← Chapters

မျှော်စင်က သူ့စွမ်းအားကို ပြသပြီ

Vol. 94 Ch. 4.930

မျှော်စင်က သူ့စွမ်းအားကို ပြသပြီ

Vol. 94 Ch. 4.930

သူ၏ ကျွမ်းကျင်မှုမှာ ဖိနှိပ်ခံနေရဆဲဟု ခံစားရသော်လည်း အငွေ့အသက် အနည်းငယ် ပေါက်ကြားသွားရုံမျှဖြင့် သူသည် နတ်မီးနယ်ပယ် အထွတ်အထိပ် ခွန်အားအထိ ရရှိနေပြီဖြစ်သည်။

"လူကြီး.... ခင်ဗျားက ခင်ဗျားရဲ့ ခွန်အားကို တမင်တကာ ထိန်းနေတာ ကျွန်တော် သိသားပဲ"

လုရွှမ် သူ့ဓားကို ခေါင်းပေါ်မှ ဝေ့ယမ်းချလိုက်သည်။

"ဟမ့်... ကောင်လေး မင်းသေပြီပဲ"

ယန့်ရန်ကုန်းက လက်နက်အဖြစ် ချည်ထားတဲ့ သံကြိုးကို အသုံးပြုပြီး လက်ကို မြှောက်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်၏ ဓားရှည်သည် သံကြိုးကို ထိမှန်းသွားသော်လည်း မီးပွားတစ်စင်းပင် ထွက်ပေါ်လာခြင်း မရှိပေ။

လုရွှမ်သည် သံကြိုးမှ ပြင်းထန်စွာ ပြန်ထွက်လာသည့် ခွန်အယးကို ခံစားလိုက်ရပြီး ခြေလှမ်းနှစ်လှမ်းနောက် နောက်ပြန် ဆုတ်သွားခဲ့သည်။

"ကောင်လေး မင်းသိလား? ဒါက နဂါးသံကြိုးကွ... နိယာမစွမ်းအင်တွေ ထူထူထပ်ထပ် ဖုံးအုပ်ထားတာ မင်းရဲ့ မှော်လက်နက်က ထက်မြက်ပေမယ့် ငါ့သံကြိုးတွေကို ဖြတ်ပစ်ချင်ရင်တော့ မင်း စိတ်ကူးယဉ်နေတုန်းပဲလို့ ​ပြောရမယ်.. မင်းငါ့ကို သတ်ချင်တယ်ပေါ့ ဟားဟား ဟား... အိပ်မက်မက်နေတာကွ!"

ယန့်ရန်ကုန်းသည် တခြားကြိုးတွေကို ဖြတ်ဖို့ ကြိုးစားရင်း အားကြိုးမာန်တက် ကခုန်နေ၏။ လုရွှမ်သည် အချိန်အနည်းငယ် ကြာလာသည်နှင့်အမျှ ဤလူကြီးက ပိုမိုအားကောင်းလာကာ နဂါးကျောက်တုံးထုမှ လွတ်မြောက်ပြီးသည်နှင့် ၎င်းတို့အားလုံး သေဆုံးသွားလိမ့်မည်။

"ယွမ်ယန်ဓားကိုးစင်းရဲ့ ဆဋ္ဌမမြောက်ဓားအထိ အသုံးမဝင်ဘူးဆိုရင် ကျိန်းသေသေလိမ့်မယ်"

လုရွှမ် အသက်ပြင်းပြင်း ရှူရင်း သူ့ခန္ဓာကိုယ်ထဲက ဓားစွမ်းအင်တွေ တဟုန်ထိုး ထွက်ကျလာအောင် ထုတ်လွှတ်၍ ယွမ်ယန်ဓားကိုးစင်းကို အမြန်ပြသလိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးနဲ့အတူ စိမ်းပြာနဂါးရဲ့ စွမ်းအားကိုပါ နတ်ဓားထဲ ဖြည့်သွင်းလိုက်သည်။

ချင်ထျန်းနတ်ဓားသည် အဝေးမှ ထက်မြက်စွာ တောက်ပနေပြီး ၎င်း၏ ပြင်းထန်သော ဖိအားသည် ရုန်းကန်နေရသော အဘိုးအို ယန့်ရန်ကုန်းကိုပင် လွှမ်းခြုံသွားသည်။

"ဒါ ဘယ်လိုဓားသိုင်းမျိုးလဲဟ"

ယန့်ရန်ကုန်းသည် ခဏမျှ အံ့အားသင့်သွား၏။ ဓားပညာမှာ ထူးထူးခြားခြား ဖြစ်သော်လည်း ကျွမ်းကျင်မှုအရ သူ့ကို သတ်ရန် ဝေးလှပါသေးသည်။

