ဦးတည်ချက်ရှာ
Vol. 93 Ch. 4.915
အသံက နည်းနည်းမှ မရင်းနှီးတာကြောင့် လုရွှမ် ပေါ့ပေါ့ပါးပါး ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ လုရွှမ်ကို မြင်သောအခါ ထိုလူစိမ်းက အော်လာ၏။
"ငါတို့ လင်ထျန်းခန်းမထဲမှာ ဒုက္ခရောက်နေတာ... ငါ့ကို ကယ်ပါဦး"
ထိုသူက မတ်တပ်ရပ်ဖို့ ကြိုးစားပေမယ့် ဒဏ်ရာက အရမ်းပြင်းထန်နေတယ် ဆိုတာ သိသာပါ၏။ သူ့ဝမ်းဗိုက်တွင် သွေးများထွက်နေပြီး အသက်စွမ်းအင်များလည်း လျင်မြန်စွာ ယိုစိမ့်နေတဲ့အပြင် ဒန်တန်ကပါ ဒဏ်ရာများ ရနေပေလိမ့်မည်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးလုံးနှစ်လုံးကို ပေးလိုက်သည်။
"မင်းဒဏ်ရာက အရမ်းပြင်းထန်တယ်... အနီရောင် ဆေးသောက်တာက မင်းရဲ့ဒဏ်ရာကို ပိုဆိုးမလာစေဘူး ဆိုတာ သေချာတယ်.... အပြာရောင်ဆေးက မင်းရဲ့သွေးတွေကို အားဖြည့်ပေးပြီး မင်းရဲ့ခွန်အားကို အမြန်ဆုံး အားကောင်းစေလိမ့်မယ်.... အန္တရာယ်မရှိသရွေ့တော့ ငါတို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရမယ်"
"ကျေးဇူးတင်ပါတယ်... သခင်လေးလုရွှမ်ရဲ့ မဟာကရုဏာကို ကျွန်တော် ထန်းယန်ဂိုဏ်း ကျန်းလုက စိတ်ထဲမှာ စွဲမှတ်ထားပါ့မယ်... ဘယ်တော့မှ မမေ့ဝံ့ပါဘူး"
ထိုကျင့်ကြံသူက ပြက်သားစွာ ဆိုလာခဲ့သည်။ သူ လုရွှမ်ရဲ့ နာမည်ကို ကြားလိုက်တာကြောင့် အကူအညီတောင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါသည်။
ဒီလိုမှမဟုတ်ရင် ဒီလိုအခြေအနေမျိုးမှာ လူတွေဟာ မလွဲမသွေ အတွေးဆိုးတွေ ရှိကြမှာဖြစ်သလို လူသတ်ပြီး ရတနာတွေကို သိမ်းယူတတ်တာက ပုံမှန်ပါပဲ။ ကျန်းလုက သူ့ဂိုဏ်းနဲ့ နာမည်ကို အမှန်အတိုင်း အစီရင်ခံလာတာကြောင့် ကျေးဇူးကန်းတဲ့လူ မဖြစ်ချင်ဘူး ဆိုတာ သိသာပါသည်။
လုရွှမ် ခဏလောက် စဉ်းစားပြီး ဆက်ပြောလိုက်သည်။
"ဒီနေရာက အဆုံးမရှိကမ္ဘာ အခင်းအကျင်း... ဘယ်တော့မှ မပြီးဆုံးနိုင်ဘူးလို့ ထင်ရတယ် အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် အတွင်းထဲမှာတော့ အန္တရာယ်တွေ အများကြီး ရှိတယ်။ မင်းအသက်ရှင်ချင်တယ် ဆိုရင်တော့ နောက်ဆုတ်တာထက် ရှေ့ကို ဆက်သွားစေချင်တယ်.... အခုလောလောဆယ်တော့ မင်း ဒီမှာ စောင့်နေတာက အကောင်းဆုံးပဲ အခင်းအကျင်း ဖွဲ့စည်းမှု ပျက်ပြီးရင် မင်း သဘာဝအတိုင်း ထွက်လာနိုင်လိမ့်မယ်"
"ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးလုရွှမ်"
ကျန်းလု ဦးညွှတ်လိုက်သည်။ သူ့နှလုံးသားထဲမှာတော့ ဉာဏ်အလင်း တစ်ပွင့်ကို ခံစားလိုက်ရသည်။ သူအစက နောက်ကြောင်း ပြန်လှည့်ချင်ပေမယ့် ထွက်လမ်းကို ရှာမတွေ့တော့ဘဲ ဖွဲ့စည်းခြင်းရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေကို ထွက်ပေါ်လာစေခဲ့လေသည်။
အဆုံးမရှိကမ္ဘာ အခင်းအကျင်းမို့ နောက်ကြောင်း ပြန်လှည့်တာထက် ရှေ့ကို ဆက်သွားရတော့မည်။
တစ်ဖက်မှာတော့ မုရုန်ချင်က လုရွှမ် စူးစမ်းလိုစိတ် အရိပ်အမြွက်ဖြင့် ကြည့်လိုက်သည်။
"ဒီကမ္ဘာကြီးက မင်းနဲ့ငါ စိတ်ကူးယဉ်ထားတာထက် ပိုကျယ်တယ်။ ဒီကမ္ဘာကြီးရဲ့ အံ့ဖွယ်အမှုတွေက ဘယ်တော့မှ မကုန်နိုင်ဘူး... လေ့ကျင့်လေ ဘယ်လောက် အရေးမပါသလဲ ဆိုတာကို အံ့သြမကင်း ဖြစ်မိလေပဲ... သူတို့ကို ကူညီပေးတာဟာ ကြင်နာမှုလေး တစ်ခုပဲ... ဒါပေမဲ့ အဲဒါက တခြားသူတွေရဲ့ သွားရာလမ်းကို ချောမွေ့စေပြီး ကိုယ်ပိုင်ရေချိန်ကို ကျယ်စေတဲ့အတွက် ဘာကြောင့် မလုပ်နိုင်ရမှာလဲ?”
မုရုန်ချင်လည်း မျက်လုံးကြီးများကို မှိတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမမှာ သူ့ကိုယ်သူ ကာကွယ်ပြောဆိုရန် ပြောစရာစကားကို ရှာမတွေ့ခဲ့ပေ။
ဒီလိုပြောတဲ့အခါ လုရွှမ်ရဲ့ အေးဆေးတည်ငြိမ်မှုကို သူမ ခံစားနိုင်သလို သူတော်ကောင်း အယောင်ဆောင်မှုလည်း လုံးဝ မရှိတာ တွေ့ရလေသည်။ လုရွှမ်၏အမြင်တွင် ဤအရာများသည် စိတ်ပူရန် သို့မဟုတ် သတိရရန် မလိုအပ်သော ရိုးရှင်းသည့် အရာများဖြစ်တာ ထင်ရှားသည်။
ဤသည်မှာ ကျယ်ပြန့်သော စိတ်ထားမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဒါကြောင့်လည်း ဒီလိုနယ်ပယ်မှာ အစွမ်းထက်တဲ့ ကျင့်စဥ်တွေကို ပိုင်ဆိုင်နိုင်တာ ဖြစ်မည်။
သေချာတာပေါ့။ အရာအားလုံးက မတော်တဆ မဟုတ်ဘဲနဲ့ ဖြစ်ပျက်နေတာမို့ လူတိုင်းရဲ့ ရွေးချယ်မှု ရလဒ်ပဲ ဖြစ်လေသည်။
