← Chapters

အကောင်ကြီး ထွက်လာပြီ

Vol. 94 Ch. 4.925

အကောင်ကြီး ထွက်လာပြီ

Vol. 94 Ch. 4.925

"လုရွှမ် ဒီငါးက အရမ်းအစွမ်းထက်တယ်လို့ ခံစားရလား"

မုရုန်ချင်သည် ​​ကောင်းကင်ဘုရင် နန်းတော်ထဲသို့ ဝင်သွားပြီးနောက် သူမဟာ တခြားကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားလိုက်ရသည်။

ဒဏ္ဍာရီအတိုင်း ဤ​နေရာများသည် ထောင်ချောက်များ ပြန်လည်မွေးဖွားပြီး ထင်ယောင်ထင်မှား ဖြစ်နေသည့် နေရာများ ထွက်ပေါ်လာသည့်အတိုင်းပင်။ ဒါပေမဲ့ ဒါက တကယ်ပဲ ထင်ယောင်ထင်မှား ပုံရိပ်ယောင် ဟုတ်ရဲ့လား စဥ်းစားမရပေ။

သူမသည် အခင်းအကျင်း ဖွဲ့စည်းမှုများကို အပြင်းအထန် လေ့လာခဲ့သည်။ ပါရမီရှင်တွေ့ဆုံပွဲကို ကောင်းကင်ဘုရင် နန်းတော်သို့ အမှန်တကယ် ပြောင်းရွှေ့ခဲ့ကြောင်း ကြားသိရပြီးနောက် သူမသည် ကောင်းကင်ဘုရင် နန်းတော်ကို ကြည့်ရှုခံစားနိုင်ပြီ ဖြစ်ကြောင်း သူမ ထင်ခဲ့သည်။

သူမ အခု ဖြတ်သန်းနေသမျှ အရာအားလုံးကို ရောင်ပြန်ဟပ်နိုင်တဲ့ နေရာတွေ ရှိနေသလိုပဲ။ ဒါပေမဲ့ အဲဒါတွေက လုံးဝ သဲလွန်စ မရှိဘဲ ဖြစ်နေကာ အခင်းအကျင်း အသွင်သဏ္ဌာန်က ဘယ်မှာလဲ၊ ဘယ်လိုပုံစံလဲ ဆိုတာ ရှာရခက်သည်။

တချို့အခင်းအကျင်းသည် ရှေး​ဟောင်း စာအုပ်များတွင်သာ တွေ့ဖူးသည့် မှော်ဒဏ္ဍာရီမျှသာ ဖြစ်သည်။

လုရွှမ်လည်း ၎င်းကို ဖုံးကွယ်ထား၍ မရနိုင်​​တော့မှန်း သိတာကြောင့် ခဏမျှ စဉ်းစားနေခဲ့သည်။ ဤလူများသည် ကောင်းကင်ဘုရင် နန်းတော်မှ ထွက်ခွာပြီးနောက် အချက်အလက် အားလုံးကို ပေါင်းစပ်ပြီးသောအခါ အချို့သော ပညာရှိများက လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိ သွားနိုင်ပေသည်။

ကောင်းကင်ဘုရင် နန်းတော်သည် သူတို့စိတ်ကူးယဉ်ထားသည့် အတိုင်း အလွန်အမင်း အန္တရာယ်များသော နေရာမဟုတ်ပေ။

"မင်းပြောတာ မှန်တယ် ကောင်းကင်နန်းတော်က လူတွေပြောသလို မဟုတ်ဘူး တကယ်တော့ ကောင်းကင်ဘုရင် နန်းတော်က အဆက်အသွယ် နေရာအတွက် လွှဲပြောင်းပေးနိုင်တဲ့ နေရာတစ်ခုပဲ... ကောင်းကင်ဘုရင် နန်းတော်ကနေတစ်ဆင့် ဒီရှစ်ခန်းလုံးလိုမျိုး တခြားကမ္ဘာနဲ့ ချိတ်ဆက်နိုင်တယ်... တကယ်တော့ အခုလည်း တခြားနေရာတွေနဲ့ ချိတ်ဆက်ထားပြီးပြီ"

မုရုန်ချင်မှာ မှန်းဆထားပြီးသား ဖြစ်ပေမယ့် အဖြေရပြီးနောက်မှာတော့ သူမ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

"ရှင်ဆိုလိုတာက ကျွန်မတို့အခု ကောင်းကင်ဘုရင် နန်းတော်ထဲမှာ မရှိတော့ဘူးလား"

