အခြေအနေ အပြောင်းအလဲများ
Vol. 94 Ch. 4.929
လုရွှမ်သည် ထိုလူအိုကြီး၏ အရူးအမူး အော်ငေါက်နေသော အသွင်ကို လျစ်လျူရှုမှုဖြင့် ကြည့်နေသည်။ သနားစရာကောင်းသော လူက အမုန်းတရားတွေကို အတင်းအကြပ် မျိုသိပ်ထားကြောင့် ပို၍ပို၍ခံစားလာရသည်။
အဘိုးကြီးရဲ့ ရူးသွပ်မှုကို လျစ်လျူရှုပြီး လုရွှမ် သူ့ဘာသာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ မုရုန်ချင်က ဤနေရာတွင် အန္တရာယ်များစွာ ရှိသော်လည်း မျှော်လင့်ချက် အလင်းတန်းတစ်ခု ရှိနေကြောင်း ပြောခဲ့သည်။
အန္တရာယ်က ဒီလူကြီးပဲ ဖြစ်ကာ မျှော်လင့်ချက် အလင်းတန်းက ဘယ်ဟာများလဲ။
အပြင်က ဂူကို အကြာကြီး ပိတ်ဆို့ထားလို့ မရပါဘူး။ အရှိန်ပြင်းနေတဲ့ မြွေတွေတောင် ဒီလူကြီးကို ကြောက်ပေမယ့် နောက်ဆုံးတော့ အကုန်စုပြုံပြီး အပြေးအလွှား ဝင်လာရင်တော့ အန္တရာယ် လုံးလုံး ဖြစ်သွားလိမ့်မယ်။
အနီးနားရှိ လိုဏ်ဂူများသည် အလွန်တောင့်တင်းပြီး အပြင်သို့ လုံးဝထွက်ရန် လမ်းမရှိပေ။ ဒီနေရာက တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်သည်။
လုရွှမ် မျက်လုံးများသည် အဖိုးအိုနဂါးပေါ်သို့ စိုက်ကျလာပြီး သူ့နောက်တွင် ထွင်းထားသော နဂါးကျောက်တုံးကြီးကို မော့ကြည့်လိုက်သည်။ ကြီးစွာသော အန္တရာယ်ရှိသည်။ သို့သော် ၎င်းသည် မျှော်လင့်ချက်ဖြင့်လည်း အသက်ရှင်နိုင်၏။
မုရုန်ချင် ပြောတာက ဤအရာဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
အသက်ရှင်လျက် လွတ်မြောက်လိုပါက ကျောက်ထွင်းထုများကို ချိုးဖျက်ရမည် ဖြစ်ပြီး ကျောက်တုံးများ ကျိုးသွားသည်နှင့် အဘိုးကြီးလည်း လွတ်မြောက်သွားမည်။ သူ့ကို မလွှတ်ပေးဘူးလို့ ပြောပြီးပြီဖြစ်ရာ လုရွှမ်မှာ ကိုယ့်မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားသည်။
ချောင်းဆိုးပြီးနောက် လုရွှမ်က ပြောလိုက်သည်။
"လွှတ်ပေးစေချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး!"
"ဘာ!!"
နဂါးအဖိုးကြီး ချက်ချင်း စိတ်လှုပ်ရှားစွာ ဟောက်လိုက်သည်။
"မင်း ငါ့ခြေချင်းတွေကို ဖြည်ပေးဖို့ တကယ်ဆန္ဒရှိနေတာလား? ငါ့ကို လွှတ်ပေးဖို့ ဆန္ဒမရှိဘူးမလား ဘာလို့ ရုတ်တရက် ဒီလောက် ကြင်နာနေရတာလဲ"
ထို့နောက် နဂါးအဘိုးအိုက ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
"ကောင်လေး... မင်းငါ့ကို လှည့်စားလုနီးပါး ဖြစ်နေပြီနော်... မင်းငါ့ကို လိုအပ်မှန်း ငါသိသားပဲ"
