တားမြစ်လူသား
Vol. 95 Ch. 4.934
ဝမ်ပျယ်လီ၏ စကားများသည် လုရွှမ်၏ ခွန်အားအပေါ် အထင်အမြင် သေးများခြင်းနှင့် ပြည့်နှက်နေပါသည်။
သူသည် ယခင်က မျှော်စင်နယ်ပယ်ကို စိန်မခေါ်ခဲ့ဖူးသူ မဟုတ်ပါ။ ဒါကြောင့် တိုက်ပွဲတွင် ပါဝင်သည့် အခက်အခဲများကို ကောင်းစွာသိသည်။ မျှော်စင်နယ်ပယ်နဲ့ နတ်မီးနယ်ပယ်က လုံးဝခြားနားသော နယ်ပယ်ဖြစ်သည်။ မျှော်စင်နယ်ပယ်သည် သဘာဝအားဖြင့် ပြင်းထန်သော ဖိနှိပ်မှုတစ်ခုဖြစ်ပြီး သူအရင်က အနိုင်အရခဲ့သော်လည်း မရှုံးခဲ့ပေ။
ကောင်းကင်ဘုံသခင်က မျှော်စင်နယ်ပယ်ကို စိန်ခေါ်တယ်တဲ့လား။ ဒါက ရိုးရိုးရှင်းရှင်းကို အရှက်မဲ့တဲ့ စကားပဲ။
ဝမ်ပျယ်လီသည် ခန်းမ၏ အလယ်ဗဟိုသို့ ပျံသန်းသွားပြီး မကောင်းဆိုးဝါးထံ သူ့လက်ကိုဆန့်လိုက်သည်။
"ဒါက ပါရမီရှင် အခမ်းအနားကျင်းပတဲ့ ကောင်းကင်ဘုရင်နန်းတော်ပဲ... သခင်က ဒီမှာမရှိတော့ပေမယ့် အားလုံးစုရုံးနေကြပြီမို့ ကျင်းပတာလည်း ဖြစ်နိုင်တယ်"
"ငါဝမ်ပျယ်လီက နတ်မီးနယ်ပယ် အဆင့်၆... နတ်မီး ခြောက်လုံးကို ထွန်းညှိထားပြီ မင်းတို့ထဲက ဘယ်သူငါ့ကို တိုက်ခိုက်ရဲလဲ?"
လူအုပ်ထဲမှ လက်ခုပ်သံများ ဆူညံ့စွာ ထွက်ပေါ်လာသည်။
"ကောင်းပြီ... တန်ခိုးကြီးပြီး ကြီးစိုးတဲ့ သခင်လေးကို နှုတ်ဆက်လိုက်ရအောင်"
"နတ်မီးခြောက်လုံးတဲ့... သခင်လေးပျယ်လီကတော့ တကယ် ထက်မြတ်ပြီး ကျွန်တော်တို့အတွက် စံနမူနာယူစရာပါပဲ"
ဝမ်ပျယ်လီက လုရွှမ်ကို ဂုဏ်ယူစွာ စိုက်ကြည့်ကာ သူစိမ်းဘက်ကို လက်ကိုထပ်ကာ ဆိုလိုက်သည်။
"ဒီသခင်လေးကို ဘာလို့ ကြောက်နေကြတာလဲ? မင်းတို့မှာ သတ္တိမရှိဘူးလား?"
မကောင်းဆိုးဝါးများကြားတွင် ယခင်က ကျောင်းတန်းဖုန်းကို တိုက်ခိုက်ခဲ့ဖူးသော လူကပဲ ထွက်လာခဲ့သည်။
"ယိုးမင်.... နတ်မီးနယ်ပယ် အဆင့်၅...နတ်မီးခြောက်လုံး!"
