← Chapters

ရွှေသတ္တုလူသားတံတား

Vol. 94 Ch. 4.917

ရွှေသတ္တုလူသားတံတား

Vol. 94 Ch. 4.917

လုရွှမ်၏ ရှင်းပြချက်ကို ကြားပြီးနောက် မုရုန်ချင်မှာ လုံးဝ အရှက်ကွဲသွားသည်။

လုရွှမ်သည် ချင်ထျန်းဓားဖြင့် ရွှေသတ္တုလူသား၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လိုက်တယကို သူမ မျက်လုံးဖြင့် မြင်လိုက်ရပြီးနောက် ကျန်အရာများကို သူမ ဂရုမစိုက်မိတော့ပေ။

ရွှေသတ္တုလူသားရဲ့ ဦးခေါင်းက ဘယ်ဘက်ကို လှည့်တယ်၊ ၎င်းရဲ့ ကျင့်ကြံသူမှု အဆင့်က ဘယ်လောက်ရှိတယ်၊ ဘာ့ကြောင့် လူတစ်ဦးတည်း ရှိနေရသလဲ မြေပြင်ပေါ်ရှိ ခြေရာများက ဘယ်အရာကို ဆိုလိုသလဲ ဆိုတာတွေကို သူမ မကြည့်မိခဲ့ချေ။

လုရွှမ်သည် ဤအရာအားလုံးကို အမှန်တကယ်ပေါင်းစပ်ပြီး ဖြစ်နိုင်ချေများစွာကို ကောက်ချက်ချကာ သူမအသက်ကို ကယ်တင်ခဲ့သည်။ နောက်ပိုင်း လက္ခဏာတွေ ပေါ်လာတဲ့အထိ စောင့်လိုက်ရင် အဲဒီအချိန်မှာ သူမခန္ဓာကိုယ်ထဲက စွမ်းအား​တွေ မရှိတော့မှာ ကြောက်ရသည်။

"လုရွှမ် ကျေးဇူးအများကြီးတင်ပါတယ်"

မုရုန်ချင် စိတ်ထဲကနေ ရိုးသားစွာနဲ့ ကျေးဇူးတင်စကား ဆိုလိုက်သည်။ လုရွှမ် ပြုံး၍ စိတ်ဝိညာဉ်မီး ဘောလုံးလေးတွေကို ဖြည်းဖြည်းချင်း တွန်းထည့်လိုက်ပြီး သူတို့ကို လုံးလုံး ရှင်းပစ်လိုက်သည်။

"ငါပြောခဲ့တယ်မလား ငါ့သူငယ်ချင်းတွေကို ဘယ်တော့မှ ချန်မထားခဲ့ဘူး"

မုရုန်ချင် လေးလေးနက်နက် ခေါင်းညိတ်ကာ ပြုံး၍ပြောလိုက်သည်။

"ရှင့်ရဲ့သူငယ်ချင်း ဖြစ်ခွင့်ရတာကို ကျွန်မ တစ်သက်လုံး ဂုဏ်ယူမိပါတယ်"

ဤအခိုက်အတန့်တွင် သူမ ခံစားခဲ့ရသော စိတ်ပျက်မှု၊ အရှက်တရားနှင့် မလိုလားအပ်သော ဆုတ်ယုတ်မှုတို့ ပျောက်ကွယ်သွားကြောင်းကိုလည်း သူမကိုယ်တိုင် ခံစားလာရသည်။ အခုစဉ်းစားကြည့်တော့ နည်းနည်း မယုံနိုင်စရာပါပဲ။

ဆက်သွားတဲ့အခါ အရှေ့က ခြေရာတွေက လမ်းက ပိုပို နက်လာသည်။ လုရွှမ်နဲ့ မုရုန်ချင်တို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ လက်နက်များ ပိုမိုလေးလံလာတယကို ခံစားသိရှိနိုင်ပြီး ခန္ဓာကိုယ်ကပါ ပိုမိုလေးလံလာသလို ခံစားလာရတော့သည်။

ရုပ်ခန္ဓာသည် ဒြပ်စင်ငါးပါးဖြင့် ဖွဲ့စည်းထားပြီး သဘာဝအားဖြင့် ရွှေသတ္ထုဓာတ်လည်း ရှိသည်။ ဤနေရာ၏ အထူးအကျိုး သက်ရောက်မှု အောက်တွင် လုရွှမ် သူ့​မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ မျက်ခုံးပင့်ဖို့ပင် အနည်းငယ် ခဲယဉ်းနေတာ အံ့သြစရာ မဟုတ်ပေ။ ခန္ဓာကိုယ်ထဲရှိ ဒြပ်စင်ငါးပါးပင် ပျက်ယွင်းသွားခဲ့​ပြီ။

