နဂါးလူသား သားစဉ်မြေးဆက်များ
Vol. 94 Ch. 4.927
ဒီထက်ပိုပြီး လေးလေးနက်နက် စဉ်းစားကြည့်မယ်ဆိုရင် ဒီနေရာက ထန်မြွေပျံတွေ ကြီးကြီး ကျယ်ကျယ် ပျံ့လွင့်နေမယ်လို့ တစ်ခါမှ မကြားဖူးသလို ဒီချောက်ထဲမှာ ပုန်းနေတဲ့ မြွေတွေ အများကြီးရှိတယ် ဆိုတာလည်း ဘယ်သူမှ မသိခဲ့ပေ။ သေချာတာကတော့ ဒီနေရာဟာ ၎င်းတို့ရဲ့ အသိုက်သာ ဖြစ်သည်။
ဒီလိုမှမဟုတ်ရင် နတ်မီးနယ်ပယ် ရောက်ရှိထားတဲ့ ထန်မြွေပျံတွေကို ရင်ဆိုင်ရဖို့ ကျင့်ကြံသူ ဘယ်နှစ်ယောက်များ ဝင်လာပြီး ဖမ်းရဲမှာလဲ။ ထို့အပြင် မျှော်စင်နယ်ပယ်များပင် ထန်မြွေပျံကို အဝေးမှသာ ခြောက်လှန့်ကာ မဝင်နိုင်ကြပေ။ ဒါက ပိုလို့တောင် ရယ်စရာကောင်းသည်။
ထန်မြွေများက ၎င်းတို့ကို လုံးဝ ဂရုမစိုက်ပါ။ ဒါပေမဲ့ သူပေါ်လာတဲ့ အတောအတွင်းမှာတော့ ဒီမြွေတွေက မရေမတွက်နိုင်အောင် ပေါ်လာပြီး ကြောက်စရာကောင်းတဲ့ မြွေကြီးတွေတောင် ပေါ်ထွက်လာကြသည်။
သူတို့ တစ်ခုခု လိုချင်နေတာ သေချာပြီး အဲဒါကတော့ သူကိုယ်တိုင်ပါပဲ။
လုရွှမ် ဒါကို တွေးပြီး ချွေးတွေ တစိမ့်စိမ့် ကျဆင်းလာသည်။ သူက လူတွေကို ကယ်တင်ဖို့ ဝင်လာခဲ့ပေမယ့် မမျှော်လင့်ထားဘဲ သူတို့ကို ဒုက္ခပေးမိနေပြီ။
"ဂူထဲကို သွားရအောင်!"
ယခုအခြေအနေက ကောင်းကင်ဘုံမှ စစ်သည်များသည် ရေတွေဖြင့် ကမ္ဘာမြေကြီးကို ဖုံးအုပ်ကာ အင်အား တစ်ခုတည်းဖြင့် ဖျက်ဆီးခြင်းမျှသာ ဖြစ်ပေသည်။
တွေးကြည့်ပါက အပြင်တွင် စောင့်ဆိုင်းနေသော မရေမတွက်နိုင်သော ခုန်ပျံနေသော မြွေများ ရှိနေသောကြောင့် ဤအခြေအနေတွင် ၎င်းတို့ကို သတ်ပြီး အသက်ရှင်လျက် ဂူထဲသို့ ဝင်ရန် အချိန်တန်ပြီဖြစ်သည်။
အထဲရောက်ရင် မျှော်လင့်ချက် အရိပ်အယောင်ကို တွေ့နိုင်သေးသည်။
လုရွှမ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘယ်သူမှ သံသယမရှိပါ။ အထူးသဖြင့် လုရွှမ်၏ မျက်နှာကို မြင်လိုက်ရသောအခါတွင် ဖြစ်သည်။ အစောက အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း ယခု စိတ်ပိုင်းဖြတ်မှု အပြည့်ရှိနေသော အခါ လုရွှမ် အဖြေကို ရှာတွေ့နေပြီဆိုတာ သိလိုက်သည်။
ဂူသည် ထူးထူးခြားခြား ပိုပိုကျယ်လာပြီး ငါးညှီနံ့တွေကလည်း ပိုပြင်းလာသည်။ လူတိုင်းက နှာခေါင်းပိတ်ပြီး အဆိပ်ဖြေဆေး သောက်ထားတာတောင် သူတို့ရဲ့စိတ်ဝိညာဉ်ထဲမှာ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။
လုရွှမ် လက်ဖဝါးပေါ်တွင် မီးတောက်နှစ်ခု တက်လာပြီး ပတ်ဝန်းကျင်ရှိ ငါးရနံ့များကို မီးတောက်နှစ်ခုထဲသို့ အလိုအလျောက် စုပ်ယူပစ်လိုက်သည်။
