ဒုက္ခမှ လွတ်မြောက်ကြပြီ
Vol. 95 Ch. 4.931
"ငါမသေဘူး ငါမသေဘူး!"
ယန့်ရန်ကုန်း ဟစ်အော်လိုက်သည်။ သံကြိုး၏ ပြတ်သားသော အသံသည် အစမှအဆုံးအထိ ထောင်နဂါး သံကြိုးသည် သာမန်သံအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ လုံးဝ မတောက်ပလာခဲ့ပေ။
ဘာအတားအဆီးမှ မရှိတဲ့ နတ်ဓားသည် ယန့်ရန်ကုန်း၏ ခေါင်းထိပ်မှ ထိမှန်ကာ တစ်ရှိန်ထိုး ကွဲထွကိသွားလေသည်။ ဓားစွမ်းအင်က အနှိုင်းမဲ့ သပ်ရပ်ပြီး အချိုးကျလှသည်။ လျှပ်တပြက်အတွင်း အလောင်းဟာ နှစ်ခြမ်းကွဲသွားကာ တစ်ချိန်တည်း မြေပြင်ပေါ်သို့ လဲကျပြီး သွေးများ ပြည့်လျှံသွားခဲ့သည်။
အနက်ရောင် စွမ်းအင် ဘောလုံးတစ်လုံးသည် နဂါးငယ်လေး၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသွား၏။ ၎င်းက အလောင်းနှစ်လောင်းကြားမှ ပေါက်ထွက်လာကာ လွတ်မြောက်ရန် ကြိုးစားလေသည်။
မျှော်စင်ပေါ်တွင် တောက်ပနေသော အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး နဂါးနက်ကြီးကို ထိမှန်သွား၏။ ထိုအခိုက် စိတ်ဆင်းရဲစရာ ကောင်းသော အော်ဟစ်သံများကြားတွင် အနက်ရောင် မီးခိုးလုံးများ ပျောက်ကွယ်သွားခဲ့သည်။
မျှော်စင်က ရုတ်တရက် ပြင်းထန်စွာ တောက်ပလာပြီးနောက် တစ်ခဏအတွင်း ၎င်း၏ တောက်ပမှုများ ပျောက်ကွယ်သွားပြန်သည်။ ထိုစဥ် လုရွှမ်၏ ဒူးများ အားပျော့သွားကာ မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်သည်။ မျှော်စင်က သူ့နံဘေးထောင့်မှ ပြုတ်ကျလာသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုရွှမ်သည် မျှော်စင်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။ ဒါက ကောင်းကင်ဘုရင် မစွန့်လွှတ်နိုင်သော မှော်အစွမ်းတစ်ခု ဖြစ်ကြောင်း သူသိပါသည်။ သူက ရန်သူကို ဖျက်ဆီးရန် နည်းလမ်းအားလုံးကို ချန်ထားခဲ့ပြီး ဒီအနာဂတ် ဖြစ်လာမှာကို ဟိုးရှေးရှေးကတည်းက စီစဉ်ခဲ့တာ ဖြစ်လိမ့်မည်။
စိတ်ဝိညာဥ် မီးဘောလုံးသည် ယန့်ရန်ကုန်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး မကြာမီ ခန္ဓာကိုယ်သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ တောက်ပသော မျှော်စင်တစ်ခုနှင့် သံကြိုးရှစ်ပိုင်းသာ ကျန်ခဲ့သည်။
လုရွှမ်သည် သူ့လက်ဖဝါးကို စုပ်ယူလိုက်ပြီး မျှော်စင်ထဲက အတွေးတွေကို ခံစားကြည့်လိုက်ရာ ၎င်းထဲက မှော်အစွမ်းများကို ဖယ်ထုတ်လိုက်ပြီမလို့ ဘာအကျိုး သက်ရောက်မှုမှ မရှိတော့တာ တွေ့လိုက်ရသည်။
နဂါးသံကြိုးသည် မူလက ယန့်ရန်ကုန်းကို အကျဉ်းချရန် စီစဥ်ထားသော သံကြိုးဖြစ်သည်။ ယခင်က နဂါးအဘိုးကြီးဟာ သံကြိုးလက်မှ လွတ်မြောက်လာခဲ့လို့ ကွင်းဆက်သည် သဘာဝအတိုင်း ပျက်သွားခဲ့၏။ အဲဒီလိုသာ မဟုတ်ပါက ယွမ်ယန်ဓားကိုးစင်း၏ ဆဋ္ဌမမြောက်ဓားသည် နဂါးသံကို ဖြတ်တောက်နိုင်ချေ ရှိမရှိ အမှန်တကယ်ပင် မသိနိုင်ပေ။
"လုရွှမ်!"
