← Chapters

မီးကျီးကန်း

Vol. 94 Ch. 4.918

မီးကျီးကန်း

Vol. 94 Ch. 4.918

လုရွှမ်သည် ရွှေသတ္တုလူသားတံတား ဖြစ်လာအောင် စိတ်ဝိညာဥ်မီးတောက်ဖြင့် အားထုတ်မှုများစွာ လိုအပ်ခဲ့သည်။ ယခု သားရဲ၏ မီးတောက်ကြောင့် သတ္တုလူသားဟာ ချက်ချင်းပင် နီရဲလာကာ အရည်ပျော်သွားပြီး အလယ်တွင် အက်ကွဲသွားခဲ့သည်။

ဒါကို လုရွှမ် မျှော်လင့်ထားသော်လည်း မီးတောက်များသည် ရွှေသတ္တုလူသား တံတားကို ချက်ချင်းဆိုသလို ပျောက်ကွယ်သွားစေတော့မှာ ဖြစ်တာကြောင့် အလျင်အမြန် ပြေးထွက်သွားကြသည်။

"ကူးကူး.....ကူးကူး...."

တွန်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် တောင်အောက် စမ်းချောင်းမှ ကျီးကန်းသားရဲများ တစ်ကောင်ပြီး တစ်ကောင် ပျံထွက်လာကြလေသည်။

"ဒါက ဒဏ္ဍာရီလာ မီးကျီးကန်းများလား"

မုရုန်ချင်မှ မေးသည်။ လုရွှမ်၏ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေပြီး သူ့နဖူးကနေ ချွေးများစွာ စီးကျနေသည်။

"ဖြစ်နိုင်ချေများတယ်..."

ကံကောင်းထောက်မစွာပင် ၎င်းတို့နှစ်ဦးအတွက် မီးကျီးကန်းသည် တောင်ချောင်းပေါ်တွင်သာ ဆူပွက်နေပြီး ၎င်းတို့​​​​နောက်ကို မလိုက်နိုင်ပေ။

"ပြေး!"

လုရွှမ်သည် ရုတ်တရက် သူ့နှလုံးခုန်သံကို ပြန်ခံစားလိုက်ရသလို ဒိတ်ကနဲ ဖြစ်သွားရာ တစ်ခုခုပြောခါနီးတွင် သူ့ခန္ဓာကိုယ်က အနည်းငယ် အားနည်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူဘယ်လိုလုပ် မထိတ်လန့်ဘဲ နေပါ့မလဲ။ လက်တစ်ဖက်က မုရုန်ချင်ကို ဆွဲကိုင်ရင်း စိမ်းပြာနဂါးရဲ့ နှလုံးကို ပြင်းထန်စွာ ခုန်ပေါက်စေကာ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များကို သူ့ခန္ဓာကိုယ်မှ ထွက်လာ​စေသည်။

သူ့ရဲ့ ခြေထောက်အဆစ်တွေ တုန်နေပေမယ့် အခုအချိန်မှာ သူ ဂရုမစိုက်နိုင်တော့ပါဘူး။ နည်းနည်း နောက်ကျသွားမယ်၊ နည်းနည်း နှေးသွားမယ်ဆိုရင် နောက်ဆုံးရလဒ်ကတော့ သေခြင်းတရားသာ ဖြစ်လိမ့်မည်။

လုရွှမ် အဘယ်ကြောင့် သူမကို ဆွဲထုတ်ပြီး ထွက်ပြေးသွားရသလဲ ဆိုတာ​ကို မုရုန်ချင် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဒီမီးကျီးကန်းတွေဟာ သူတို့နောက်ကို မလိုက်နိုင်ပေမယ့် လည်ချောင်းထဲက မီးတောက်တွေကိုတော့ ထုတ်လွှတ်နိုင်သေး၏။

မီးတောက်က အရမ်းပူကာ အနီရောင်တောက်တောက် ဖြစ်ပြီး အသက်စွမ်းအင်ကို မခံစားရချေ။ ထိုကဲ့သို့ မီးတောက်​ဖြင့် လောင်ကျွမ်းပြီးသည်နှင့် ရှင်သန်ရန် အခွင့်အလမ်း လုံးဝမရှိဘူးဟု မှန်းဆနိုင်သည်။