ပိုနက်လေလေ လမ်းတစ်လျှောက်မှာ လူနဲ့ တိရစ္ဆာန်အရိုးတွေကို ပိုများလေ၊ အသွေးအသားတွေ ပိုကျန်လေ အနံ့က သဘာဝအတိုင်း ငါးညှီနံ့များ ပိုထွက်လေပါပဲ။
"လုရွှမ် ရှေ့ကို လျှောက်ရအောင်"
မုရုန်ချင်က ရုတ်တရက် ပြောလာသည်။ သူမ၏ မျက်လုံးများသည် အမှောင်ဖုံးနေသော ဂူထဲတွင် တောက်ပနေပြီး မျှော်လင့်ချက်များ ဖုံးလွှမ်းနေသည်။ မုရုန်ချင်၏ မျက်လုံးများသည် ထူးထူးခြားခြား ဖြစ်ကြောင်း သိထားသဖြင့် လုရွှမ် မေးကြည့်လိုက်သည်။
"မင်းတစ်ခုခု တွေ့လို့လား?"
မုရုန်ချင် ခေါင်းညိတ်ပြပြီး သူမမျက်နှာပေါ်ရှိ သိမ်ငယ်စိတ်က အနည်းငယ် ပေါ့ပါးလာသည်ါ
"ဒါက အန္တရာယ်ရှိသေးတယ် ဒါပေမဲ့ အန္တရာယ်ထဲမှာ မျှော်လင့်ချက်တော့ ရှိတယ်"
"ကောင်းပြီ ဆက်သွားကြရအောင်။"
အရှေ့ဘက်တွင်တော့ အနံ့အသက်က ပိုပိုပြင်းထန်လာသည်။ မြေပြင်ပေါ်တွင် တွားသွားနေသော အကောင်များ ဝင်ထွက်နေသာ့် အရိုးများကိုပင် မြင်နိုင်သည်။ လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် ပတ်ဝန်းကျင်ကို စိုက်ကြည့်နေပြီး သူအရင်က အမြဲရှိခဲ့သော ယုတ်မာရက်စက်မှုများ ပျောက်ကွယ်သွားသည်။
ဂူရဲ့ နက်နဲရာကို ရောက်လာကြတဲ့ လူတွေက အားလုံး ကြောက်လန့်တကြား ပုန်းအောင်းနေကြသူတွေ ဖြစ်လိမ့်မည်။
"ဒုန်း....."
အသံက နှလုံးခုန်သံကဲ့သို့ အလွန်မှိုင်းပြီး ပြတ်တောက် ပြတ်တောက်ဖြင့် ဂူထဲမှ အသံထွက်လာသည်။
ဖူး!
လုရွှမ်မှလွဲ၍ လူတိုင်းက သွေးများ ပါးစပ်ပေါက်ထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ အားလုံးရဲ့ မျက်နှာများက ဖြူဖျော့ကာ နာကျင်နေသည့် အရိပ်အယောင်များ ဖုံးလွှမ်းလျက်သား။
လုရွှမ်သည် သူ့နှလုံးခုန်နှုန်းတွေ ပြင်းထန်နေကြောင်း ခံစားရသော်လည်း လုံးဝ မနာကျင်ပေ။ သူသည် လူတိုင်းကို ကာကွယ်ရန် အခင်းအကျင်း ချုပ်နှောင်မှုကို လျင်မြန်စွာ အသုံးပြုခဲ့သော်လည်း ၎င်းသည် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ဘဲ လူတိုင်း နာကျင်နေဆဲ။
"လုရွှမ် မြန်မြန်သွားတော့ ငါတို့ ဆက်မသွားနိုင်တော့ဘူး"
သူသည် လူတိုင်းကို နောက်သို့ အမြန်ခေါ်သွားကာမှ သူတို့၏ အမူအရာ အနည်းငယ် ပျော့သွားကြသည်။ အခြေအနေ မဟန်တာကြောင့် လူတိုင်းကို ကာကွယ်ရန် အခင်းအကျင်း ဖွဲ့စည်းမှုကို စတင်ပြီးနောက် လုရွှမ်သည် ဂူအနက်ပိုင်းထဲသို့ လျင်မြန်စွာ လျှောက်လှမ်းခဲ့သည်။
ဒုန်း!