"ကဲ ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းအဘိုးငါ့ကို တောင်းပန်လိုက်... ဖြစ်နိုင်ရင် ငါ မင်းကို ခွင့်လွှတ်မယ် မင်းငါ့ကို လွှတ်ပေးပြီးရင် ငါလည်း မင်းတို့ကို လွှတ်ပေးလိုက်မယ် အရှိန်ပြင်းတဲ့ မြွေတွေကို တိုက်ထုတ်ပေးမယ် ပြီးရင် ကိုယ့်လမ်းကို လျှောက်ကြတာပေါ့"
လုရွှမ် မယုံနိုင်စွာ ခေါင်းခါလိုက်သည်။ သူ့ကို ဒူးထောက်ခိုင်းပြီး တောင်ပန်းခိုင်းနေတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လုရွှမ်သည် အဘိုးအိုကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက တဖြည်းဖြည်း ကြည်လင်လာသည်။
အရာအားလုံးသည် မာန၏အမှားသာ ဖြစ်သည်။ ဤလူကြီး၏ မျက်လုံးထဲတွင် ရှက်ဖွယ် အရိပ်အယောင်များ ရှိနေသည်။
ပြောရတာ ရယ်စရာကောင်းပေမယ့် လုရွှမ် ဒီလိုလူမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးပါ၏။ ရာထူးကြီးသူ အများစုသည် စိတ်ကြီးဝင်လွန်းပြီး ၎င်းတို့၏ အားနည်းချက်ကို အခြားသူများ မမြင်တွေ့အောင် ဖုံးထားတတ်သည်။ မြင်သွားပါက ၎င်းတို့ကို သတ်ပစ်ကာ နှုတ်ပိတ်သွားမည် ဖြစ်သည်။
သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ဝက် သို့မဟုတ် ခွေးထက် ပိုဆိုးသောဘဝဖြင့် နေထိုင်ခဲ့ရတာကို တခြားဘယ်သူက သိမှာလဲ။ သို့သော် ၎င်းတို့သည် နဂါးများ၏ သားစဉ်မြေးဆက်အဖြစ် ၎င်းတို့၏ အဆင့်အတန်းအတွက် ကျေနပ်ဂုဏ်ယူနေဆဲ ဖြစ်သည်။
စိတ်ပညာသည် အမှန်တကယ်ပင် လိမ်လည်လှည့်ဖြားနိုင်၏။ ထိုကဲ့သို့သောလူကို လွတ်မြောက်စေလိုက်ရင် နှစ်ပေါင်းများစွာ ကိန်းအောင်းနေသော နှလုံးသားထဲက နာကြည်းစိတ်များ နိုးကြားလာသောအခါ ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမှာ သေချာသည်။
လုရွှမ်သည် ချက်ချင်းပင် သူ့စိတ်ထဲ၌ ဤလူအိုကြီး သေရမည်။ လုရွှမ် သူ့ဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ နဂါးအဘိုးအိုလည်း ခဏလောက် ထိတ်လန့်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်လေး မင်းငါ့ကို သတ်ချင်နေတာပဲ... ဟားဟားဟား ငါ ဒီမှာ ရပ်ပြီး မလှုပ်ရင်တောင် မင်း ငါ့ကို နာကျင်အောင် လုပ်လို့မရဘူး"
"ဒါ့အပြင် ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားပြီး လေထုက အရင်ကနဲ့ လုံးဝ မတူတော့ဘူးလို့ မခံစားရဘူးလား... မင်းဝင်လာတော့ မြွေတွေက ပိုပိုပြီး သောင်းကျန်းလာတယ် ဟဲဟဲ ငါလည်း ပြန်မွေးဖွားတော့မယ်"
သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။
"ငါလွတ်လာပြီးတာနဲ့ မင်းသေပြီပဲ... မင်းရဲ့သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ မင်းကိုသိတဲ့ သူတွေအားလုံးနဲ့ မင်းနေထိုင်တဲ့ ကမ္ဘာငယ်လေးကိုပါ ငါဖျက်စီးပစ်မယ် ဟားဟားဟားဟားဟားဟားဟား!"
