အတင်းအကြပ် အဝယ်အရောင်း
Vol. 94 Ch. 4.923
"မရောင်းဘူး!" လုရွှမ်က ထပ်ပြောသည်။
"ဟမ့် မျက်နှာသာပေးတာကို မသိတတ်ဘူး ရောင်းမှာလား မရောင်းဘူးလား.... "
သူသည် ယခင်က သတိလက်လွတ်ဖြစ်ခဲ့ပြီး မြွေကို လှမ်းယူဖို့ ပထမဆုံး အရေးယူခဲ့သော လူပဲဖြစ်သည်။ ယခုအချိန်မှာတော့ သူသည် ဒေါသထွက်လာတဲ့အတွက် ဓားကို ဆွဲထုတ်ကာ လုရွှမ်ရဲ့ ခေါင်းကို ချိန်ထားလိုက်သည်။ နောက်တစ်ယောက်ကလည်း လုရွှမ်အား တစ်ဖက်မှ တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ယောက်သည် တကယ်ကို အစွမ်းထက်တဲ့ နတ်မီးသုံးလုံးကို ထွန်းညှိထားပုံရပြီး သူတို့ဟာ နတ်မီးနယ်ပယ် စတုတ္ထအဆင့်မှာတော့ ရှိမနေပါဘူး။
ယခုအချိန်မှာ လုရွှမ်ရဲ့ နယ်ပယ်ကလည်း အလွန်တိုးတက်လာပြီ။ သူ့မျက်လုံးများက ထက်မြက်ပြီး လှုပ်ရှားမှုများ ပိုမိုမြန်ဆန်လာသည်။ ပို၍တိကျစွာဖြင့် သူသည် လက်ကောက်ဝတ်ကို လှန်ကာ လူနှစ်ဦး၏ လက်ကောက်ဝတ်က အပ်စိုက်သည့် နေရာများကို ပွတ်ဆွဲပြီးနောက် မြွေလေးကို ထိန်းချုပ်ကာ လူနှစ်ဦး အရေပြားပေါ် ဖိလိုက်သည်။
မြွေငယ်လေးမှာ အလွန်ဒေါသထွက်နေပြီ ဖြစ်သဖြင့် ပြင်းထန်စွာ ကိုက်ချပစ်လိုက်သည်။ နှစ်ယောက်သား ဆိုးဆိုးဝါးဝါး အော်ဟစ်ရင်း လက်ကောက်ဝတ်များကို အုပ်ကာ နောက်ပြန်ဆုတ်သွားကြသည်။ သူတို့၏ အမူအရာမှာလည်း ထိတ်လန့်တကြား ပြောင်းလဲသွားကြသည်။
အလင်းတန်းနှစ်ခု လင်းလက်လာပြီး နှစ်ယောက်သား လက်ကောက်ဝတ်ကို ချက်ချင်းဖြတ်ဖို့ ဆုံးဖြတ်လိုက်၏။ နီရဲတောက်ပြောင်သော သွေးများ စီးကျလာတာကို မြင်လိုက်ရတော့မှ လူနှစ်ယောက်သား သက်ပြင်းချမိသည်။
လုရွှမ်ကို ကြည့်နေတဲ့ မျက်လုံးတွေက ဒေါသတွေအပြည့်နှင့်။
"ဟမ့် ကောင်လေး.... မင်းက သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့လေ... မင်းငါ့ကို ရန်စရဲတယ် ဆိုမှတော့ မင်းသေပြီပဲ... အခုမသွားရင် ငါ...."