"ဟုတ်တယ်... ပင်မခန်းမထဲကို ဝင်လိုက်တာနဲ့ ကောင်းကင်ဘုရင် နန်းတော်ထဲကနေ ငါတို့ ထွက်သွားပြီးပြီ ဒါပေမဲ့ အဝင်အထွက် အတွက် ငါတို့က ကောင်းကင်ဘုရင် နန်းတော်ကြီးကို အားကိုးနေရတုန်းပဲ ကောင်းကင်ဘုရင်နန်းတော်ရဲ့ အခင်းအကျင်း အသက်ဝင်လာတဲ့အခါ ငါတို့ အတင်းအကြပ် ထွက်သွားဖို့ လိုအပ်တယ်... ဒါပေမဲ့ အဲ့လောက်လည်း မလွယ်ဘူး... ကံကြမ္မာက ကောင်းကင်ဘုရင် နန်း​တော်ထဲကို ဝင်ပြီးရင် ဘယ်တော့မှ ​ပြန်မထွက်ကြတော့ဘူး”

"ဒါဆို ဒီကြောက်စရာကောင်းတဲ့ အကောင်တွေရှိလား"

မုရုန်ချင်ရဲ့ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

"ရှင်အရင်က တိုက်ခိုက်ခဲ့ဖူးတဲ့ ကောင်းကင်မျိုတဲ့ သားရဲလို အကောင်တွေ ရှိနေနိုင်တယ်ပေါ့!"

"အမှန်ပဲ"

"ကောင်းပြီ ဒီပြဿနာတွေကို လောလောဆယ် မစဉ်းစားနဲ့.... အခု ငါတို့ရဲ့ ထိပ်တန်းဦးစားပေးက လင်ရှို့နဲ့ တခြားသူတွေကို ရှာတွေ့ဖို့ပဲ ငါတို့က နှစ်ပေါင်းများစွာ ကြာပြီးမှ နောက်ဆုံး ကောင်းကင်ဘုရင် နန်းတော်ထဲကို ဝင်ခွင့်ရခဲ့တယ်....ဒီလိုပါပဲ ဒီကမ္ဘာကြီးထဲမှာ ရှင်သန်ရပ်တည်ဖို့ဆိုတာ အာကာသထဲက သတ္တဝါတွေအတွက်တော့ နှစ်ပေါင်းများစွာ ကြာပြီးရင် ထွက်ခွာဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်လိမ့်မယ်... ဒီမှာ ကြာကြာနေနိုင်လေ အန္တရာယ်တွေ ပိုပြင်းထန်လာလေပဲ... အန္တရာယ်များတဲ့ သတ္တဝါတွေလည်း ရှိနိုင်တယ် နားလည်ပြီလား?"

မုရုန်ချင် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး လုံးဝ နားလည်ကြောင်း ပြသလိုက်သည်။ ဒါပေမဲ့ ပိုသိလေ မသိတာ ပိုများလေမို့ ထပ်မေးချင်သေးသော်လည်း လုရွှမ် ခေါင်းခါလိုက်၏။

"မင်းသိသင့်တဲ့ အရာတွေက ဒီလောက်ပဲ... ထပ်သိဖို့ မလိုပါဘူး မင်းသိလေလေ အန္တရာယ်များလေလေပဲ အဲ့ဒီအရာတွေက မင်းနားလည်ဖို့ ဝေးကွာလွန်းသေးတယ်"

"ကောင်းပြီ ကျွန်မ နားလည်ပါတယ်"

ထို့နောက် ရှေ့သို့ ဆက်လက် ရွေ့လျားလာခဲ့သည်။ သူတို့က အရှိန်ပြင်းသော ထန်မြွေကို ဖမ်းရန် လာခဲ့ခြင်း မဟုတ်တဲ့အတွက် သဘာဝအတိုင်း သူတို့ပတ်ဝန်းကျင်က အခြေအနေကို အာရုံစိုက်နေရန် မလိုအပ်ပေ။ လမ်းတစ်လျှောက် မေးမြန်းပြီးနောက် ၎င်းတို့သည် ချိုင့်နက်ထဲသို့ ဝင်ရောက်ကာ နောက်ဆုံးတွင် လီလင်ရှို့တို့အဖွဲ့အား ရေတံခွန်နှင့် ရေကန်တစ်ခုရှေ့တွင် တွေ့ရှိခဲ့သည်။

"လင်ရှို့!"

