← Chapters

မြွေလေး

Vol. 94 Ch. 4.922

မြွေလေး

Vol. 94 Ch. 4.922

ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်က လုရွှမ်တို့ ပြေးလာတာကို မြင်တော့ သူတို့ဘက်ကို ပြေးလာခဲ့လေသည်။

"ကူညီပါဦး!"

သူ့နောက်မှာရှိနေတဲ့ မြွေလေးက အသည်းအသန် ပြေးလိုက်လာ၏။ အကယ်၍ လုရွှမ်မှာ စူးရှတဲ့မျက်လုံးသာ မရှိရင် မြွေသေးသေးလေး ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်​လောက်ပါဘူး။

မြွေလေးသည် အလွန်တိုပြီး အရှည်က တစ်ပေခန့်သာ ရှိသည်။ ခန္ဓာကိုယ်က ဖောက်ထွင်း မြင်ရလုနီးပါး အရောင်မဲ့ကာ လေထဲတွင် ပျံသန်းနေသည်မှာ အလွန်လျင်မြန်ပြီး အလွန်လည်း ထူးဆန်းသည်။

နောက်ဆုံးတော့ လူတစ်ယောက်နဲ့ တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် လုရွှမ်အနေနဲ့ ထိုလူကို သူတို့ရှေ့မှာ လွယ်လွယ်နဲ့ သေခွင့်ပေးမှာ မဟုတ်ချေ။ လုရွှမ် သူ့ဓားကို ဆွဲထုတ်ဝေ့ယမ်းလိုက်သည်။ ဓားစွမ်းအင်က လေထဲမှာ ပျံ့သွားပေမယ့် အသံတစ်ခု ကြားလိုက်ရပြီးနောက် မြွေကလေး လွင့်သွားပေမယ့် ပြတ်မသွားပါဘူး။

လုရွှမ် အံ့အားသင့်သွားသည်။ အထူးသဖြင့် ချင်ထျန်းဓားကို ကိုင်ထားသည့်အခါတွင် သူသည် အစွမ်းရှိသမျှ အားမထုတ်သေးသော်လည်း အင်အား အနည်းငယ်ကတော့ ပါသေးသည်။

သို့သော် နတ်မီးနယ်ပယ်ရှိ ကျင့်ကြံသူများသည် မြွေလေး၏ ခုခံကာကွယ်မှု မကျိုးပေါက်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ဤနတ်မီးနယ်ပယ် အလိုက်ခံနေရတာ အံ့ဩစရာ​တော့ မဟုတ်ပါ။ ၎င်းမှာ သန်မာသော အသားအရည်နှင့် ထူထဲသော အသားရှိသည်။

မြွေလေးက ရုတ်တရက် ခန္ဓာကိုယ်ပြောင်းသွားပြီး အနီရောင်တောက်တောက် အရောင် ထွက်လာသည်။ ၎င်းရဲ့ မျက်လုံးတစ်စုံသည် မကောင်းဆိုးဝါး စွမ်းအားအပြည့် ရှိသော အပြာရောင် အလင်းတန်းများဖြင့် တောက်ပလာပြီး လုရွှမ်မျက်လုံးများကို စိုက်ကြည့်နေသည်။

လုရွှမ် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများက အလင်တန်းတစ်ခု ပြေးထွက်သွားသည်။

တစ်ခဏအတွင်း မြွေငယ်၏ မျက်လုံးများသည် လုရွှမ်၏ စစ်မှန်သော နေရောင်မျက်လုံးဖြင့် မီးလောင်ပြာကျသွားသည်။ လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်၏ အလင်းမှုန်တို့မှ ပေါက်ဖွားလာသောကြောင့် အလွန်အစွမ်းထက်ပြီး နေ​ရောင်များအပြည့်ရှိသည်။

အထူးသဖြင့် သူကျင့်ထားသည့် ကျင့်စဥ်မှာ ယွမ်ယန်ကျင့်စဥ် ဖြစ်သည်။ သူ့ခွန်အားများ တိုးလာသည်နှင့်အမျှ နေမျက်လုံးအစစ်၏ စွမ်းအားသည်လည်း လျင်မြန်စွာ တိုးလာပါသည်။

လုရွှမ်ကို လုပ်ကြံဖို့ သူ့မျက်လုံးတွေကို သတ္တိရှိရှိ အသုံးချခဲ့တဲ့ ဒီမြွေလေးဟာ ကံမကောင်းခဲ့ပါဘူး။ လုရွှမ်ရဲ့ မျက်လုံးများကို မြင်သော် ၎င်းက စူးစူးဝါးဝါး အော်ဟစ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှ အရောင်ငါးရောင်သည် ပြန်လည်လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ပင် တလတ်လတ် တောက်ပနေသည်။

"ဘယ်သွားမလို့လဲ!"

