← Chapters

အောက်ခြေမရှိသော မီးပင်လယ်

Vol. 94 Ch. 4.920

အောက်ခြေမရှိသော မီးပင်လယ်

Vol. 94 Ch. 4.920

မိုးကြိုးအတိဒုက္ခ အရည်တွေ အများကြီး ရှိနေသည်။ တခြားလူတွေသာ ဒါကို မြင်ရင် မျက်လုံးတွေ ပြာဝေလာပြီး အဲဒါကို အရူးအမူး တိုက်ခိုက်ဖို့ ပြေးကြလိမ့်မယ်။ လုရွှမ်မျိုချရင်း ပို၍ပင် တုန်လှုပ်သွားလေသည်။

ဒါက ကျိုထားတဲ့ရေ မဟုတ်ဘဲ မိုးကြိုးအတိဒုက္ခရဲ့ အရည်တွေပဲ ဖြစ်သည်။ ဒါ့အပြင် ပါးစပ်ကြီးနဲ့ မျိုချလိုက်တာတောင် ဘာမှ မဖြစ်လာစရာလား။

လုရွှမ်ရဲ့မျက်နှာ အကြောတွေက တုန်လှုပ်သွားပြီး မိုးကြိုးအတိအရည်ကို ချက်ချင်း စုပ်ယူလိုက်သည်။ သူသည် ၎င်းတို့ကို တစ်ကျိုက်တည်း မျိုချပြီးနောက် သူ့ရဲ့ ကျင့်ကြံမှုကို ပြန်လည် ထိန်းသိမ်းထားခဲ့သည်။

အရိုးပေါ်ရှိ နိယာမစွမ်းအင် နှစ်ခုသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး အရိုးများသည် အသွေးအသားများဖြင့် ဖုံးလွှမ်းသွားကာ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။

ရိုးရိုးသားသား ပြောရရင် လုရွှမ် ကိုယ်တိုင်တောင် ဘယ်လို အောင်မြင်ခဲ့တာလဲ ဆိုတာ မသိခဲ့ပါဘူး။

နောက်ဆုံး မိုးကြိုးအတိဒုက္ခ ကျသောအခါ သူ၏ တက်ကြွမှုတွေ မရှိတော့ကြောင်း သိလိုက်သည်။ ယခု လုရွှမ်အနီးတစ်ဝိုက်တွင် အနီရောင်မီးတောက်များ အလွန် ပြင်းထန်လာပြီး ရွှေဒြပ်စင်ရောင်ဝါများ ရောနှောသွားကာ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။

သို့သော် သူ့ဒန်တန်ထဲတွင် နတ်တောင်တန်းက ရုတ်တရက် ရွေ့လျားသွားခဲ့သည်။

ကြွယ်ဝသော မြေဒြပ်စင် ရောင်ဝါများ တဟုန်ထိုး ထွက်ပေါ်လာပြီး ရွှေဒြပ်စင်ရောင်ဝါကို တဖြည်းဖြည်း ရစ်ပတ်ကာ နတ်တောင်တန်းထဲသို့ ပေါင်းစည်းသွားခဲ့သည်။ မီးတောက်များက ဟောက်နေသော်လည်း မီးတောက် အများစုမှာ ငြိမ်းသွားပြီး နတ်တောင်တန်းမှ စုပ်ယူသွား​ပေသည်။

နတ်တောင်တန်း ရွေ့သွားသည်နှင့် တပြိုင်နက် အခြေအနေတစ်ခုလုံး ချက်ချင်း ပြောင်းလဲသွားကာ လုရွှမ် မိုးကြိုးအတိဒုက္ခ အရည်များကို အမြန်မျိုချလိုက်သည်။ စိတ်ဝိညာဉ်မီးနှင့် ဖီးနစ်နတ်မီးသည်လည်း ကျန်မီးနီကို လျင်မြန်စွာ စုပ်ယူသွားသည်။