မုရုန်ချင် အော်ခေါ်လိုက်ည်။ ညီအစ်မနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ပြန်တွေ့ရပြီ ဖြစ်တညကြောင့် အလွန်ဝမ်းသာပြီး အမြန်ပြေး၍ ပွေ့ဖက်ကြသည်။

လုရွှမ်လည်း မော့ရှဲ၊ ဟုန်ရှန်ယင်းနဲ့ ချောင်လုတို့ကိုပါ တွေ့လိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားသည်။ မိန်းကလေးများလည်း စိတ်လှုပ်ရှားစွာ ပြေးလာပြီး ကမန်းကတန်း နှုတ်ဆက်ကြသည်။

တစ်နေရာမှာ ထိုင်ရင်း အရင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြောပြသည်။ သူမတို့သည် ထူးဆန်းတဲ့ အခင်းအကျင်း ပုံစံတစ်ခုကို ရောက်နေပြီဆိုတာ သိလိုက်တာနဲ့ အားလုံးက သူတို့အချင်းချင်း မှော်ဖဲကြိုးတွေနဲ့ ကြိုပြီး ချည်နှောင်လိုက်ကြသည်။

နောက်ပိုင်းမှာ လူများစွာနဲ့တွေ့ခဲ့ပြီး ချောက်ထဲ ရောက်လာခဲ့၏။ လီလင်ရှို့ အတွက် ဒီစွမ်းအင်သလင်းကျောက်တွေက ဘာမှမဟုတ်ပေမယ့် ဟုန်ရှန်ယင်း၊ တျယ်ရှုံနဲ့ တခြားသူတွေအတွက်တော့ အသုံးဝင်လေသည်။ အဲဒါကို ဆွေးနွေးပြီးတာနဲ့ လူတိုင်းဟာ ချောက်ထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်ကြလေသည်။

လုရွှမ်သည် နတ်ဓားကိုရယူပြီး နတ်ဆိုးအားလုံးကို သတ်ခဲ့ကြောင်း အပြင်ကလူတွေထံမှ ကြားသိရသောအခါတွင် သူတို့သည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ထိုနေရာသို့သွားကာ သူတို့ဆရာ၏ တန်ခိုးကို ကိုယ်တိုင်မျက်မြင် တွေ့မြင်လိုကြသည်။

လုရွှမ်က ဝိညာဉ်ဖြတ်ဓားကို ဟုန်ရှန်ယင်းထံ ပြန်ပေးခဲ့သည်။ ဝိညာဥ်ဖြတ်ဓားကြောင့်သာ မဟုတ်ပါက သူမတို့ လမ်းတစ်လျှောက်က အန္တရာယ်တွေကြောင့် ဒုက္ခရောက်ရလိမ့်မည်။ ဤနေရာမှ အန္တရာယ်များကို ပြောပြပြီးနောက် လူအုပ်စုသည် ချိုင့်ဝှမ်းအစွန်ဘက်သို့ ထွက်ခွာလာခဲ့သည်။

ထိုစဥ် အဝေးကနေ အော်ဟစ်သံများ ထွက်ပေါ်လာပြီး အသံတွေက ထိတ်လန့်ကြောက်ရွံ့မှု အပြည့်နှင့်။ ဝေးကွာနေသော်လည်း အသံကို ကြားရသောအခါတွင် သူတို့၏ နှလုံးသားထဲတွင် နားမလည်နိုင်သော မအေးချမ်းမှုများ ရှိနေသယောင် ခံစားလာရ၏။

"မင်းတို့ သတိထားကြ... ငါသွားကြည့်မယ်!

လုရွှမ် ခပ်မြင့်မြင့် ခုန်တက်၍ အော်ဟစ်နေတဲ့ နေရာကို ဦးတည်သွားခဲ့သည်။

ကီလိုမီတာ အနည်းငယ်မျှသာ ပျံသန်းပြီးနောက် ပြေးလွှားနေသော ကျင့်ကြံသူများနှင့် သွေးချောင်းစီးနေသော မြင်ကွင်းကို မြင်လိုက်ရလေသည်။ ကျန်နေတဲ့ ခြေလက်တွေ နဲ့ အသားတုံးတွေ ရေပေါ်မှာ မျောပါနေကာ တချို့လူတွေက မြေပြင်ပေါ်မှာ ငိုကြွေးနေကြပြီး နောက်ထပ် လူတွေလည်း သေဆုံးနေသည်။

သူတို့မျက်နှာမှာ အပြာရောင်ငွေ့တွေနဲ့ ပြည့်နေကာ အဆိပ်သင့်လို့ သေဆုံးသွားကြတာ သိသာပါ၏။ သေခြင်းတရားသည် အလွန်ဝမ်းနည်း ကြေကွဲဖွယ်ကောင်းသလို စိတ်ပျက်အားငယ်စရာ ကောင်းလှသည်။

ထိုစဥ် မြွေသေးလေးတစ်ကောင် အလောင်းထဲမှ ရုတ်တရက် ထွက်လာပြီး လုရွှမ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာလေ၏။ မြွေလေးက အရောင်အသွေး စုံလင်သည်။ အနီရောင်လျှာကို ပြသနေစဥ် အပေါ်နှင့်အောက်ဘက်တွင် အစွယ်နှစ်တန်းရှိပြီး အပြာရောင်ဖျော့ဖျော့ အလင်းဖြင့် တောက်ပနေသည်။

လုရွှမ်သည် သူ့ဓားကို ဝေ့ယမ်းရင်း မြွေငယ်လေးကို နှစ်ပိုင်းခွဲပစ်လိုက်သည်။

ဝူး!