လုရွှမ် မြွေလေးကို လက်ဖဝါးနဲ့ လျင်မြန်စွာ ဖမ်း၍ လက်ဝါးထဲမှာ မြုပ်ထားလိုက်သည်။ မြွေလေးသည် လုရွှမ်၏ လက်ဖဝါးကို ကိုက်လိုက်ရာ လုရွှမ်လည်း သူ့လက်ဖဝါးကို အမှန်တကယ် အကိုက်ခံလိုက်ရတဲ့ အတွက် တိတ်တဆိတ် အံသြသွားမိသည်။

သူ့လက်က သာမာန်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရင် သူ့ကိုဓားတွေနဲ့ နည်းနည်း​တောင် ခြစ်လို့ မရပေမယ့် ဒီမြွေကတော့ ကိုက်လေပြီ။

“သတိထား... ဒီမြွေရဲ့ ပါးစပ်ထဲမှာ အဆိပ်ပါတယ်”

ထွက်ပြေးနေတဲ့ လူက အော်လိုက်သည်။ လုရွှမ် မြွေလေးကို လက်ချောင်းဖြင့် ဆွဲထုတ်လိုက်ကာ သေးငယ် တောက်ပသော အစွယ်တစ်ချောင်းရှိသည့် ပါးစပ်ကို ဖွင့်ဟလိုက်သည်။

"ဒါက ဘယ်လိုမြွေမျိုးလဲ"

လုရွှမ်ရဲ့ အသံက အံ့အားသင့်နေသည့် အရိပ်အမြွက်များ ပါလာသည်။ တစ်ဖက်က ကျင့်ကြံသူမှာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေ၏။ အကြောင်းမှာ သူ့လက်ဖဝါးပေါ်က ဒဏ်ရာက လျင်မြန်စွာ ပျောက်ကင်းနေကာ မျက်နှာမှာလည်း အဆိပ်ခတ်ခံရတဲ့ လက္ခဏာမျိုး မရှိချေ။

သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်ကို မျှော်စင်နယ်ပယ်က အံ့ဖွယ်လူကို ကြည့်နေရသကဲ့သို့ ကြည့်လိုက်သည်။

ဒီမြွေလေးဟာ ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာ သူကောင်းကောင်းသိပါ၏။ သူနဲ့ သူ့အပေါင်းအဖော် စုစုပေါင်း ကိုးယောက်မှာ ဒီမြွေကြောင့် ဒုက္ခရောက်ခဲ့သည်။ သူ့သူငယ်ချင်းတွေသာ မခုခံထားနိုင်ခဲ့ရင် သူလည်း သေသွားလိမ့်မယ်။ ကံကောင်းချင်တော့ သူက ကံကောင်းနေခဲ့သည်။

"ကျွန်တော်က မင်ရွှမ်းပါ.... မင်းတို့နှစ်ယောက်က ဘယ်သူလဲလို့ မေးလို့ရမလား"

နှစ်ယောက်စလုံးက သူ့ထက် လေ့ကျင့်မှုနည်းပေမယ့် သူတို့ရဲ့ ထူးထူးခြားခြား ဝက်ဝံတွေလို အရှိန်အဝါကို မြင်တော့ သူ လုံးဝ သတိမမူဘဲ မနေရဲပါဘူး။ ဒါက ကောင်းကင်ဘုရင် နန်းတော်ဖြစ်ပြီး ​ဒီနေရာသို့ လာသူတိုင်းသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်သည်။

လူတစ်ယောက်ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမှု အဆင့်ကို မကြည့်ပါနဲ့။ အဲဒီလိုလူတွေက နယ်ပယ်တွေကို ခုန်ကျော်ပြီး သခင်တွေကို သတ်ဖို့ လွယ်ပါ၏။

"လုရွှမ်....မုရုန်ချင်"

လုရွှမ်က မြွေငယ်လေးနဲ့ ကစားရင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်လိုက်သည်။ မြွေငယ်လေးသည် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပေမယ့် လုရွှမ်လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

"လုရွှမ်?"