လုရွှမ် သူ့ဓားကို လှန်လိုက်သည်နှင့် ထိုသူဦးခေါင်းသည် အမြင့်ငါးပေအထိ ပျံတက်သွားကာ သွေးများကလည်း ကောင်းကင်တစ်ခွင် ဖြာထွက်သွားသည်။
နောက်တစ်ယောက်လည်း ကြောက်လန့်သွားသည်။ လူတစ်ယောက်ကို အနိုင်ကျင့်တာက လူသတ်နတ်ဘုရားကို နှိုးဆော်မိမယ်လို့ မမျှော်လင့်ထားပါဘူး။ သူ့ခမျာ အလိုလို ပြေးထွက်သွားချင်ပေမယ့် နောက်တစ်ခဏမှာ သူ့ဒူးတွေ ပျော့ခွေလာပြီး မြေပြင်ပေါ်မှာ ဒူးထောက်လိုက်လေသည်။
"သူရဲကောင်း....ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ကျွန်တော် မှားသွားပါတယ်... ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ"
အဲဒီလူက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ကျယ်လောင်တဲ့ အသံနဲ့ ဟစ်အော်လိုက်သည်။ လုရွှမ် သူ့ဓားကို လှန်လိုက်ပြီး ခေါင်းက လွင့်ထွက်သွားသည်။ လုရွှမ်ရဲ့ မျက်ခုံးတွေကတော့ ရွံမုန်းစရာတွေကို ကြည့်နေရသလိုပင်။
ထိုသို့သောလူသည် ဒူးထောက်ကာ သက်ညှာပေးဖို့ တောင်းမယ် ဆိုလျှင်ပင် လုရွှမ်ကတော့ သက်ညှာပေးမည် မဟုတ်ချေ။ ထိုမြင်ကွင်းကြောင်း အနီးနားရှိ လူနှစ်ယောက်သည် မယုံနိုင်လောက်အောင် အံ့သြ တုန်လှုပ်သွားကြသည်။
"စိတ်မပူပါနဲ့.... မကြောက်ပါနဲ့ အဲဒီလူနှစ်ယောက်က အသတ်ခံရဖို့ ထိုက်တန်လို့ပါ"
မုရုန်ချင်က လူတိုင်းဘက်လှည့်၍ အလျင်အမြန် ပြောလိုက်သည်။ လုရွှမ်ရဲ့ လှုပ်ရှားမှုများက မြန်လွန်းသဖြင့် သူမ ဘာမှပြန်မပြောမီတွင် သူတို့၏ ခေါင်းများက ပျံသန်းနေပြီဖြစ်သည်။
"ဒီမြွေက ဘာကောင်လဲ"
အနီးဆုံး ကျင့်ကြံသူက တုန်တုန်လှုပ်လှုပ်နဲ့ ဖြေလာသည်။
"ဒီမြွေလေးကို ဘယ်လိုခေါ်လဲ ဘယ်လိုမျိုးလဲ မသိဘူး တစ်ခါမှလည်း မမြင်ဖူးဘူး ဒါပေမဲ့ လူတစ်ယောက်ကတော့ စွမ်းအင်သလင်းကျောက် တစ်သိန်းနဲ့ အားကြိုးမာန်တက် စုဆောင်းနေတယ်"
အစောက လူနှစ်ယောက်သည် အမှန်တကယ်တော့ ရာဂဏန်းမျှသာရှိသော စွမ်းအင်သလင်းကျောက်ဖြင့် မြွေလေးကို လုယူချင်ကြသည်ဟုသာ ဆိုနိုင်ပေသည်။ လူနှစ်ယောက် သေသွားတာကို မြင်တော့ သူက ပျော်ရုံသာ ခံစားခဲ့ရပေမယ့် ဒီလိုအဖြစ်ဆိုးကြီး သူ့ဆီမှာ ဖြစ်သွားမှာကို အရမ်းကြောက်နေ၏။
"ဘယ်သူက စုဆောင်းနေတာလဲ?"
မုရုန်ချင်က ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။
ထိုသို့သော မြွေကလေးသည် သလင်းကျောက် အလုံးရေ 100,000 ဖြင့် ရောင်းချနိုင်တာဟာ အမှန်တကယ် တန်ဖိုးမှာ ပို၍များပြားလောက်သည်။
လုရွှမ်လည်း ဒီမြွေလေးဟာ တကယ်ကို အစွမ်းထက်ပေမယ့် တစ်သိန်းနဲ့ ဝယ်မယ်ဆိုတာဟာ အံ့သြစရာကောင်း လောက်အောင်ကို ထူးဆန်းနေသည်။
"သူတို့ ရောက်လာပြီ"
လုရွှမ်သည် သူ့လက်ညှိုးကို ခပ်လှမ်းလှမ်းတွင်ရှိ လူသုံးယောက် ဒေါသမျက်နှာဖြင့် ပျံသန်းလာရာဘက်သို့ ညွှန်ပြလိုက်သည်။
"ငါ့ညီကို ဘယ်သူသတ်လိုက်တာလဲ"
ခေါင်းဆောင်သည် ထက်ရှသောပါးစပ်၊ မျောက်လို ပါးများနှင့် တောက်ပလွန်းသော မျက်လုံးတစ်စုံရှိ၍ လူအများကို မကောင်းသော ခံစားချက်များကို ပေးစွမ်းနိုင်သည်။
ဘယ်သူကမှ စကားမပြောရဲပေမယ့် သူတို့မျက်လုံးထဲက အကြည့်တွေကတော့ လုရွှမ်ဘက်ကို တိုက်ရိုက် လှည့်သွားလေသည်။
"ကောင်းကင်ဘုံသခင် ကျင့်ကြံသူလေး... မင်းက တော်တော် အရည်အချင်းရှိသားပဲ အိုး... မင်း မြွေကိုက်ခံထားရတာပဲ..."
