← Chapters

အခင်းအကျင်းကို ချိုးဖျက်ခြင်း

Vol. 94 Ch. 4.921

အခင်းအကျင်းကို ချိုးဖျက်ခြင်း

Vol. 94 Ch. 4.921

"နတ်သမီး..."

"လုရွှမ် ကျွန်မကို နတ်သမီးလို့ မခေါ်ပါနဲ့တော့... အဲဒါက နည်းနည်း စိတ်အနှောက်အယှက် ဖြစ်မိတယ် ကျွန်မကို လင်ရှို့နဲ့ အတူတူပဲ နာမည်ပဲ ခေါ်လို့ရတယ်...ကျွန်မရဲ့ အစ်ကိုတွေ အားလုံးကတော့ ကျွန်မကို ရှောင်ချင်လို့ ခေါ်ကြတယ်"

"ကောင်းပြီ ရှောင်ချင်... မင်းမြင်ခဲ့တဲ့ ရှေးစာအုပ်ထဲမှာ ဒီအောက်ခြေမဲ့ မီးပင်လယ်ကို ထိန်းထားနိုင်တဲ့ နည်းလမ်းကို တွေ့ဖူးလား? အဲဒီထဲက အရာတွေက ငါ့အတွက် အရမ်းအရေးကြီးတယ် ကမ္ဘာငယ်လေးရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်တယ်."

ကမ္ဘာငယ်လေးတစ်ခု၏ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတာကြောင့် အလွန်အရေးကြီးတာ ထင်ရှားပါသည်။

သို့သော် လုရွှမ်၏ လေးနက်သော အကြည့်ကို မြင်လိုက်ရတော့ မုရုန်ချင်လည်း လုရွှမ် သူမကို လိမ်ညာ​နေခြင်း မဟုတ်ကြောင်း အလိုလို ယုံကြည်ခဲ့သည်။ ရှေးဟောင်း ကျမ်းတွေကို ဖတ်တုန်းက လျို့ဝှက်ချက်တချို့ကို သတိပြုမိသောကြောင့် အမြန် ပြန်သတိရရန် ကြိုးစားလိုက်သည်။

အချိန်အတော် ကြာပြီးနောက် သူမ၏မျက်လုံးများ တောက်ပလာပြီး ခပ်မြန်မြန်လေး ဆိုလာ၏။

"အ​မြစ်မဲ့မီးပင်လယ်မှာ တိကျသေချာတဲ့ နာမည် မရှိဘူး.....သူ့ကို အမြစ်မဲ့မီးပင်လယ်လို့လည်း ခေါ်တယ်.....ဒီလောက်ကြီးမားတဲ့ မီးပင်လယ်ကြီးကို ဖြစ်လာစေဖို့ ဆိုရင် အမြစ်လိုတယ်!"

"အမြစ်?"

"ဟုတ်တယ်... အမြစ်မရှိတဲ့ သစ်ပင်က အသက်ဝိညာဉ် မရှိဘူး အမြစ်မရှိတဲ့ရေက ပုံသဏ္ဌာန်မရှိဘူး အမြစ်မရှိတဲ့ရွှေက အဆုံးအဖြတ် မရှိဘူး အမြစ်မရှိတဲ့ကမ္ဘာက အလားအလာ မရှိဘူး... အမြစ်မရှိတဲ့မီး မောဟမရှိဘူး "

မုရုန်ချင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အနည်းငယ် နီလာသည်။ သူမ နောက်ဆုံးတွင် လုရွှမ်ဘေးမှာ အလဟသ ရပ်နေရမည့်အစား ကူညီ​ပေးနိုင်ခဲ့​ပြီ။

"လုရွှမ် ဒီလိုကြီးမားတဲ့ မီးအိုင်ကြီးမှာ တောက်ပမှု သိပ်မရှိတာကို မြင်တယ်မလား... မီးဆိုတာ ဘာလဲ သူ့သဘာဝက ပူတယ် လောင်တယ် တောက်ပတယ် တောက်ပမှုက စိတ်ကိုပွင့်စေပြီး မီးတောက်တွေက စိတ်ကို ပွင့်စေနိုင်တယ်”