အဘိုးအိုသည် ပြင်းစွာ ရယ်မောကာ ပို၍ ရူးသွပ်လာသည်။
"တကယ်ပဲ ခင်ဗျားက ဒီလောက် အစွမ်းထက်တဲ့သူဆိုရင် ခင်ဗျားရဲ့ ခြေဖဝါးအောက်ကို အပြေးအလွှား ဝင်ပြီး ကိုက်စားနိုင်တဲ့ မြွေတစ်ကောင်ရှိမှာလား"
ခြေဖဝါး နှစ်ဖက်တွင် တွင်းများနှင့် အမာရွတ်များ ရှိနေသည်။ ၎င်းတို့ကို တိရိစ္ဆာန်များဆီမှ အကိုက်ခံထားရကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ဤနေရာ၌ ဘယ်လိုအကောင်က အလွန်သောင်းကျန်းကာ လူသားနဂါးကို တိုက်ခိုက်ရတာလဲ။ နဂါးတန်ခိုးကို မကြောက်ဘူးလား။ သေချာပေါက် ထိုထူးဆန်းသော ထန်မြွေပျံများပဲ ဖြစ်လိမ့်မည်။
အဘိုးအို ရှည်လျားစွာ ဟစ်အော်လိုက်ရယ သူ့ဆံပင်နှင့် ဆံပင်များက သူ့ခန္ဓာကိုယ်ကို အလိုအလျောက် ဖုံးလွှမ်းသွားပြန်သည်။
"အဲ့တော့ ဘာဖြစ်လဲ... မင်းက အနည်းဆုံးတော့ ကောင်းကင်ဘုံသခင်လေ... မျှော်စင်နယ်ပယ်က မြွေတစ်ကောင်တောင် ငါ့အစာ မဖြစ်သေးဘူး... ကောင်းကင်ဘုံသခင်က ငါ့ကို ဘာလုပ်နိုင်မှာလဲ"
လုရွှမ် သူ့ဓားကို ဆန့်ထုတ်လိုက်ပြီး နဂါးအဘိုးကြီးရဲ့ ပေါင်ကို ထိုးစိုက်ချလိုက်လေ၏။ နဂါးအဘိုးအိုက ညင်သာစွာ ဟစ်အော်လိုက်သည်။ အနက်ရောင်လေက သူ့ပေါင်ပေါ်တွင် စုစည်းကာ နဂါးအကြေးခွံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နဂါးအဘိုးအို၏ ပေါင်ပေါ်ရှိ အကြေးခွံများပေါ် ဓားရှည်ကို လှန်လိုက်ရာ လျှပ်စစ်မီးပွားများစွာကို ဖြာထွက်သွားစေခဲ့သည်။
"မင်း.... ဒါ ဘယ်လိုဓားလဲ!!"
နဂါးအဘိုးအိုသည် ဓားကို အကြေးခွံများဖြင့် ပိတ်ဆို့ထားသော်လည်း မီးပွားလေးတွေ လွင့်စင်သွားသေးသည်။ သူသာ နဂါးစွမ်းအင်အချို့ကို အထူးမသုံးခဲ့ပါက သူ့ပေါင်တွင် အပေါက်တစ်ပေါက် ဖောက်သွားမည် ဖြစ်သည်။
"သူ့ရဲ့နာမည်က ချင်ထျန်းတဲ့"
လုရွှမ် သူ့ဓားကို ထပ်ထိုးလိုက်ပြန်သည်။
"ဓားအင်အားက ၃၀ %ပဲ ရှိသေးတယ်"
"ဝုန်းခနဲ" အသံနှင့်အတူ နဂါးအဘိုးအိုက ၎င်းကို ထပ်မံပိတ်ဆို့လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ့ကိုယ်ပေါ်ရှိ သံကြိုးများလည်း တဆက်တက် တုန်ခါသွားသည်။
"လူငယ်လေး စိတ်လျှော့ စိတ်လျှော့"
သူ့အဖြေက ဓားပဲ။
"ကျွန်တော် တော်တော်လေး စိတ်လျှော့ထားတယ်!"
"အား...."
နောက်ဆုံးမှာတော့ နဂါးအဘိုးအိုဟာ သူ့ရဲ့ပေါင်ကို ဓားနဲ့အထိုးခံလိုက်ရပြီး သွေးတွေ ထွက်လာခဲ့ပါ၏။
လုရွှမ် သူ့ဓားကို မြှောက်လိုက်ပြီး ထိပ်ဖျားမှာ သွေးတွေကို နမ်းကြည့်လိုက်သည်။ သွေးသည် အနက်ရောင် အရိပ်အမြွက် ရောပါသော အနီရောင်ဖြစ်ကာ ရောင်ဝါက ကြွယ်ဝပြီး စွမ်းအင်ပြည့်ဝသည်။
"မင်း ကောင်လေး.... မင်းသေရမယ်!"
ရုတ်တရတ် သူ့စိတ်တွေ လှုပ်ရှားလာကာ လုရွှမ်သည် နဂါးအဖိုးအိုရဲ့ ပါးစပ်ကို ဓားနဲ့ ထိုးလိုက်ပြီး ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်သည်။
"ပါးစပ်ပိတ်ထား!"
