← Chapters

ထိပ်တန်းလူများ

Vol. 95 Ch. 4.932

ထိပ်တန်းလူများ

Vol. 95 Ch. 4.932

လုရွှမ်က အံ့အားသင့်သွားသည့် အရိပ်အမြွက်ပြပြီး ဒီလူဟာ အသက်ကြီးတဲ့လူ မဟုတ်ပေမယ့် မျိုးဆက်သစ် လူငယ်တွေဆီကနေ ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရမယ်လို့ မမျှော်လင့်ထားပါဘူး။

"အစ်ကိုကြီးလု... မင်းသာဆိုရင် သတိထားရလိမ့်မယ် ဒီကျောင်းတန်းဖုန်းက အရမ်းထက်မြက်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် သူ့ချို့ယွင်းချက်တွေကို အ​သေကာကွယ်တတ်တာ... သူ ဒီတစ်ကြိမ် မထွက်လာခင်မှာ မင်းကို ပြဿနာရှာမယ်လို့ ပြောခဲ့သေးတယ်"

"အိုး တကယ်လား? သူ ကောင်းကင်မျိုသားရဲကို အရင်အနိုင်ယူပြီးမှ ဆက်ပြောကြတာပေါ့"

ကျောင်းမိသားစု၏ ပါရမီရှင်သည် ကောင်းကင်မျိုတဲ့သားရဲကို ဆန့်ကျင်​နေလျက် ရှိသည်။ လုရွှမ် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်တာနဲ့ ချက်ချင်း သဘောပေါက်သွားသည်။ မျှော်စင်နယ်ပယ်က သခင်​တွေပါ ရောက်လာတာ အံ့သြစရာ​တော့ မဟုတ်ပေ။ သူတို့သည် ထိုအကျဉ်းသားများကို တိုက်ရိုက် မသတ်ခဲ့ဘဲ ပါရမီရှင်တွေကြားက ပွဲတွေကို ကြည့်ချင်နေကြ၏။

"ဟေး ပါရမီရှင်လု....ငါ မင်းကို မိတ်ဆက်ပေးပါရစေ အဲဒီ့နတ်သမီးကို မင်းတွေ့လား သူကလည်း လီမိသားစုမှာ နံပါတ်တစ် ပါရမီရှင်ပဲ... လီလင်ရှို့ရဲ့ ဝမ်းကွဲအစ်မ လီလင်ရွှမ်းတဲ့"

လုရွှမ် သူ့မျက်လုံးများကို မော့ကြည့်လိုက်သော် တစ်ဖက်က နတ်မီးနယ်ပယ်၌ ရှိနေကာ အငွေ့အသက်က ငြိမ်သက်နေသည်။ လုရွှမ်သည် တစ်ဖက်လူ ထွန်းထားသည့် နတ်မီးလုံး ဘယ်လောက်ရှိသလဲ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သူ့အငွေ့အသက်ထက် အနည်းငယ် သာလွန်နေသည်။ သူမြင်ခဲ့ရတဲ့ မျှော်စင်နယ်ပယ်က လူတွေလို လုံးဝ မပျော့ညံ့ပါဘူး။ အနည်းဆုံး နတ်မီးငါးလုံး ထွန်းထားသလိုပါပဲ။

လီလင်ရွှမ်းရဲ့ ခံယူချက်က လွန်စွာ ပြင်းထန်လှသည်။ သူမက လုရွှမ် သူမကို လှမ်းကြည့်နေကြောင်း သိလိုက်သော် မထီမဲ့မြင် အရိပ်အမြွက်ဖြင့် ပေါ့ပေါ့ပါးပါး စိုက်ကြည့်ကာ အဝေးသို့ ထွက်သွားလေသည်။

"ဟေး မင်းက အရည်အချင်းရှိတဲ့လူပါ....ဒါပေမဲ့ လူတွေက မင်းကို ကျင့်ကြံမှုအဆင့် နိမ့်ပါးတယ်လို့ ထင်တော့ ရှုံ့ချတယ်"

ပေါင့်တာထင်းက ဆိုးသွမ်းတဲ့ အပြုံးနဲ့ အော်လိုက်၏။ လုရွှမ်ကတော့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"ကမ္ဘာပေါ်မှာ လူတွေရဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး အကဲဖြတ်တဲ့ သူတွေလည်း အများကြီးပဲ.... သူမဆီက မပျက်မကွက် နှိမ့်ချခံရတဲ့သူတွေ အများကြီး ရှိမှာပဲ ငါလည်း ပါဝင်မှာပဲလေ... ဘာမှအရေးမကြီးပါဘူး"

ပေါင့်တာထင်းက လက်မထောင်ပြသည်။

"ကောင်းပြီ... သခင်လေးလုရွှမ်ရဲ့ ရည်မှန်းချက်ကို ကြည့်လိုက်ရင် တောက်ပတဲ့ အနာဂတ်ရှိတယ် ဆိုတာ သေချာတယ်... လီလင်ရွှမ်းကို လီမိသားစုရဲ့ မျိုးဆက်သစ် နံပါတ်တစ်ပုဂ္ဂိုလ်လို့ သိကြပေမယ့် သခင်လေးနဲ့ ယှဉ်ရင် သူမက နောက်ကျနေပါသေးတယ်..."

