← Chapters

ကြောင်သူတော်

Vol. 95 Ch. 4.933

ကြောင်သူတော်

Vol. 95 Ch. 4.933

တစ်ဖက်တွင် ကျောင်းတန်းဖုန်းသည် သူ၏ မာနကြီးသော အသွင်အပြင်ထဲတွင် နှစ်မြုပ်နေသေးပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကိုပင် သတိမထားမိပေ။ သူ့လက်ဖဝါးကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းပြီး သူ့ကိုယ်ဟန် အနေအထားကို ထိန်းထားပုံက အလွန်တင့်တယ်နေသည်။

သူတို့၏ လက်ဖဝါးများကို ဖြန့်လိုက်ပြီး အတော်ကြာတော့မှ ကျောင်းတန်းဖုန်းသည် အစမှအဆုံးအထိ ပြိုင်ဘက်၏ အင်အားကို သိရှိလာခဲ့သည်။ တစ်ဖက်လူရဲ့ မျက်လုံးများက ကြောက်ရွံ့မှုမရှိဘဲ လှောင်ပြောင် ရှုံ့ချမှုများဖြင့် ပြည့်နှက်နေသည်။

ကျောင်းတန်းဖုန်း စိတ်ဆိုးချင်ပေမယ့် ပိုလို့တောင် မနာလိုဖြစ်လာခဲ့သည်။ တစ်ဖက်သားကို စက်ဆုပ်စရာကောင်းကြောင့် ကျိန်ဆဲလိုက်ချင်ပေမယ့် သူ့လှည့်ကွက်က ကျိုးပဲ့နေပြီ။ ယခုခွန်အားက ကြံ့ခိုင်မှုမရှိတဲ့အတွက် ဒီတစ်ကြိမ်မှာ ဒဏ်ရာအပြင်းအထန် ရတော့မှာ သေချာနေပြီ။

ဤအခိုက်အတန့်တွင် တင်းဟန်သည် သူ့အား ဖြတ်ကျော်ပျံသန်းလာကာ ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ရန် အကူအညီအဖြစ် ဝင်ရောက်လာတာကို သူမြင်လိုက်ရသည်။ သူသည် သူ့ခွန်အားကို လျင်မြန်စွာ အသုံးပြုကာ တင်းဟန်အား တိုက်ခိုက်ရန် လွှဲပြောင်းပေးခဲ့သည်။

ဖူး!

နှစ်ယောက်သား တစ်ပြိုင်နက်တည်း သွေးတွေ မှုတ်ထုတ်လိုက်၏။ ကျောင်းတန်းဖုန်းသည် ခန္ဓာကိုယ် ပေါက်ကွဲသွားမတတ် သတိလစ်လုနီးပါး ဖြစ်နေသော တင်းဟန်ကို ဖမ်းမိသွားခဲ့သည်။

"စက်ဆုပ်စရာ ကောင်းတယ်! ခိုးဝင်တိုက်ခိုက်တာ ရှက်စရာပဲ"

ကျောင်းတန်းဖုန်းက ကျိန်ဆဲလိုက်ပြီး တင်းဟန်ရဲ့အင်္ကျီလက်ပေါ် သူ့လက်ဖဝါးကို တင်လိုက်ပြီး တစ်ချက်လောက် ဖိလိုက်တဲ့အခါ တင်းဟန်ရဲ့ ပါးပြင်တွေ နီရဲလာပြီး သတိပြန်လည်လာခဲ့သည်။

"ညီအစ်ကို...မင်း ဒဏ်ရာအပြင်းအထန် ရသွားလား"

တင်းဟန်က သူ့မျက်နှာကို ကျေးဇူးတင်တဲ့ အကြည့်မျိုး ပြသလိုက်ကာ။

"ကျေးဇူးတင်ပါတယ် သခင်လေးတန်းဖုန်း.... မင်းရဲ့အကူအညီကြောင့်သာ မဟုတ်ရင် တင်းဟန် သေသွားလိမ့်မယ်"

"ငါတို့ စစ်ပွဲအလယ်မှာ ရောက်နေတာ မင်းဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ? မင်းသေချင်​နေတာလား"

ကျောင်းတန်းဖုန်းက သူ့မျက်နှာမှာ နာကျင်နေတဲ့ပုံနဲ့ အော်လိုက်၏။ တင်းဟန်ရဲ့ မျက်နှာသည် ပို၍ပင် ကျေးဇူးတင်သွားကာ လုရွှမ်ကို လက်ညိုးထိုးပြလိုက်သည်။

"အဲဒါ သူပဲ.... သူကငါ့ကို ပစ်ချပြီး အသတ်ခံလုနီးပါး ဖြစ်သွားအောင် လုပ်ခဲ့တာ... သခင်လေး ပင်ပန်းနွမ်းနယ်နေတာကို ဒဏ်ရာရသွားအောင် လုပ်တာလည်း သူ့အပြစ်ပဲ"

"ကောင်လေး မင်းကဘယ်သူလဲ မင်းနာမည်ကိုပြောပြပါဦး....ငါတို့တိုက်ခိုက်နေတာ မင်း မသိဘူးလား ကျောင်းတန်းဖုန်း ငါ့ကိုမင်းက အလေးအနက် မထားဘူးပေါ့လေ..."