ခဏလောက်အထိ တစ်ကမ္ဘာလုံး အသံပျောက်သွားသလို တိတ်ဆိတ်သွားကြသည်။ ဒီလူကို ယိုးမင်လို့ခေါ်ပြီး သူကတော့ နတ်မီးနယ်ပယ်ရဲ့ ပဉ္စမအဆင့်မှာရှိပြီး ပါရမီရှင် အဆင့်အရတော့ သူဟာ ဝမ်ပျယ်လီထက်တောင် ပိုကောင်းပါသည်။
ကျောင်းတန်းဖုန်းနဲ့ ဝမ်ပျယ်လီတို့သည် တစ်ဦးနှင့်တစ်ဦး မကြာခဏ တိုက်ခိုက်လေ့ရှိကြပြီး ၎င်းတို့နှစ်ဦးစလုံးသည် နတ်မီးခြောက်လုံးကို ထွန်းညှိထားကြသူများ ဖြစ်ပေ၏။
ယခုတော့ လူတိုင်း ကြားလိုက်ရသော ပုဂ္ဂိုလ်မှာ နတ်မီးနယ်ပယ်၏ ပဉ္စမအဆင့်သာ ရှိသည်။ သို့သော် သူသည် နတ်မီးခြောက်လုံးကို ထွန်းညှိထားပြီ ဖြစ်တာကြောင့် ၎င်းတို့ကို ခဏတာ စကားပင် မပြောနိုင်တော့ပေ။
လုရွှမ်ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ကျောင်းတန်းဖုန်းဟာ ဒီယိုးမင်အတွက် တကယ်ကို မယှဉ်နိုင်ဘူးလား ဆိုတာ စဥ်းစားစရာပင်။
ဝမ်ပျယ်လီရဲ့ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ နားမလည်နိုင်သော အတွေးတစ်ခုဖြင့် လုရွှမ်ဆီသို့ ကြည့်လိုက်ရာ ထိုသူသည် သူ့လက်နှစ်ဖက်ကို ဖြတ်ကာ ရှုံ့ချပြောဆိုနေတာကို မြင်လိုက်ရသည်။ လုရွှမ် ပါးစပ်ထောင့်တွင်တော့ သူ့လုပ်ခဲ့တဲ့အတိုင်း အထင်အမြင် သေးသည့် အရိပ်အမြွက်ပြကာ သူ့ကို လုံးဝ အလေးအနက်မထားသလို ကြည့်နေသည်။
သူ့နှလုံးသားထဲကအထိ မီးတောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ လုရွှမ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီးနောက် ယိုးမင်ဘက်ကို လှည့်ကြည့်လိုက်သည်။
"ကောင်လေး... မင်းက တားမြစ်လူသား ဖြစ်တော့ရော ဘာဖြစ်လဲ? ငါက သက်သတ်လွတ်သမား မဟုတ်ဘူး... သိုင်းကွက်ကို ကြည့်စမ်း"
ဝမ်ပျယ်လီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အအေးဓားတစ်ချောင်း ပြေးထွက်သွားကာ ကျယ်လောင်သော အသံနှင့်အတူ တစ်ဖက်ခြမ်းရှိ ယိုးမင်ထံသို့ လှမ်းအော်လိုက်သည်။
တားမြစ်လူသား?
နှစ်ရှည်လများစွာ ပျောက်ကွယ်သွားသော စကားတစ်ခွန်းကြောင့် လူအများက လေးလေးနက်နက် တွေးတောလာမိကြသည်။ လုရွှမ်သည် သူ့ဘေးနားရှိ လေနုအေးကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် လက်ဖဝါးကို ဆန့်လိုက်သော်လည်း ဘာမျှမတွေ့ရပေ။ သို့သော် သူ လေထုတစ်ခုကိုတော့ ဖမ်းမိသွားသည်။
ထိုအခိုက် ပခုံးတစ်ဖက်တွင် ပေါင့်တာထင်းက တိတ်တဆိတ် ပေါ်လာသည်။
"ပါရမီရှင်လု တကယ်ကို အစွမ်းထက်တာပဲ.... လေပြင်းနိယာမတွေကို နက်နက်နဲနဲ နားလည်ထားတယ် ထင်တယ်နော်"
ဤလူ၏ စုံစမ်းမေးမြန်းနိုင်စွမ်းက လုရွှမ် မှန်းဆနိုင်ခြင်းထက် ပိုကောင်းပေသည်။
"အတူတူပါပဲ...တားမြစ်လူသားတွေ ဆိုတာ ဘာလဲ ကျေးဇူးပြုပြီး ရှင်းပြပေးပါလား"
ပေါင့်တာထင်းက ရယ်မောပြီး "မင်း မသိဘူးလား? တားမြစ်လူသား ဆိုတာ နတ်မီးနယ်ပယ် အဆင့်၅မှာ အဲ့အဆင့်ကို ကျော်လွန်ပြီး နတ်မီးခြောက်လုံးကို လင်းထားတဲ့လူကို ဆိုလိုတာ"