လုရွှမ်မှာ ဒီကောင်ကို အာရုံစိုက်ဖို့ ပျင်းလွန်းတဲ့အတွက် သူ့မျက်လုံးတွေက အပြာရောင် ဝတ်ထားတဲ့ လူငယ်တစ်ယောက်ဆီ စိုက်ကြည့်နေလိုက်သည်။

"ကောင်းလိုက်တာ အဲဒါဝမ်မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင် ဝမ်ပျယ်လီလေ... ထန်းယွမ်မြို့တစ်ခွင်မှာ တစ္ဆေသရဲဆိုပြီး လူသိများတယ်... သူကတော့ တိုက်ခိုက်ဖို့ စိတ်အားထက်သန်သူပေါ့ သူ့ကိုတော့ ကျောင်းတန်းဖုန်းနဲ့ ခွဲလို့မရပါဘူး!"

ဤတစ်ကြိမ်တွင် လုရွှမ် လူတွေကို အာရုံစိုက်​နေခဲ့သော်လည်း အမြန် ကြည့်လိုက်ရုံ​ဖြင့် သူသည် ပေါင့်တာထင်းရဲ့ အာရုံကိုပါ ဆွဲဆောင်သွားနိုင်ခဲ့သည်။

"ကောင်းပြီ.... မင်းငါ့ကို ပြောပြ ဘယ်ပါရမီရှင်တွေ ရောက်လာသေးလဲ"

ပေါင့်တာထင်းက သူ့မေးစေ့ပေါ်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သူ့မျက်နှာကို ဂုဏ်ယူစွာ မော့လိုက်သည်။

"ဟေး ငါ့ကိုလာမေးတာ မှန်သွားပြီ... ငါ ပေါင့်တာထင်းသာ မသိရင် တခြားဘယ်သူမှ မသိနိုင်တော့ဘူး"

"အဲဒီရုပ်ကြမ်းတဲ့ ကောင်လေးက ဟယ်ထျန်းလော့... သူက သဘာဝလွန်စွမ်းအားတွေနဲ့ မွေးဖွားလာတာ သူ့ခန္ဓာကိုယ်ခွန်အားက မျှော်စင်နယ်ပယ်က သခင်နဲ့ ယှဉ်နိုင်တယ်... တစ်ချိန်က မျှော်စင်နယ်ပယ် သခင်ကို သူ့ခန္ဓာကိုယ် ခွန်အားနဲ့ပဲ သတ်ခဲ့တယ်လို့ ပြော​ကြတယ်"

"ဟိုက တော်တော်မိုက်တဲ့လူကို တွေ့လား? သူက မုရုန်မိသားစုက မုရုန်ယီး... တစ်၊ နှစ်၊ သုံးထဲက ယီး(တစ်) ဆိုတဲ့ အဓိပ္ပာယ်ပဲ ဒါပေမဲ့ အဲဒါက သူကိုယ်တိုင် နာမည်ပြောင်းထားတာ... သူ့ကို ဘယ်သူမှ မထီမဲ့မြင် မပြုရဲဘူး... သူက အရမ်း စိတ်ဆိုးတတ်တဲ့ကောင်"

လုရွှမ် ခေါင်းညိတ်လိုက်၏။ သူ့မှာ ဒေါသမရှိရင် ဘယ်လိုလုပ် ပါရမီရှင် ဖြစ်ပါတော့မလဲ။ ပေါင့်တာထင်း၏ စူးစမ်းသော မျက်လုံးထောင့်အတိုင်း လှမ်းကြည့်လိုက်ရာ အနီရောင် ၀တ်ထားသော ချောမောသော လူငယ်လေးသည် ကြယ်များနှင့် လတို့ကဲ့သို့ မိန်းမလှလေးများ သူ့ပတ်ဝန်းကျင်တွင် ချောမောစွာ ရပ်နေတာကို တွေ့လိုက်ရသည်။