လုရွှမ်သည် သူ့စိတ်ထဲ အာရုံစိုက်ထားကာ ဒုတိယဓားဖြင့် ခုတ်ထစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် တခဏချင်းပင် နှစ်ဆကျော် တိုးလာကာ လူသတ်ချင်တဲ့ အငွေ့အသက်များက သူ့ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားပြီး စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။

တတိယဓား၊ စတုတ္ထဓား၊ ပဉ္စမဓား။

ယွမ်ယန်ဓားကိုးစင်းသည် ဓားတစ်ချောင်းပြီးတိုင်း ဓားတစ်ချောင်းတည်းကို အသုံးပြုပါက စွမ်းအားသည် ဓားတစ်ခုလုံးကို အသုံးပြုခြင်းနှင့် အတူတူပင် ဖြစ်သော်လည်း ယခုမူ လုံးဝ ကွဲပြားပါသည်။

ပထမဓားကြောင့် ဒုတိယဓား၏ အငွေ့အသက်သည် ပါးလွှာသော လေထုထဲမှ နှစ်ဆတိုးလာကာ စတုတ္ထဓားနှင့် ပဉ္စမဓားတို့သည် ယခင်ဓားထက် နှစ်ဆ အားကောင်းလာပြန်သည်။

ယန့်ရန်ကုန်းသည် လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများက သူ့ကို ခြိမ်းချောက်နေနိုင်သလို ခံစားနေရသည်။ လူသတ်ချင်တဲ့ ရည်ရွယ်ချက်က သူ့ကို ရိုက်ခတ်ပြီး အေးစက်သော လှိုင်းလုံးများက သူ့ဝိညာဉ်ကိုပါ လွှမ်းမိုးလာသည်။

လုရွှမ်သည် သူ့ဓားကို မဆွဲရသေးတာ မြင်လိုက်သော်လည်း ဆဋ္ဌမမြောက်ဓားတစ်ချောင်း ကျန်နေသေးသည်ဟု ဆိုလိုရင်းဖြင့် အရှိန်အဟုန် အပြည့်နဲဲ့ စုဆောင်းနေဆဲ ဖြစ်သည်။

သူ၏ လက်ရှိအင်အားသည် အားကောင်းသည့် မျှော်စင်နယ်ပယ်နှင့် နှိုင်းယှဉ်နေပြီဖြစ်ပြီး ဆဋ္ဌမမြောက်ဓား၏ အငွေ့အသက်သည် နှစ်ဆ တိုးလာပြီ။

ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ ဒါ ကောင်းကင်ဘုံသခင် နယ်ပယ်လေးလေ။

ယန့်ရန်ကုန်း ကျယ်လောင်စွာ ဟောက်လိုက်သည်။ အနက်ရောင် တိမ်တိုက်များက သူ့ခန္ဓာကိုယ်အနှံ့ ဖောင်းပွလာပြီး ပါးစပ်ထဲမှ သွေးနှစ်ချောင်း ထွက်ကျသွားသည်။ ဒါက အခု မတိုက်ရင် အနာဂတ်မှာ အခွင့်အလမ်း မရှိတော့ဘူး။

ဝူး!

ယန့်ရန်ကုန်း၏ လည်ချောင်းမှ ကျယ်လောင်သော နဂါးဟောက်သံ ထွက်ပေါ်လာသည်။ သူ၏ ဘယ်ဘက်လက်မောင်းသည် ရေတိုင်တစ်ခုကဲ့သို့ ထူထဲသော နဂါးခြေသည်း အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့လက်မောင်းကို ဝေ့ယမ်းလိုက်တဲ့အခါ နောက်ဆုံးတွင် ကျောက်တုံးကြီးထဲမှ သံကြိုးကို ဆွဲထုတ်နိုင်လိုက်သည်။

ကျောက်စရစ်ခဲသည် လွင့်ထွက်သွားပြီး ကျောက်ထွင်းထားသော အစိတ်အပိုင်းကြီး တစ်ခု ကျိုးသွားသည်။ လုရွှမ် ၎င်းကို လှမ်းကြည့်လိုက်တော့ ပို့ဆောင်ခြင်းအစီအရင် ခင်းကျင်းထားသည့် အလင်းပုံစံကို ပေါ်လွင်နေတာ လှမ်းတွေ့လိုက်သည်။

ပြီးတော့ ယန့်ရန်ကုန်းရဲ့ အငွေ့အသက်ဟာ နတ်မီးနယ်ပယ်ရဲ့ အထွတ်အထိပ်ကနေ မျှော်စင်နယ်ပယ် အစောပိုင်း အဆင့်အထိ လျင်မြန်စွာ မြင့်တက်လာသည်။ မျှော်စင်နယ်ပယ် အလယ်အလတ် အဆင့်ကို ဖြတ်ပြီး နောက်ဆုံးမှာ ရပ်တန့်သွားတဲ့ အသက်ရှုသံက လုံးဝ မနှေးခဲ့ပါဘူး။

"ကောင်လေး မင်းသေရမယ်!"