အစောတုန်းကက အသံသည် ပိုမိုကျယ်လောင်လာပြီး စိမ်းပြာနဂါး နှလုံးနှင့် လိုက်လျောညီထွေ ဖြစ်လာသည်။ တဖြည်းဖြည်းနဲ့ အသံကို မကြားနိုင်တော့ပေမယ့် ရင်ဘတ်ထဲက ခုန်ထွက်လုနီးနီး ကျယ်လောင်တဲ့ နှလုံးခုန်သံကိုတော့ ခံစားရပါသည်။
လုရွှမ်သည် ပြတ်ပြတ်သားသား ရပ်တန့်လိုက်ပြီး စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းကို လျှော့ချရန် ကြိုးစားလိုက်သည်။
တစ်အောင့်ကြာတော့မှ သူ့နှလုံးခုန်သံက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်ဟု ခံစားလာရရာ ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သူဒီလို အကြိမ်ကြိမ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ဂူရဲ့အဆုံးကို ရောက်လာခဲ့သည်။
မှော်ဆန်လွန်းသော ဤနေရာတွင် နေထိုင်သည့် ထူးဆန်းသော သတ္တဝါမျိုး ရှိလိမ့်မည်ဟု အမြဲတွေးခဲ့ဖူးသည်။ အကြောင်းမှာ မြွေကြီးသည်ပင် အလွန်ကြောက်လန့်ကာ ချဉ်းကပ်ဝံ့ခြင်း မရှိပေ။
သို့သော်လည်း မထင်မှတ်ပဲ လူတစ်ယောက် အဲဒီမှာ အကျဥ်းကျနေလေသည်။
မီးခိုးရောင် မုတ်ဆိတ်မွေး၊ နှင်းဖြူရောင် ဆံပင်များသည် ထိုအဘိုးအိုတစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားကာ သူ့ပတ်ဝန်းကျင်တွင်လည်း လွင့်ပျံ့နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများ မရှိသည့်အပြင် ရံဖန်ရံခါ ထိတွေ့နေသော အရေပြားတွင် သွေးကွက်များ သို့မဟုတ် အရိုးများသာ ဖုံးအုပ်ထားသလို ဖြစ်နေသည်။
ဖြစ်နိုင်ရင် သူ့ကို လူသားလို့ ခေါ်နိုင်မယ် မထင်ဘူး။ ခန္ဓာကိုယ်၊ ခြေလက်၊ မျက်နှာ စသည်တို့သည် လူသားများနှင့် တူညီသော်လည်း သူနဖူးတွင် ချိုနှစ်ချောင်း ရှိနေသည်။
ဒါက နဂါးချိုပဲ။
လုရွှမ် စိမ်းပြာနဂါးကို အရင်က တစ်ခါမှ မမြင်ဖူးပေမယ့် အခုမြင်နေရသမျှ အရာအားလုံးက ရင်သပ်ရှုမောပါပဲ။ သို့သော် ထိုသူ၏နဖူးတွင် ချိုနှစ်ချောင်းကို မြင်လိုက်ရသည့် အခိုက်တွင် လုရွှမ် ၎င်းတို့ နဂါးဦးချိုဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
တကယ်တမ်း လူတစ်ယောက်မှာ နဂါးချိုတစ်စုံရှိလို့လား။
ဤလူသည် စိမ်းပြာနဂါးနှင့် ဆက်ဆံရေးကောင်းမွန်သူလား။ စိမ်းပြာနဂါးနှင့် လူသားများ၏ ဆင်းသက်လာသူ ဖြစ်နိုင်လား။ ဒါကြောင့် သူ့ရဲ့ စိမ်းပြာနဂါး၏ နှလုံးခုန်ခြင်းကို ထိခိုက်စေနိုင်တာလား။
"နောက်ဆုံးတော့ မင်းလာတာကို ငါစောင့်နိုင်ခဲ့ပြီ....ငါ့ရဲ့ကလေး...."