"အဲဒီမှာ ဂိုဏ်းလေးခု စုနေတာ တွေ့လား? သူတို့က ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်လို့ ငါကြားတယ်.... ဆန်းကြယ်ကောင်းကင်ဂိုဏ်းက ချောင်ပေ့ဖေး၊ ချီထန်းဂိုဏ်းက နတ်သမီးလဲ့ချင်း၊ တန်းချန်ဂိုဏ်းက ပိုင်ရီးရီး၊ ထန်းယန်ဂိုဏ်းက လင်ထျန်းဖောင့်"

လုရွှမ် အထပ်ထပ်အခါခါ ခေါင်းညိတ်​ပြလိုက်သည်။ သို့သော် လူစုလူဝေးကြားတွင်တော့ တခြားကြယ်များမှ ပါရမီရှင်များလည်း ရောက်နေပုံရလေသည်။

"စကားမစပ် အစ်ကိုပေါင့်... မင်း ရွှမ်ကျီးကိုတွေ့လား?"

ပေါင့်တာထင်း ခေါင်းခါလိုက်ပြီး။

"ကျွန်တော် မသိဘူး သူအရင်က မင်းနဲ့အတူ လင်ထျန်းခန်းမထဲကို ဝင်သွားတယ်မလား မင်း ထွက်လာပေမယ့် သူ မထွက်သေးဘူး"

လုရွှမ် အသာ ခေါင်းယမ်းလိုက်သည်။ ထိုလူ ရွှမ်ကျီးသည် အလွန် ဆိုးရွားသော အခြေအနေ မဟုတ်သရွေ့ သူ့ကိုယ်သူ ကာကွယ်ရန် ပြဿနာမရှိပေ။

"သခင်လေးလုရွှမ်... ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ"

ပေါင့်တာထင်းက မျက်လုံးပြူးပြီး မေးလိုက်သည်။

အလယ်ဗဟိုတွင် တိုက်ခိုက်နေသော သူတို့နှစ်ဦးသည် စစ်တုရင် ကစားပုံနှင့် လိုက်ဖက်နေပုံရပြီး နေရာတိုင်းတွင် မီးတောက်များ ပျံ့လွင့်နေကာ တိုက်ပွဲက အလွန်ပြင်းထန်သည်။ ကျောင်းတန်းဖုန်း အသာစီးရနေတာ သေချာသည်။ သူက ကြာပွတ်ကဲ့သို့ ဧကရာဇ်လက်နက်ကို ဒေါင်လိုက် အလျားလိုက် ပွတ်ဆွဲလိုက်သော်လည်း မထင်မှတ်ဘဲ ပြိုင်ဘက်က ထပ်ခါတလဲလဲ ရှောင်တိမ်းသွားခဲ့သည်။

လုရွှမ်သည် ထိုလူကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ သူက ထိတ်လန့်နေသည့်ပုံ ပေါက်နေပုံရသော်လည်း လိုက်နာရမည့် စည်းကမ်းများနှင့် အရိပ်အယောင်များ ရှိနေသည့်အတိုင်း တိုက်ခိုက်နေသည်။

"ကျောင်းတန်းဖုန်းက ကျောင်းမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်တယ် သူက အရမ်းလည်း အစွမ်းထက်ပါတယ်... ဒီလိုပြိုင်ဘက်နဲ့ သွားတွေ့တာတော့ ကံမကောင်းဘူး"

ပေါင့်တာထင်း၏ မျက်လုံးများ တောက်ပလာပြီး။

"အစ်ကိုလုက တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ.... သူ အောင်နိုင်မယ် မထင်ဘူးပေါ့"

"ကျွန်တော့်အမြင်တော့ အစ်ကိုပေါင့်ကလည်း ဉာဏ်ကြီးရှင်တစ်ယောက်ပါပဲ"

"အိုး ရှက်လိုက်တာ ရှက်လိုက်တာ ဟားဟား ဆက်ကြည့်ရအောင်"

"ဟမ့် မင်းတို့ အရူးနှစ်ယောက်... နားမလည်ရင် ပေါက်ကရစကား​တွေ ဝင်မပြောနဲ့...သခင်လေးတန်းဖုန်းက အသာစီးရနေတာ အသိသာကြီး သူဘယ်လိုလုပ် ရှုံးနိုင်မှာလဲ... "

သူတို့နှစ်ဦး၏ဘေးရှိ နတ်သမီးနှစ်ပါးက သူတို့ကို မုန်းတီးစွာ စိုက်ကြည့်နေကြသည်။ အမျိုးသမီးနှစ်ဦး၏ ဘေးက ယောက်ျားတစ်ယောက်ကလည်း သူတို့ကို ကျယ်လောင်စွာ စွပ်စွဲကာ နတ်သမီးနှစ်ဦးအား ထက်သန်စွာ ပြုံးလျက် ကြည့်နေလေသည်။

ထိုလူ၏ မှိုင်းညို့သော အသံသည် လူများစွာ၏ မျက်လုံးများကို ဆွဲဆောင်သွားနိုင်ခဲ့ပြီး လုရွှမ်ကိုလည်း အာရုံစိုက်မိသွားခဲ့သည်။ တချို့က ကဲ့ရဲ့ကြကာ တချို့က ရှုပ်ချကြသည်။

"ကောင်လေး နားမလည်ရင် နားလည်ချင်ယောင်ဆောင်မနေနဲ့..."