လုရွှမ်သည် အပြုံးမပျက်ဘဲ နှစ်ယောက်သားရဲ့ ဖျော်ဖြေမှုကို ကြည့်နေ၏။ တစ်ယောက်က ကြောင်သူတော် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ တကယ့်ကို ဗီလိန်တစ်ယောက်ပါပဲ။

"အရှက်ကို မရှိဘူး!"

လုရွှမ်ရဲ့ ဘေးနားက လူအုပ်ဆီကနေ ရင်းနှီးတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ကိုယ်တိုင် ပြောနေသလို ခံစားရသည်။ နောက်ဆုံးတော့ သူ့ဘေးနားဆီက အသံထွက်လာပြီး ပတ်ဝန်းကျင်က ကျင့်ကြံသူတွေကလည်း တင်းဟန်ရဲ့လက်ညှိုးအတိုင်း စောစောစီးစီး လူစုခွဲလိုက်ကြသည်။

လုရွှမ် ရယ်ချင်တာက ထိုအသံမှာ ပေါင့်တာထင်း၏ အသံဖြစ်ကြောင်း အတိအကျ သိလိုက်လို့ပါပဲ။ ထိုသူသည် တစ်ချိန်ချိန်တွင် လူအုပ်ထဲ ဝင်ပုန်းနေခဲ့သည်။

သူ၏ ဖုံးကွယ်ထားသော ကျွမ်းကျင်မှုက လွန်စွာ ထူးကဲပြီး တိုင်းတာနိုင်သော အရည်အချင်း မရှိတာကြောင့် လုရွှမ် တိတ်တဆိတ် အံ့ဩသွားခဲ့သည်။ ဒီလိုအချိန်မျိုးမှာ ပေါင့်တာထင်း ဘယ်ရောက်နေမှန်းတောင် မသိလိုက်ပါဘူး။

ကျောင်းတန်းဖုန်းသည် လုရွှမ်ထံမှ အသံမဟုတ်ကြောင်းကိုပင် မသိခဲ့ပေ။ သူ့မျက်နှာက ချက်ချင်းကို မည်းမှောင်သွားသည်။

"ကောင်လေး မင်းဘာတွေ ပြောနေတာလဲ.... မင်းကတော်တော် မာနကြီးနေတယ်ပေါ့လေ မင်းဘာတတ်နိုင်လဲ ငါကြည့်ချင်​သေးတယ်... မင်းငါ့ကို ဒီလိုအကြည့်​နေတာ ဘယ်လောက်တောင် သတ္တိကောင်းနေလို့လဲကွ!"

လုရွှမ် ဘာမှပြန်မပြောဘဲ ပေါင့်တာထင်း ပြောလာမှာကိုပဲ စောင့်နေလိုက်သည်။ ထင်ထားတဲ့အတိုင်း ပေါင့်တာထင်းက ပြောလာ၏။

"မင်းလောက်ကများ.... မင်းဘာလို့ ဟန်ဆောင်နေတာလဲ အဲဒီလူမိုက်ကို ထိခိုက်နစ်နာစေခဲ့တာ မင်းဆိုတာ သေချာပါတယ် ဒါပေမဲ့ မင်းလူတွေကို ကယ်တင်နေသလိုမျိုး ပြုမူနေတာ စက်ဆုပ်စရာ ကောင်းတယ်လို့ မခံစားရဘူးလား"

ကျောင်းတန်းဖုန်းရဲ့ အမူအရာသည် အလွန်ပြောင်းလဲသွားသည်။

"မင်း ဘာတွေပြောနေတာလဲ"

သူက အော်လိုက်၏။ သူသည် လုရွှမ်အား လျှို့ဝှက်စွာ တိုက်ခိုက်ရန် လုပ်နေချိန်၌ လုရွှမ်တိုက်ခိုက်ခဲ့သူအား အများရှေ့မှာ အနိုင်ယူပြချင်ခဲ့သည်။ လုရွှမ်က ကောင်းကင်ဘုံသခင် အဆင့်ပဲရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာကြောင့် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