ဘာ့ကြောင့်မှန်း မသိပေမယ့် ပိုးအိမ်လေး ပေါ်လာတာက သူ့ကို အကာအကွယ် အနေနဲ့ ထုတ်ပေးထားသလို ဖြစ်နေသည်။ အထဲမှာ သူ့ရဲ့ ကြံ့ခိုင်​မှု​တွေကိုလည်း ပြန်​ရလာခဲ့၏။ အချိန်ဘယ်လောက် ကုန်သွားလဲ မသိပေမယ့် ဒီအခင်းအကျင်း ဖွဲ့စည်းပုံထဲမှာ အချိန်က သူ့ရဲ့ထိရောက်မှု လုံးဝ မရှိတော့ပါဘူး။

လုရွှမ်သည် သူ့ခန္ဓာကိုယ် လုံးဝ ပြန်လည် ကောင်းမွန်လာတာ ခံစားလိုက်ရပြီး သူ့နယ်ပယ်လည်း တည်ငြိမ်လာကာ ကောင်းကင်ဘုံသခင် အဆင့်၇အထိ ရောက်ရှိသွားကာ သေးငယ်သော နယ်ပယ်သုံးခုသို့ ထပ်မံ ဖြတ်ကျောသွားခဲ့သည်။

သူ့လက်ထဲက ချင်ထျန်းဓားဟာ သူ့အတွက် ပိုရင်းနှီးသလို ခံစားလာရပြီး သူ့လက်ချောင်းတွေကို ပွတ်သပ်နေသလိုပင်။ သို့မဟုတ် ၎င်းမှာ မွေးကင်းစကလေးကဲ့သို့ သန့်ရှင်း စင်ကြယ်သော စိတ်ဆန္ဒတစ်ခု ရှိနေသယောင် ရှိ၏။

သူ့စိတ်နဲ့ ချိတ်ဆက်လိုက်ခြင်းဖြင့် သူတွေးနေသည့် အရာကို ဘာမှလုပ်စရာ မလိုဘဲ နတ်ဓားထဲသို့ ပို့လွှတ်နိုင်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပြီး အပြင်ဘက်တွင်ရှိ ပိုးအိမ်လည်း အက်ကွဲသွားသည်။

မိုးခြိမ်းသံနှင့် မီးတောက်များ အရှိန်တဟုန်ထိုးဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာပြီး လုရွှမ် ခြေဆန့်ကာ မတ်တပ် ထရပ်လိုက်သည်။

"လုရွှမ် ရှင်ထွက်လာပြီ! အဆင်ပြေရဲ့လား"

မုရုန်ချင်ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံက ဝမ်းသာအားရနဲ့ မျက်ရည်တွေ ရောထွေးနေလေသည်။

လုရွှမ် သူမ စိုးရိမ်နေရမည်ကို သိသောကြောင့် ရိုးသားသော အပြုံးတစ်ခု ပေးကာ တစ်ချက် ဖက်ထားပေးလိုက်သည်။ သူမ ပခုံးတွေက တုန်ခါနေပြီး ကိုယ့်ကိုကိုယ့် မထိန်းနိုင်သလိုတောင် ဖြစ်နေ၏။

မုရုန်ချင်ကို ခဏ​လောက် နှစ်သိမ့်ပေးပြီးနောက် သူမလည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ အလွန်ရှက်သွားသော မျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သည်။

"လင်ရှို့နဲ့ ငါ ပထမဆုံးအကြိမ် တွေ့တုန်းကလည်း အန္တရာယ်တွေ အများကြီး ကြုံခဲ့ရပြီး သူမလည်း ထိတ်လန့်သွားဖူးတယ်.... မင်းနှစ်ယောက်က စိတ်ထားချင်းတူတော့ ညီအစ်မကောင်းတွေ ဖြစ်လာနိုင်ပါတယ်"

"ဒါနဲ့ မင်းဒဏ်ရာ မရှိဘူးလား"