ထို့နောက် တောအုပ်ကြီးထဲမှ ဟောက်သံကြီးတစ်ချက် ရုတ်တရက် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။ အသံက ကမ္ဘာကြီးကို တုန်လှုပ်ချောက်ချားစေကာ လူတွေရဲ့ နှလုံးသားကိုပါ တုန်လှုပ်သွားစေ၏။

လုရွှမ်သည် ခဏတာမျှ သတိမထားမိလိုက်ရာ သူ့ခန္ဓာကိုယ်က အနည်းငယ် မတည်မငြိမ် ဖြစ်သွားသည်။ လျင်မြန်စွာ မတ်တတ်ထ ရပ်လိုက်သော်လည်း ကျောက်တုံးတွေက ဖက်ထုပ်လို တစ်လုံးပြီးတစ်လုံး မြေပြင်ပေါ်သို့ ပစ်ကျလာတာကို မြင်လိုက်ရသည်။

တောအုပ်ကြီး၏ နောက်ကွယ်မှ အချင်း သုံးမီတာထက် မနည်းသော ကြီးမားသော ဦးခေါင်းကြီးတစ်ခု ဆန့်ထွက်လာသည်။ ထိုဦးခေါင်း​ကြီးပေါ်တွင် သွေးနီရောင် မျက်လုံးနှစ်လုံးသည် အုံ့မှိုင်းသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ကြည့်လိုက်ရုံနဲ့ စိတ်ထဲမှာ မယုံကြည်နိုင်လောက်တဲ့ အတွေးတစ်ခု ပေါ်လာတာကို ခံစားရ၏။

လုရွှမ် ရုတ်တရက် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ရှည်လျားသော ဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ကြီးကျယ်ခမ်းနားတဲ့ သူ့ခန္ဓာကိုယ်ထဲရှိ ယွမ်ယန်စွမ်းအင်များ တဟုန်ထိုး ထွက်ကျလာကာ အပျက်သဘောဆောင်သည့် ခံစားချက်အားလုံးကို ဖယ်ထုတ်လိုက်သည်။

၎င်းစွမ်းအင်က အနီးနားက မြွေကြီးရဲ့ အကျပ်ကိုင်မှုကိုတောင် သုတ်သင်ပစ်လိုက်သည်။ အောက်ဖက်၌ လဲကျနေသော ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် ကမန်းကတမ်း မတ်တပ်ထရပ်ကာ ထပ်မံ မချဉ်းကပ်ဝံ့တော့ဘဲ ထွက်ပြေးသွားကြသည်။

ထိုကဲ့သို့သော သားရဲတစ်ကောင်ကို တွန်းလှန်ရန်မှာ သေလမ်းရှာခြင်းသာ ဖြစ်သည်။ ဒါကြောင့် လုရွှမ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ဖိနှိပ်ကာ အမြန် ထွက်ပြေးလာခဲ့၏။

သူစိုးရိမ်နေခဲ့တဲ့ ထင်ကြေးတွေက အမှန်တကယ် ဖြစ်လာပြီ။ အခင်းအကျင်း ချိုးဖျက်ပြီးသွားပြီမလို့ သားရဲတစ်ကောင် တကယ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ မြွေကြီး၏ အသွင်အပြင်ကို ကြည့်လိုက်ရင် သူ့ရဲ့ မျိုးဆက်ငယ်ကို အနိုင်ကျင့်လိုက်လို့ ထွက်လာသည့်အတိုင်းပင်။

လုရွှမ်သည် ချောင်လုနှင့် အခြားသူများ စောင့်နေသည့်နေရာသို့ အလျင်အမြန် ပြန်သွားကာ မြွေကြီးအကြောင်းကို ပြောပြလိုက်ရာ လူတိုင်း အကြီးအကျယ် ထိတ်လန့်သွား၏။

သူတို့ ကိုယ်တိုင် မျက်စိနဲ့ မမြင်ဖူးပေမယ့် အစောတုန်းက ထူးဆန်းတဲ့ မြွေဟောက်သံကို ကြားလိုက်ရတာကြောင့် သူတို့ရဲ့ နှလုံးတွေကပါ တုန်တုန်ယင်ယင် ဖြစ်လာကာ တိုက်ပွဲဝင်ဖို့ သတ္တိတောင် မရှိကြတော့ပေ။

အားလုံး ထိုနေရာသို့ လှမ်းမကြည့်ချင်တော့အောင် ဖြစ်လာသည်။

All Chapters