မင်ရွှမ်း မယုံကြည်နိုင်စွာ အော်လိုက်ပြီး ခေါင်းကို ထပ်ခါတလဲလဲ ညိတ်လိုက်သည်။

"ဒါပေါ့ ဒါပေါ့.... ဒီလိုနယ်ပယ်မှာ ဘယ်သူက မင်းလိုလုပ်နိုင်မှာလဲ... လေးစားပါတယ် လေးစားပါတယ်"

မင်ရွှမ်းသည် လျင်မြန်စွာ ဦးညွှတ်ပြီး သူ့စိတ်ထဲက သံသယအနည်းငယ်ဖြင့် နောက်ဆုတ်သွားသည်။ သူအရင်က ကောင်းကင်ဘုံသခင် စတုတ္ထအဆင့် မဟုတ်ပါလား။ ယခု သူသည် ကောင်းကင်ဘုံသခင် အဆင့်၇ သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ထင်ရှားလေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် အတိဒုက္ခကို ဖြတ်သန်းခဲ့ရတာ ဖြစ်နိုင်သည်။ ဧကန္တ ကောင်းကင်ဘုရင် နန်းတော်ထဲမှာ မိုးကြိုးအတိဒုက္ခကို ကျော်လွှားခဲ့တာလား။ တစ်ရက်တည်းမှာပင် နယ်ပယ်ငယ်လေး သုံးခုကို ဖြတ်ကျော်ပြီး တိုးတက်လာပြီလား။

ပါရမီရှင်လောကသည် အမှန်တကယ်ပင် သူမမှန်းဆနိုင်သောအရာ ဖြစ်သည်။

"ချီးကျူးနေပါပြီ....မိတ်ဆွေမင်ရွှမ် မိန်းကလေးလီလင်ရှိူ့ ဒါမှမဟုတ် သခင်လေးရွှမ်ကျီးဖြစ်ဖြစ် တွေ့လိုက်သေးလား?"

"အာ... ကျွန်တော် သခင်လေးရွှမ်ကျီးကို မြင်လိုက်ပေမယ့် မင်းသမီးလီလင်ရှို့ကို တစ်ခါမှ မတွေ့ခဲ့ဘူး"

အခင်းအကျင်း အသွင်သဏ္ဌာန် ပြောင်းလဲသွားကာ လျှို့ဝှက်ဆန်းကြယ်မှု အများစုသည် ယခင်နေရာ မဟုတ်တော့သော်လည်း သဲလွန်စတစ်ခုဟု ယူဆနိုင်သေးသည်။

မင်ရွှမ်းသည် ဉာဏ်ကောင်းသူဖြစ်ပြီး သူ့ကို ကျေးဇူးတင်ကြောင်း ပြန်ပြောပြီးနောက် သူ့ဘာသာသူ ထွက်ခွာသွားခဲ့သည်။ လုရွှမ်နဲ့ မုရုန်ချင်လည်း မင်ရွှမ်းညွှန်ပြသော လူတိုင်းစုဝေးရာနေရာကို အမြန်ထွက်ခွာလာခဲ့သည်။

ဒီနေရာမှာ ဘယ်လိုအရာတွေက ထူးဆန်းနေလဲ နားမလည်ကြသော်လည်း လျှို့ဝှက်ဆန်းကြယ်သော လေထု ထူးဆန်းမှုတို့ကို ကျင့်ကြံသူ တော်တော်များများက ရှာတွေ့ခဲ့ပြီး လှည့်လည်သွားလာရန် မဝံ့မရဲ ဖြစ်​စေခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် လူများစွာ စုရုံးလာကြသည်။

အဲဒီမှာ လီလင်ရှို့တို့အကြောင်း သတင်းတွေ ရှိကောင်းရှိနိုင်ပါသည်။ များမကြာမီတွင် သူတို့နှစ်ဦးသည် ကျင့်ကြံသူများနှင့် ထပ်မံတွေ့ဆုံကြပြီး လူအနည်းငယ်၏ လမ်းညွှန်မှုဖြင့် စုဝေးရာသို့ ရောက်ရှိလာကြသည်။