မုရုန်ချင်က ခေါင်းကို ထပ်ခါတလဲလဲ ခါလိုက်သည်။

"ရှင့်ရဲ့ ဆန္ဒကြောင့် ဖြစ်နိုင်တယ် ဒီမှာရှိတဲ့ ရွှေဒြပ်စင်လေထုက ပိုအားနည်းလာပြီ"

လုရွှမ်လည်း ဒီအချက်ကိုတော့ ခံစားခဲ့ရပါသည်။

"ကောင်းပြီ ဒီလိုပဲ ရှေ့ကို ဆက်သွားကြရအောင်.... အပြင်မှာ ကောင်းကင်မျိုချတဲ့ သားရဲ ဘယ်လောက် မောက်မာ​နေလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်"

မုရုန်ချင်၏ အမူအရာ ပြောင်းသွားသည်။ သူမသည် ကောင်းကင်မျိုတဲ့သားရဲ၏ ကြောက်လန့်စရာ ကောင်းမှုကို ပြန်သတိရကာ အလိုလို တုန်လှုပ်သွားသည်။ ထို့နောက် သူတို့နှစ်ဦး အမြန်လမ်းလျှောက် ထွက်လာခဲ့ကြသည်။

လုရွှမ်ရဲ့ ခွန်အားက အလွန်တိုးတက်လာခဲ့ပြီ။ သူ့ပတ်ဝန်းကျင်ရှိ ဖိအားများအတွက် သဘာဝအားဖြင့် ပို၍ စိတ်အေးလက်အေး ဖြစ်နေသည်။ အထူးသဖြင့် အရိုးများက မီးတောက်နိယာမဖြင့် ရိုက်နှိပ်ထားသောကြောင့် ၎င်းတို့ကို ပိုမိုသန်မာစေသည်။

သူတို့နှစ်ယောက် လမ်းလျှောက်ရင်း သူတို့ရဲ့ ခြေလှမ်းတွေက ပျံသန်းနေသလို မြန်ဆန်လာသည်။ သူတို့နှစ်ယောက်ဟာ ဒီအခင်းအကျင်း ဖွဲ့စည်းပုံ ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ ဆွေးနွေးကြသည်။ သိပ်မကြာခင်မှာပဲ သူတို့ရှေ့မှာ မီးပင်လယ်ကြီး ပေါ်လာ၏။

မျက်စိတစ်ဆုံး မြင်နိုင်သလောက် ဆန့်ထွက်နေသော မီးတောက် ပင်လယ်ကြီးသည် ပူနွေးသော ရေများ စီးဆင်းနေပြီး အောက်ခြေတွင် လောင်ကျွမ်းနေသည့် မီးတောက်များသာ ရှိသည်။ ၎င်းက လေထုကိုတောင် လောင်ကျွမ်းနေစေသလိုပင်။

မုရုန်ချင်ရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် စာကောင်းကောင်း ဖတ်တတ်ကြောင်း သူမဘာသာ သိသော်လည်း ဤခရီးအပြီးတွင် သူမက ဤမျှလောက်သာ အရည်အချင်း ရှိကြောင်း သိလိုက်ရသည်။

တကယ်တော့ ဒီလိုမီးအိုင်ကြီး ရှိနေတာက အံ့သြစရာ ကောင်းပေ၏။ အပူချိန်က အရမ်းမြင့်လို့ နေလုံးနဲ့တူတောင် တူသည်။ နေလုံးလို တောက်ပသော အလင်းရောင်မျိုး မရှိသော်လည်း နှလုံးသားထဲ စိမ့်ဝင်နေသော ခြိမ်းချောက်နိုင်သည့် ရောင်ဝါကတော့ လုံးဝ မရိုးရှင်းချေ။

"ငါတို့ ပြဿနာကို ရှာ​တွေ့ပြီ ထင်​တယ်​"