"အိုး ခုနစ်လုံး ထွန်းထားရင်ရော ဘာဖြစ်မှာလဲ"
ပေါင့်တာထင်းက လက်ခုပ်တီးပြီး “မင်းမေးမယ်ဆိုတာ ငါသိသားပဲ.... နတ်မီးခုနစ်လုံးဆို တားမြစ်မြေကြီး၊ နတ်မီးရှစ်လုံးဆိုရင် တားမြစ်ကောင်းကင်၊ နတ်မီးကိုးလုံးဆိုရင် နတ်တားမြစ်ချက်လို့ ပြောတယ်....တားမြစ်လူသား ဆိုတာ အနည်းဆုံး နှစ်ခုကို ဖြတ်ကျော်ထားတဲ့ လူပေါ့....တားမြစ်မြေကြီးက နတ်မီးနယ်ပယ် အထွတ်အထိပ်နဲ့ ယှဥ်နိုင်တယ်... တားမြစ်ကောင်းကင်ကတော့ မျှော်စင်နယ်ပယ်ကို အံတုနိုင်တဲ့ တည်ရှိမှုပဲ.... နတ်တားမြစ်ချက်ကတော့ ဒဏ္ဍာရီထဲက အရာပဲ... ဘယ်သူမှ မရောက်ဖူးသလို အဲဒီနယ်ပယ်ရှိမရှိလည်း ဘယ်သူမှ မသိနိုင်ဘူး"
ပေါင့်တာထင်းရဲ့ စကားကို နားထောင်ရင်း လုရွှမ်သည် စွဲမက်သွားသည့် အရိပ်အမြွက်မျိုး ပြလိုက်သည်။ နတ်ဓားသည် စစ်မှန်သော အဆင့်အရ ၎င်းသည် နတ်မီးနယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်တွင်သာ ရှိသည်။
ထူးဆန်းသောမီးနှင့် ယွမ်ယန် ဓားကိုးစင်းများကို ပေါင်းထည့်ခြင်းဖြင့် ၎င်းတို့သည် နတ်မီးနယ်ပယ် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်တွင်ရှိ ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော် တားမြစ်လူသား၊ တားမြစ်မြေကြီး စသည်တို့ကတော့ သူနဲ့ ဝေးကွာနေပါသေး၏။
"ငါ့အမြင်အရတော့ အစ်ကိုလု... မင်း တားမြစ်ကောင်းကင်ရဲ့ စည်းမျဥ်းတွေကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ထင်တယ်"
ပေါင့်တာထင်းရဲ့ စကားတွေက အံ့ဩစရာပါပဲ။
"ချီးကျုးမှုအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုပေါင့်... ကျွန်တော်ကတော့ ကျွန်တော့်ခြေထောက်ကို မြေကြီးပေါ်မှာ ထားနိုင်ရင် ပိုကောင်းမယ်လို့ ထင်တယ်"
ပေါင့်တာထင်းက ပြုံးပြီး စကားမပြောတော့ဘဲ ကွင်းအလယ်က လူနှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်နေလိုက်သည်။ ကျောင်းတန်းဖုန်းရဲ့ ယခင်တိုက်ပွဲနဲ့ လုံးဝမတူတော့ဘဲ ယခုယိုးမင်သည် ဝမ်ပျယ်လီကို လုံးလုံးလျားလျား နှိမ်နင်းခဲ့သည်။ တားမြစ်လူသားရဲ့ အစွမ်းက သံသယဝင်စရာ ကောင်းလောက်အောင် ကောင်းနေသည်။
ဝမ်ပျယ်လီ ယိုးမင်နဲ့ မယှဉ်နိုင်ကြောင့် အားလုံးမြင်ကြပြီး ကျောင်းတန်းဖုန်းတုန်းကလည်း လုရွှမ် လိမ်မပြောခဲ့ပေ။ တင်းဟန်ကတော့ ယခုအချိန်တွင် ငတုံး မဟုတ်တော့သောကြောင့် ဤနေရာတွင် မနေရဲဘဲ အမြန် ထွက်ပြေးသွားခဲ့သည်။
ယိုးမင်သည် ဝမ်ပျယ်လီရဲ့ အတားအဆီးများကို ဖြတ်သွားကာ ရင်ဘတ်ကို အပြင်းအထန် ပိတ်ကန်လိုက်သည်။
တစ်ချက် ကန်လိုက်ရုံဖြင့် ဝမ်ပျယ်လီရဲ့ ရင်ဘတ်မှာ နစ်မြုပ်သွားပြီး သူ့ခန္ဓာကိုယ်သည်လည်း ဇောက်ထိုး လွင့်ကျသွားသည်။ လှုပ်ရှားမှုမရှိဘဲ လေထဲတွင် လဲကျသွားသော်လည်း သတိလစ်နေပြီ ဖြစ်သည်။ ကန်ချက်ကြောင့် သတိလစ်သွားတာလား ဒါမှမဟုတ် ဒေါသကြောင့်လား မသိပါဘူး။