သူ့ခန္ဓာကိုယ်က ရုတ်တရက် ဖျတ်ကနဲ ပျောက်သွားသည်။ ပြန်ပေါ်လာတဲ့ နောက်အခိုက်အတန့်မှာတော့ သူ၏ လက်ဖဝါးများက ကျားခြေသည်းများကဲ့သို့ ဖြစ်ကာ လုရွှမ်ရဲ့ နှလုံးနေရာသို့ ဖမ်းဆုပ်လိုက်သည်။ ဒါက သိသိသာသာ သတ်ပစ်ချင်နေတာ ထင်ရှားပေ၏။
လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားသွားဘဲ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုသာ ပေါ်လာခဲ့သည်။
ဝုန်း!
"အား......"
လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း တစ်ချက် လိမ်ချိုးခံလိုက်ရသလို သူ့လက်ချောင်းတွေက တွန့်လိမ်ကာ ကျိုးသွား၏။
"မင်း ရင်ဘတ်မှာ ဘာရှိနေတာလဲကွ!"
ထိုကျင့်ကြံသူက ဟောက်လိုက်သည်။ သူက ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ အရှိန်က အရမ်းမြန်ပြီး လှုပ်ရှားမှုတွေက ပိုထူးဆန်းလာသည်။ ဒါကို သာမန်ကျင့်ကြံသူတွေ လုံးဝ မသိနိုင်ပေမယ့် လုရွှမ်ကတော့ သာမန်လူ မဟုတ်နေချေ။
"ဒီပုတ်ထဲက ဒီပဲပဲ!"
ဒီလူရဲ့အမူအကျင့်က အရင်သေဆုံးသူနဲ့ လုံးဝ တစ်ပုံစံတည်းပါပဲ။
လုရွှမ် သူ့ဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ ဒီလူက အလွန်လျင်မြန်ပြီး သူရဲ့ လှုပ်ရှားမှုများက ပို၍ပင် ထူးဆန်းနေသည်။ ဒါပေမဲ့ လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ သူ့လက်ထဲမှာ ဓားရှည်တစ်လက် ရှိတယ်ဆိုတာ အခုပြောစရာမလိုအောင် သိနေပြီးသားပင်။
အလင်းရောင် တစ်ချက် တောက်သွားသည့် အခိုက်တွင် ကျင့်ကြံသူ၏ ဦးခေါင်းက ပျံတက်သွားကာ ယခင်လူနှစ်ယောက် တန်းစီရာသို့ ရောက်သွားလေသည်။
"နတ်လက်နက်... အဲဒါ နတ်လက်နက်ပဲ"
ချင်ထျန်းဓားကို နောက်ကျောမှာ အမြဲထမ်းထားတာမို့ လူတော်တော်များများက မှတ်မိတာမဟုတ်ပေမယ့် ဓားထွက်လာတာနဲ့ ၎င်းရဲ့စွမ်းအင်တွေက ထက်မြက်နေတာကြောင့် လူတွေက အလွယ်တကူ မှတ်မိကြပါသည်။
"သူက လုရွှမ်ပဲ!"
လုရွှမ်?