လုရွှမ်က ဆိုရင်း ခါးသက်စွာ ပြုံးလိုက်သည်။

တောင်မီးအနောက်ရွှေ။ မည်သည့်အခင်းအကျင်း ဖွဲ့စည်းမှုမျိုးမဆို ဤကမ္ဘာတွင် တည်ရှိနေသမျှ ကာလပတ်လုံး ပုံသဏ္ဌာန်တစ်ခု ဖြစ်လာရန် ဟန်ချက်ညီညီနှင့် ပြီးမြောက်ရန်မှာ မလွဲမသွေ ရှိနေရမည့် လိုအပ်ချက် ဖြစ်သည်။

သာမာန်အခြေအနေအရ ထိုအခြေအနေသို့ရောက်ရှိမှသာ ဖွဲ့စည်းမှုကို အောင်မြင်နိုင်မည်။ ဒါပေမဲ့ မတူညီတဲ့ အခြေအနေတွေလည်း ရှိပါသေးသည်။ ဆိုလိုတာကတော့ အမျိုးမျိုးသော အခင်းအကျင်း သွေဖည်မှုတွေ ရှိနေကြတာပါပဲ။ ဥပမာ တစ်စိတ်တစ်ပိုင်း အခင်းအကျင်းပင်။

တစ်စိတ်တစ်ပိုင်း အခင်းအကျင်း ဖွဲ့စည်းခြင်းလို့ ဘာကြောင့် ခေါ်သလဲ။ ၎င်းသည် သီအိုရီဆိုင်ရာ စည်းမျဉ်းများနှင့် စည်းကမ်းအမျိုးမျိုးကို ဆန့်ကျင်သော်လည်း အစားထိုးနိုင်သည့် ဖွဲ့စည်းမှုပုံစံ ဖြစ်​လေသည်။

လမ်းတစ်လျှောက် စစ်ဆေးလာခဲ့ရာမှ လုရွှမ်သည် အဆုံးမရှိကမ္ဘာ့ အခင်းအကျင်းဟာ တစ်စိတ်တစ်ပိုင်း အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ အနောက်ရွှေ ဆိုသည်မှာ အနောက်ဖက်ကို ရွှေဒြပ်စင် ရောင်ဝါများဖြင့် လွှမ်းမိုးထားသော်လည်း ယခု ဤနေရာတွင် ဤမျှကြီးမားသော မီးပင်လယ်ကြီး တည်ရှိနေသည်။

တောင်မီးအနောက်ရွှေမှာ နားမလည်နိုင်သော အပြောင်းအလဲများ ရှိနေတာ အံ့သြစရာ​တော့ မရှိတော့ပေ။ ဤနေရာတွင်ရှိ မီးပင်လယ်ကို တစ်ချက်ကြည့်လိုက်လျှင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ၎င်းသည် ဤနေရာတွင် တမင်စီစဉ်ထားသကဲ့သို့ လုံးဝ အဆုံးမရှိသော အသွင်အပြင်ကို ဖန်တီးထား၏။

ဤမီးအိုင်ကို ချိုးဖျက်ပါက အခင်းအကျင်း ဖွဲ့စည်းမှုဟာလည်း သဘာဝအတိုင်း ကျိုးပဲ့သွားလိမ့်မည်။ ဒါပေမဲ့ ဒီမီးအိုင်ကို ဘယ်လိုချိုးဖျက်မလဲ ဆိုတာက အရမ်းခက်ခဲတဲ့ ပြဿနာပါပဲ။

"နတ်သမီး မင်းလုပ်နိုင်တာ တစ်ခုရှိလား"

မုရုန်ချင် သူမခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ ဤမီးတောက်များသည် ယခင်မီးတောက်များထက် ပိုကောင်းပုံ မပေါ်သော်လည်း ၎င်းတို့သည် လုံးဝကြောက်စရာကောင်းသည်။ ပြီးတော့ ပမာဏက အရမ်းများနေတာရာ ​​သူမ ဘာလုပ်နိုင်မှာတဲ့လဲ။

သို့သော် ရုတ်တရက် သူအမျက်လုံးများ တောက်ပလာပြီး ရှေးစာအုပ်များထဲတွင် မြင်ဖူးသည့် အရာတစ်ခုကို သတိရသွား၏။