ထိုမီးတောက်များက ပြင်းထန်လွန်း၏။ ရွှေသတ္တုလူသား တံတားကို စိတ်ဝိညာဥ်မီးတောက်ဖြင့် သွယ်တန်းရန် အချိန်အနည်းငယ် ယူခဲ့ရသော်လည်း ယခုတော့ မီးတောက်ကြောင့် ချက်ချင်းပင် အရည်ပျော်သွားကြသည်။

လုရွှမ် ကျယ်လောင်စွာ ဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်မှ သွေးမြှားများ ထွက်လာပြီး သူ့ခန္ဓာကိုယ်ရှိ ခွန်အားအားလုံး ယခုအချိန်တွင် ပေါက်ကွဲထွက်လာသည်။ သူ့ရဲ့ ကြွက်သားတွေက ကွဲအက်နေပေမယ့် အခုအချိန်မှာတော့ သူ ဂရုမစိုက်နိုင်တော့ပါဘူး။

ခြေထောက်အောက်ရှိ လေသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားသော်လည်း ဤ​နေရာတွင်ရှိ ဖိအားကြောင့် ကိုယ်အလေးချိန်က များစွာ လျော့ကျသွားခြင်း မရှိပေ။ သူ့လက်ဖဝါးက မုရုန်ချင်ကို ဆုပ်ကိုင်ထားရ၏။ တကယ်လို့ သူတစ်ယောက်တည်းသာ ဆိုရင် မြန်မြန်ပြေးနိုင်တဲ့သူ ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် လူကိုဆွဲကာ ပြေးနေရခြင်းက ကြီးမားသော တောင်ကြီးကို ဆွဲထုတ်​နေရ သကဲ့သို့ဖြစ်သည်။ နောက်တစ်ခုက မုရုန်ချင်သည် မြေကြီးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသလို လေးလံနေသည်။

ဘယ်လိုလုပ်ရမလဲ?

နောက်ပြန် လှည့်မကြည့်သော်လည်း လုရွှမ်သည် သူ့နောက်မှ လေထုကြီး လျင်မြန်စွာ ပူလာတာကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ လေထုထဲ ပြေးလွှား​နေတာတောင် မီးတောက်ရဲ့ အစွမ်းက သူထင်ထားတာကို ကျော်လွန်သွားခဲ့ပါပြီ။

ဒါတကယ်ပဲ မီးကျီးကန်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော်လည်း ၎င်းက ဝမ့်ကမ္ဘာတွေမှာ မရှိသင့်ဘူးဆိုတာ သိသာပါသည်။ တစ်ချိန်တုန်းက ကောင်းကင်ဘုရင်တစ်ယောက် ဘာတွေလုပ်ခဲ့လဲ ကောင်းကင်ကပဲ သိတော့မည်။

"လခွမ်း... အဲဒါ မိုက်မဲတဲ့ငှက်ပဲ!"

လုရွှမ်စိတ်ထဲတွင် ရွှေကျီးကန်း၏ အသံက ရုတ်တရက် မြည်လာသည်။ ရွှေကျီးကန်းက တိုက်ရိုက် ခုန်ထွက်လာစဥ် အနောက်မှ မီးတောက်သုံးခုသည်လည်း တစ်ပြိုင်နက်တည်း ထွက်လာသည်။

ရွှေကျီးကန်းသည် ပါးစပ်ကိုဖွင့်လိုက်ပြီး မီးကျီးကန်းမှ ထုတ်လွှတ်လိုက်သော မီးတောက်များအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။

"မြန်မြန် မပြေးသေးဘူးလား"

ရွှေကျီးကန်းက ဟစ်အော်၏။

လုရွှမ်လည်း ရွှေကျီးကန်းရဲ့ နာကျင်မှုကို ခံစားရပါသည်။ သူက မီးကျီးကန်းသုံးကောင်ရဲ့ မီးတောက်များကို တစ်ပြိုင်တည်း စုပ်ယူပစ်တာကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။

ဒီအချိန်ကျမှ ကျီးဖိုးဖိုးက ဘာလို့အပြေးထွက်လာမှန်း မသိပေမယ့် ကျီးဖိုးဖိုး ပြောတာ မှန်ပါသည်။ ဒီအချိန်မှာ မပြေးရင်း ဘယ်အချိန်ကျမှ ထွက်ပြေးကြတော့မလဲ။