မုရုန်ချင်က မသန်မာသေးပေ။ သူမခန္ဓာကိုယ်ကို အခင်းအကျင်း ပုံစံများစွာဖြင့် ကာကွယ်ထားသော်လည်း သူမကို အပြည့်အဝ အကာအကွယ် မပေးနိုင်ပေ။

လူနှစ်ယောက်၏ အရှိန်သည် ပို၍ပင် နှေးကွေးသွားသည်။ နောက်ဆုံးတော့ လူကျဲပါးသော နေရာမှ စတင်ကာ လမ်းဘေးတွင် ရွှေသတ္တုလူသားကို တွေ့လိုက်ပြီးနောက် တဖြည်းဖြည်းနှင့် လူတစ်စု တိုးလာခဲ့သည်။

ရုန်းကန်မှု၊ ဒေါသ၊ တွန့်ဆုတ်မှုနှင့် စိတ်ပျက်အားငယ်မှုများ အပါအဝင် ဤလူများ၏ မျက်နှာပေါ်ရှိ အမူအရာများသည် ပို၍ပို၍ များပြားလာသည်။ ဒါကိုကြည့်ရင်း ရှေးဆက်လမ်းကို လေ့လာပြီး သင်ယူနိုင်ပေသည်။

မုရုန်ချင်သည် သူမနှလုံးသားထဲက ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များကို စွန့်လွှတ်လိုက်ပြီး ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို စစ်ဆေးရန် ရွှေသတ္တုလူသားများကို ဓားဖြင့် စတင်ထိုးသတ်ခဲ့သည်။

"ငါတို့နဲ့ နီးစပ်လာပြီ... ဒီလူတွေမှာ အသွေးအသား နည်းနည်းရှိတယ်။ သူတို့မှာ သစ်သားဒြပ်စင်ရဲ့ အငွေ့အသက် ရှိပေမယ့် အသက်စွမ်းအင်ကတော့ အားနည်းနေပြီ"

မုရုန်ချင်လည်း လုရွှမ်ရဲ့ သုံးသပ်ချက်က အလွန်မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ရုတ်​တရက်​ပင်​ ​အရှေ့ဖက်မှ ​ရေ​တွေ ကျယ်​​လောင်​စွာ စီးဆင်းနေသော အသံတွေကို ကြားလိုက်ရလို့ လူနှစ်ယောက်သား ရှေ့ကို ပြေးသွား​​ကြည့်တော့ သူတို့ရှေ့မှာ ချောက်ကြီးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။ အတွင်းရေက လျင်မြန်ကာ တောင်တန်း နှစ်ဘက်လုံးကို ပိုင်းခြားထားသည်။

အကွာအဝေးက သိပ်မဝေးပေ။ ဆိုလိုတာက ဒါဇင်နဲ့ချီတဲ့ ပေအကွာအဝေးသာ ရှိ၏။ တခြားအချိန်တွေမှာ နေရာချမယ်ဆိုရင် ဒီအကွာအဝေးတစ်ခုလောက်က ခုန်သည်ဖြစ်စေ ပျံသည်ဖြစ်စေ အရောက်သွားနိုင်သည်။ သို့သော် ဒီနေရာမှာကတော့ ပြဿနာ ရှိနေသည်။

ခြေတစ်လှမ်းတောင် ကျော်လွှားဖို့ ခက်ခဲနေရာ ပေဒါဇင်နဲ့ချီပြီး လျှောက်သွားဖို့က မလွယ်ကူနိုင်ချေ။ အောက်မှာ စီးဆင်းနေတဲ့ ရေက အပြာရောင်ဖြစ်ကာ ရေငွေ့ကို တခဏလောက် အနံ့ခံလိုက်ရုံနဲ့ ခေါင်းက နည်းနည်းလေး ဖောင်းလာပြီး သိသိသာသာ အဆိပ်ပြင်းကြောင်း သိနိုင်သည်။

ချောက်ထဲမှာ အလင်းရောင်တွေ လင်းလက်နေပြီး အပြာရောင် သက်တံတစ်စင်းက ကောင်းကင်အထိ ပျံ့နှံ့​သွားသည်။ အလှတရား လုံးဝ မရှိသော တုနှိုင်းမရတဲ့ ထိတ်လန့်စရာတစ်မျိုးပင်။

မုရုန်ချင်သည် လျင်မြန်စွာ နောက်ပြန်ဆုတ်ကာ အသက်ရှုသွင်းမိမှာ ကြောက်သောကြောင့် နှာခေါင်းကို အုပ်ထားလိုက်သည်။ လုရွှမ်ကတော့ ချောက်ကမ်းပါးစွန်းတွင် ရပ်ကာ သူ့ပတ်ဝန်းကျင် အပြောင်းအလဲများကို ကြည့်နေသည်။