"ဒါပေမဲ့ ဒီအမြစ်မဲ့မီးက တောက်ပမှု သိပ်မရှိဘူး.... ကောင်းကင်ကြီးကို လောင်ကျွမ်းစေပြီး ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်ပေမယ့်လည်း နောက်ထပ် တိုးတက်မလာတော့ဘူး... သူက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ"

"ဒါက တခြားဘာကိုမှ မလောင်ဘူး ဒါပေမဲ့ တခြားအရာတွေရဲ့ ထိန်းချုပ်မှုကိုတော့ ဖြတ်တောက်ပစ်နိုင်တယ်.... အနာဂတ်ရဲ့ ကြီးထွားမှုကိုလည်း ဖြတ်တောက်ပစ်နိုင်တယ် အမြစ်မဲ့မီးအောက်ကို ကြည့်လိုက် မြေက အရမ်းခြောက်သွေ့နေပေမယ့် လုံးဝ မကြည်လင်သေးဘူးမလား"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

အမြစ်မရှိသော မီးသည် အခြားအရာများ၏ အထောက်အပံ့ကို ငြင်းပယ်ပြီး လောင်ကျွမ်းသော အရာများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အနာဂတ် ကြီးထွားမှုကိုလည်း ဖြတ်တောက်ပစ်လိုက်သည်။ ၎င်းက လူတစ်ယောက်ရဲ အသက်တာနဲ့ ကျင့်ကြံခြင်းကဲ့သို့ပင်၊ ကန့်သတ်ချက်မရှိ၊ အထောက်အပံ့ မရှိပေ။

တခြားသူများ၏ ဖိနှိပ်မှုနှင့် ခုခံမှုမရှိရင် ကြီးပွားတိုးတက်မှုက ရှိလာတော့မည် မဟုတ်ပေ။

လုရွှမ် သူ့လက်ဖဝါးကို လှည့်လိုက်ရာ အနီရောင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ၎င်းက စိတ်ဝိညာဉ်မီး ဖြစ်သည်။ နောက်ထပ် လက်တစ်ဖက်မှာ ရှိတဲ့ အနက်ရောင်တစ်မျိုးဖြစ်သည်။

တခြားတစ်ခုသည် အနီရောင်ဖြစ်လို့ အနီရောင်က အနက်ရောင်နဲ့ ကွာခြားမှုသိပ်မရှိဟု ထင်ရသော်လည်း ရောင်ဝါနှစ်ခုမှာ လုံးဝကွဲပြားပေသည်။

တကယ်တော့ နတ်ဆိုးမီးက အဆင့်အတန်း မြင့်ပေမယ့် လုရွှမ်သည် မီးတောက်နှစ်ခုကို ပေါင်းစည်းရန် တွန့်ဆုတ်နေခဲ့ပြီး ၎င်းသည် အပြောင်းအလဲ တစ်ခုခု ဖြစ်လာမည်လားဟုပင် စိုးရိမ်နေခဲ့သည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ မီးတောက်နှစ်ခု ပေါင်းစပ်ကာ အချင်းချင်း ရောယှက်သွားသည်။

မီးတောက်နှစ်ခုလုံးသည် တစ်ဖက်ကို တစ်ဖက် ဝါးမြိုရင်း မိမိကိုယ်ကို ခိုင်ခံ့စေရန် ကြိုးစားနေကြသည်။ လုရွှမ် ၎င်းတို့ကို လျစ်လျူရှုထားကာ တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။ ဤသည်မှာ စကြဝဠာ၏ သဘာဝ စည်းချက် မဟုတ်ပေ။

မီးတောက်များ ရောနှောပြီး တဖြည်းဖြည်း ပြီးသွားတဲ့ အခါမှာတော့ လုရွှမ်လက်ထဲတွင် ကြက်သွေးရောင် မီးတောက်များ ပေါ်ထွက်လာသည်။ နိဂုံးချုပ်အားဖြင့် စိတ်ဝိညာဥ်မီးက သာ၍ကောင်း၏။ နတ်ဆိုးမီးကြောင့် အဆင့်တစ်ဆင့် မြင့်တက်လာပြီး အဆင့်၆သို့ ရောက်ရှိသွားခဲ့သည်။

မီးတောက်က တောက်ပြောင်နေသည်။ ၎င်းက လုရွှမ်ရဲ့လက်ထဲတွင် လူလေးတစ်ယောက်အဖြစ် သူ့အလိုလို ရယ်မောနေသလိုပင် ခံစားရစေသည်။

"လုရွှမ်.... ရှင်?"