တျယ်ရှုံတို့ လူအနည်းငယ်သည် ထိတ်လန့်နေသော မျက်နှာများဖြင့် အနောက်မှ ပြေးလိုက်လာသည်။
"အဲဒီမြွေတွေ လာနေပြီ!"
အဘိုးကြီးနဂါးရဲ့ ဩဇာဖိနှိပ်မှု မရှိတော့တာကြောင့် ဒီဘက်ကို တိုးလာနေတဲ့ မြွေတွေဟာလည်း သဘာဝအတိုင်း ကြောက်လန့်မနေတော့ပေ။ ဒါကြောင့် အမြန်ဆုံးသာ တိုးဝင်လာခဲ့ကြသည်။
လုရွှမ်သည် ကျန်ရှိနေသော ကျောက်ထွင်းထုများကို ညွှန်ပြပြီး ပို့ဆောင်ခြင်းအစီအရင် ပုံစံကို လုံးလုံးလျားလျား ထုတ်ဖော် ပြသလိုက်သည်။ အကျွမ်းတဝင်ရှိသော ပို့ဆောင်ခြင်းအစီအရင်ကို မြင်လိုက်ရသဖြင့် တစ်ဖွဲ့လုံး အလွန်ဝမ်းသာသွားသည်။
လူအုပ်စုသည် ပို့ဆောင်ခြင်းအစီအရင်ထဲ လျင်မြန်စွာ ဝင်ရပ်လိုက်ကြပြီး အားလုံးကလည်း သလင်းကျောက်များကို နေရာချလိုက်သည်။ ထိုစဥ် လုရွှမ်ကလည်း အပြင်ဘက်၌ အခင်းအကျင်း ဖွဲ့စည်းမှုကို အမြန်စီစဉ်လိုက်သည်။
မြွေ၏ တိုက်ခိုက်မှုသည် အလွန် လျင်မြန်လွန်းသဖြင့် အခင်းအကျင်း ဖွဲ့စည်းမှုအလွှာတစ်ခုကို အသုံးချပြီးသည်နှင့်ပင် သူတို့အတွက် အချိန်မရနိုင်တော့ချေ။
လုရွှမ် ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။ ဤမြွေများသည် သေခြင်းတရားကို လုံးဝ မကြောက်ဘဲ သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
သူက ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ်ကို အခါအားလျော်စွာ ပေါက်ခွဲပစ်လိုက်ကာ အခင်းအကျင်း၏ အကူအညီဖြင့် သူသည် ခဏတာမျှ ခုခံနိုင်စွမ်း ရှိခဲ့သည်။
"လုရွှမ် အစီအရင် အသက်ဝင်တော့မယ်... မြန်မြန်ပြန်လာခဲ့တော့"
ပို့ဆောင်ခြင်းအစီအရင်က အချိန်အကြာကြီး အသုံးမပြုခဲ့သောကြောင့် လုပ်ဆောင်ချက် အမြန်နှုန်းက အနည်းငယ် နှေးကွေးသွားတာကို ခံစားလာရသည်။ လုရွှမ်သည် အချိန်ကို ရေတွက်ရင်း ပျံသန်းလာနေသော မြွေများကို သတ်ရန် အပြင်းအထန် ကြိုးစားနေသည်။
သူ့ရဲ့ အခင်းအကျင်း ဖွဲ့စည်းမှုအတွင်းသို့ ထိုးဖောက် ဝင်ရောက်လာသော ထန်မြွေပျံ အနည်းငယ် ကျန်ရှိနေသော်လည်း ၎င်းကတင် အလွန်အန္တရာယ် များနေသည်။
ဖွဲ့စည်းမှုသည် သိသာထင်ရှားစွာ အနည်းငယ် မတည်မငြိမ် ဖြစ်နေ၏။ ၎င်းသည် အသံလှိုင်းကြောင့်ပင်။ ထန်မြွေပျံသည် ၎င်းပါးစပ်ထဲမှ အသံလှိုင်းတွေကို ထုတ်လွှတ်ကာ လေထုကို အကွဲကွဲ အပြားပြား ဖြစ်လာစေသည်။
အနီရောင် မီးတောက်များသည် လုရွှမ်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ကျလာသော်လည်း ၎င်းမှာ မီးကျီးကန်းတစ်ကောင်၏ နတ်ဆိုးမီးသာ ဖြစ်သည်။ လုရွှမ်သည် အကြိမ်တိုင်း နတ်တောင်တန်းနဲ့ ဆက်သွယ်ပြီး လွတ်မြောက်သွားခြင်း ဖြစ်သည်။