"ရှင်အခု တစ်လကျော်ကျော်လောက်မှာ ဘာလို့ နာမည်ကြီးလာတာလဲ ကျွန်မ နားလည်သွားပြီ... လီလင်ရှို့က တစ်ခါတလေ နည်းနည်း မာနကြီးနေပေမယ့် သူ့အကြောင်း ကောင်းကောင်း သိထားသလောက်တော့ သူမက မလွယ်တဲ့လူပဲ.... ဘာလို့ ရှင်ဘေးနားရောက်ရင် ပြောင်းလဲသွားပါလိမ့်လို့ စဥ်းစားနေတာ....ရှင်တကယ်ပဲ လူတွေကို အထင်ကြီးစေတဲ့သူပဲကိုး.... ကျွန်မ ကိုယ့်ကိုကိုယ် ရှက်သလိုတောင် ခံစားလာရတယ်”
လုရွှမ် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။ မုရုန်ချင် ထူးထူးခြားခြား စွမ်းအင်နဲ့ မွေးဖွားလာတာကို သူ မအံ့သြပေ။ အထူးသဖြင့် ထန်းယွမ်မြို့ရှိ အဓိက တပ်ဖွဲ့ ကိုးခုတွင် တစ်ဦးတွင် မျိုးရိုးအမည် မုရုန်မိသားစု ရှိပြီး ၎င်းတို့သည် ထန်းလီကြယ်က ပြောင်းရွှေ့လာသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
"ဘာမှမဟုတ်ဘူး ငါက တခြားသူတွေနဲ့ မတူရုံပဲ"
မုရုန်ချင် နားမလည်ပေမယ့် မေးခွန်းတွေ ထပ်မမေးတော့ဘဲ နှစ်ယောက်သား ရှေ့ကိုသာ ဆက်လျှောက်လာခဲ့ကြသည်။ တောင်များ၊ မြစ်များနှင့် ရေကန်များ ဖြတ်သွားကာ သူတို့ နှစ်ယောက် အဝေးအထိ ပျံသန်းလာခဲ့သည်။
"သူတို့ နောက်ကြောင်း ပြန်လှည့်လာလို့ ရွှမ်ကျီးက သူတို့ကို ရှာတွေ့သွားတာ ဖြစ်မယ်... မဟုတ်ရင် ကျွန်မတို့ သူတို့ကို တွေ့တာကြာပြီ"
မုရုန်ချင် အော်လိုက်ပြီး လုရွှမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ လုရွှမ် ပျံသန်းရင်း အဝေးကြီးကို ရောက်လာတဲ့ အချိန်မှာ ထိုအချက်ကို သတိထားမိတာပဲ ဖြစ်သည်။
"ငါတို့ ရှေ့ကို ဆက်လျှောက်ဖို့ လိုတယ်... ဒါပေမဲ့ အရူးလို ရှေ့ဆက်သွားလို့ မရဘူး... မဟုတ်ရင် သေလို့တောင် အခင်းအကျင်း အူတိုင်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ လေထုကို ခံစားလျက် သူ့မျက်လုံးများက အလင်းရောင်များ ဖြာထွက်နေသည်။ မုရုန်ချင်သည်လည်း ခရမ်းရောင် အလင်းတန်းများဖြင့် လှည့်ပတ်သွားနေသော်လည်း သူမရှာဖွေနေသည့် အရာကို ရှာမတွေ့ခဲ့ပါ။
"ဝူထန်းက ဒီခန်းမရှစ်ခုက နတ်ဆိုးတွေကို ချုပ်ထားနိုင်တယ်လို့ ပြောခဲ့တာကို မင်းမှတ်မိသေးလား....ငါ ခန့်မှန်းကြည့်ရရင် လက်ရှိအခင်းအကျင်းက နတ်ဆိုးကို ချုပ်နှောင်ထားတာ ဖြစ်ရမယ်... ဒီအခင်းအကျင်းကို အစက ထိန်းထားပေမယ့် အခု ထုတ်ဖော် ပြသလိုက်ပြီဆိုတော့ တစ်ယောက်ယောက်က အခင်းအကျင်းကို ကြုံတွေ့ခဲ့ပြီး ဖျက်စီးခဲ့လိမ့်မယ်!"