မုရုန်ချင် ရုတ်တရက် ပြေးတက်လာစဥ် သူမခန္ဓာကိုယ်က အလွန်ပေါ့ပါးသွားတာကို ခံစားလိုက်ရသည်။

နှစ်ယောက်သား နောက်ပြန် လှည့်မကြည့်ဝံ့ဘဲ တောက်လျှောက် ပြေးကြသည်။ နောက်ဆုံးတော့ သူမ သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားပြီ လုရွှမ်ပါးစပ်မှလည်း သွေးများ ပြည့်နေ၏။ သွေးတွေက ပိုပိုထွက်လာတာကြောင့် သူ့ကို သတ်လုနီးပါးပင် ဖြစ်နေသည်။

"ကောင်လေး ဒီမီးတောက်တွေကို ကိုင်တွယ်ဖြေရှင်းလိုက်တော့... ဒီတစ်ခါတော့ အရမ်းကြီးတယ် ငါလည်း ထိန်းလို့မရတော့ဘူး"

ရွှေကျီးကန်းက နောက်ပြန်ဆုတ်သွားပြီး လုရွှမ်ရဲ့ ခေါင်းထဲကို ပြေးဝင်၍ အာကာသ ကျောက်စိမ်းပြားထဲကို ဝင်သွားလေသည်။ တစ်ဆက်တည်း ကြီးကျယ်​ခမ်းနားတဲ့ မီး​တောက်​​​တွေက ​လုရွှမ်ရဲ့ ခန္ဓာကိုယ်​ထဲက ချက်​ချင်း လျှံထွက်​လာ၏။

သူသည် ယခင်က သွေးထွက်သံယို လူသား ဖြစ်ခဲ့သော်လည်း ယခုတော့ မီးလူသား ဖြစ်လာသည်။ တောက်ပသော အနီရောင် မီးတောက်သည် အလွန်လှပသောပုံ ပေါက်သော်လည်း ၎င်း၏ စွမ်းအားကတော့ အင်မတန် ကြောက်ဖို့ကောင်းပါသည်။

လုရွှမ်သည် ရွှေကျီးကန်းကို အပြစ်တင်ရန်၊ ကျိန်စာတိုက်ရန် အချိန်မရှိခဲ့ဘဲ စိတ်ဝိညာဉ်မီးနှင့် ဖီးနစ်နတ်မီးကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။ သူက တိုက်ခိုက်လာသော မီးတောက်များကို တွန်းလှန်ရန် သို့မဟုတ် စုပ်ယူရန် ကြိုးစားနေခြင်းပင်။

ဤအရာသည် နတ်ဆိုးမီးတစ်မျိုး ဖြစ်လိမ့်မည်။ သို့သော် သဘာဝအရဆို သာမန်ထူးဆန်းသော မီးထက် စွမ်းအား မနည်းပေ။ ယခုမူကား ဤနတ်ဆိုးမီး၏ အဆင့်သည် သာမန်ကျင့်ကြံသူတွေရဲ့ ခံနိုင်ရည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

လုရွှမ်၏ တစ်ကိုယ်လုံး မီးတောက်လောင်နေပြီ။ ဒါ့အပြင် သူ့ပါးစပ်ထဲမှ ထွက်သက်ဝင်သက်များပင် မီးတောက်များ ပြည့်နှက်နေလေ၏။

သူသည် အဝါရောင် တောက်တောက်ဖြင့် ရွှမ်ဝူသားရဲ၏ ရောင်ဝါ အပြည့်ရှိသော နတ်ဝိညာဥ်ဒိုင်းလွှာကို လွှတ်ထုတ်ခဲ့ကာ သူ့နှလုံးနဲ့ ဒန်တန်ကို ပိတ်ဆို့ထား​လေသည်။ တခြားနေရာတွေမှာဆို အဆင်ပြေနိုင်ပေမယ့် လောလောဆယ် ဒီနေရာမှာတော့ သူတို့ကို ထိန်းချုပ်ချင်ရင်တောင် လုပ်လို့မရပါဘူး။

မီးကျီးကန်းများ၏ အော်ဟစ် ဆူညံသံနဲ့အတူ လုရွှမ်ရဲ့ သွေးများကလည်း ပူလောင်နေသည်။ စူးရှသော အသံနဲ့အတူ အရိုးများလည်း ပေါက်ကွဲသွားလေသည်။ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အသားအရေသည် နဂိုအတိုင်း မကျန်တော့ဘဲ မွှေးကြိုင်သော အသားကင်လို့ ဖြစ်နေသည်။