"မင်းရဲ့စကားတွေအတွက် ငါမင်းကို ကျေးဇူးတင်ရမယ်... ငါ့ကို တစ်ခုခုကို သဘောပေါက်သွားပြီး အများကြီး အကျိုးရှိစေတယ်... မင်းသတိထားပြီး နောက်ဆုတ်နေလိုက် ငါသွားပြီး ပြန်လာခဲ့မယ်"

ပြောပြီးနောက် လုရွှမ်သည် သူ၏ရှည်လျားသော ဆံပင်ကို လှပစွာ လွင့်ပျံ​စေပြီး မီးအိုင်ထဲသို့ လျှောက်ဝင်သွားခဲ့သည်။ မုရုန်ချင်မှာ သူမပါးစပ်ကို အုပ်လျက် လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

လုရွှမ်သည် ပြန့်ပြူးနေသော မြေပေါ်တွင် လမ်းလျှောက်သကဲ့သို့ မီးပင်လယ်ထဲသို့ ခြေတစ်လှမ်း လှမ်းပြီး နက်ရှိုင်းသော မီးအိုင်ထဲသို့ ခြေတစ်လှမ်းချင်း လှမ်းဝင်သွားသည်။ သို့သော်လည်း မီးတောက်များသည် အလွန်ပြင်းထန်တာတောင် လုရွှမ်ကို လုံးဝ အန္တရာယ် မပြုခဲ့ပေ။

လုရွှမ်ရဲ့ခန္ဓာကိုယ်မှာ မီးတောက်တွေ လုံးဝ မရှိပါ။ သူ့မှာ အကာအကွယ် လုံးဝ မရှိပေမယ့် မီးတောက်တွေက သူ့အလိုအလျောက် ရှောင်ထွက်သွားကြသည်။

လုရွှမ်သည် လွယ်လင့်တကူ လမ်းလျှောက်သွားပြီး မီးပင်လယ်ကို ဖြတ်သွားသည်။ ကောင်းကင်မီးတောက်၏ အလင်းမှုန်များ တောက်ပနေသော သူ့မျက်လုံးများနှင့်အတူ မီးပင်လယ်ကို ကြည့်ကာ မှော်ဆန်သော နေရာကို ကြည့်ရှု ရှာဖွေနေသည်။

ထိုအခိုက် မီးကြာပန်းက လုရွှမ်ရဲ့ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ ဤအနီးတစ်ဝိုက်တွင် မီးကြာပန်းတစ်ပင်သာ ပေါက်နေကာ အနီးပတ်ဝန်းကျင် တစ်ခုလုံး ကြည်လင်နေသည်။ အကိုင်းအခက်များနှင့် အရွက်များက ယိမ်းနွဲ့နေပြီး အလင်းရောင်များ တောက်ပနေသည်။

အကိုင်းအခက် အားလုံးသည် နီရဲလျက်ရှိကာ မီးတောက်များနှင့်အတူ လှုပ်ရှားနေကြ၏။ အောက်ခြေတွင် မပွင့်သေးသော ကြာပန်းမျိုးစေ့များလည်း ပေါက်ရောက်နေ၍ စပါးပင်များကဲ့သို့ အညွှန့်လေးများ ထွက်နေသည်။

လုရွှမ် ခေတ္တရပ်ပြီး မီးကြာပန်းရှေ့သို့ ဆင်းလာခဲ့သည်။ ထိုအခိုက် ပတ်ဝန်းကျင်မှ မီးတောက်များသည် ချက်ချင်း အရှိန်ပြင်းလာပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ မီးတောက်များသည် သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားသော်လည်း လုရွှမ်ဆီ အနီရောင် မီးတောက်များ ထွက်ပေါ်လာပြီး သူ့ကို အကာအကွယ် ပေးထားလိုက်သည်။

၎င်းမှာ သူ၏အဆင့်ကို အဆင့်မြှင့်တင်ပြီးနောက် ပိုမိုအားကောင်းလာသော ဝိညာဉ်မီးပဲ ဖြစ်သည်။ ပတ်ဝန်းကျင်က မီးတောက်တွေဟာ လေထုထဲကို ရောက်သွားသလိုမျိုး လုရွှမ် ရပ်နေသည့်နေရာ၌ မီးလုံးဝ မရှိပါ။