သူလေ့ကျင့်နေသော ယွမ်ယန်ကျင့်စဥ်သည် အဆိပ်အများစုကို ရှောင်ရှားနိုင်ခဲ့ပြီး ယခုအခါတွင် သူသည် ရှေး​ဟောင်းသားရဲ၏ သည်းခြေအိတ်ကို သန့်စင်ထားသောကြောင့် အနည်းဆုံး မျှော်စင်နယ်ပယ်က အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိသည်။

ဒီအဆိပ်က ပြင်းနေပေမယ့် သူ့ကိုတော့ မတားနိုင်ပါဘူး။

တောင်ပေါ်က ကျလာတဲ့ ချောင်းဟာ အလွန်နက်ရှိုင်း၏။ နေမျက်လုံးတွေကို ဖွင့်ကြည့်တော့မှ အောက်ဖက်ကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။ ဆင်းချင်သလို ဆင်းကာ ကူးခတ်ပြီး ပြန်တက်လာချင်တယ် ဆိုရင်တော့ တော်တော် တုံးအတဲ့ အတွေးတစ်ခုသာ ဖြစ်သွားလိမ့်မည်။

ဒီလိုမျိုး မြင့်မားတဲ့ ချောက်ကမ်းပါးကို တက်ချင်ရင်တော့ မျှော်စင်နယ်ပယ်က ကျင့်ကြံသူတွေတောင် မလုပ်နိုင်ဘူးလို့ ပြောရမည်။ ဒါ့ထက် သူ့နောက်ကျောက ချင်ထျန်းဓားဟာ ပိုလေးလာပြီး သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးရင်တောင် အသက်ရှုမဝတော့ပေ။

"လုရွှမ် ကျွန်မတို့ ဘယ်​လို​သွား​ကြ​မှာလဲ"

မုရုန်ချင် ခဏ​လောက်​​ တွေးကြည့်ပြီးနောက် မေးလိုက်တဲ့အခါ လုရွှမ်ဆီက ခေါင်းခါပြလာတာကို တွေ့လိုက်ရသည်။

"ငါလည်းမသိဘူး ငါသေချာ ကြည့်ရဦးမယ်!"

ချောက်ကမ်းပါးမှာလည်း အပင်တွေရှိပြီး အောက်ခြေမှာတော့ မှောင်နေ၏။ အတွင်းထဲမှာ ဘယ်လို ကြောက်စရာကောင်းတဲ့ အကောင်တွေ ဝှက်ထားလဲတော့ မသိနိုင်ပေ။ လုရွှမ် သူ့နောက်က ရွှေသတ္တုလူသားတွေကို ပြန်ကြည့်လိုက်ရင်း မျက်လုံးတွေက တောက်ပလာခဲ့သည်။

"ဟုတ်တယ်... ငါတို့ ဒီရွှေသတ္တုတွေကို သန့်စင်ပြီး သံတံတားတစ်ခု ဆောက်လို့ရတယ်"

"ဒါက နည်းနည်းတော့ ရက်စက်လွန်းတယ် မဟုတ်ဘူးလား သူတို့က သေသွားပြီမလို့လား!"

သူမအပြောကြောင့် လုရွှမ် တခဏတာမျှ အံ့အားသင့်သွားပြီး မုရုန်ချင်ကို ကြည့်ကာ အနည်းငယ် စကားပြောရ ခက်သွားသည်။

"သူတို့သေသွားပြီထင်တယ်"

"နောက်ဆုံးတော့ ရှင်ဘာလို့ လင်ရှို့နဲ့ သူငယ်ချင်း ဖြစ်သွားရတာလဲ ဆိုတာ ကျွန်မ နားလည်သွားပါပြီ"

လီလင်ရှို့သည် အနည်းငယ်နုံချာပြီး စိတ်ရှုပ်စရာ ကောင်းသော်လည်း သူမကို သိလာပြီးနောက်တွင် သူမသည် လူတိုင်းထံမှ အချစ်ခံရသော အမျိုးသမီးတစ်ဦး ဖြစ်နေဆဲဖြစ်ကြောင်း သိလာရသည်။ ဒါက စိတ်အနှောက်အယှက် မဖြစ်ဘဲ သဘာဝကျကျ အရမ်းချစ်ဖို့ကောင်းတဲ့ အသွင်မျိုး သူမမှာ ရှိနေတာပင်။

"စိတ်မပူပါနဲ့.... ငါသူတို့ရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးပါဘူး သူတို့ကို ချိတ်ဆက်လိုက်ရုံပဲ"