သူ့မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ ပွင့်လာပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် နဂါးပုံသဏ္ဍာန် အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်မှာ အနည်းဆုံး ၂ဆလောက် ပိုကြီးသည်။ သူ့ခြေထောက်နှစ်ဖက်နဲ့ လက်နှစ်ဖက်ကို ချည်နှောင်ထားတဲ့ သံကြိုးနှစ်ချောင်းကို ဆွဲကိုင်လိုက်ပြီး တစ်ချက်ချင်း ဆွဲထုတ်လိုက်သည်။

လုရွှမ်သည် ထိုနေရာတွင် ရပ်လျက် မျက်လုံးမှိတ်ထားကာ ယွမ်ယန်ဓားကိုးစင်း၏ ဆဋ္ဌမမြောက်ဓားကို စိတ်နှလုံးအကြွင်းမဲ့ စုဆောင်းနေ၏။ ၎င်းကို ယခင်က အသုံးပြုခဲ့ဖူးသော်လည်း စွမ်းအင်များစွာ သုံးစွဲရသည်။ စွမ်းအင်များစွာ စားသုံးသော်လည်း ၎င်းသည် ထိန်းချုပ်မှု နယ်ပယ်အတွင်းတွင် ရှိနေပါ​သေးသည်။

ဓားပညာကို သိမ်းပိုက်လိုက်သည့် တစ်ခုတည်းသော ရည်ရွယ်ချက်က မျှော်စင်နယ်ပယ်ကို တိုက်ခိုက်ဖို့ပင်။ တစ်ချိန်တုန်းက ကောင်းကင်ဘုရင် အပြင်ဘက်၌ အကြီးအကဲမောင်နဲ့ တိုက်ခိုက်စဥ်က ဆဋ္ဌမမြောက်ဓားက မအောင်မြင်ခဲ့ပေ။

ယခု သူ့တွင် နတ်ဓားအစွမ်း ရှိလာပြီ။ သူ၏ စွမ်းရည်သည် နယ်ပယ်ငယ်သုံးရပ် တိုးတက် ကောင်းမွန်လာပြီမလို့ ထပ်မံကြိုးစားရန် သတ္တိရှိစေသည်။ ဒါပေမဲ့ အခု တကယ်သုံးလိုက်တော့မှ ဒီဓားနဲ့ အောင်မြင်ဖို့က ဘယ်လောက်ခက်ခဲလဲဆိုတာ သိလိုက်ရသည်။

ယွမ်စွမ်းအင်သည် လေသံများဖြင့် တုန်ခါနေပြီး ဝိညာဉ်စွမ်းအားနှင့် စိမ်းပြာနဂါး စွမ်းအားကို ထက်ဝက်ကျော် အသုံးပြုထားရာ ဓားမှထွက်သော စုပ်ယူအားသည် တူးဆွရန် ခက်ခဲသော အနက်ဆုံး တွင်းတစ်ခုနှင့် တူလာ၏။

လုရွှမ် သွားများကို အံကြိတ်ကာ သူဓားစွမ်းရည်ကို သူ့နှလုံးသားထဲတွင် ထပ်ခါထပ်ခါ မြှင့်တင်၍ ဆဋ္ဌမမြောက်ဓားကို နက်ရှိုင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

လျင်မြန်စွာ တိုးလာနေသော ယန့်ရန်ကုန်း၏ ရောင်ဝါကို သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။ သူ့ခြေထောက်များကို ချည်နှောင်ထားသည့် သံကြိုးများကို ဆွဲထုတ်လိုက်သည်နှင့် သူ၏ ရောင်ဝါသည် အနည်းဆုံး မျှော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ယွမ်ယန်ဓားကိုးစင်း၏ ဆဋ္ဌမမြောက်ဓားကို နတ်ဓားဖြင့် အောင်မြင်စွာ အသုံးပြုခဲ့သော်ငြားလည်း ၎င်းကို သတ်ပစ်ရန် အမှန်တကယ် ဖြစ်နိုင်ပါ့မလား လုရွှမ် ကိုယ်တိုင်လည်း လုံးဝ မသေချာပါ။