မီးကျီးကန်းသည် အလွန်အဆင့် မြင့်သော်လည်း သုံးပေအောက်ရှိ ထန်မြွေများကိုတော့ ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားစေသည်။ ၎င်းတို့သည် ချက်ချင်း မသေနိုင်သော်လည်း မီးတောက်က ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်စွာ ဖုံးလွှမ်းသွားမှာ ဖြစ်သည်။
ထိုစဥ် အနောက်ပိုင်းမှ ထန်မြွေပျံများလည်း လုံးဝကို ထိတ်လန့်သွားပြီး အနားကို မလာရဲတော့ချေ။
လုရွှမ် ပို့ဆောင်ခြင်းအစီအရင်ကို တစ်ချက် ကြည့်လိုက်ရာ ပို့ဆောင်မည့် အရိပ်အယောင် မရှိသေးပေ။ ကြည့်လိုက်ပြီးနောက် သူက အော်လိုက်သည်။
"စွမ်းအင်သလင်ကျောက်တွေ အရမ်းများနေတယ်... ဒါက အကွာအဝေး အစီအရင်တစ်ခုပဲ သလင်းကျောက် သုံးပုံနှစ်ပုံကို ဖယ်ထုတ်လိုက်"
လူတိုင်းလည်း ရုတ်တရက် သဘောပေါက်သွားပြီး သလင်းကျောက်များကို လျင်မြန်စွာ ပြန်ထုတ်လိုက်သည်။
အစီအရင်သည် ရုတ်တရက် ပိုမိုတည်ငြိမ်လာပြီး ပို့ဆောင်တော့မည့် အရိပ်အယောင် ပြလာသည်။ လုရွှမ်သည် နတ်ဆိုးမီးတောက် အငွေ့အသက်ကို ရုတ်တရက် တိုးပွားစေပြီး ထန်မြွေပျံများကို ထပ်မံ ကြောက်လန့်စေလိုက်ရင်း တစ်ဆက်တည်း နတ်ဆိုးမီးကို ရုတ်သိမ်းကာ အစီအရင်ထဲသို့ ပြေးဝင်သွားခဲ့သည်။
ပို့ဆောင်ခြင်းအစီအရင်က အလင်းတန်းများဖြင့် လင်းလက်သွားကာ လူတိုင်း ပျောက်ကွယ်သွားခဲ့သည်။ အရှိန်ပြင်းပြင်း ပြေးဝင်လာသော ထန်မြွေပျံများသည် ဒေါသတကြီးနှင့် ဝိုင်းအုံလာကာ အစီအရင်ကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
တစ်ဖက်မှာတော့ အလင်းတစ်ချက် တစ်ဖန်လင်းလာပြီး လေထုထဲကနေ လူရှစ်ယောက် ပြုတ်ကျလာခဲ့သည်။ လုရွှမ်က ပထမဆုံး မတ်တပ်ရပ်လိုက်သော လူပင်။ တခြားသော လူများကိုလည်း တွေ့ရကာ တချို့မှာ ခန်းမကြီးမှ လွတ်မြောက်လာတာကြောင့် ဝမ်းသာအားရ အော်ဟစ်နေကြသည်။
အနီးနားတွင် တိတ်ဆိတ်နေသော်လည်း အလင်းတန်းများနှင့် ကျယ်လောင်သော သတ်ဖြတ်သံများက တစ်နေရာမှ ကြားနေရသည်။ အကွာအဝေး တစ်ခု၌ တိုက်ပွဲကြီးတစ်ခု ဖြစ်နေတာ ထင်ရှားပါ၏။
"လက်ရှိ ကောင်းကင်ဘုရင် နန်းတော်က မလုံခြုံတော့ဘူး... မင်းတို့အရင် ထွက်သွားသင့်တယ်"
လူတိုင်းလည်း အထပ်ထပ်အခါခါ ခေါင်းညိတ်ပြကြသည်။ အခု အန္တရာယ်တွေကို ကောင်းကောင်း နားလည်နေပါပြီ။ ယခုအချိန်တွင် သူတို့အင်အားသည် ကောင်းကင်ဘုရင် နန်းတော်ထဲ တွင် အနိမ့်ဆုံးအဆင့်၌ ရှိပြီး အနိုင်ကျင့်လိုသူတိုင်းသည် အမှားအမှန်ကို နှစ်ကြိမ် မစဥ်းစားဘဲ အနိုင်ကျင့်မှာပင်။
စိုးရိမ်သောက ရောက်နေသော လူအနည်းငယ်ကို ကောင်းကင်ဘုရင် နန်းတော်ကြီးထဲမှ ထွက်ခွာသွားပြီးနောက်တွင် လုရွှမ်လည်း သတိကြီးစွာ ဝင်လာခဲ့သည်။
