့်မယ်... အခု ငါတို့က တခြားသူတွေ ဘယ်ကို အရင်ရှာရမလဲ စဥ်းစားကြရအောင်"

မုရုန်ချင်လည်း ခေါင်းညိတ်ကာ အားတင်း ပြုံးပြလိုက်သည်။

"ဒီအခင်းအကျင်း ဖွဲ့စည်းပုံအကြောင်း ငါ မကြားဖူးဘူး... မင်းသိတာကို အတိအကျ ပြောပြကြည့်"

"စာအုပ်တွေထဲမှာတော့ အဆုံးမရှိကမ္ဘာ အခင်းအကျင်းအကြောင်း မှတ်တမ်းတွေ အများကြီး မရှိဘူးလို့ ပြောလို့ရတယ် ထွက်ပေါက် ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ဒါပေမဲ့ မှတ်တမ်းတွေမှာတော့ ရှေ့ကိုပဲ ဆက်တိုးနိုင်တယ် နောက်ဆုတ်လို့ မရဘူး"

"သေချာတယ်...နောက်ဆုတ်လို့ မရဘူး ရှေ့ဆက်သွားတဲ့ အခါကျရင်လည်း တခြားနေရာတွေနဲ့ ယှဉ်ရင် ဘယ်သူမှ ကွာခြားပုံမပေါ်ဘူး.... ဒါပေမဲ့ နောက်ဆုတ်လိုက်တဲ့ အခါကျရင်တော့ ပတ်ဝန်းကျင်က ကိုယ်မြင်ရတဲ့ပုံစံနဲ့ လုံးဝကို ကွဲပြားသွားတာကို တွေ့ရလိမ့်မယ်... ပြီးတော့ ပြန်လမ်းလည်း မတွေ့​​တော့ဘူး"

လုရွှမ် အထပ်ထပ် အခါခါ ခေါင်းညိတ်ပြလိုက်သည်။ အမှန်ပင် ဤအရာသည် အလွန်မှော်ဆန်ပုံရသည်။ ဒါပေမဲ့ အဲဒါကလွဲရင် တခြား ဘာမှ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ လုရွှမ်ကတော့ ဒီလိုဖြစ်လာလေ ပိုအန္တရာယ်များလေပဲလို့ မြင်ပါသည်။

အကြောင်းမှာ တချို့ပြဿနာများဟာ အဖြေပိုရှင်းလေ ပိုအန္တရာယ်များလေပဲလေ။

ဤအခင်းအကျင်း ဖွဲ့စည်းပုံကို မသိပါက အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် နောက်သို့ ဆုတ်သွားလိမ့်မည်မှာ သေချာသော်လည်း ထိုအချိန်တွင် သင်သည် အခြားသူများနှင့်သာ ပို၍ဝေးကွာသွားမှာ ဖြစ်ပြီး အခင်းအကျင်း အတွင်း၌ လုံးလုံးလျားလျား ပျောက်ဆုံးသွားမည် ဖြစ်သည်။

ထိုသို့ဖြစ်လျှင် ၎င်းတို့ကို ရှာဖွေရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ယင်းမှာ အပြင်ထွက်လိုပါက အခင်းအကျင်း ဖွဲ့စည်းမှုကို ချိုးဖျက်ရန် သော့ချက်ကို ရှာဖွေဖို့သာ ဖြစ်သည်။ အဲဒီအခါမှာ သူတို့ရဲ့ တစ်ခုတည်းသော ဦးတည်ချက်က ရှေ့ကို ဆက်သွားဖို့ပါပဲ။

​ပြန်ဆုတ်ဖို့ လမ်းမရှိသလို ဆုတ်ဖို့လည်း အရင်းအနှီးလည်း မရှိတာကြောင့် အရှေ့ကို ဆက်သွားရုံသာ ရှိတော့သည်။

နှစ်ယောက်သား အရှိန်ပြင်းပြင်းနဲ့ လေထဲမှာ မြန်မြန်ဆန်ဆန် ပျံသန်းသွားကြသည်။ အခုဆို သူတို့ရှေ့က ပင်မခန်းမကြီးလည်း မရှိတော့ပါဘူး။ သူတို့မျက်လုံးထဲမှာ ပေါ်လွင်နေတဲ့ တောတောင်တွေနဲ့ သစ်တောတွေက မျက်စိမြင်နိုင်သလောက် ဆန့်တန်းနေသည်။

ရံဖန်ရံခါတွင် တချို့သော ကျောက်စာတိုင်များသည် ၎င်းသစ့်တောတို့ကြားတွင် ပုန်းအောင်းနေသကဲ့သို့ တစ်ခါတလေ ပေါ်လာတတ်သည်။

"လုရွှမ်?"

လုရွှမ်၏ နားရွက်သည် လျင်မြန်စွာ လှုပ်ရှားသွားကာ တစ်စုံတစ်ဦးရဲ့ အော်ခေါ်သံကို ကြားလိုက်ရသည်။ ထို့နောက် နှစ်ယောက်သား အောက်ဖက်သို့ ဆင်းလာခဲ့၏။

All Chapters