ဝမ်မိသားစုဝင်များသည်လည်း ရှေ့သို့ လျင်မြန်စွာ ချီတက်လာပြီး ဝမ်ပျယ်လီအား ပြေးဆွဲကာ နောက်ပြန် ဆုတ်သွားခဲ့သည်။ ယိုးမင်လည်း ဤအခိုက်အတန့်တွင် ကျယ်လောင်စွာ ရယ်မောနေ၏။ ဝမ်ပျယ်လီကို ဒီနေရာမှာ သတ်လိုက်ပါက သူသည် လူအများကို ဒေါသထွက်စေမည်ကို သိသာပါသည်။
"ပါရမီရှင်လို့ ခေါ်ပေမယ့်ဒါကလွဲလို့ ဘာမှလည်း မလုပ်နိုင်ပါလား... ငါက ငါတို့ထဲမှာ တတိယပဲ ရှိသေးတယ်... မင်းလူသားတွေက နောက်ကျလွန်းနေပြီ"
မြင်ကွင်း၏ လေထုသည် စိတ်ပျက်ဖွယ် ကောင်းလာခဲ့သည်။ လူတိုင်း၏ မျက်လုံးများသည် အင်အားကြီး ကိုးခုက ထိပ်တန်းပါရမီရှင်များကို လှည့်ပတ်ကာ ကြည့်နေကြသည်။ တစ်စုံတစ်ယောက် မတ်တပ်ထရပ်ကာ ဤမောက်မာသော သားရဲကို အနိုင်ယူပြီး လူသား ပါရမီရှင်ရဲ့ စွမ်းအားကို သိသွားစေဖို့ မျှော်လင့်နေကြသည်။
ဂိုဏ်းကြီးလေးခုက သူတို့ဟာ မင်းမျိုးမင်းနွယ်ကြီးငါးပါးလောက် တန်ခိုးကြီးတာ မဟုတ်တဲ့အတွက် ထိပ်တန်း နာမည်လေးခုက ဦးခေါင်းကို လှည့်လိုက်သည်။ သူတို့ မတ်တပ် မရပ်ချင်ပါဘူး။ သူတို့ရဲ့ အရည်အချင်းက တခြားသူတွေထက် နိမ့်ကျနေတာပဲလေ။ ထွက်တဲ့အခါ အရှက်ကွဲပြီး စွမ်းအားမဲ့သွားလိမ့်မယ်။
မိသားစုကြီး ငါးခုတွင် နှစ်ယောက်မှာ တူညီသော လူကြောင့် မေ့မျောသွားခဲ့ပြီ။ လီလင်ရွှမ်း၊ ဟယ်ထျန်းလော့နဲ့ မုရုန်ယီးတို့ထဲက တစ်ယောက်ယောက် ရှေ့သို့ ရောက်လာမည်ဟု မျှော်လင့်နေကြသည်။
"ငါလာမယ်!"
ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်မှာ နတ်သမီးလေး လီလင်ရွှမ်းရဲ့ အသံပဲ ဖြစ်နေချေပြီ။
"ဟားဟားဟား မိန်းမတစ်ယောက်တဲ့လား... မင်းတို့လူသားတွေက တကယ်ကို အရှုံးသမားတွေပဲ.... ဒါပေမဲ့ မင်းက ငါ့ရဲ့မယားငယ် ဖြစ်နိုင်လောက်အောင် အစွမ်းထက်တဲ့သူလား ငါကြည့်ပါရစေ"
"မာနကြီးချက်!"
"ဝေါ့!"
"နတ်သမီးလင်ရွှမ်း... သူ့ကိုရိုက်ပစ်လိုက်!"
အသံတစ်ခုစီက ဒေါသတကြီး ထွက်ပေါ်လာသည်။
ယိုးမင်သည် ပတ်ဝန်းကျင်ကို ဂုဏ်ယူစွာ ကြည့်နေ၏။ လူတိုင်းရဲ့ ဝေဖန်မှုကို ဂရုမစိုက်ဘဲ လီလင်ရွှမ်းသည် လက်ဖဝါးကို လှည့်၍ ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ သူမက တင်းမာသော မျက်နှာထားဖြင့် ယိုးမင်ကို ရန်သူကြီးလို ထင်ရှားစွာ မှတ်ယူလိုက်သည်။
ရွှင်းကနဲ အသံနှင့်အတူ လီလင်ရွှမ်းသည် သူ့လက်ထဲက ဓားကို ဆွဲထုတ်လိုက်ပြီး ထက်မြက်မှု၊ တောက်ပမှုများဖြင့် ဝေ့ယမ်းလိုက်၏။ လူတော်တော်များများက ထရယ်မောလိုက်ကြသည်။ လုရွှမ် မျက်လုံးများက မသိစိတ်မှ တောက်ပလာကာ ဓားကို ချက်ချင်း မှတ်မိလိုက်သည်။
"အစ်ကိုလု.... ဒါ မင်းသန့်စင်ထားတဲ့ ဧကရာဇ်လက်နက် မဟုတ်လား? သန့်စင်မှုက အရမ်းကောင်းတာပဲ"
လုရွှမ် သူ့မေးစေ့ကို ရယ်စရာကောင်းသည့် ပုံစံဖြင့် ပွတ်သပ်လိုက်သည်။ ဤအမျိုးသမီးသည် သူ လီလင်ရှို့ အတွက် သန့်စင်ထားသော ဧကရာဇ်လက်နက်ကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။