ဤရွှေသတ္တု လူသားများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ပြင်းထန်သော ရွှေဒြပ်စင်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြသည်။ ၎င်းတို့က အလွန်လေးလံပြီး သူကိုင်ဆောင်ထားသော နတ်ဓားထက်ပင် လေးသေးသည်။

ကံကောင်းထောက်မစွာနဲ့ အနီးနားတွင် ရွှေသတ္တုလူသားများ အလုံအလောက် ရှိသောကြောင့် ၎င်းတို့ကို အဝေးကြီးကနေ သယ်ဆောင်လာတဲ့ရန် မလိုအပ်တော့ပါ။ လုရွှမ်ပင်လျှင် မျှော်လင့်ချက်ကင်းမဲ့ပြီး ထိုကဲ့သို့သော အရေးကြီးသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

၎င်းတို့နှစ်ဦးသည် ရွှေသတ္တုလူသားများကို တွန်းချရန် အတူတကွ လုပ်ဆောင်ခဲ့ကြပြီး လုရွှမ်က ၎င်းတို့အား ခေါင်းနဲ့ ခြေထောက်များကို ချိတ်ဆက်ရန် ဝိညာဉ်မီးကို အသုံးပြုခဲ့ကြသည်။ ထို့နောက် ပေသုံးဆယ်ကျော်ရှည်သော ရွှေသတ္တုလူသားတံတားကို တည်ဆောက်ခဲ့ကြသည်။

မုရုန်ချင်သည် အစပိုင်းတွင် နားမလည်သော်လည်း ထိုသံတံတားများကို သူမတွန်းချသောအခါတွင် သူမသည် အမှန်တရားကို နားလည်လာသည်။

"သင်ယူခဲ့တဲ့ အမှန်တရားက အချိန်နဲ့ ပတ်သက်လာရင် အသုံးမဝင်တဲ့ အသိပညာဆိုတာ မရှိဘူး... အသုံးချနည်းကို မသိတဲ့လူတွေပဲ ရှိတယ်"

မုရုန်ချင် သဘောကျစွာ ခေါင်းညိတ်သည်။

သူတို့နှစ်ဦးသည် ရွှေသတ္တုလူသား တံတားကို ခွန်အားအပြည့်ဖြင့် ရှေ့သို့ တွန်းလိုက်ကြရာ နောက်ဆုံးတွင်တော့ ရွှေသတ္တုလူသား တံတား၏ ရှေ့ဆုံးသည် အခြားတစ်ဖက်သို့ ငြိမ်သက်စွာ ကမ်းကပ်သွားခဲ့သည်။

တံတားကြီးကို ချလိုက်စဥ် ကြီးမားသော အသံတစ်ခု ထွက်ပေါ်လာပြီး ဖုန်မှုန့်များ ပျံဝဲကာ လေထုတစ်ခုလုံး မီးခိုးများဖြင့် ပြည့်နှက်သွားသည်။

"ငါတို့ မြန်မြန်သွား​ကြရအောင်!"

လုရွှမ် အော်ဟစ်ပြီး မုရုန်ချင်ကို ဖမ်းဆွဲကာ အမြန် ပြေးထွက်သွားခဲ့သည်။ ချောက်ကမ်းပါးမှာရှိတဲ့ ဂူ​တွေထဲမှာ အသက်စွမ်းအင် အတက်အကျ ရှိနေသည်။ သူတို့ အနားယူနေတာ ဖြစ်နိုင်သလို ကျင့်ကြံနေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဂူထဲက သတ္တဝါတွေဟာ အပေါ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို မခံစားနိုင်ကြဘူး။

ဒါပေမဲ့ ရွှေသတ္တုလူသား တံတားကို တစ်ဖက်ခြမ်းမှာ ဆောက်တာပဲဖြစ်ဖြစ် တစ်ဖက်နဲ့ တစ်ဖက်ကို ထိတာပဲဖြစ်ဖြစ် အဲဒါကို ဖြတ်ကျော်ပြီးတာနဲ့ ကြီးမားတဲ့ တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေမှာ သေချာပါ၏။

သေချာပါသည်။ ထိုအခိုက်တွင် ဖားအော်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ချောက်ကမ်းပါးရဲ့ တွင်းနက်တစ်ခုကနေ ကျီးကန်းလို မည်းမှောင်နေတဲ့ သားရဲတစ်ကောင် ထွက်လာပြီး ၎င်းရဲ့ ပါးစပ်ထဲက တံတွေး​တွေကို ထွေးလိုက်တဲ့အခါ လောင်မြိုက်​နေတဲ့ မီးတောက်တွေ ထွက်ပေါ်လာခဲ့​လေသည်။

All Chapters