ထိုနေရာက မြင့်မားသော တောင်ကြီးဖြစ်သည်။ အလွန်မျက်စိ ဖမ်းစားနိုင်သော နေရာတစ်ခုဖြစ်လို့ လူစုဝေးရာအဖြစ် အသုံးပြုရခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ နှစ်ယောက်သား လူတွေအများကြီး ရှိတဲ့ တောင်ပေါ်ကို ရောက်လာခဲ့သည်။

အခင်းအကျင်း အသွင်သဏ္ဌာန် ပြောင်းလဲသွားတာကို လူအများစုက မသိကြသေးဘဲ ထိတ်လန့်နေကြဆဲ ဖြစ်သည်။ လှည့်လည် သွားလာနေတုန်း ပျောက်ကွယ်သွားသော ညီအစ်ကိုများစွာကို သူတို့ဒီမှာ ပြန်တွေ့ကြရသည်။

"သူငယ်ချင်း မင်းလက်ထဲက မြွေလေးကို ရောင်းလို့ရမလား"

လုရွှမ် တောင်ပေါ်တွင် လှုပ်ရှားမှုကို စောင့်ကြည့်နေချိန်၌ လူနှစ်ယောက် ရုတ်တရက် ပြေးထွက်လာကာ လုရွှမ်နဲ့ မုရုန်ချင်ကို ဘယ်တစ်ယောက် ညာတစ်ယောက်ကို ပိတ်ဆို့ထားလိုက်သည်။

လုရွှမ်လက်ထဲက မြွေငယ်လေးကို ပူလောင်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း တစ်ယောက်က ပါးစပ်ကိုဖွင့်ပြီး မေးလိုက်ကာ ကျန်တစ်ကောင်က လက်ဆန့်၍ ဖမ်းလိုက်သည်။

လုရွှမ် သူ့လက်ကို မလှုပ်ဘဲ မြွေ​လေးရဲ့ ခေါင်းကိုသာ မြှောက်လိုက်ရာ ထိုလူသည် အလွန်ထိတ်လန့်စွာဖြင့် လက်ကို ပြန်ရုတ်လိုက်​လေသည်။

လုရွှမ် ထိုသူကို ကြည့်လိုက်ရာ ၎င်းရဲ့မျက်ခုံးမွှေးများ ကြားတွင် သံသယ အရိပ်အယောင်များ ပေါ်ထွက်နေသော်လည်း သူ့စိတ်ထဲက ဒေါသကို ထိန်းထားပြီး ပြုံးပြနေသေးရာ ငိုတာထက်ပင် ကြည့်ရဆိုး​နေသည်။

"သူငယ်ချင်း ဒီမြွေလေးကို ရောင်းချင်လား?"

သူတို့နှစ်ယောက်က လုရွှမ်လက်ထဲက မြွေလေးဆီကို တစ်ချက် ကြည့်လိုက်သည်။ ဒီမြွေလေးက လျှို့ဝှက်ဆန်းကြယ်နေရာ သူတို့ကို ရောင်းဖို့ ပေးလိုက်ရင် သူတုံးနေတာပဲ မဟုတ်လား။

"မရောင်းဘူး!"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လုရွှမ်နဲ့ မုရုန်ချင်ရဲ့ လမ်းကို ပိတ်ဆို့လိုက်သည်။

"သူငယ်ချင်း ဒါက ကောင်းကင်ဘုရင် နန်းတော်နော်... သူငယ်ချင်းတစ်ယောက် ထားတာက ရန်သူတစ်ယောက်ထက် ပိုကောင်းတယ်နော်"

"ဟုတ်တယ် ဒီမြွေလေးကို စွမ်းအင်သလင်းကျောက် ၃၀၀ နဲ့ ဝယ်မယ်... ဒါက အများကြီးပါပဲ"

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို အာရုံစိုက်လိုက်သည်။ ဤလူနှစ်ကောင်သာမက တခြားသူများ၏ မျက်လုံးများသည်လည်း မြွေလေးကို ကြည့်ကာ အလွန်တပ်မက်သော အလင်းတန်းများ ထွက်ပေါ်လာနေကြသည်။

ဒီလူနှစ်ယောက်ကို ကြောက်နေမှန်း သိသာတာမို့ ရှေ့ကို မလှမ်းရဲကြပါဘူး။

All Chapters