"ဒါပေမဲ့ နတ်ဆိုးက ချုပ်နှောင်မှုကနေ မလွတ်မြောက်သေးတာ ဖြစ်နိုင်တယ် မဟုတ်ရင် အဆုံးမရှိကမ္ဘာ အခင်းအကျင်းက နောက်ဆုံးချုပ်နှောင်မှုကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး...အခင်းအကျင်း ပျက်စီးသွားတဲ့အချိန် ဒီနေရာမှာ သာမန်အခင်းအကျင်း ဖွဲ့စည်းပုံနဲ့ မတူတဲ့ အရာတစ်ခု ရှိနေလိမ့်မယ်"
လုရွှမ်သည် ချင်ထျန်းဓားကို ထုတ်ပြီး ခဏလောက် ဝှေ့ယမ်းလိုက်သည်။
"ဒါက နတ်ဓားရဲ့ ထူးထူးခြားခြား မှော်အစွမ်းတွေထဲက တစ်ခုပဲ မင်းကိုငါ ရှင်းပြမှာတော့ မဟုတ်ဘူး.... ဒါပေမဲ့ ဒါကငါ့ရဲ့ ကမ္ဘာနဲ့ ပတ်သက်ရင် ငါ့ရဲ့အမြင်ကို မြှင့်တင်ပေးနိုင်တယ်"
"ငါတို့ ပို့ဆောင်ခြင်းအစီအရင် တစ်ခုကို တည်ဆောက်ရမယ်"
"ဘယ်လို?"
မုရုန်ချင် စိတ်ရှုပ်ထွေးစွာ လှည့်အော်လိုက်သည်။ ပို့ဆောင်ခြင်းအစီအရင် တစ်ခု တည်ဆောက်တယ် ဆိုတာ ဟာသ မဟုတ်ချေ။
လုရွှမ်၏ မျက်လုံးများကို အလေးအနက် ထားကာ ကြည့်ရင်း ဖြောင့်ဖြဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း လုရွှမ်ရဲ့ အမူအရာက မပြောင်းလဲသွားခဲ့။ ပို့ဆောင်ခြင်းအစီအရင် တစ်ခု တည်ဆောက်မည် ဆိုပါက တခြား ပို့ဆောင်ခြင်းအစီအရင်ကလည်း အနည်းဆုံး နှစ်ခု၊ တစ်ခုကို တည်ဆောက်ထားရန် လိုအပ်ပါသည်။
မဟုတ်ရင် ပို့ဆောင်ခြင်းအစီအရင်က လုံးဝ အောင်မြင်သွားလိမ့်မယ် မဟုတ်ပေ။ ပြီးတော့ ဒီအခင်းအကျင်းထဲမှာ ပို့ဆောင်ခြင်းအစီအရင်က ဘယ်မှာရှိမှာလဲ။
လုရွှမ်သည် တခြားလူများ၏ အမြင်တွင် အလွန်အဆင့်မြင့်သည့် ပို့ဆောင်ခြင်းအစီအရင်ကို စတင်စီစဉ်နေပြီ။ ၎င်းက လုရွှမ်နဲ့ မုရုန်ချင်အတွက်ကတော့ မခက်ခဲပါဘူး။
ထို့အပြင် လုရွှမ်၏ စီစဉ်ဖွဲ့စည်းပုံမှာ အလွန်ရိုးရှင်းကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သို့သော် ပို့ဆောင်ခြင်းအစီအရင်ရဲ့ အကျိုးသက်ရောက်မှုတော့ ရှိပါသည်။ ဒီလိုနေရာမှာ ပို့ဆောင်ခြင်းအစီအရင်နဲ့ အပို့ခံလိုက်ရရင် ဘယ်ကို ရောက်သွားမလဲ မသိနိုင်ပေ။ ဒါမှမဟုတ် တိုက်ရိုက် ပျက်ပြယ်သွားပြီး အာကာသထဲ ရောက်သွားတာလည်း ဖြစ်နေနိုင်သည်။
"လုရွှမ်?"