လင်ထျန်းခန်းမရှေ့တွင် နတ်မီးနယ်ပယ် အထွတ်အထိပ်က လူနှစ်ဦး ရန်ဖြစ်နေကြတာပဲ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှာ နတ်မီးနယ်ပယ် ကျင့်ကြံသူတွေ အများကြီး ရှိနေကာ အော်ဟစ်အားပေးနေပုံရ၏။
လုရွှမ်၏ နေမျက်လုံးများသည် အမှီအခိုကင်းသော လူတစ်စုကို စိုက်ကြည့်ကာ မသိစိတ်ထဲ အံ့အားသင့်သွားခဲ့သည်။
ဤလူများသည် လူသားများနှင့် တူသော်လည်း ၎င်းတို့သည် လူသားများ မဟုတ်သည်မှာ သေချာပါသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထူးဆန်းသော ရောင်ဝါ ဖျော့ဖျော့ ထွက်ပေါ်လာ၏။ အရေးအကြီးဆုံးမှာ ၎င်းတို့တွင် သရုပ်ပျက် ရောင်ဝါ အနည်းငယ် ရှိနေတာ သေချာပါသည်။
သူတို့ထဲမှ တစ်ကောင်၏ လက်ဖဝါးထက်မှာ အလင်းရောင်များဖြင့် တောက်ပနေပြီး ၎င်းသည် ကောင်းကင်မျိုချ သားရဲဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် ယခုအချိန်တွင် ကောင်းကင်မျိုတဲ့သားရဲသည် မျှော်စင်နယ်ပယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ဖြစ်နေကြသည့် နှစ်ယောက်ထဲတွင် တစ်ယောက်က အသက်မကြီး သေးသော်လည်း သူ့အငွေ့အသက်များ ယိုယွင်းနေပြီ။
ဤသူများသည် ခန်းမကြီး ရှစ်ခန်းမှ လွတ်မြောက်ခဲ့ကြသူများလား။ သူ မသိသော်လည်း ဖြစ်နိုင်ချေ ရှိပေ၏။ သူ လင်ထျန်းခန်းမထဲ၌ ဘယ်လောက်ကြာအောင် နေခဲ့လဲ ဆိုတာလည်း မသိ။
ရုတ်တရက် လူအုပ်ထဲမှာ အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရပြီး လုရွှမ် အမြန်ပြေးသွားလိုက်သည်။
"ပေါင့်တာထင်း... အစ်ကိုပေါင့် ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်... အဆင်ပြေတယ်မလား!"
ပေါင့်တာထင်းမှာ လေ့ကျင့်မှု မမြင့်မားသလို သူဘယ်သွားသွား ရန်ပွဲတွေမှာ ပါဝင်ဆင်နွှဲဖို့လည်း သတ္တိမရှိခဲ့ပါ။ ပေါင့်တာထင်းမှာ လုရွှမ်ကို မြင်သောအခါ အံ့အားသင့်သွား၏။ သူက ပတ်ဝန်းကျင်ကို ကြည့်ကာ မယုံကြည်နိုင်စွာအော်ပြောလိုက်သည်။
"မင်း မင်းအသက်ရှင်နေသေးလား"
တစ်ဆက်တည်း ချက်ချင်း ပြုံးပြကာ။
"ဟုတ်သားပဲ....သခင်လေးလုရွှမ်က အရမ်းထက်မြက်တာကိုး အင်အားပြင်းတဲ့ လေပြင်းတွေနဲ့ လှိုင်းလုံးတွေကို တစ်ခါမှ မကြုံဖူးတဲ့ လူတွေနဲ့ ဘယ်တူပါ့မလဲ"
"ငါ့ကို မြှောက်ပင့်မနေနဲ့ ဘယ်လောက်ပဲ ချော့မော့နေပါစေ ငါ မင်းကို ကောင်းကျိုးမပေးဘူး"
လုရွှမ် သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး တစ်ဖန်ပြန်ဖွင့်ကာ။
"ကောင်းကင်မျိုတဲ့သားရဲနဲ့ တိုက်ခိုက်နေတဲ့လူက ဘယ်သူလဲဆိုတာ မင်းသိလား?"
"ကျောင်းတန်းဖုန်း! ကျောင်းမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်လေ"