သေသွားသူနှင့် ပြေးထွက်လာခဲ့သော ကျန်လူနှစ်ယောက်မှာ ထိတ်လန့်သွားကာ သူတို့၏ ယုံကြည်မှုများလည်း အနည်းငယ် ပျက်ယွင်းသွားသည်။ လုရွှမ်ဆိုတာ မျှော်စင်နယ်ပယ်က သခင်များကို ရန်သူလုပ်ရဲတဲ့ ပါရမီရှင်ပင်။ သူ့ကို ဆန့်ကျင်တိုက်ခိုက်ခြင်းက သေခြင်းတရားကို ရှာဖွေနေခြင်းသာ ဖြစ်သည်။
"သခင်လေးလုရွှမ် ငါတို့မင်းရဲ့ရန်သူ မဖြစ်ရဲပါဘူး.... မင်းလုပ်ခိုင်းတာမှန်သမျှ လုပ်ပါ့မယ်"
"ဟုတ်တယ် ဟုတ်တယ် ရေထဲသွားဆို သွားမယ် မီးထဲဆင်းဆိုလည်း ဆင်းပါ့မယ်"
လုရွှမ်သည် လူနှစ်ယောက်၏ ပျင်းစရာကောင်းသော စကားလုံးများကို အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် တိုက်ရိုက်ပဲ မေးလိုက်သည်။
"ဒီမြွေလေးက ဘယ်လိုအကြောင်းမျိုး ရှိလဲ"
သူတို့နှစ်ယောက်မှာ စိုးရိမ်တကြီးဖြင့် အားလုံးကို ကမန်းကတန်း ရှင်းပြသည်။ ဒီမြွေလေးရဲ့ နာမည်က အရမ်းလွှမ်းမိုးနိုင်ပြီး နာမည်ကြီးပါ၏။ ၎င်းသည် ဒဏ္ဍာရီဆန်သော မြွေပျံဖြစ်သည့် ထန်မြွေကြီးပင် ဖြစ်လာနိုင်သည်။
ယခု ၎င်းဟာ ထန်မြွေပျံရဲ့ သွေးစစ်စစ်နဲ့ ဝေးကွာနေပါသေးသည်။ သူ့ခန္ဓာကိုယ်ထဲမှာ မြင့်မားတဲ့ မြွေသွေးနဲ့ ဗီဇပြောင်းထားတဲ့ မြွေကလေးတစ်ကောင်ပဲ ဖြစ်လေသည်။ အလေးအနက် ပြောရလျှင် ဤမြွေငယ်များကို အဆင့်မြင့်သောမြွေဟု ခေါ်မည် မဟုတ်ပေ။
သူတို့နှစ်ဦးသည် အဆင့်အတန်း နိမ့်ပါးသောကြောင့် ဤမြွေငယ်၏ မှော်ဆန်သောအကျိုးသက်ရောက်မှုများကို သဘာဝအတိုင်း မသိခဲ့ကြပေ။ ဒီမြွေလေးတွေကို မျှော်စင်နယ်ပယ်က သခင်တချို့က ဝယ်ယူမယ်လို့ ဆိုတာကြောင့် လူတချို့က ပိုက်ဆံရှာဖို့ အခွင့်အရေး ယူခဲ့ကြတာပဲ ဖြစ်သည်။
"ဒါဟာ အရှိန်ပြင်းတဲ့ ထန်မြွေပျံလား?"
မုရုန်ချင် ထိတ်လန့်စွာ အော်လိုက်သည်။ သူမဟာ ဒီတစ်ပေသာရှည်တဲ့ မြွေကို ဒဏ္ဍာရီလာ သားရဲနဲ့ ချိတ်ဆက်မိဖို့ မဝံ့ရဲခဲ့ပါဘူး။
လုရွှမ်ကတော့ မြွေလေးကို သေချာပြန်စစ်ကြည့်နေသည်။ ထူးကဲသော သွေးအနည်းငယ်ရှိတာ မှန်သော်လည်း ပါးလွှာလွန်းသဖြင့် လုရွှမ် လုံးဝဂရုမစိုက်မိပေ။
သူ့တွင် စိမ်းပြာနဂါး သွေးလိုင်း၊ ဖီးနစ်သွေးလိုင်းနှင့် ကြွယ်ဝပြီး သန့်စင်သော ရွှမ်ဝူရောင်ဝါကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူ့တွင် ကျားဖြူသွေး လိုအပ်ပါက ရှောင်ပိုင်ထံမှ သွေးအနည်းငယ် ယူလိုက်ရုံပင်။