"ဟမ့် မင်းမဝန်ခံချင်ဘူး ဆိုတာ ငါသိသားပဲ.... မင်းရှုံးခါနီးမှာ ဘာကြောင့်ရှုံးလဲ ဆိုတာကို စဉ်းစားဖို့ မင်းဝက်ဦးနှောက်ကို သုံးသင့်တယ်... မင်း အပြင်းအထန် ဒဏ်ရာရသွားရင် တစ်ယောက်ယောက်က ပြေးထွက်သွားပြီး မင်းကိုကယ်မယ်လို့ တွေးခဲ့တယ်မလား... ဒီသခင်ငယ်လေးက စိတ်သဘောထားကောင်းပြီး မင်းအသက်ကို ကယ်တင်ခဲ့တာကို ကျေးဇူးမတင်တဲ့အပြင် ငါ့ကို ရိုက်နှက်ချင်နေတုန်းပဲလေ"

"ပါးစပ်ပိတ်စမ်း!"

ကျောင်းတန်းဖုန်းက သူ့ဓားကို ဆွဲထုတ်ပြီး လုရွှမ်ဆီသို့ ဒေါသတကြီး ပြေးဝင်သွား၏။ လုရွှမ် တိုးတိုးလေး ဆိုလိုက်သည်။

"ကိုယ့်အစွမ်းအစကို မတန်တဆ တွက်ဆရင် သေလိမ့်မယ်!"

အရင်က သူဒီလူကို ကယ်ခဲ့သည်။ ဒါက ပေါ့ပေါ့ပါးပါး အလုပ်တစ်ခု ဆိုရင်တောင်မှ သူ့ကို လူသားတစ်ယောက်လို့ သတ်မှတ်ထားလို့ပင်။ ထူးဆန်းတဲ့ သားရဲတစ်ကောင်လို သတ်လိုက်မယ်ရဆိုရင် ရှက်စရာ ကောင်းလွန်းသည်လေ။ သို့သော် ဒီကောင်လေးက ဒီလောက် အရှက်မရှိလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

ပေါင့်တာထင်း ဝင်မလှုပ်ရှားရင်တောင် သူက သေချာပေါက် ဝင်လှုပ်ရှားမှာပင်။ လေ၏ တီးတိုးသံနှင့်အတူ လုရွှမ်သည် ချင်ထျန်းဓားကို ဆွဲထုတ်လိုက်ပြီး ကျောင်းတန်းဖုန်းရဲ့ ဓားကို နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။ ထို့နောက် တစ်ဖက်လူကို ပါးရိုက်၍ ခပ်ဝေးဝေးသို့ ကန်ထုတ်လိုက်သည်။

ရုတ်တရက် ပတ်ပတ်လည်တွင် ကြည့်ရှုသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့ရှေ့က မြင်ကွင်းကို မယုံနိုင်လောက်အောင် ဆန်းကြယ်နေပြီလေ။ ကောင်းကင်ဘုံသခင်က ကျောင်းမိသားစု နံပါတ်တစ်ပါရမီရှင်ရဲ့ ဓားနဲ့ ချိုးပစ်လိုက်တဲ့အပြင် ပါးကိုပါ ရိုက်ပစ်လိုက်တာတဲ့လား။

အားလုံးက လုရွှမ်ကို ကြည့်လိုက်ကြချိန် တစ်စုံတစ်ယောက်က လုရွှမ်ကို မှတ်မိသွားလေရာ သူ့နာမည်ကို ထအော်လိုက်သည်။

"လုရွှမ်ပဲ... သူ့နောက်ကျောမှာ ထမ်းထားတဲ့ဓားက နတ်လက်နက်.... ပင်မခန်းမမှာ တွေ့ရတဲ့ နတ်လက်နက်ပဲ"

နတ်လက်နက်?

ဤစကားနှစ်​ခွန်းသည်​ တစ်​ခဏအတွင်း ​လူ​တိုင်း​အား လုရွှမ်ဆီက အကြည့်လွှဲစေသွား၏။ တစ်ချက် ကြည့်လိုက်တာမဲ့ လုရွှမ်ဆီက နတ်​ဓားကို ​တွေ့လိုက်​ရသည်​။

"ကောင်လေး မင်းနတ်လက်နက်ကို အားကိုးပြီး အနိုင်ယူလို့ မရဘူးကွ.... ငါက ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားခဲ့ဘူး ဆိုရင် အခုနတုန်းက လူတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားနေလို့သာ မဟုတ်ရင် မင်းကငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

ကျောင်းတန်းဖုန်းက လူနှစ်ယောက်၏ ပံ့ပိုးမှုဖြင့် မတ်တတ်ရပ်နေသည်။ သူ့အသက်ရှုသံများက အားနည်းနေသော်လည်း သူအသံက အလွန်မာကျောကာ ပြင်းထန်စွာ အော်ဟစ်နေသေးသည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောင်းတန်းဖုန်းဆီသို့ ဓားတစ်ချောင်းကို ထုတ်ပစ်လိုက်သည်။