အလွန်အေးမြသော လေနုအေးကိုပင် ခံစားနိုင်သည်။ လုရွှမ် စကားမပြောဘဲ မီးကြာပန်းကို ကြည့်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် လေ့ကျင့်ပါတော့သည်။

မီးကြာပန်းသည် ယိမ်းနွဲ့ကာ လုရွှမ်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သုံးကြိမ်ဆက်တိုက် လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် မီးပင်လယ်သည် ပွက်ပွက်ဆူလာလေ၏။ တစ်ဆက်တည်း ပတ်ဝန်းကျင်ရှိ မီးတောက်များက အလယ်ရှိ ကြာပန်းဆီသို့ စုစည်းလာသည်။

လုရွှမ် မျက်လုံးများကို ဖွင့်ကာ မီးကြာပန်းကို ထပ်ကြည့်လိုက်။ ပြောစရာမလိုအောင် သူ၏ လုပ်ရပ်များက ၎င်းရဲ့ အဓိပ္ပာယ်အမှန်ကို ဖော်ပြ​ပေး​နေပြီးသား ဖြစ်နေပါပြီ။ မီးကြာပန်းက လုရွှမ်လက်ထဲသို့ သူ့အလိုလို လွင့်ပျံလာခဲ့သည်။ ၎င်းက မီးလုံး​လေးကဲ့သို့ အနီရောင်မီးတောက်များဖြင့် လှပ​ပေသည်။

မုရုန်ချင် အဝေးမှ ပြေးလာ၏။ လုရွှမ်လက်ထဲမှ ကြာပန်းကို ကြည့်လိုက်ရာ ရုတ်တရက် သူမ အံ့သြသွားသည်။ လုရွှမ် သူမကို အံ့ဩစရာများစွာ ပေးနေပြီဖြစ်သည်။

"ကောင်းပြီ သွားကြရအောင်"

လုရွှမ်သည် သူ့ခန္ဓာကိုယ်ထဲသို့ မီးကြာပန်းကို တိုက်ရိုက် စုပ်ယူလိုက်ရာ မီးကြာပန်းက လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် တိုးဝင်၍ နတ်တောင်တန်းဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

မြေပြင်သည် မြေပြင်သာ ဖြစ်ပြီး သယ်ပိုးရန် အသုံးပြုနိုင်၏။ ထို့ကြောင့် အရာအားလုံးသည် မြေကြီးပေါ်တွင်သာ ရှိတဲ့အတွက် နတ်တောင်တန်းက အရာအားလုံးကို သယ်ဆောင်နိုင်ပါသည်။

ကောင်းကင်နှင့် မြေကြီးတို့ လှိုင်းထန်လာသည်။ ပတ်ဝန်းကျင် အပူချိန်က လျင်မြန်စွာ ကျဆင်းသွားကာ ရွှေဒြပ်စင် ရောင်ဝါများ လျင်မြန်စွာ တိုးလာနေသည်။ ဝင်လာတဲ့ အချိန်ကနှင့် နှိုင်းယှဉ်ပါက ဤနေရာတွင်ရှိ ရွှေဒြပ်စင် လေထုသည် ပိုမိုအားကောင်းလာပါ​ပြီ။

ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ချေ။ အဆုံးမရှိကမ္ဘာ အခင်းအကျင်းက ပျက်စီးသွားလေပြီ။

မီးကြာပန်း၏ အကာအကွယ်ဖြင့် နှစ်ယောက်သား အလျင်အမြန် ပြေးသွားကာ ရွှေဒြပ်စင် တည်ရှိရာ အရပ်မှ ပြေးထွက်လာကြသည်။

ထိုအခိုက် အဝေးမှ ဓားအလင်းတန်းတစ်ခု လင်းထိန်သွားကာ နောက်ဆုံးတွင် သူတို့နှစ်ယောက် တခြားလူများကို တွေ့လိုက်ရသည်။ သို့နှင့် နှစ်ယောက်သား ကောင်းကင်ယံသို့ ပျံတက်ကာ ဓားအလင်း လင်းလက်နေသည့် အရပ်ဆီသို့ ပျံသန်းလာခဲ့ကြသည်။

All Chapters