သူ့လက်မောင်းကို ရွှေ့လိုက်သည်နှင့် တပြိုင်နက် အသံတစ်ခု ထွက်ပေါ်လာသော်လည်း ၎င်းမှာ အလွန်နက်မှောင်နေသည့် သူ့ခန္ဓာကိုယ်နှင့် ချည်နှောင်ထားသော သံကြိုးဖြစ်နေသည်။ အဖိုးအို၏ ညစ်ပတ်နေသော ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်ကြည့်လျှင် ထိုသံကြိုးသည် အလွန်သန့်ရှင်း ကြည်လင်ပြီး အဖိုးအိုကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။
သံကြိုးရဲ့ လမ်းကြောင်းကို ကြည့်လိုက်ရင် အဘိုးအိုကို သူ့နောက်က နံရံမှာ ချုပ်နှောင်ထားတာ ထင်ရှားပေ၏။
လုရွှမ်သည် ယခင်က ဂရုမစိုက်မိခဲ့ပေ။ ယခုအခါ နံရံပေါ်တွင် ထွင်းထားတာက နဂါးတစ်ကောင် ဖြစ်နေတာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ နံရံမှာ ထွင်းထုထားတဲ့ အနက်ရောင် သံကြိုးဟာ နဂါးရဲ့ ခြေလက်တွေကနေ ထွက်လာခဲ့တာပင်။
"ကလေး မကြောက်နဲ့ ငါက လူဆိုးမဟုတ်ဘူး... မင်း ဒီကိုလာနိုင်တယ် မင်းခန္ဓာကိုယ်ထဲမှာ နဂါးသွေးတွေ ရှိနေတယ်ဆိုတာ သိသာတယ် ငါတို့က တစ်မျိုးနွယ်တည်းပဲ... ငါတို့အားလုံးက နဂါးနဲ့လူသား ပေါင်းစပ်မှုရဲ့ မျိုးဆက်တွေပဲ"
နဂါးလူသားရဲ့ သားစဥ်မြေးဆက်လား? ဒီလိုလးမျိုး ရှိသေးလို့လား။
လုရွှမ်သည် သူက အဲ့လိုမဟုတ်ကြောင်းကို သဘာဝအတိုင်း ထုတ်ဖော်ဝံ့ခြင်း မရှိပါ။ သူ့စိတ်ထဲတွင်ပင် ဤအဘိုးအို၏ သစ္စာတရားနှင့် ယုံကြည်စိတ်ချရမှုတို့ကို ကန့်သတ်ထားလေသည်။
နှလုံးခုန်သံက သူ့စိတ်ထဲမှာ ငြိမ်ငြိမ်မနေဘဲ ခုန်ပေါက်လာသည်။
ယခု သူ့နှလုံးသည် စိမ်းပြာနဂါးနှင့် ပေါင်းစပ်ထားပြီးပြီ။ စိမ်းပြာနဂါးနှလုံး ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် နှလုံးမရှိသူ ဖြစ်ကာ သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။
"ဟား ဟား ကလေး မင်းငါ့ကိုကြောက်နေတာပဲ... မကြောက်နဲ့ ငါကဒီလိုတောင် ဖြစ်နေပြီ မင်းကိုတကယ် နာကျင်စေချင်ရင်တောင် ငါဘာမှမတတ်နိုင်ပါဘူး"
"အဘိုးအကြီးအကဲကို ဘယ်လိုခေါ်ရမလဲ"
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကြည့်စမ်း.... မင်းကိုတွေ့ပြီး အရမ်း စိတ်လှုပ်ရှားနေတာနဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့တောင် မေ့သွားတယ်... ငါ့နာမည်က ယန့်ရန်ကုန်းတဲ့ မိတ်ဆွေလေးကိုရော ဘယ်လိုခေါ်ရမလဲ?"
"လုရွှမ်ပါ!"
"မိတ်ဆွေလေးရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးတွေ အများကြီး မရှိပေမယ့် ဖြူစင်လွန်းပါတယ် မင်းရဲ့သွေးထဲမှာ ရှိနေတာက စိမ်းပြာနဂါးရဲ့ သွေးဖြစ်မယ်.... မင်းမှာ အောက်နဂါး ငါးမျိုးထဲက ပထမဆုံးဖြစ်တဲ့ စိမ်းပြာနဂါးရဲ့ သွေးရှိတယ်ဆိုတော့ မိတ်ဆွေလေးရဲ့ အနာဂတ်က အကန့်အသတ် မရှိတော့ဘူး"