မုရုန်ချင်မှာလည်း ဤကဲ့သို့ ကြေကွဲဖွယ် အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း မသိခဲ့ပါ။ သူမ ကူညီချင်ပေမယ့် လုံးဝ အနားမကပ်နိုင်ချေ။ ဆယ်ပေအကွာအတွင်း ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ရှိ မှော်လက်နက်သည် မခံနိုင်တော့ဘဲ အလိုအလျောက် လောင်ကျွမ်းသွားတော့သည်။

"မလာနဲ့ ငါကိုယ်တိုင်လုပ်မယ်"

မုရုန်ချင်လည်း သူနှင့် ခပ်ဝေးဝေးတွင်သာ ရပ်လျက် လုရွှမ်အတွက် တိတ်တဆိတ် ဆုတောင်းပေးခဲ့သည်။

အသွေးအသားတွေ ပျောက်ကွယ်သွားသောအခါ လုရွှမ်သည် ယခုအခိုက်အတန့်တွင် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားကြောင်း မုရုန်ချင် ပြက်ပြက်သားသား မြင်လိုက်ရပေ၏။ လုရွှမ်က သူ၏ ဒန်တန်နှင့် နှလုံးတို့ကို သူ၏ မှော်အဝါရောင် တောက်ပသော နတ်ဝိညာဉ်ဒိုင်းဖြင့် ကာကွယ်ထားခဲ့သည်။

မီးတောက်များက အရိုးများပေါ်ပါ တောက်လောင်နေသည်။ မုရုန်ချင်သည် အရိုးများပေါ်ရှိ ပြေးလိုင်းများကို မြင်ရသော် ၎င်းက မိုးကြိုးနိယာမ ဖြစ့ကြောင့် သဘာဝကျကျ သဘောပေါက်လိုက်သည်။

အရိုးပေါ်မှာ မိုးကြိုးနိယာမကို တံဆိပ်မကပ်မီ ဘယ်လို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုတွေ၊ ဘယ်လို နာကျင်မှုတွေ၊ ဘယ်လို ခံနိုင်ရည်အားတွေနဲ့ သူမ တကယ်ပင် စိတ်ကူးမယဉ်နိုင်ပါ။

"ကောင်လေး မင်း အခုအသက်ရှင်ချင်တယ်ဆိုရင် ဒီမီးတောက်တွေကို အနိုင်ယူပြီး မင်းရဲ့အရိုးတွေပေါ်မှာ အမှတ်အသား လုပ်ထားရမယ်.... ဒါက နှိပ်စက်တာ​တော့ မဟုတ်ဘူး အခွင့်အရေးတစ်ခုပဲ"

"မင်းညီမကို အခွင့်အရေး!"

လုရွှမ် ရွှေကျီးကန်းကို သူ့နှလုံးသားထဲမှ အပြစ်တင်လိုက်သည်။ မီးတောက်တွေ အားလုံးကို စုပ်ပစ်လိုက်ရင် ဒီအချိန်မှာ ပြာဖြစ်သွားလိမ့်မယ်လေ။ ဒါပေမဲ့ ရွှေကျီးကန်းနဲ့ ငြင်းခုံဖို့ လုံး၀ အချိန်မရှိပါဘူး။

ဒါကို အခွင့်အရေးလို့ ခေါ်တယ်ဆိုတောင် လူတစ်သောင်းမှာ တစ်ယောက်ပဲ ခံနိုင်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရွှေကျီးကန်းရဲ့ တစ်ခုတည်းသော အဖြေက ဘယ်လောက်ပဲ ခက်ခဲပါစေ ခံနိုင်ရည်ရှိရမည်ဟုပင်။

အရိုးထဲတွင် တံဆိပ်ခတ်ခြင်း နည်းလမ်းကို လုရွှမ် အစပိုင်းကတည်းက စွဲစွဲမြဲမြဲ စွဲမှတ်ထားခဲ့သည်။ ထိုနည်းလမ်းကို အခြေခံ၍ မိုးကြိုးနိယာမကို အရိုးများအတွင်း ပုံဖော်ခဲ့သည်။ ယခုတော့ ထပ်ပြီး ခံနိုင်ရည်ရှိမယ်လို့ မမျှော်လင့်ထားတော့ပါဘူး။

All Chapters