ထို့အပြင် ဓားစွမ်းအင်က သူ့အား လျင်မြန်စွာ ဗုံးကြဲ တိုက်ခိုက်လာသဖြင့် ကျောင်းတန်းဖုန်းမှာ ဒေါသအလွန်ထွက်လာသည်။ သူ့မှာ စွမ်းအင် မရှိသောကြောင့် ခုခံနိုင်စွမ်း မရှိပေ။ ထိုစဥ် သူ့ပတ်ဝန်းကျင်ရှိ လူနှစ်ယောက်သည် လျင်မြန်စွာ မြင်လိုက်ကြတာကြောင့် ဝင်လာသော ဓားစွမ်းအင်ကို တားဆီးရန် ဓားတစ်ချောင်းကို အသီးသီး ထုတ်လိုက်ကြသည်။

ဖြောင်းကနဲ ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး လူနှစ်ဦး၏ ဓားရှည်များ ကွဲအက်သွားကာ သုံးယောက်သား တစ်ပြိုင်နက်တည်း သွေးများအန်ကျကာ လွင့်ကျသွားကုန်သည်။

"မင်းရဲ့ ကျောင်းမိသားစု မျက်နှာကြောင့် ငါမင်းကိုသတ်​ဖို့ ရည်​ရွယ်​ချက်​ မရှိဘူး... ငါမလုပ်ရဲဘူးလို့တော့ မထင်နဲ့!"

ကျောင်းတန်းဖုန်း၏ မျက်နှာသည် နီမြန်းသွားပြီး သူသည် တစ်ခဏတာမျှ ရှက်ရွံ့ရမှန်း မသိတော့ပေ။ အကြောင်းမှာ ထိုဓားစွမ်းအင်က သူ့ကို သေလောင်အောင် ထိတ်လန့်သွားစေလို့ပင်။ စိတ်ထဲမှာ အသက်ရှူမဝသလို ဒေါသတွေကိုသာ ရှူရှိုက်မိသလို ဖြစ်သွားသည်။

ထိုအခိုက် လူအုပ်ကြားထဲက ကျောင်းမိသားစုဝင်များ အမြန်ထွက်ပြေးကာ ကျောင်းတန်းဖုန်းကို ဆွဲထူလိုက်သည်။ မျှော်စင်နယ်ပယ် ကျင့်ကြံသူသည် သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး လှုပ်ရှားတော့မယ့် အခိုက် သူ့ဘေးနားက အသံတစ်ခုက ဝင်တားလာ၏။

"မလုပ်ပါနဲ့... မျှော်စင်နယ်ပယ်က ကောင်းကင်ဘုံသခင်ကို အနိုင်ကျင့်တာ ရယ်စရာ ဖြစ်သွားလိမ့်မယ်... ကျောင်းမိသားစုရဲ့ မျက်နှာက အဲဒီလိုမဟုတ်ဘူးလေ..."

"အင်း... ဒါဆို သခင်လေးပျယ်လီကပဲ ငါတို့ရဲ့ သခင်လေးအတွက် လက်စားချေပေးပါဦး!"

ဝမ်ပျယ်လီက သူ့ယပ်တောင် ဝှေ့ယမ်းလိုက်ပြီး လုရွှမ်ရဲ့ မျက်လုံးတွေကို တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ကြည့်လိုက်သည်။

"ဒါပေါ့!"

"ဒါဆို မင်းက လုရွှမ်ပေါ့... ကောင်းကင်ဘုံသခင်က ဒီလို နာမည်ကောင်းရနိုင်တာ အံ့သြစရာကောင်းတယ်.... မင်း ငါနဲ့ တိုက်ဖို့ အရည်အချင်း ပြည့်မီတယ်"

လုရွှမ်က ပြုံးပြီး "မင်းကိုတိုက်ဖို့ ငါ စိတ်မဝင်စားဘူး! မင်း တိုက်ချင်ရင် အဲဒီလူနဲ့ တိုက်!"

ဝမ်ပျယ်လီက ဂုဏ်ယူစွာ အော်ဟစ်လိုက်သည်။

"ကောင်းပြီ ငါ ဒီမကောင်းဆိုးဝါးကို သတ်ပြီးရင် မင်းမှာ ကောလဟာလတွေအတိုင်း မျှော်စင်နယ်ပယ်ကို စိန်ခေါ်ဖို့ တကယ် ခွန်အားရှိလားဆိုတာ ကြည့်ကြတာပေါ့"

All Chapters