ထို့နောက် သူက အမြန်ထွက်လာပြီး တျယ်ရှုံနဲ့ သူ့အဖွဲ့ဆီ ပြန်ရောက်လာခဲ့၏။ မိမိကိုယ်ကို ပြန်လည် ပြုစုပျိုးထောင်ပြီးသည့် နောက်တွင် လူများစွာ၏ မျက်နှာအရောင်က ပိုမို ကောင်းမွန်လာသည်။ အဂ္ဂိရတ်ဆေးကို မျိုချပြီးနောက်, အတွင်းဒဏ်ရာ အများအပြား ပြန်လည် သက်သာလာခဲ့သည်။
"လူတိုင်း အတွင်းပိုင်း လှုပ်ရှားမှုတွေကို ကြည့်ထား!"
လုရွှမ်သည် အုတ်ဂူထဲမှ ထွက်သွားပြီး ဂူအ၀င်ဝကို ကြည့်လိုက်သော် ထန်မြွေများက စုပြုံလာခဲ့ကာ ၎င်းတို့ရဲ့ ဝင်ရောက်လာမှုကို မတားဆီးနိုင်တော့ပေ။ ထူထပ်စွာ ပျံသန်းလာနေသော ထတ်မြွေများက ဝိုင်းအုံနေပြီ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများသည် နှေးကွေးနေရာ လူသားနဂါးရဲ့ စွမ်းအားက ကန့်သတ်ထားကြောင်း သိသာပါ၏။
မဟုတ်ရင် သူတို့ အစောကြီးကတည်းက ပြေးဝင်လာလိမ့်မယ်။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး။ အခု အခြေအနေကလည်း အရမ်းစိုးရိမ်နေရပြီ။
ဤမျှလောက်ကြီးနေသော ထန်မြွေများသည် နဂါးအဘိုးအို၏ တန်ခိုးကိုကြောက်သောကြောင့် အနားသို့ မချဉ်းကပ်ရဲခဲ့ပေ။ တျယ်ရှုံနဲ့ တခြားလူများသည်လည်း အဘိုးကြီး နဂါး၏ တန်ခိုးကို ကြောက်၍ မချဉ်းကပ်ဝံ့ကြချေ။
သို့သော် ထန်မြွေပျံသည် လူသားကျင့်ကြံသူတွေထက် သာလွန်ထူးဆန်းသော သားရဲဖြစ်သည်။ အချိန်ကြာလာ သည်နှင့်အမျှ အရေအတွက်က မလွဲမသွေ အရှိန်အဟုန်နှင့် တိုးလာလိမ့်မည်။ ထို့ထက် နဂါးအဘိုးကြီးပါ လွတ်သွားရင် ကောင်းကင်ဘုရင် နန်းတော်သည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရတော့မည်။
အမြန် ပြန်ပြေးကြည့်လိုက်တော့ အဘိုးအိုသည် သူ့သွားတွေနဲ့ ခြေသည်းတွေကို ဖွင့်ပြီး ဟောက်နေပြီ။ လုရွှမ် အသံမထွက်နိုင်ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ၎င်းရဲ့ မျက်လုံးများက မုန်းတီးမှုများ ပြည့်နှက်နေရာ လုရွှမ် အသက်ရှုကြပ်ကာ အလွန်တုန်လှုပ်သွားသည်။
ဝုန်းကနဲ အသံနဲ့အတူ အကျဉ်းချခံထားရသော အဘိုးအို၏ ဘယ်ဘက်လက်က ရုတ်တရက် ပြေလျော့သွားသည်။ နှစ်ယောက်စလုံး ထိတ်လန့်သွား၏။ နဂါးအဘိုးကြီးက အံ့သြသွားကာ လုရွှမ်ကတော့ ထိတ်လန့်သွားသည်။
နဂါးအဘိုးကြီးက ရုတ်တရက် ကျယ်လောင်စွာ ညည်းတွားလိုက်သည်။ ထိုစဥ် အနက်ရောင် စွမ်းအင်က သူ့အား အစုလိုက် အပြုံလိုက် ဖုံးလွှမ်းသွားပြီး နဂါးချိုနှစ်ချောင်းလည်း နက်မှောင်တောက်ပြောင်လာ၏။ ရုတ်တရက် အနက်ရောင်စွမ်းအင်များ ပျောက်ကွယ်သွားပြီး နဂါးအဘိုးကြီး၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြန်ပေါ်လာပြီး သက်လတ်ပိုင်း လူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဟာဟားဟား နောက်ဆုံးတော့ ငါလွတ်ပြီ.... ငါ ဒီဒုက္ခက လွတ်တော့မယ်ကွ!"
ယခုအချိန်တွင် ယန့်ရန်ကုန်း၏ လူလတ်ပိုင်းအရွယ် အသွင်သဏ္ဌာန်ဟာ မသန်မာသော အဘိုးကြီးနဂါးဟု မခေါ်ဆိုနိုင်တော့ပေ။