ဒါပေမဲ့ သူ့အသက်ရှုသံက အနည်းငယ် အားနည်းနေသေးပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ၊ စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းက မြန်လွန်းလို့ ခုန်ချလုနီးပါးပါပဲ။ ဦးခေါင်းက လေးလံလာရာ ဝိညာဉ်စွမ်းအား ကုန်ဆုံးတော့မည့် လက္ခဏာမျိုး ဖြစ်​လေသည်။ ထိုအချိန်တွင် လုရွှမ်ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်လာသည်။

၎င်းသည် ဝိညာဉ်လောကရှိ မျှော်စင်ဟုလည်း ခေါ်သော အလွန်ဖြူစင်ပြီး သန့်စင်သော ရောင်ဝါဖြစ်သည်။ ၎င်းက လုရွှမ်ရဲ့ မျက်ခုံးအရိုးကြားမှ ထွက်​ပေါ်လာကာ ကောင်းကင်ဘုရင်မှ ကျန်ရစ်ခဲ့သော မျှော်စင်ပဲ ဖြစ်ပေ၏။

သန့်စင်ပြီး သန်စွမ်းသော ယွမ်စွမ်းအင်သည် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ထိုစွမ်းအင်များသည် ဆာလောင် မွတ်သိပ်နေချိန်တွင် ကောင်းကင်မှ မိုးရွာနေသကဲ့သို့ ခံစားလိုက်ရကာ မောပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ချက်ချင်း အာဟာရဖြည့်ပေးလိုက်သလိုပင်။

"ယွမ်ယန်ဓားကိုးစင်း... ဆဋ္ဌမဓား....ဖန်ဆင်းခြင်း!"

နောက်ဆုံးတွင် စွမ်းအားများ ပြည့်သွားကာ အရာအားလုံး ပြန်လည် ထိန်းချုပ်နိုင်ခဲ့စဥ် ယွမ်ယန်ဓားကိုးစင်းရဲ့ ခြောက်စင်းမြောက်ဓား ထွက်ပေါ်လာ၏။

ထိုစွမ်းအားသည် ပဉ္စမဓားနှင့် နှိုင်းယှဉ်လျှင် နှစ်ဆပိုမို အားကောင်းသည်။ မျှော်စင်က သူ့ကို စွမ်းအားတွေ ပေးလိုက်တာပင်။ သို့မဟုတ် ဆဋ္ဌမမြောက်ဓား ကိုယ်တိုင်ရဲ့ အရှိန်အဝါဟာ ဤဓားကြောင့် အနည်းဆုံး ဆယ်ဆတိုးလာတာ ဖြစ်ပေမည်။

ပြင်းထန်သော ရောင်ဝါကြောင့် လုရွှမ်သည် သူ့ရှေ့တွင် ရပ်နေသော လူဟာ မျှော်စင်နယ်ပယ် မဟုတ်ဘဲ တောင်ထွတ်တစ်ခု ဖြစ်လျှင်ပင် သူ့လမ်းကို ပိတ်ဆို့ထားပါက ဖျက်စီးပစ်မိလိမ့်မည်။

"ဟား ဟား ဟား!"

ယန့်ရန်ကုန်းက ရိုင်းစိုင်းစွာ ရယ်မောကာ ခြေလက်များ ကခုန်ရင်း သံကြိုးများကို တဆတ်ဆတ် တုန်ခါသွား​စေသည်။ သူသည် နောက်ဆုံးတွင် သံကြိုးလေးခုလုံးမှ လွတ်မြောက်လာခဲ့ပြီး နောက်ဆုံး လုံးဝ လွတ်မြောက်သွားခဲ့၏။

သို့သော် လုရွှမ်ဆီက ဘယ်လို ရောင်ဝါလဲ။ ဓားရောင်ဝါက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နိုင်တာလဲ ဆိုတာက သူ့အတွက် စဥ်းစားစရာ ဖြစ်လာသည်။

တခဏချင်းမှာပဲ လုရွှမ်ရဲ့ ခေါင်းထက်မှာ ပျံသန်းနေသော တောက်ပတဲ့ မျှော်စင်ကို သူ တစ်ချက် လှမ်းမြင်လိုက်ရတော့ ဒေါသတကြီး ဟောက်ပစ်လိုက်သည်။

"ကောင်းကင်ဘုရင်... မင်းက သေသွားတာတောင် ငါ့ကို အလွတ်မပေးသေးဘူးပေါ့လေ!"

ဤအခိုက်အတန့်တွင် ယန့်ရန်ကုန်းသည် ထောင်နဂါးသံကြိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လုရွှမ် ခုတ်ထစ်လာသော မှော်လက်နက်ကို တွေ့ဆုံရန် ရုန်းကန်နေရသည်။

All Chapters