"စိတ်မပူပါနဲ့ ငါ့မှာ ယုံကြည်မှုရှိတယ်"
ပို့ဆောင်ခြင်းအစီအရင်ကို လျင်မြန်စွာ သတ်မှတ်ပြီးနောက် လုရွှမ်သည် ရေခဲသလင်းကျောက် တစ်ခုကို ပစ်ချကာ အစီအရင်ကို ဖွင့်လိုက်လေသည်။ အလင်းရောင်များ တောက်ပစွာ ဖြာထွက်သွားကာ နောက်အခိုက်အတန့်တွင် အခင်းအကျင်းထဲက ရေခဲသလင်းကျောက်က ပျောက်ကွယ်သွား၏။
"တစ်၊ နှစ်၊ သုံး" ဆိုတဲ့ အသံကို ရေတွက်လို့ မပြီးခင်မှာပဲ လေထုထဲမှာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ရေဒြပ်စင် သလင်းကျောက်က လေထဲမှာ ပေါ်လာပြီး ပေါက်ကွဲသွားတာပဲ ဖြစ်လေသည်။
လုရွှမ် ပြေးထွက်သွားကာ သူ့ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ကြည့်ရင်း ရှင်းရှင်းလင်းလင်း ခေါင်းညိတ်ပြလိုက်သော်လည်း မုရုန်ချင်သည် ပို၍ပို၍ စိတ်ရှုပ်လာပြီး လုရွှမ် ဘာကိုဆိုလိုတာလဲ မသိနေချေ။
"ရေဒြပ်စင် သလင်းကျောက်က အထိခိုက်လွယ်ဆုံး... လေထုထဲက တုန်ခါမှုနဲ့ ပြောင်းလဲမှုတွေကို ထိလွယ်ရှလွယ်ဆုံးပဲ...လေထုထဲက အခင်းအကျင်း အားကောင်းလာတာနဲ့အမျှ အခင်းအကျင်း လှိုင်းလုံးတွေ ဖြစ်ပေါ်လာပြီး ဒြပ်စင်ငါးပါးကိုလည်း အပြောင်းအလဲ ဖြစ်စေနိုင်တယ်... အဲဒါကို လွယ်လွယ်နဲ့ မခံစားမိနိုင်ပေမယ့် အခင်းအကျင်း အပေါ် သက်ရောက်မှုရှိတဲ့ နိယာမစွမ်းအင်တွေ အများကြီး ပေါ်လာလိမ့်မယ်”
"ဒီမှာ သလင်းကျောက် ပေါက်ကွဲသွားတဲ့ အသွင်အပြင်ကို ကြည့်လိုက်!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လုရွှမ်လက်ထဲ၌ သစ်သားဒြပ်စင် စွမ်းအင်တွေ ပြည့်နေတယ်လို့ ခံစားလိုက်ရ၏။
'သစ်သားက ရေကို မွေးဖွားစေတယ်'
မြေပြင်ပေါ်တွင် အစိမ်းရောင်အပင် အနည်းငယ်က လျင်မြန်စွာ ကြီးထွားလာပြီးနောက် မုရုန်ချင်၏ အံ့အားသင့်မှုကြောင့် ဝိညာဥ်စွမ်းအင် ခြောက်ကွင်း ဖြစ်ပေါ်လာသည်။
အောက်ခြေရှိ မြက်ပင်များသည် သဘာဝအတိုင်း ပေါက်ရောက်နေသလို ရေကြောင့် အမှန်တကယ် စိုစွတ်လာသည်။ ဒုတိယစက်ဝိုင်းသည် တက်ကြွမှု အပြည့်ရှိသော သစ်သားဒြပ်စင် ဖြစ်သည်။
သစ်သားသည် မီးကို ပြုလုပ်နိုင်သောကြောင့် တတိယအဝိုင်းထဲရှိ မြက်ပင်သည် မီးလောင်ကျွမ်းသွားသကဲ့သို့ လုံးလုံး မည်းတူးသွားသည်။ မီးသည် မြေကြီးကို ထုတ်ပေးသောကြောင့် စတုတ္ထစက်ဝိုင်းထဲရှိ မြက်ပင်သည် အလွန်မြန်ဆန်စွာ ကြီးထွားလာသည်။
ရွှေသည် မြေကြီးထဲ၌ မွေးဖွားလာသော်လည်း ပဉ္စမအဝိုင်းထဲရှိ မြက်ပင်က အလွတ်ဖြစ်သည်။ ရွှေသည် ရေကို ထုတ်ပေးလို ဆဋ္ဌမစက်ဝိုင်းရှိ မြက်ပင်သည် ကြွယ်ဝပြီး အသက်စွမ်းအင် အပြည့် ဖုံးလွှမ်းသွားသည်။
"ငါတို့ အနောက်ဖက်ကို သွားရအောင်!"