“ကျွန်မတစ်ခါက စာအုပ်တစ်အုပ်ကို ဖတ်ဖူးတယ်...အောက်ခြေမရှိတဲ့ မီးပင်လယ်မှာ အရင်းအမြစ် ရှိရမယ်တဲ့”

“ဆိုလိုတာက ဒီမီးအိုင်က သဘာဝတရားဖြစ်စေ၊ မြေကြီးဘဏ္ဍာဖြစ်စေ အခင်းအကျင်းမျက်လုံး ရှိရမယ်...အဲဒီအခင်းအကျင်း မျက်လုံးကို ချုပ်ငြိမ်းစေသရွေ့ မီးက ခြိမ်းခြောက်မှု မဟုတ်တော့ဘူး"

အခင်းအကျင်း မျက်လုံး။ ဒါက အခင်းအကျင်း ဖွဲ့စည်းမှုလား။ လုရွှမ် သူ့လက်ချောင်းကို ပွတ်ဆွဲလိုက်ခြင်းဖြင့် မီးပင်လယ်ထဲသို့ ချကြည့်လိုက်ရာ မီးတောက်လောင်သွားတာကြောင့် ခဏအတွင်းမှာပင် ဆုတ်ခွာသွားရလေသည်။

'ဒါက အခင်းအကျင်း မျက်လုံးရှိဖို့ နေနေသာသာ အခင်းအကျင်းတောင် မဟုတ်ဘူး'

ဤမီးပင်လယ်သည် ရတနာတစ်ခု ဖြစ်နိုင်သည် သို့မဟုတ် ကောင်းကင်ပစ္စည်းများနှင့် မြေကြီးဆိုင်ရာ ရတနာများရဲ့ ဆင့်ကဲဖြစ်စဉ်​တွေ ဖြစ်နိုင်လား။ ထိုသို့ တွေးလိုက်ချိန် လုရွှမ် သူရှာနေတာကို သတိရသွား၏။

ယခုအချိန်တွင် တောင်တစ်သောင်းကမ္ဘာက (ဝမ့်ရှန်းကမ္ဘာ)သည် ရေလွှမ်းမိုးမှုများကို ခံစားနေရပြီ။ မူလကမ္ဘာ အဖြစ်သို့ ပြောင်းလဲလိုသောကြောင့် ပြီးပြည့်စုံရန် ဒြပ်စင်ငါးပါး လိုအပ်​လေသည်။

သူ့တွင် မြေဒြပ်စင်ကဲ့သို့ နတ်တောင်တန်း ရှိပြီး ရွှေ​ဒြပ်စင်အတွက် စျေးကွက်ထဲတွင် အပိုင်းတစ်ပိုင်းကို ရရှိထားပြီးသားပင်။ ယခုအခါ ရေအရင်းအမြစ် ပေါများလို့ တောင်တစ်သောင်းကမ္ဘာကမှာ ရေရှားပါးမှု မရှိပေ။ လေလံပွဲမှာ သစ်သားဒြပ်စင်ရှိတဲ့ တည်ဆောက်ရေး သစ်သားအူတိုင်ကို ရထားပြီ။ အခု သူ့မှာ မီးဒြပ်စင်နဲ့ သက်ဆိုင်တဲ့ ကောင်းကင်ပစ္စည်းတွေနဲ့ မြေကြီးရတနာတွေပဲ လိုတော့သည်။

ယခု သူတို့ရှေ့တွင် မီးပင်လယ်တစ်ခု ရှိနေပြီ။ ၎င်းသည် မီးဟု သတ်မှတ်ထားသော ကောင်းကင်ပစ္စည်းများနှင့် မြေကြီးဆိုင်ရာဘဏ္ဍာများမှ ဆင်းသက်လာဖွယ် ရှိသည်။ ဤကဲ့သို့သော ရတနာကို ရနိုင်လျှင် ဒြပ်စင်ငါးပါး ပြည့်စုံပြီဟု မဆိုလိုဘူးလား။

All Chapters