"မင်းမှာ အင်အားမရှိရင် ပါးစပ်ပိတ်ထားစမ်း! မင်းရဲ့ အကြီးအကဲတွေက မင်းကို မသင်ပေးထားဘူးလား"

"ကောင်းကင်ဘုံသခင် အငယ်တန်းတစ်ယောက်က ဒီလောက် ပြောင်ပြောင်တင်းတင်း ပြောရဲတာ တော်တော် သတ္တိကောင်းနေတာပဲ"

ထိုစွပ်စွဲချက်များသည် ရေပေါ်ကြောင်ကင်များကဲ့သို့ ပြင်းထန်စွာ သူ့ဆီသို့ ရောက်လာသည်။

"ဟေ့ ကောင်လေး... မင်းကို မေးခွန်းတစ်ခု မေးပါရစေ မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဟေး၊ မင်းဘေးကလူရော ဘယ်ရောက်သွားလဲ?"

လုရွှမ်သည် ရုတ်တရက် သူ့စိတ်ထဲတွင် ထိတ်လန့်တကြား ဖြစ်သွားပြီး ဘေးကို လှည့်ကြည့်လိုက်ရာ ပေါင့်တာထင်း ပျောက်သွားပြီ။ ဒီကောင်က မရိုးရှင်းဘူးပဲ!"

"မင်းက ရယ်စရာကောင်းလိုက်တာ.... တင်းဟန် သူ့ကို သင်ခန်းစာ သင်ပေးလိုက်!"

ကျင့်ကြံသူ မိန်းကလေးနှစ်ယောက်က မကျေမနပ်ဖြစ်ကာ မောက်မာစွာ အော်သည်။ ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ ဘေးဥပဒ်ဖြစ်ပြီး ဒုက္ခလည်း ဖြစ်စေနိုင်သည်။

လုရွှမ်ကို မကြိမ်းမောင်းမီ တင်းဟန်ဆိုတဲ့လူက ကျယ်လောင်စွာ တုံ့ပြန်ခဲ့သည်။

"အငယ်တန်း တစ်ယောက်က ဓားကိုင်ပြီး တခြားသူတွေကို အတုယူနေတယ်တဲ့.... မင်းဘာလို့ ဟန်ဆောင်နေတာလဲ"

သူသည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လုရွှမ်နောက်ကျောပေါ်မှ နတ်ဓားကို လှမ်းကိုင်လိုက်သည်။ လုရွှမ်၏ မျက်လုံးများ အေးစက်သွား၏။ ဤကောင်လေး၏ မျက်လုံးများသည် အဆိပ်တောက်နေပြီး သူ့စိတ်က အဆိပ်ပြင်းလွန်းသည်။ သူက နတ်ဓားကိုတောင် အခွင့်ကောင်းယူဝံ့​လေသည်။

လုရွှမ်က မလှုပ်မယှက်ဘဲ လက်ကိုသာ ဆန့်ကာ တင်းဟန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ တင်းဟန်ရဲ့ ကျင့်ကြံမှုအဆင့်က အားနည်းနေတာတော့ မဟုတ်ချေ။ သူသည် နတ်မီးနယ်ပယ် တတိယအဆင့်နှင့် တူသော်လည်း သူ့ခြေထောက်များအောက်က လေပွေဟာ သိသိသာသာပင် မတည်မငြိမ် ဖြစ်နေကာ အခြေခံအုတ်မြစ်မှာ ပျမ်းမျှပင်။

ဤအရာမျိုးသည် လုရွှမ်ဖိနပ်ကို မြှောက်ရန်ပင် မထိုက်တန်ချေ။

တင်းဟန်ခမျာ တုံ့ပြန်ဖို့ အချိန်တောင်မှ မရတော့ဘဲ လုရွှမ် သူ့ကို ဗဟိုမှာရှိတဲ့ တိုက်ပွဲဆီ ပစ်ချလိုက်ပါ၏။ ထို့နောက် လုရွှမ်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး လမ်းကြောင်း အားလုံးကို နားထောင်​​နေလိုက်သည်။

အလယ်ဗဟိုရှိ တိုက်ပွဲ အခြေအနေသည်လည်း ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်က ဝင်ရောက်သွားသည်။

All Chapters